






Unicode

စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းရဲ့ ဥက္ကဌဖိုးချစ်ကို အသင်းတည်တံ့ဖို့ ဦးဇော်ဇော်မှ သိန်းတစ်ထောင် ကူညီ

စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းအား ကျပ်သိန်းတစ်ထောင် ကူညီပေးပါသော Max Energy ဥက္ကဌ ဦးဇော်ဇော်နဲ့ ကုမ္ပဏီဝန်ထမ်းမိသားစုများကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ဖိုးချစ်

စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းရဲ့ ဥက္ကဌဖြစ်သူ ဖိုးချစ်ကတော့ ဒီနေ့မှာ သူ့ရဲ့အသင်းအတွက် ဝမ်းသာစရာသတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ ကိုဗစ်ကာလအခက်အခဲတွေကြောင့် မြန်မာနေရှင်နယ်လိခ် ဘောလုံးအသင်းတွေထဲက နှစ်သင်းကတော့ ပထမရာသီအပြီးမှာပဲ ဖျက်သိမ်းလိုက်တာကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။

ဖိုးချစ်ကတော့ သူကိုယ်တိုင်လည်း ဘောလုံးဝါသနာရှင်တစ်ယောက်ဖြစ်ရုံသာမက မြန်မာ့ဘောလုံးလောကကို တိုးတက်စေချင်တဲ့စိတ်နဲ့ စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းကို တည်ထောင်ထားပေမယ့်လည်း လတ်တလောကိုဗစ်ကာလမှာ အသင်းရပ်တည်ဖို့ ခက်ခဲနေတာကြောင့် ဦးဇော်ဇော်က လှူဒါန်းပေးခဲ့တာဖြစ်ကြောင်း မျှဝေလာပါတယ်။

“Covid-19 ကာလတွင် အခက်အခဲရှိသော စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းအား Max Energy မှ ကျပ်သိန်းတစ်ထောင် ကူညီပေးပါသောကြောင့် ဥက္ကဌ ဦးဇော်ဇော်နှင့်တကွ Max Energy မိသားစုအား အထူးပင်ကျေးဇူးတင် အပ်ပါသည်ခင်ဗျာ…. ဆထက်ထမ်းပိုး အများအကျိုးရွက်ဆောင်နိုင်ပါစေ…. ကျေးဇူး ဦးဇော်” ဆိုပြီး ဦးဇော်ဇော်ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ဦးဇော်ဇော်ကတော့ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ဥက္ကဌတစ်ယောက်ဖြစ်သလို မြန်မာ့ဘောလုံးလောကရဲ့အရေးကိစ္စမှန်သမျှကို လူအား၊ငွေအားစိုက်ထုတ်ပြီး တာဝန်ယူကူညီပေးလေ့ရှိသူတစ်ယောက်ပါ။ ဘောလုံးလောကအတွက်သာမက လတ်တလော ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက်လည်း ဧရာဝတီစင်တာကို တည်ထောင်ကာ အင်တိုက်အားတိုက်ကူညီပေးနေသူ ဦးဇော်ဇော်ကတော့ တကယ်ကို မြန်မာနိုင်ငံအရေးအတွက် ထောင့်စိအောင် စဉ်းစားကူညီပေးနေသူတစ်ယောက်ဆိုတာ အမှန်ပါပဲ ပရိသတ်ကြီးရေ..








Unicode

လာမယ့် အောက်တိုဘာလ(၁)ရက် မွေးနေ့အလှူလေးအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ ဝေလာရီ

နှင်းဆီ” ရုပ်သံဇာတ်လမ်းတွဲထဲက ” မော်” အဖြစ်နဲ့ ပရိသတ်အချစ်ကို သိမ်းပိုက်ခဲ့သူ မင်းသမီး ချော လေးဝေလာရီကတော့ မကြာခင်မှာရောက်ရှိတော့မယ့် သူ့ရဲ့မွေးနေ့လေးအတွက် ကြိုတင် ပြင်ဆင်မှုတွေလုပ်နေပြီဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

