ဘာပဲပွောပွော လွတ်လပ်ေရးအတွက် တဈေထာင့်တဈနေရာကနေပါဝင် ကြိဳးပမ်းခဲ့ပြီး ခုလည်းပဲ ပြည်သူ႔အႀကိဳးကိုထမ်းေဆာင်ချင်တဲ့ အဘိုးအတွက် ဂုဏ်ပြဳေပးခဲ့ကြပါအုံးေနာ်..
Unicode
ပင်စင်လစာတွေနဲ့ မသေခင်ကို နိုင်ငံတော်ကို မလှူပဲ ဆင်းရဲသူတွေကိုလှူချင်လို့ ဆက်သွယ်ပါဆိုတဲ့ အဘိုး
ပရိသတ်ကြီးရေ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ခဲ့တဲ့ အဘတစ်ယောက်က သူ့ရဲ့လစာတွေကို လှူချင်ပါတယ်ဆိုပြီးလူမှုကွန်ရက်မှာ ခုလိုသတင်းတက်နေတာတွေ့ရပါတယ်…
ရဲဘော် ၃ ကျိပ် အဖွဲ့ဝင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့အဘပါအဘက သူမသေခင်မှာ သူရဲ့ ပင်စင်လစာတွေကို နိုင်ငံတော်ကို မလှူပဲ ဆင်းရဲချို့တဲ့ ပြီး အိမ်ပိုင်မရှိကျူးကျော်နေရတဲ့ ပြည်သူတွေကို လှူချင်တယ်လို့ ပြောပါတယ်
အဘမသေခင် အဘရဲ့ ဆန္ဒလေးပြည့်သွားအောင် ဒီ Post ကို Group တွေမှာရှဲခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ။ ကုသိုလ်လည်းရ ဝမ်းလည်း ဝဆိုသလို အဘရဲ့ နေရပ်လိပ်စာကတော့ ရန်ကုန်တိုင်းဒေသကြီးဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက် သစ္စာလမ်း ၆၄/ခ တိုက် A ပဲဖြစ်ပါတယ်။
အဘ ဆီကိုဆက်သွယ်လိုက်ပါ ။ Phone contact …09954166014” ဆိုပြီး ပြန့်နေတာပါ…
Unicode
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ လော့ဒေါင်း ချထားခြင်းသည် ကိုဗစ်ထက် ကလေး များကို ပို၍ ထိခိုက်စေဟုပြော
လော့ဒေါင်း တားဆီးပိတ်ဆို့ခြင်းနှင့် ကျောင်းများပိတ်ခြင်းသည် အမှန် တကယ် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါထက် ကလေးသူငယ်များတွင် ပိုမိုအန္တရာယ်ဖြစ်စေကြောင်း WHO အပါအဝင် ကုလသမဂ္ဂအေဂျင်စီများ၏ လေ့လာတွေ့ရှိမှုအသစ်မှာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးထောက်ခံသူတို့အတွက် အမှတ်မထင် အားတက်ဖွယ် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
တနင်္လာနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ညွှန်ကြားရေးမှူး ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) အကြီးအကဲ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ညွှန်ကြားရေးမှူးတို့ ပူးတွဲကျင်းပသော ကပ်ရောဂါအကြပ်အတည်းအတွက် ရံပုံငွေ ပိုမိုရှာဖွေရေး ဆွေးနွေးပွဲ၌ UNICEF ယူနီဆက်ဖ်ဒါရိုက်တာ ဟင်နရီယာတာ အိတ်ချ်ဖိုးက မိန့်ခွန်းပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေး မဟာဗျူဟာများဖြစ်သည့် physical distancing ရုပ်ပိုင်းဆိုင်ရာ ဝေးကွာစေခြင်း၊ ကျောင်းများပိတ်ရကြောင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှောင့်နှေးခြင်း၊ နိုင်ငံအတွင်း လော့ဒေါင်း တားဆီးပိတ်ဆို့ခြင်းများသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကလေးငယ်များအား အဟာရချို့တဲ့စေကြောင်း ထောက်ပြသွားသည်ဟု Lancet ဆေးသိပ္ပံဂျာနယ်က ဖော်ပြသည်။
ကုလသမဂ္ဂ ခန့်မှန်းထားသည့် ကပ်ရောဂါကာလ “ ပိန်လှီ “ကလေး ငယ် ၄၇ သန်းတွင် ပြင်းထန်အဟာရချို့တဲ့သည့် ကလေးအရေအတွက် ၆.၇- သန်း ထပ်တိုးလာမည်ဖြစ်ကြောင်း၊ ထိုအတွက် လစဉ် ထပ်မံ သေဆုံးမှု ၁ဝ,ဝဝဝ ကျော် သို့မဟုတ် နောက်ထပ် ၁၂ လတာကာလအတွင်း ၁၂၈,ဝဝဝ အထိ ပိုမိုသေဆုံးစေနိုင်သည်ဟု ကုလ အရာရှိများက ပြောကြားသည်။
ယခု ခန့်မှန်းချက်များမှာ Lancet မှထုတ်ဝေသော ဝါရှင်တန် အခြေစိုက်အပြည်ပြည်ဆိုင်ရာစားနပ်ရိက္ခာ မူဝါရေးရာသုတေသနဌာန (IFPRI) နှင့် Johns Hopkins Bloomberg တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဋ္ဌာနအပါအဝင် သိပ္ပံဆိုင်ရာသုတေသနဌာနအများအပြားမှ ပညာရှင်များ၏ လေ့လာမှု စာတမ်းအပေါ်အခြေခံကြောင်း သိရှိရသည်။
ဝင်ငွေနိမ့်နှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံပေါင်း ၁၁၈ နိုင်ငံကိုလေ့လာပြီးနောက် ကိုဗစ်ကြောင့် ဖြစ်ပေါ်လာသော ကွင်းဆက် ပြတ်တောက်မှု ရလာဒ်များသည် သန်းနှင့်ချီသောမိသားစုများကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း သုတေသီများကသတိပေးပြောကြားခဲ့သည်။ ၎င်းတို့အနက် ထိခိုက်ခံစားရသူ ၅-ဦးတွင် ၄- ဦး မှာ တောင်အာရှနှင့် ဆာဟာရတောင်ပိုင်းဒေသများတွင်နေထိုင်သူ အသက် ၅-နှစ်အောက် ကလေးငယ်အများဆုံး ဖြစ်နိုင်ကြောင်း သိရှိရသည်။
လော့ဒေါင်းတားဆီးပိတ်ဆို့ခြင်းများ၊ ပယ်ရှားခြင်းနှင့် ကူးစက်ရောဂါ လျှော့ချရေး အခြားအစီအမံများသည်“ ပညာရေးအပေါ် ရေရှည်အကျိုးသက်ရောက်မှု၊ နာတာရှည်ရောဂါများနှင့် လူ့အသိုင်းအဝိုင်း လွှမ်းခြုံစုဖွဲ့ခြင်း” တို့ကဲ့သို့ ကလေးငယ်များ၏့ဖြိုး/တိုးတက်မှုနှင့် မျိုးဆက်အကျိုးဆက် ရလာဒ်များကို ဖြစ်ပေါ်စေနိုင်သည်။
ယခု အကျပ်အတည်းကာလမှာ မည်မျှကြာရှည်မည်ကို အတိအကျ မသိနိုင်သောကြောင့် စားနပ်ရိက္ခာလိုအပ်ချက်၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များအား အမှန်တကယ် ခန့်မှန်းရန် ခက်ခဲလျှက်ရှိကြောင်း လေ့လာတွေ့ရှိချက်၌ သတိပေးထားသည်။
