မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာလ ၂၀ ရက် နံနက် ၁၁ နာရီက Quarantine Center ဖွင့်လှစ်မည့် မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ အဆောင်သစ်အား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
Unicode
မန္တလေး ပညာရေးကောလိပ်ရှိ အဆောင်သစ်ကို ကုတင် (၁၆၀) ဆံ့ Quarantine Center ဖွင့်လှစ်ရန်စီမံ
မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ အဆောင်သစ်ကို ကုတင် (၁၆၀) ဆံ့ Quarantine Center ဖွင့်လှစ်ရန် ကြိုတင်စီမံဆောင်ရွက်လျက်ရှိ
မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူနှင့် ထိတွေ့ဆက်နွယ်သူများ များပြားလာသည့်အတွက် ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ်စောင့်ကြည်နိုင်ရန် ချမ်းအေးသာစံမြို့နယ်၊ ၆၅×၆၆လမ်းကြား၊ ၃၂×၃၃လမ်းကြားရှိ မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ အဆောင်သစ်ကို ကုတင် (၁၆၀) ဆံ့ Quarantine Center ဖွင့်လှစ်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
“ယခု ဆောင်ရွက်မယ့် စင်တာဟာ အတည်ပြုလူနာများနဲ့ ထိတွေ့ ဆက်စပ်မိသူတွေကို ထားရှိသွားဖို့ အတွက်ပါ၊ မန္တလေးခရိုင်အတွင်းမှာလည်း မြို့နယ်အလိုက် ရောဂါပိုး တွေ့ရှိသူတွေနဲ့ ထိတွေ့ ဆက်နွှယ်သူတွေ များပြားလာတဲ့အတွက်ကြောင့်လည်း လိုအပ်ချက်အရ နေရာတွေ ရှာဖွေပြီး Quarantine Center တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စံချိန်စံညွှန်းနှင့်အညီ တိုးချဲ့ပြင်ဆင်မူလုပ်ငန်းတွေကို စီမံ ဆောင်ရွက်ကြတာပါ။ ဒီစင်တာ အဆောင်အတွင်းမှာ ပိုးတွေ့လူနာနဲ့ ထိတွေ့ ဆက်စပ်သူ ဦးရေ ၁၆၀ ဦးခန့် ထားရှိနိုင်မယ့် နေရာ အခြေအနေ ၊ အခန်း ဖွဲ့စည်းပုံ၊ ကျန်းမာရေးသုံး ပစ္စည်းကိရိယာတွေ နေရာထိုင်ခင်း အစားအ သောက်၊ လေဝင်လေထွက်နဲ့ အဝင်အထွက် လမ်းတွေ စနစ်တကျရှိဖို့၊ သန့်စင်ခန်းနဲ့ ရေရရှိနိုင်မူ အခြေအနေတွေကို မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုန့်ပြန်ရေး ကော်မတီက တာဝန်ရှိသူတွေနဲ့ အတူ ပေါင်းစပ် ညှိနိူင်းခဲ့ပါတယ်။”ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာလ ၂၀ ရက် နံနက် ၁၁ နာရီက Quarantine Center ဖွင့်လှစ်မည့် မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ အဆောင်သစ်အား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်သူလူထုအနေဖြင့် ကိုဗစ်ရောဂါပိုး ကူးစက် မခံရအောင် အထူးဂရုစိုက်ကြရန်နှင့် ကိုဗစ် ၁၉ ရောဂါကို အားလုံး တက်ညီလက်ညီနဲ့ ဝိုင်းဝန်း ကာကွယ် တိုက်ဖျက်ကြရင် အောင်မြင်မှာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းထားသည်။
Unicode
ဖီဂျီကျွန်းနိုင်ငံတွင် တရုတ်နှင့် ထိုင်ဝမ်သံတမန်များ ခိုက်ရန်ဖြစ်ပွား