လာမယ့် အောက်တိုဘာလ(၁) ရက်နေ့ကတော့ ဝေလာရီရဲ့မွေးနေ့ကျရောက်တဲ့နေ့လေးပါ။ သူ့ ရဲ့မွေးနေ့မှာ လှူဒါန်းသွားမယ့်ပစ္စည်းတွေကတော့ ဆန်(၁၀) အိတ်၊ဆီဘူး(၁၀၀) ၊ Cootle မုန့် Packing (၂၀၀) ကျော်၊ ခေါက်ဆွဲခြောက်

ကြက်ဥ၊ Cookနေကြာဆီ(၃)ပိဿာ ငါးဘူး၊ Gold Roast Coffee X-Tra Creamy Packing(၃၀၀) ကျော်၊ Jasmine သောက်ရေသန့်ဘူး(၆၀၀) ကျော်၊ Kami မုန့် Packing (၁၀၀) ကျော်၊ Ve Ve အချိုရည်ဘူးပေါင်း(၅၀၀) ကျော်၊ Pep နို့ဘူး (၃၀၀) ကျော်၊ Hand Gel နဲ့ Alcohol Spray Size စုံဘူး(၅၀၀) ကျော်နဲ့ အလှူငွေတွေ ပါဝင် မယ် လို့ သိရပါတယ်။

မွေးနေ့အလှူလေးအနေနဲ့ စည်ပင်ဝန်ထမ်းများ၊ အနှေးယာဉ်မောင်းများ၊ လမ်းပေါ်မှာတွေ့တဲ့သ က်ကြီးရွယ်အိုများ၊ ကလေးငယ်များကို လှူဒါန်းပေးဖို့အတွက် လူအယောက်(၂၀၀) စာပြင်ဆင် ထု တ် ပိုးမှုတွေ လုပ်နေပြီဖြစ်ပြီး

ကျန်တဲ့အလှူပစ္စည်းတွေကိုတော့ ဖောင်ကြီး Covid-19 ကု သရေးဌာနနဲ့ ရီမာ ပရဟိတကျောင်းတို့ကို လှူဒါန်းပေးသွားမှာပါတဲ့ ပရိသတ်ကြီးရေ…. မွေးနေ့ မှာ အလှူပစ္စည်းတွေအများကြီးလှူဒါန်းပေးသွားမယ့် ဝေလာရီရဲ့မွေးနေ့အလှူလေးကတော့ တကယ်ကိုအားရစရာပါပဲနော်။






Unicode

အပြင်ပုဂ္ဂလိကဆေးရုံတွေကလည်း ကိုဗစ်ကိုအနိုင်တိုက်ဖို့ ဝိုင်းဝန်းကူညီကြပါပြီ

တိုက်ပွဲအတွက်အပြင်ပုဂ္ဂလိကဆေးရုံတွေကလည်းဝိုင်းကူကြပါပြီ_ကျန်နေတဲ့ဆေးခန်းတွေကလည်းကူကြပါဦးလို့။တောင်ဒဂုံမြို့နယ်၊ အောင်မြင့်မိုရ် COVID-19 စင်တာတွင် တက်ရောက်နေကြသော လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း (MPHA)မှ ဦးဆောင်ပြီးအသင်းဝင်‌ပုဂ္ဂလိကဆေးရုံများဖြစ်သည့် SSC ဆေးရုံ၊

သီရိစန္ဒာဆေးရုံ နှင့် ကွယ်ကဘောဆေးရုံတို့မှ ဆရာဝန် ၅ ဦး၊ သူနာပြုနှင့် သူနာပြုအကူ ၁၃ ဦးနှင့် ပြင်ထိန်း ၂ ဦး စသည့် ကျန်းမာရေးဝန်ထမ်းများ နှင့်အထွေထွေဝန်ထမ်းများအဖွဲ့ စုစုပေါင်း ၂၀ ဦးသည် စက်တင်ဘာလ ၂၈ ရက်နှင့် စက်တင်ဘာလ ၂၉ နေ့ မနက်တွင် အောင်မြင့်မိုရ် COVID Medical Center ၌ ကုသရေးတာဝန်များ တစ်လကြာထမ်းဆောင်ရန် ထွက်ခွာသွားခဲ့ကြပါသည်။