လော့ဒေါင်း တားဆီး ပိတ်ဆို့မှုများ ဆက်လက်ရှိနေခြင်းသည် ဆင်းရဲသော နိုင်ငံများ၌ သေရေး-ရှင်ရေး ပြဿနာဖြစ်နေချိန်တွင် ချမ်းသာသည့်နိုင်ငံများကမူ နိုင်ငံရေးရှု့ဒေါင့်မှနေ၍ ဆက်လက်ငြင်းခုန်နေဆဲဖြစ်သည်။
ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် သမ္မတဒေါ်နယ်ထရမ့်၏ ရီပတ်ဘလီ ကန်အစိုးရက တိုးတက်လာနေသော ဆေးဝါးသုတေသနလုပ်ငန်းများကို ညွှန်ပြကာ ကလေးများအတွက် ကိုဗစ်သည် ရာသီတုပ်ကွေးထက် အဆပေါင်းများစွာ အန္တရာယ်နည်းပါးသည်၊ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုက ပိုဆိုးသည်ဟု ဆိုကာ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် တွန်းအားပေးနေသည်။
သို့သော်အတိုက်အခံဒီမိုကရက်များကမူ ကျောင်းများပြန်လည် ဖွင့်လှစ်ခြင်းဖြင့် ၎င်းတို့ အသိုင်းအဝိုင်းကို အန္တရာယ်ဖြစ်လိမ့်မည်ဟု အခိုင်အမာပြောဆိုသော ဆရာများသမဂ္ဂများ၏ နောက်ကွယ်၌ လက်သီးလက် မောင်းတန်းလျှက်ရှိသည်။
Unicode
ဝင်ငွေပါ မရှိတော့တာကြောင့် ငွေရေးကြေးရေး အတွက်စိုးရိမ်နေရတဲ့ အကြောင်း ရင်ဖွင့်လာတဲ့ အဆိုတော်သားငယ်
အဆိုတော် သားငယ်ကတော့ Myanmar Idol Season 2 ရဲ့ Winner တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်း ကို ရရှိထားတာပဲဖြစ်ပါတယ်.. သားငယ်ကတော့ လက်ရှိမှာ ကိုဗစ် ၁၉ ကြောင့် အနုပညာလှုပ်ရှားမှုတွေရပ်နားထားရတဲ့အပြင်
ဝင်ငွေပါမရှိတော့တာကြောင့် ငွေရေးကြေးရေးအတွက်ရော ကိုယ့်ဂီတလမ်းကြောင်းအတွက်ပါ စိုးရိမ်စိတ်ဝင်လာမိတယ်လို့ ဆိုလာခဲ့တာပါ
သားငယ်က ” “ပွဲတွေ တောက်လျှောက် ဆိုနေရင်း COVID-19 ကြောင့် Stay Home နေလိုက်ရတော့ ငွေရေး ကြေးရေး အတွက် ရော ၊ ကိုယ့် ဂီတ လမ်းကြောင်း အတွက် ပါ စိုးရိမ်စိတ် ဝင်လာမိတယ်။ ပိုက်ဆံ ဝင်နေတဲ့ အချိန်မှာ ပိုက်ဆံကို မသုံးသင့်ဘဲ သုံးခဲ့မိတယ်။ အနုပညာ အလုပ် အပြင် စီးပွားရေး တစ်ခု လောက် လုပ်ထား သင့်တယ်” လို့ ပြောလာတဲ့ အဆိုတော် သားငယ်က ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်
ဂီတလောကအနေနဲ့ အခုလိုအချိန်မှာ အများကြီး ရုန်းကန်နေရသလို အရည်အသွေးကောင်းပေမယ့် ဖြစ်သင့်သလောက် ဖြစ်မလာတာတွေ အများကြီးရှိနေတယ်လို့လည်း ပြောပြလာခဲ့တာပါ ဒါကတော့ Covid 19 ကာလမှာ ခက်ခဲနေတဲ့ အကြောင်း ရင်ဖွင့်လာတဲ့ သားငယ်ပဲ ဖြစ်ပါတယ်နော် အားလုံး လည်း သားငယ်ကို အားပေးစကား လေးတွေ ပြောခဲ့ကြပါအုန်းနော်