ဖီဂျီကျွန်းနိုင်ငံတွင် တရုတ်နှင့်ထိုင်ဝမ်သံတမန်များ ကိုယ်ထိလက်ရောက်ထိုးကြိတ်မှုများဖြစ်ပြီးနောက် တရုတ်ပြည်မကြီးနှင့်ထိုင်ဝမ်တို့ကြား ကာလရှည်တင်းမာမှုများပြန်လည်ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။
ယခုလအစောပိုင်းအောက်တိုဘာ ၈ ရက်က အမျိုးသားနေ့အခမ်းအနားသို့ တရုတ်သံရုံးအရာရှိ ၂ ယောက်က ဝင်ရောက်ထိုးကြိတ်ခဲ့သည်ဟု ထိုင်ဝမ်က စွပ်စွဲသည်
တရုတ်ပြည်မကြီးဘက်က ထိုဖြစ်ရပ်ကို ငြင်းဆိုထားသည်။ ထိုထိုးကြိတ်မှုများကြောင့် အရာရှိများဒဏ်ရာရခဲ့သည်ဟု နှစ်ဖက်စလုံးကပြောထားပြီး စုံစမ်းစစ်ဆေးပေးရန်လည်း ဖီဂျီရဲတပ်ဖွဲ့ကို တောင်းဆိုထားသည်။ ထိုင်ဝမ်၏နိုင်ငံတကာလှုပ်ရှားမှုများကို တရုတ်ပြည်မကြီးက ကန့်သတ်ရန်ကြိုးစားနေပြီး ပစိဖိတ်ဒေသတွင် လွှမ်းမိုးမှုရှိရန် နှစ်ဖက်စလုံးကကြိုးစားနေသည်။
ထိုင်ဝမ်သည် ပြည်မကြီးမှကွဲကွာနေသည့်ပြည်နယ်တခုဟု တရုတ်ပြည်မကြီးဘက်ကမှတ်ယူထားသော်လည်း ထိုင်ဝမ်ခေါင်းဆောင်များက ငြင်းဆိုပြီး အချုပ်အခြာအာဏာပိုင်နယ်မြေတခုဟု တုံ့ပြန်ထားသည်။
e-commerce လုပ်ငန်ကြီး Alibaba တည်ထောင်သူ ဂျက်မာဟာ ထိပ်ဆုံး ဘီလျံနာနေရာကို နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ပြီး ဗိုင်းရပ်စ်ဖြစ်စဉ်ကြောင့် လူတွေ လများစွာ အသွားအလာ ကန့်သတ်ပိတ်ဆို့ခံထားရစဉ်အတွင်း အွန်လိုင်း ဈေးဝယ် ကုမ္ပဏီတွေ စီပွားရေးမြင့်တက်လာခဲ့မှုအဖြစ် သူ့ရဲ့ ကြွယ်ဝမှု ၄၅ ရာခိုင်နှုန်း ဒေါ်လာ ၅၈.၈ ဘီလီယံအထိ မြင့်တက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
Unicode
တရုတ်စူပါသူကြွယ်တွေ ကိုဗစ်ကာလအတွင်း ပိုမိုကြွယ်ဝလာခဲ့
ကပ်ရောဂါကာလ lockdown ဖြစ်စဉ်တွေအတွင်း e-commerce နဲ့ ဂိမ်းလုပ်ငန်းစီးပွားရေး တဟုန်ထိုးမြင့်တက်ခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ စူပါသူကြွယ်တွေ ၂၀၂၀ ပြည့်နှစ်မှာ ဝင်ငွေ ကန်ဒေါ်လာ ၁.၅ ထရီလီယံအထိ စံချိန်တင် ပိုင်ဆိုင်ခဲ့ကြောင်းနဲ့ လွန်ခဲ့တဲ့ ၅ နှစ်ပေါင်း ဝင်ငွေထက် ပိုများတာဖြစ်ကြောင်း နှစ်စဉ် သူကြွယ်စာရင်းပြုစုတဲ့ အစီရင်ခံစာတစ်ခုက အင်္ဂါနေ့(အောက်တိုဘာ ၂၀) မှာ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့ ဒုတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံရဲ့ ဘီလျံနာအစုအဝေးအတွင်း ဝင်ရောက်လာနိုင်သူ ၂ နှစ်လောက်ကျဆင်းနေခဲ့ပြီးနောက် သြဂုတ်လမှာတော့ အလွန်အမင်း ချမ်းသာသူ ၂၅၇ ဦး ထပ်တိုးလာခဲ့တယ်လို့ အနီးကပ်စောင့်ကြည့်ခဲ့တဲ့ Hurun Report က ဖော်ပြခဲ့ပါတယ်။
ယခုအခါ တရုတ်နိုင်ငံရဲ့ ဘီလျံနာ စုစုပေါင်းဟာ ၈၇၈ ဦးရှိလာခဲ့တယ်လို့ ဆိုပါတယ်။ Hurun ရဲ့ ဖေဖော်ဝါရီလအတွင်း ကမ္ဘာလုံးဆိုင်ရာ ဘီလျံနာစာရင်းအရ ယခုနှစ်စပိုင်းမှာ အမေရိကန်ရဲ့ ထိပ်တန်း လူချမ်းသာဦးရေ ၆၂၆ ဦးရှိတယ်လို့ ဆိုထားပါတယ်။
ယင်း အစီရင်ခံစာရဲ့ ဖော်ပြချက်အရ လူဦးရေ ၂၀၀၀ ဝန်းကျင်လောက်ဟာ သြဂုတ်လမှာ တစ်ဦးချင်း အသားတင် ဝင်ငွေ ယွမ် ၂ ဘီလီယံကျော် (ကန်ဒေါ်လာ ၃၀၀ သန်း) စီ ရရှိခဲ့ကြပြီး ၎င်းတို့ စုစုပေါင်းရဲ့ အသားတင်ဝင်ငွေဟာ ကန်ဒေါ်လာ ၄ ထရီလီယံ ရှိခဲ့တယ်လို့ဆိုပါတယ်။