Healthcare Volunteer စာရင်းပေးပို့ကူညီခဲ့ကြသော အသင်းဝင်ဆေးရုံများဖြစ်သည့် SSC ဆေးရုံ၊ သီရိစန္ဒာဆေးရုံ နှင့် ကွယ်ကဘောဆေးရုံတို့နှင့် တာဝန်သွားရောက်ထမ်းဆောင်ကြသော ကျန်းမာရေးဝန်ထမ်းများအား MPHA အသင်းမှ ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည်။






Unicode

မိမိရဲ့ ကားနံပါတ်နဲ့ ပရဟိတလူနာတင်ကားကြီးနံပါတ် တူနေလို့ ဒုက္ခရောက်နေတဲ့ ကားပိုင်ရှင်

ကျွန်တော့်နံပါတ်ကြီးနဲ့ ပရဟိတ လိုက်လုပ်နေတဲ့ လူနာတင်ကားကြီးကို ဘယ်နားသွားတိုင်လို့ရလဲ သိတဲ့လူရှိရင်ပြောပြကြပါဦီး

ပရဟိတသမားတွေ အကုန်လုံးကို တစ်ကယ်လေးစားပါတယ်။ ယခု ပို့စ်ကို ပြဿနာရှာချင်လို့ တင်ထားခြင်း မဟုတ်ပါဘူး။

တစ်ခုခုဖြစ်လာရင် ကိုယ့်ဘာသာ ဖြေရှင်းရမှာမို့လို့ မှတ်တမ်း ၁ ခု အနေနဲ့ မဖြတ်ပဲ ထားမှာပါ။ ကျေးဇူးပြု၍ Cb တွင် လာပြောသော သူများ နားလည်ပေးကြပါ











Unicode

လက်ရှိတွဲနေတဲ့သူနဲ့ ယူဖြစ်ဖို့ မဖြစ်နိုင်ဘူး လို့ပြောလာတဲ့ မြတ်ကေသီအောင်

အကယ်ဒမီမင်းသမီးချော မြတ်ကေသီအောင်ဟာဆိုရင် တစ်ခေတ်တစ်ခါမှာ အရမ်းရေပန်းစားခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။မြတ်ကေသီအောင်က အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး

ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။မြတ်ကေသီအောင်ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်နော်။

မြဲတ်ကေသီအောင်ကတော့ အနုပညာလုပ်ငန်းတွေကိုရပ်နားထားပြီး တစ်ယောက်တည်းဘဝကို ဖြတ်သန်းလျှက်ရှိတာပါ ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မြတ်ကေသီအောင်ကလက်ရှိချစ်သူနဲ့ ဘဝတစ်ခုထူထောင်ဖို့ မဖြစ်နိုင်တဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

“လက်ရှိမှာ အချစ်ရေးနဲ့ပတ်သတ်ရင်တော့ ဆိုးတိုင်ပင်ကောင်းတိုင်ပင်ပေါ့ သူလိုတာရှိလို့ ကိုယ်တတ်နိုင်ရင်ကူညီပေးလိုက်တယ် ကိုယ်လိုတာရှိရင်လည်းသူကူညီပေးတယ် မလုပ်ပေးနိုင်ရင် အပြတ်ပြောလိုက်တယ်

ခုချိန်မှတော့ နှစ်ယောက်လက်တွဲပြီး ဘဝတစ်ခုတည်ဆောက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး အမအသက်အရွယ်နဲ့ဆိုင်တယ် နောက်ပြီး ကိုယ်က တစ်ယောက်တည်းနေရတာကို အရမ်းကို နေသားကျနေပြီ အဲ့ဒီတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး

အဓိကကတော့ ကိုယ့်ကိုကိုယ် ချစ်လိုက်တာ ပေါ့နော် နောက်ပိုင်းမှပဲကိုယ့်ကိုကိုယ် ချစ်တတ်လာတာပါ အရင်တုန်းကတော့ သူများကို အရမ်းချစ်တယ် ကိုယ့်အတွက်ထက် သူများဘာလိုအပ်လဲပဲကြည့်ပေးခဲ့တာပေါ့

အခုတော့ ကိုယ့်အတွက်ပဲကိုယ်ကြည့်တော့တယ် ကိုယ့်ကိုကိုယ်ပဲချစ်တယ် သူများကို မချစ်ဘူးတော့မဟုတ်ဘူး အရမ်းကြီးမနှစ်တော့တာပေါ့ “လို့ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်

မြတ်ကေသီအောင်ကတော့ လက်ရှိချစ်သူနဲ့ ဘဝတစ်ခုထူထောင်ဖို့ မဖြစ်နိုင်တဲ့အကြောင်းရင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် လူမှုကွန်ယက်မှာ လူပြောများနေတာဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်နော်









Unicode

မြန်မာဝတ်စုံလေးဝတ်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ ပုရိသတို့ရဲ့ အသည်းစွဲ ဆုအိမ့်စံ

ချစ်ရတဲ့ ပရိသတ်ကြီးရေ… သရုပ်ဆောင် မင်းသမီးချောလေး ဆုအိမ့်စံ ကတော့ အနုပညာလောကမှာနေရာတစ်ခုကိုအခိုင်အမာရပ်တည်ထားနိုင်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို အရင်ကလောက် သိပ်မလုပ်ဖြစ်တော့ပေမယ့် ကြော်ငြာလေးတွေနဲ့ photo shooting တွေကို လက်ခံရိုက်ကူးနေတာကို တွေ့ရပါတယ် ။ဆုဆုကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ အလှပုံရိပ်လေးတွေကို အမြဲတမ်း ပရိသတ်တွေကို မျှဝေပေးနေကြမင်းသမီးလေးလည်းဖြစ်ပါတယ် ။

အခုလည်း မြန်မာဆန်ဆန်လေးဝတ်ကာ သူမရဲ့စွဲမက်ဖွယ် အလှတရားတွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတဲ့ အမိုက်စား ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ အမြဲတမ်း ချစ်စရာအပြုံးလေးတွေနဲ့ အလန်းစားပုံရိပ်လေးတွေက ပရိသတ်တွေရဲ့ အချစ်ကိုပိုစေခဲ့တာပဲဖြစ်ပါတယ်။

မြန်မာဝတ်စုံလေးကို ဝတ်ပြီး ကော်ဖီခွက်လေးကို ကိုင်ကာ အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးနေတဲ့ ဆုအိမ့်စံရဲ့ ပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေအသည်းယားအချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

ကဲ…ချစ်ရတဲ့ ပရိသတ်ကြီးကလည်း မင်းသမီးချောလေး ဆုအိမ့်စံရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်……။









Unicode

တရားမဝင် သာကောတို့လုပ်တဲ့ နှာခေါင်းစည်း အထုပ် ၇၀၀၀၀ကို ထိုင်းနိုင်ငံ မဲဆောက်တွင် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်တွင် မြန်မာနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည့် သာကောတို့လုပ်တဲ့ နှာခေါင်းစည်း အထုပ် ၇၀၀၀၀ ကို ထိုင်းအာဏာပိုင်များက သိမ်းဆည်းရမိခဲ့ပါတယ်။

မှောင်ခိုကူးကြောင်း သံသယဖြစ်ဖွယ် လုပ်ဆောင်မှုများရှိနေကြောင်း နယ်မြေထောက်လှမ်းရေး၏ သတင်းပေးချက်အရ မယ့်ကူ မြို့နယ်ခွဲတွင် ခရိုင်အုပ်ချုပ်ရေးနှင့် ထိုင်းစစ်တပ် ပူးပေါင်းအဖွဲ့က