e-commerce လုပ်ငန်ကြီး Alibaba တည်ထောင်သူ ဂျက်မာဟာ ထိပ်ဆုံး ဘီလျံနာနေရာကို နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ပြီး ဗိုင်းရပ်စ်ဖြစ်စဉ်ကြောင့် လူတွေ လများစွာ အသွားအလာ ကန့်သတ်ပိတ်ဆို့ခံထားရစဉ်အတွင်း အွန်လိုင်း စျေးဝယ် ကုမ္ပဏီတွေ စီပွားရေးမြင့်တက်လာခဲ့မှုအဖြစ် သူ့ရဲ့ ကြွယ်ဝမှု ၄၅ ရာခိုင်နှုန်း ဒေါ်လာ ၅၈.၈ ဘီလီယံအထိ မြင့်တက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ယင်းကဲ့သို့ တစ်နှစ်တာကာလအတွင်း ယခုလိုပမာဏမျိုး အမြတ်အစွန်းဝင်ငွေရရှိခဲ့မှု ကမ္ဘာမှာ မရှိခဲ့ဖူးသေးကြောင်း Hurun Report ရဲ့ သုတေသန အကြီးအကဲ Rupert Hoogewerf က ပြောဆိုပါတယ်။ အခြား တရုတ်လုပ်ငန်းရှင်တွေရဲ့ ချမ်းသာကြွယ်မှုတွေ မြင့်တက်လာတာကိုလည်း အစီရင်ခံစာက ဖော်ပြခဲ့ပြီး ယခုနှစ်ရဲ့ စာရင်းအရ တရုတ်ဟာ ကုန်ထုတ်လုပ်မှုနဲ့ အိမ်ခြံမြေလုပ်ငန်းတွေလို အစဉ်အလာ စီးပွားရေးကဏ္ဍတွေကနေ စီးပွားရေးလမ်းကြောင်းသစ်တွေဆီ ဦးတည်လာတာတွေ့ရကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။
Unicode
၁၇ နှစ်လုံး သစ္စာရှိပြီးတာဝန်ကျေခဲ့တဲ့ အိမ်ကူအမျိုးသမီးကို အံ့သြစေတဲ့လက်ဆောင်ပေးခဲ့တဲ့ ဖိလစ်ပိုင်မင်းသမီး
ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကျော်မင်းသမီး Dimples Romana ကတော့ သူမကို သမီးအရင်းလို မျိုး စောင့်ရှောက်တဲ့ အိမ်အကူအမျိုးသမီးကြီးကို ဝမ်းသာမျက်ရည် ကျစေခဲ့ပါတယ်နော်။
အဲဒါကတော့ မင်းသမီး Romana နဲ့ ခင်ပွန်း Boyet Ahmee တို့က အိမ်အကူအမျိုးသမီးကြီးကို တန်းဖိုးကြီးလက်ဆောင် ပေးခဲ့တဲ့အတွက် ဝမ်းသာမျက်ရည် ကျစရာဖြစ်စေခဲ့တာပါနော်။အိမ်အကူအမျိုးသမီးကြီးရဲ့အမည်ကတော့
Vilma သို့မဟုတ် Ate V လို့ ခေါ်ပါတယ်နော်။ သူမဟာ မင်းသမီး Romana ဆီမှာ အိမ်အကူအလုပ်တွေ လုပ်နေတာ အချိန်အားဖြင့် (၁၇)နှစ် ရှိခဲ့ပြီဘဲ ဖြစ်ပါတယ်။ Romana ကတော့ အခုမှာ အသက်(၃၅)နှစ်ဖြစ်ပြီးတော့
သူမကို အသက်(၁၈)နှစ်အရွယ်ကတည်းက Vilma နဲ့ ခင်မင်ရင်းနီးခဲ့ပြီး အခုဆို အဒေါ်အရင်းတစ်ယောက်လို မိခင်အရင်းတစ်ယောက်လို ဖြစ်နေပါပြီတဲ့နော်။Romana နဲ့ Boyet တို့ဟာ သူတို့အပေါ် ကျေးဇူးများတဲ့ Vilma ကို
လှည့်ဖျားခေါ်လာခဲ့တာဘဲ ဖြစ်ပါတယ်။ အိမ်ဝယ်တာကို လိုက်ကြည့်ပေးဖို့ ပြောခဲ့တာဖြစ်ပါတယ်နော်။ အိမ်ဝယ်မယ်ဆို ဘယ်လိုနေရာမျိုးကို ကြိုက်မလဲ အကြံဉာဏ်တောင်းတော့ Vilma အနေနဲ့ မင်းသမီးစုံတွဲက အိမ်အသစ်ဝယ်မယ်ထင်ပြီး၊
သူမ သဘောကျတဲ့ ရပ်ကွက်ကို ပြောခဲ့တာဖြစ်ပါတယ်။အိမ်လေးကတော့ (၂)ထပ်အိမ်လေးဖြစ်ပြီးတော့ သုံးယောက်သား ပျော်ပျော်ပါးပါး စရင်းနောက်ရင်းနဲ့ တစ်ခန်းဝင် တစ်ခန်းထွက် ကြည့်နေခဲ့တာဖြစ်ပါတယ်။ Romana ဟာ