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်၌ နေအိမ်တစ်အိမ်ကို စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ပါတယ်။ ယင်းနေအိမ်တွင် ပုံး ၂၈ ပုံးအတွင်း ထည့်ထားသည့် နှာခေါင်းစည်း အထုပ် ၇၀၀၀၀ ကို

ရှာဖွေတွေ့ရှိခဲ့သော်လည်း တရားမဝင် မှောင်ခို ခိုးသွင်းလာသူများကိုမှု ဖမ်းဆီးရမိခဲ့ခြင်း မရှိခဲ့ပါဘူး။ သိမ်းဆည်းရမိသည့် နှာခေါင်းစည်း အထုပ်များသည် အကောက်ခွန်၏ ခွင့်ပြုချက် ရှိပုံမရသဖြင့်

ဆက်လက် စုံစမ်းစစ်ဆေးမှုများ လုပ်နေကြောင်း သိရပါတယ်။ တကျော့ပြန် ကိုဗစ်ရောဂါလှိုင်းကြောင့် ကူးစက်မှု မြင့်တက်နေသည့် မြန်မာနိုင်ငံတွင် နှာခေါင်းစည်းများ ဝယ်လိုအား မြင့်တက်လျက် ရှိပါတယ်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်ရောဂါ ကူးစက်လူနာ ၁၁၆၃၁ ဦး၊ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၂၅၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။





Unicode

တပ်မတော် Q-center များတွင် Q ဝင်ရမည့် ပြည်သူတစ်ဦးချင်းစီအတွက် စနစ်တကျ ပြင်ဆင်ထားရှိမှုများ

တပ်မတော် Q-center များတွင် Q ဝင်ရမည့် ပြည်သူ တစ်ဦးချင်းစီ အတွက် စားသောက်နေထိုင်ရေး အတွက် တစ်ကိုယ်ရေအသုံးအဆောင်များ နေရာထိုင်ခင်းများ စနစ်တကျ ပြင်ဆင်ထားရှိမှုများ

တပ်မတော် Q-center များတွင် Q ဝင်ရမည့် ပြည်သူ တစ်ဦးချင်းစီ အတွက် စားသောက်နေထိုင်ရေး အတွက် တစ်ကိုယ်ရေအသုံးအဆောင်များ နေရာထိုင်ခင်းများ စနစ်တကျ ပြင်ဆင်ထားရှိမှုများ






Unicode

အလှူငွေသိန်း(၁၀၀)နဲ့ သင်္ကန်းအစုံ(၂၀၀)ကို ကိုဗစ်ကုသမှုခံယူနေတဲ့ သံဃာတော်တွေအတွက် လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

ကိုခန့်လို ချစ်စနိုးတနဲ့ ခေါ်ကြတဲ့ ပရိသတ်အချစ်တော် ဝါရင့်သရုပ်ဆောင် မင်းသား ခန့်စည်သူကတော့ လကိရှိမှာ အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကို ပိုမိုလုပ်ကိုင်ဖြစ်နေတာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ ခန့်စည်သူကအရင်ကတည်းက ရိုက်ကူးရေးတွေနဲ့ ရောက်ရှိတဲ့ အရပ်ဒေသတွေမှာ လိုအ ပ်တ ာတွေကို လှူဒါန်းေ ပးတတ်တဲ့ သူတစ်ေ ာက်ပါ။

အခုလို ပရဟိတအလုပ်တွေကို အားစိုက်လုပ်ဆောင်ချိန်မှာတော့ အလှူရေစက်လက်နဲ့မကွာဆိုသလိုကို လှူဒါန်းပေးနေခဲ့တာပါ။ လတ်တလော Covid ကာလမှာဆိုရင် ဆေးရုံတွေနဲ့ ကုသရေးအတွက် လိုအပ်တာတွေကို လှူဒါန်းပေးနေခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း ခန့်စည်သူက Covid ရောဂါပိုးကူးစက်ခံရပြီး ရောဂါကုသမှုခံယူနေတဲ့ သံဃာတော်အရှင်သူမြတ်တွေအတွက် နဝကမ္မအလှူငွေသိန်း(၁၀၀)နဲ့ သင်္ကန်းအစုံ(၂၀၀)ကို လ ှူဒါန်းကြတဲ့

ဓမ္မဝိဟာရပထမကျော်ကျောင်းတိုက်ဆရာတော် နဲ့ တပည့်ဒါယိကာ ဒါယိကာမတို့ရဲ့ အလှူလေးမှာ ပါဝင်အားဖြည့်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ “နတ်လူသာဓုခေါ်စေသော်” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထာ းခဲ့ပါ တယ်။ ပရိသတ်ကြီးရေ သာ ဓုခေါ်ဆိုေ ပးခဲ့ကြပါဦးနော်။







Unicode

သွေးစုနာ၊ထိခိုက်ရှနာ၊ အဖုအကျိတ်တွေကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေတဲ့ ဆေးနည်း

အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်အနာတရများ၊ အနာစိမ်းများ၊ သွေးစုနာ၊ အဖုအကျိတ်ပါမကျန် စိတ်ချစွာ အသုံးပြုကြည့်ပါ။ အမှန်ပင် ပျောက်ကင်းစေခြင်းသည်က လက်တွေ့အံ့သြဖွယ် ဖြစ်ရသော ဆေးနည်း ဖြစ်ပါသည်။

(၁)ကြက်ဆူရိုးနီရွက် (၂)ဇာမဏီပင် (သို့) ဗီစပ် (သို့) သံလျက်ကြီး စသည်ဖြင့် ဒေသအလိုက် အမျိုးမျိုးခေါ်ကြသော ဆေးရွက်။ အနာကို အသေအချာ သန့်စင်အောင်ဆေးပြီး ဇာမဏီရွက် လက်တစ်ဆုပ်ကို ရေစင်အောင်ဆေးကာ ထုချေပြီး အနာပေါ်တွင်အုံလိုက်ပါ။

ထိုနောက် ကြက်ဆူရိုးနီရွက် (၅)ရွက်ကို အနာအုပ်မိစေရန် အနေတော်ပြုလုပ်ပြီး ဇာမဏီရွက် အုံဆေးပေါ်အုပ်မည့် ပထမဆုံး ကြက်ဆူရိုးနီရွက်ကို ဆီအနည်းသုတ်ပြီး မီးလေးပြပါ။ အနည်းငယ်ညှိုးသွားပါက အနာပေါ်တွင် ကြက်ဆူရိုးနီး(၅)ရွက်ကို ထပ်စည်းအုံကာ အဝတ်ပတ်ထားပါ။ (၂)ရက်(၃)ရက်ကြာပါလျှင် အနာအသားနုတတ်ပြီး အမြန်ပျောက်ကင်းပါတော့သည်။ထိုနည်းအတိုင်း အဖုအကျိတ်များကိုလည်း ကြက်ဆူရိုးနီအရွက်ကို အုံစည်းပေးပါက အံ့ဖွယ်သက်သာ ပျောက်ကင်းပါ သည်။

ကလေး-မော်လိုက် ကားလမ်းဖေါက်စဉ်က ထိခိုက်ဒဏ်ရာရသော လမ်းအလုပ်သမားများ၏ ထိခိုက်ဒဏ်ရာ၊ အနာတရများကို ကုသပေးခဲ့ရာ မပျောက်မရှိ ပျောက်ကင်းခဲ့ခြင်းမျိုးသာ ကြုံရပါသည်။ ကလေးမြို့မှ ဆေးဆရာကြီး ပေးသော ဆေးနည်းဖြစ်ပါသည်။ လိုသူတို့သုံး စိတ်နှလုံးချမ်းမြေ့ပါစေ။