သူမသွားလေရာ ကင်မရာမန်းခေါ်သွားလို့ အန်တီကြီး Vilma အတွက်တော့ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူးတဲ့။ အိမ်ကိုလှည့်ပတ်ကြည့်နေစဉ်မှာပဲ Vilma ကတော့ ဘာကကောင်းတယ်၊ မကောင်းဘူး စသဖြင့် သူမဝသီအတိုင်း ဝေဖန်နေခဲ့တာ
ဖြစ်ပါတယ်။နောက်ဆုံးတော့ အိမ်လေးက မဆိုးဘူး စသဖြင့် ချီးကျူးသံကို ကြားရချိန်မှ Romana တို့စုံတွဲက သူမကို Surprise လုပ်ခဲ့တာဖြစ်ပါတယ်တဲ့။ Vilma အဖို့ကတော့ ဒီအိမ်ကို ပိုင်ဆိုင်ရမယ်ဆိုတာ
သိသိချင်း ဝမ်းသာလွန်းလို့ ငိုခဲ့တာပါ။ Romana အနေနဲ့လည်း မျက်ရည်ပီတိတွေ ဖြစ်ခဲ့ရသလို၊ ခင်ပွန်း Boyet ပင်လျှင် မျက်ရည်လည်ခဲ့ရပါတယ်။ အဲ့ဒီ ဗွီဒီယိုလေးကို အောက်တိုဘာ (၁၆)ရက်က Romana ရဲ့ ဘလော့ဂ်မှာ တင်ခဲ့တာပါ။
နောက်ပိုင်းမှာ ဝမ်းသာလွန်းတဲ့ Vilma က သူမအနေနဲ့ ဒီမှာအလုပ်လုပ်ရတာ ပျော်ကြောင်း၊ အားလုံးဟာ သဘောမနောကောင်းကြလို့ ဘယ်ကနေ အပြစ်ရှာပြီးပြောရမလဲဆိုတာတောင်
မသိကြောင်း၊ သူမ မိသားစုကိုလည်း ကြည့်ပေးတဲ့အပြင် အားလုံးနဲ့ သားအမိသံယောဇဉ်လို ရှိလာခဲ့တာကြောင့် အလုပ်အသစ်ရှာဖို့ကိုတောင် မစဉ်းစားခဲ့မိဘူးလို့ ဆိုခဲ့တာဘဲ ဖြစ်ပါတယ်နော်။ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာဘဲ ဖြစ်ပါတယ်နော်။
ဘရာဇီးတိုက်ခိုက်ရေးသမားကို အနိုင်ယူခဲ့တဲ့ ဒတ်ခ်ျလူမျိုးတိုက်ခိုက်ရေးသမား Reinier ဟာ မြန်မာ့အချစ်တော်မြန်မာစပါးအုံးကြီး အောင်လအန်ဆန်းရဲ့ One မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပက်ကိုလုယူဖို့အတွက် စိန်ခေါ်ခဲ့တာ ဘဲဖြစ်ပါတယ်နော်။
Unicode
အောင်လနဲ့ စိန်ခေါ်သူ ဒီရစ်ဒါတို့ရဲ့ပွဲကြီးပွဲကောင်းကို နောက်တစ်ပတ် သောကြာနေ့မှာ ကြည့်ရှူရတော့မယ်
ဘရာဇီးတိုက်ခိုက်ရေးသမားကို အနိုင်ယူခဲ့တဲ့ ဒတ်ချ်လူမျိုးတိုက်ခိုက်ရေးသမား Reinier ဟာ မြန်မာ့အချစ်တော်မြန်မာစပါးအုံးကြီး အောင်လအန်ဆန်းရဲ့ One မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပက်ကိုလုယူဖို့အတွက် စိန်ခေါ်ခဲ့တာ ဘဲဖြစ်ပါတယ်နော်။
အခုလာမယ့်သောကြာနေ့ကတော့ စိန်ခေါ်သူ Reinier နဲ့ မြန်မာ့စပါးအုံးကြီးတို့ စင်္ကါပူနိုင်ငံမှာထိုးသတ်ကြတော့မှာဘဲ ဖြစ်ပါတယ်နော်။Reinier ကတော့ အောင်လ မင်းအဆင်သင့်ပဲလား။ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်ရွေးလိုက်စမ်းပါ
ပြောင်ပြောင်လက်လက်ခါးပက်ကိုတော့ သေချာသိမ်းထားပါ ငါလာယူမှာမို့လိုပါ ဆိုပြီးတော့ စင်ပေါ်ကနေ စိန်ခေါ်ခဲ့တာကြောင့် အောင်လကပြန်လက်ခံပြီးတော့ အခုဆိုရင်တော့ ပွဲကြီးပွဲကောင်းကြည့်ရတော့မှာပါ။
အောင်လကလည်း ကျွန်တော့ရဲ့ ချန်ပီယံခါးပက်ကို စိန်ခေါ်နိုင်ဖို့အတွက် ယှဉ်ပြိုင်ထိုးသတ်ရတဲ့ပွဲမှာ အနိုင်ရရှိခဲ့တဲ့ Reinier ကို ဂုဏ်ပြုပါတယ်။ သိပ်ကြာခင်အချိန်အတွင်းမှာ ချန်ပီယံခါးပက်အတွက်ကြိုးဝိုင်းမှာ
ထိုးသတ်ကြရဖို့ကိုမျှော်လင့်နေပါတယ် လို့ ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြောဆိုတုန့်ပြန်ခဲ့တာဘဲ ဖြစ်ပါတယ်။ Reinier ကတော့ အသက် (၃၀) ရှိပြီးတော့ အရပ်က ၆ပေ ၄လက္မ ဖြစ်ကာ ကိုယ်အလေးချိန် ၁၈၅ပေါင်ဖြစ်ပါတယ်နော်။
One Championship မှာထိုးသတ်ထားခဲ့တဲ့ ၁၂ပွဲစလုံးမှာ ရှုံးပွဲမရှိသေးပါဘူး။ အောင်လကတော့ အသက် (၃၄)နှစ်ရှိပြီး အရပ်က ၆ပေ ၁လက္မရှိကာ မစ်ဒယ်ဝိတ်နဲ့လိုက်ဟဲဗီးဝိတ်မှာ ချန်ပီယံခါးပတ်ကိုသိမ်းပိုက်ထားသူပါနော်။
နောက်ဆုံးထိုးသတ်ထားတဲ့ (၇)ပွဲစလုံး ရှုံးပွဲလုံးဝမရှိထားသူပါ။ ဒီလ (၃၀)ရက်နေ့မှာတော့ Singapore ယှဉ်ပြိုင် ထိုးသတ်ကြတော့မှာပါ။Reinierက အောင်လထပ်အရပ်အမောင်းသာလွန်ပေမယ့်လည်း
ပါဝါနဲ့ကြံ့ခိုင်မှုကတော့ကျွန်တော်တို့ရဲ့အချစ်တော် မြန်မာ့စပါးအုံးကြီးက အများကြီးကိုသာလွန်နေတာပါနော်။ အထသေးလို့မရပေမယ့်လည်း ဒီပွဲကအောင်လအတွက်လုံးဝ
စိတ်ပူစရာမရှိတဲ့ပွဲပါနော်။ ပထမအချီတတောင် ပွဲသိမ်းသွားနိုင်ပါတယ် အလွန်ဆုံးထိုးရမှ ဒုတိယအချီပါပဲ။ အောင်လနိုင်ကိုနိုင်ရမယ်။ ပရိတ်သတ်ကြီးလည်း အောင်လရဲ့ ပွဲကို မျော်လင့်နေပြီ ထင်ပါတယ်နော်။
ကိုဗစ်ကာလအတွင်း တရုတ် စူပါသူကြွယ်တွေ ပိုမိုကြွယ်ဝလာခဲ့
ကိုဗစ်ကာလအတွင်း တရုတ် စူပါသူကြွယ်တွေ ပိုမိုကြွယ်ဝလာခဲ့
ကပ်ရောဂါကာလ lockdown ဖြစ်စဉ်တွေအတွင်း e-commerce နဲ့ ဂိမ်းလုပ်ငန်းစီးပွားရေး တဟုန်ထိုးမြင့်တက်ခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ စူပါသူကြွယ်တွေ ၂၀၂၀ ပြည့်နှစ်မှာ ဝင်ငွေ ကန်ဒေါ်လာ ၁.၅ ထရီလီယံအထိ စံချိန်တင် ပိုင်ဆိုင်ခဲ့ကြောင်းနဲ့ လွန်ခဲ့တဲ့ ၅ နှစ်ပေါင်း ဝင်ငွေထက် ပိုများတာဖြစ်ကြောင်း နှစ်စဉ် သူကြွယ်စာရင်းပြုစုတဲ့ အစီရင်ခံစာတစ်ခုက အင်္ဂါနေ့(အောက်တိုဘာ ၂၀) မှာ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့ ဒုတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံရဲ့ ဘီလျံနာအစုအဝေးအတွင်း ဝင်ရောက်လာနိုင်သူ ၂ နှစ်လောက်ကျဆင်းနေခဲ့ပြီးနောက် သြဂုတ်လမှာတော့ အလွန်အမင်း ချမ်းသာသူ ၂၅၇ ဦး ထပ်တိုးလာခဲ့တယ်လို့ အနီးကပ်စောင့်ကြည့်ခဲ့တဲ့ Hurun Report က ဖော်ပြခဲ့ပါတယ်။
ယခုအခါ တရုတ်နိုင်ငံရဲ့ ဘီလျံနာ စုစုပေါင်းဟာ ၈၇၈ ဦးရှိလာခဲ့တယ်လို့ ဆိုပါတယ်။ Hurun ရဲ့ ဖေဖော်ဝါရီလအတွင်း ကမ္ဘာလုံးဆိုင်ရာ ဘီလျံနာစာရင်းအရ ယခုနှစ်စပိုင်းမှာ အမေရိကန်ရဲ့ ထိပ်တန်း လူချမ်းသာဦးရေ ၆၂၆ ဦးရှိတယ်လို့ ဆိုထားပါတယ်။
ယင်း အစီရင်ခံစာရဲ့ ဖော်ပြချက်အရ လူဦးရေ ၂၀၀၀ ဝန်းကျင်လောက်ဟာ သြဂုတ်လမှာ တစ်ဦးချင်း အသားတင် ဝင်ငွေ ယွမ် ၂ ဘီလီယံကျော် (ကန်ဒေါ်လာ ၃၀၀ သန်း) စီ ရရှိခဲ့ကြပြီး ၎င်းတို့ စုစုပေါင်းရဲ့ အသားတင်ဝင်ငွေဟာ ကန်ဒေါ်လာ ၄ ထရီလီယံ ရှိခဲ့တယ်လို့ဆိုပါတယ်။
e-commerce လုပ်ငန်ကြီး Alibaba တည်ထောင်သူ ဂျက်မာဟာ ထိပ်ဆုံး ဘီလျံနာနေရာကို နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ပြီး ဗိုင်းရပ်စ်ဖြစ်စဉ်ကြောင့် လူတွေ လများစွာ အသွားအလာ ကန့်သတ်ပိတ်ဆို့ခံထားရစဉ်အတွင်း အွန်လိုင်း စျေးဝယ် ကုမ္ပဏီတွေ စီပွားရေးမြင့်တက်လာခဲ့မှုအဖြစ် သူ့ရဲ့ ကြွယ်ဝမှု ၄၅ ရာခိုင်နှုန်း ဒေါ်လာ ၅၈.၈ ဘီလီယံအထိ မြင့်တက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ယင်းကဲ့သို့ တစ်နှစ်တာကာလအတွင်း ယခုလိုပမာဏမျိုး အမြတ်အစွန်းဝင်ငွေရရှိခဲ့မှု ကမ္ဘာမှာ မရှိခဲ့ဖူးသေးကြောင်း Hurun Report ရဲ့ သုတေသန အကြီးအကဲ Rupert Hoogewerf က ပြောဆိုပါတယ်။ အခြား တရုတ်လုပ်ငန်းရှင်တွေရဲ့ ချမ်းသာကြွယ်မှုတွေ မြင့်တက်လာတာကိုလည်း အစီရင်ခံစာက ဖော်ပြခဲ့ပြီး ယခုနှစ်ရဲ့ စာရင်းအရ တရုတ်ဟာ ကုန်ထုတ်လုပ်မှုနဲ့ အိမ်ခြံမြေလုပ်ငန်းတွေလို အစဉ်အလာ စီးပွားရေးကဏ္ဍတွေကနေ စီးပွားရေးလမ်းကြောင်းသစ်တွေဆီ ဦးတည်လာတာတွေ့ရကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။
Zawgyi
e-commerce လုပ်ငန်ကြီး Alibaba တည်ထောင်သူ ဂျက်မာဟာ ထိပ်ဆုံး ဘီလျံနာနေရာကို နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ပြီး ဗိုင်းရပ်စ်ဖြစ်စဉ်ကြောင့် လူတွေ လများစွာ အသွားအလာ ကန့်သတ်ပိတ်ဆို့ခံထားရစဉ်အတွင်း အွန်လိုင်း ဈေးဝယ် ကုမ္ပဏီတွေ စီပွားရေးမြင့်တက်လာခဲ့မှုအဖြစ် သူ့ရဲ့ ကြွယ်ဝမှု ၄၅ ရာခိုင်နှုန်း ဒေါ်လာ ၅၈.၈ ဘီလီယံအထိ မြင့်တက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
Unicode
တရုတ်က ကိုဗစ် ကာကွယ်ရေးအထောက်အကူပြု ကျန်းမာရေးပစ္စည်းများလှူဒါန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့မှာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရွှေလီမြို့ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးဖွံ့ဖြိုးရေးစင်တာနှင့် ယူနန် ကျောက်စိမ်း ဝမ်ချောင် ကွန်ရက် နည်းပညာကုမ္ပဏီလီမိတက်တို့က
တရုတ်ယွမ်ငွေ (၃)သိန်းကျော်တန်ဖိုးရှိ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေကို အောက်တိုဘာ လ(၂၀)ရက် မနက်ပိုင်းက မြန်မာ-တရုတ် နှစ်နိုင်ငံ အဝင်အထွက်ဂိတ် (နန်းတော်ဂိတ်) မှာ လာရောက် ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဘက်ကလာရောက်လှူဒါန်းတဲ့ ပစ္စည်းတွေကတော့ နှာခေါင်းစည်း(၂၂၀၀၀၀)၊ Hand Gel(၂၄၀၀)နဲ့ ပိုးသတ်ဆေးပုံး (၅၀) တို့ဖြစ်တယ်လို့ သိရပါတယ်။
Unicode
နှင်းဆီပါတီဥက္ကဌဦးကျော်မြင့်အား PPE ဝတ်စုံဖြင့် ချမ်းအေးသာဇံမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေး
နှင်းဆီပါတီ ဥက္ကဌ ဦးကျော်မြင့်အား ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ချမ်းအေးသာဇံမြို့နယ် တရားရုံး၌ PPE ဝတ်စုံဝတ်ခိုင်စေကာ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည် ။
နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်သည် ၁၉၉၈ ခုနှစ်ဇန်နဝါရီလက အရေးပေါ် စီမံအက်ဥပဒေဖြင့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၉ အရ အင်းစိန်ထောင်တွင် ထောင်ဒဏ် ၉ နှစ်ကျခံရသဖြင့် မေလ တွင် အိုးဘိုထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၉ ခုနှစ် ဇန်နဝါရီလ က ပြင်ပတွင်ဆေးကုသခွင့် ရရှိချိန်တွင် ထွက်ပြေးခဲ့သည့်အတွက် ထောင်ပြေးမှု ပုဒ်မ ၂၂၄ အရ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ ည က ၎င်း နေထိုင်ရာ ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့သည် ။
လက်ရှိတွင် ဦးကျော်မြင့်၏ နှင်းဆီပါတီကို ဖျက်သိမ်းခဲ့ပြီး ဖြစ်ကာ ၊ ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် ရာဇသတ်ကြီး ပုဒ်မ ၂၂၄ ဖြင့် မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာဇံ မြို့နယ်တွင် တရားစွဲဆိုထားကြောင်း သိရသည် ။
Unicode
COVID-19ကင်းစင်ရေးအတွက် တောင်ကြီးမှာ ဆုတောင်းတဲ့အနေနဲ့ မီးပုံးပျံများ လွှတ်တင်မယ်
မြန်မာနိုင်ငံတဝှမ်းလုံးမှာ ကူးစက်ပြန့်နှံ့မှုဖြစ်ပွားနေတဲ့ COVID-19ကပ်ရောဂါ ကင်းစင်ရေးအတွက် ဆုတောင်းတဲ့အနေနဲ့ သီတင်းကျွတ်လပြည့်ည(အောက်တိုဘာလ ၃၁ရက်ည)မှာ တောင်ကြီးမြို့က အဝေရာမီးပုံးပျံကွင်းအတွင်း မီးပုံးပျံအလုံးရေ ၁၅၀၀ကျော်လွှတ်တင်သွားမှာဖြစ်ကြောင်း မီးပုံးပျံလွှတ်တင်ပူဇော်ရေးအဖွဲ့ထံကနေ သိရပါတယ်။
အဲဒီညမှာ မီးပုံးပျံလွှတ်တင်ပူဇော်ရေးအဖွဲ့က ညမီးကြီးအမျိုးအစား မီးပုံးပျံ ၂လုံး၊ မီးပုံးပျံအလုံးငယ် ၁၅၀၀လုံး၊ ပြင်ပမီးပုံးပျံဝါသနာရှင်တွေက ညမီးကြီးအလုံး ၂၀ခန့်နဲ့ မီးပုံးပျံငယ်အများအပြားကို COVID-19ကပ်ရောဂါ ကင်းစင်ရေးအတွက် ဆုတောင်းတဲ့အနေနဲ့ လွှတ်တင်ပူဇော်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုလွှတ်တင်ပူဇော်နိုင်တဲ့အခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာသွားမှာဖြစ်ပြီး လူတိုင်းနှာခေါင်းစည်းတပ်ဆင်ကြမှာဖြစ်သလို လက်သန့်ဆေးရည်ဘူးတွေကိုလည်း ယူဆောင်လာကြမယ်ဖြစ်ကြောင်း ဦးသန်းဇော်က ဆက်လက်ပြောကြားခဲ့ပါတယ်။
“မဖြစ်မနေမို့ လုပ်ကြတာဆိုရင်တော့ ဘာမှမပြောလိုပါဘူး။ ဆင်ဆင်ခြင်ခြင်ထိန်းသိမ်းပြီး လုပ်ကြရင်တော့ ကောင်းတာပေါ့။ ပြောချင်တာက တကယ်လို့များ အဲဒီကွင်းက လူအုပ်ထဲမှာ ပိုးရှိတဲ့သူတစ်ယောက်ပါလာရင် သွားပြီလေ။ ပိုးဆိုတာက ဘယ်သူ့ဆီမှာ ရှိလဲ၊ မရှိဘူးလဲဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်ဘူး”လို့ တောင်ကြီးမြို့ဒေသခံပြည်သူ ဦးဇော်မြင့်ထွန်းက ပြောပါတယ်။
ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့က အဝေရာမီးပျံးပုံးကွင်းဟာ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်ညမှာ မီးပုံးပျံလွှတ်တင်ကြသူတွေ၊ လာရောက်ကြည့်ရှုသူတွေနဲ့ စည်ကားလေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး မီးပျံးပျံအလုံးရေ ၂၀၀၀ခန့်ကို လွှတ်တင်ပူဇော်ကြလေ့ရှိတယ်လို့လည်း သိရပါတယ်။
Unicode
PROJECT K အဖွဲ့နှင့်ပတ်သက်လို့ အမှုဖွင့်ခံထားရတဲ့ သံဃာတစ်ပါး အပါအဝင်ခြောက်ဦး အမိန့်ချ
Project K အဖွဲ့အား ရန်ကုန်လေဆိပ်တွင် ကန့်ကွက်ဆန္ဒပြသဖြင့် ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံထားရသော သံဃာတော် တစ်ပါးနှင့် လူ ခြောက်ဦးကို မင်္ဂလာဒုံမြို့နယ်တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေကျပ် နှစ်သောင်း ချမှတ်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် သိရသည်။
အောက်တိုဘာ ၁၃ ရက် ညပိုင်းက ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာသည့် Project K အဖွဲ့အား သွားရောက် ကန့်ကွက်ဆန္ဒပြခဲ့သူများထဲမှ သံဃာတော် တစ်ပါးနှင့် လူ ခြောက်ဦးအား ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
“ ဦးဇင်းတို့ကို ဒီနေ့ မင်္ဂလာဒုံမြို့နယ်ကနေ ရဟန်းတစ်ပါး အပါအဝင် လူ ခြောက်ဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲတင်ပါတယ်။ တရားစွဲတင်ပြီး မင်္ဂလာဒုံမြို့နယ် တရားသူကြီး က ဦးဇင်းတို့ကို ဒဏ်ငွေ နှစ်သောင်းနဲ့ အပြီးသတ် အမိန့်ချမှတ်လိုက်ပါတယ်။ တစ်ဦးလျှင် နှစ်သောင်းနဲ့ ခုနစ်ဦးဆိုတော့ တစ်သိန်းလေးသောင်းပေါ့” ဟု ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။
Asia Song Festival 2020 တွင် မြန်မာကေပေါ့ပ် တေးဂီတအဖွဲ့ Project K က ရွှေတိဂုံစေတီတော် ပုံရိပ်ကိုနင်း၍ ဖျော်ဖြေခဲ့သည့်အတွက် ဝေဖန်မှုများခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အောက်တိုဘာ ၁၁ ရက်တွင် Project K အဖွဲ့က ၎င်းတို့၏ Facebook Page မှတစ်ဆင့် ပြန်လည် တောင်းပန်ခဲ့သည်။
Asia Song Festival 2020 ပွဲတွင် ဖျော်ဖြေစဉ်က ရွှေတိဂုံစေတီတော် ပုံရိပ်ကို အောက် LED တွင် ပြနေသည်ကို ဖျော်ဖြေပြီးမှ သိခဲ့ရခြင်းဖြစ်ပြီး LED တွင် ထည့်သွင်းပြသမည့် ဗွီဒီယိုများကို Asia Song Festival 2020 ပွဲကသာ စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့၏ တောင်းပန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။
“ပထမတစ်ကြိမ် Rehearsal မှာ LED မထိုးသေးပါဘူး။ ဒုတိယအကြိမ် Rehearsal ဖျော်ဖြေရတဲ့အချိန်မှာမှ LED တွေ ပါလာတာပါ။ အောက်မှာ LED တွေ လင်းနေမှန်းတော့သိပေမဲ့ Rehearsal ကနေတဲ့အချိန် ဘာပုံရိပ်မှန်း သေသေချာချာ မသိခဲ့ပါဘူး”ဟု Project K အဖွဲ့၏ တောင်းပန်စာတွင် ဖော်ပြခဲ့သည်။
၎င်းတို့အားလုံးသည် ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြောင်း၊ အောက်ခြေတွင် ယခုကဲ့သို့ ရှိနေမည်ကိုသိပါက ၎င်းတို့အနေဖြင့် ထည့်သွင်းခိုင်းမည် မဟုတ်ကြောင်း၊ အောက်ခြေ LED တွင် ရွှေတိဂုံစေတီတော်ပုံရိပ် ပါနေသည်ကို ဖျော်ဖြေပွဲပြီးမှသာ သိရှိရခြင်းဖြစ်ကြောင်းလည်း
Project K ၏ တောင်းပန်စာတွင် ဖော်ပြခဲ့သည်။ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ယခုကဲ့သို့ လွှဲချော်မှုဖြစ်ပွားခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း Project K ၏ Facebook Page တွင် ဖော်ပြခဲ့သည်။