Unicode
ပြီးခဲ့တဲ့ အချစ်ရေး နဲ့ ပတ်သတ်ပြီး နောက်ကြောင်း ပြန်မလှည့်ပါဘူးလို့ ဆိုလာတဲ့ နန်းဆုရတီစိုး
မင်းသမီးချောလေးနန်ူးဆုရတီစိုးကတော့ လက်ရှိ မှာတော့ သရုပ်ဆောင်ပိုင်းသာမက ဂီတပိုင်းမှာလည်း ထိုးဖောက်နိုင်အောင်ကြိုးစားနေသူပါ တေးရေးဝေကြီး ရေးပေးထားတဲ့ သူမရဲ့ ” မြန်မာပြည်ကြီးထဲမှာ” သီချင်းကလည်း ပရိတ်သတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲကျန်ရစ်စေတဲ့ သီချင်းလေး ဖြစ်ခဲ့ပါတယ်။ မကြာသေးမီကလည်းသီချင်းအသစ်လေးကို ပရိသတ်တွေကိုမိတ်ဆက်ပေးထား ပါသေးတယ်။
နန်းဆုက အားလုံးသိတဲ့အတိုင်း အဆိုတော် G-fatt နဲ့ ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ နှစ်ယောက်သား အချိန်တော်တော်များကို အတူတူဖြတ်သန်းပြီးမှ ရုတ်တရက် လမ်းခွဲ ပြတ်ဆဲခဲ့တာပါ။ ယခုအချိန့ထိပြန်လည်ပေါင်းဆည်းစေချင်တဲ့ ပရိသတ်တွေရှိကြသေးပေမာ့်ဘသူတို့နှစ်ယောက်ကတော့ အရာအားလုံးကို မေ့ပစ်ပြီး ရှေ့ဆက်သွားနေကြတာဖြစ်ပါတယ်။နန်းဆုကတော့ သူမရဲ့အချစ်ရေး နဲ့ပတ်သတ်ပြီးပြောပြလာပါတယ်။
“အချစ်ရေး နဲ့ ပတ်သက်ပြီး ပျော်ရွှင်နေရပါတယ်။ အတွေ့အကြုံတွေ သင်ခန်းစာ ယူပြီး အချစ်ရေး ကို ရှေ့ဆက် သွားမယ် နောက်ကြောင်း ပြန်မလှည့်ပါဘူး။မင်္ဂလာ သတင်းတွေ ရှိလာရင် ပရိသတ်ကို ပြောမှာပါ” လို့ ပြောလာပါတယ်။ နန်းဆုကတော့ အခုချိန်ထိတော့ ပရိတ်သတ်တွေကို အချိန်ပေးပြီး အချစ်သစ် ကိုမရှာဘဲအေးအေးဆေးဆေးနေလျက်ရှိပါတယ်။
Unicode
ငွေတစ်သိန်းတောင် မကိုင်ရတော့ဘူး အမေ့ကို ကြောက်ရလို့ ဆိုလာတဲ့ နေဒွေး
သရုပ်ဆောင် မင်းသားချော နေဒွေးကတော့ ရုပ်ရှင်နဲ့ ဇာတ်ကားပေါင်းများစွာ မှာ သရုပ်ဆောင်ထားပြီး လက်ရှိမှာလည်း အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိနေပါပြီ ။ နေဒွေးကတော့ အားပေးတဲ့ ပရိတ်သတ် အများကြီးထဲကမှ အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ် အားပေးခြင်းခံရတဲ့ မင်းသားတစ်လည်း ဖြစ် ပါတယ်။
လွန်ခဲ့တဲ့ လပိုင်းတွေမှာတော့ မော်ဒယ်မင်းသမီး သံစဉ်မောင်နဲ့ တရားစွဲဆို ရင်ဆိုင် တာတွေ ရှိခဲ့ပေမဲ့လည်း လက်ရှိမှာတော့ နှစ်ဦးနှစ်ဖက် ပြေလည်မှု ရရှိသွားပြီပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းများနဲ့လည်း အောင်မြင်မှု ရရှိနေတဲ့ မင်းသားချော နေဒွေးကတော့ လက်ရှိမှာလည်း မိသားစု စီးပွားရေးမှာ ကူညီလုပ်ကိုင်ပေးနေသူတစ်ယောက်ပါ။
နေဒွေးကတော့ သူ့ရဲ့ ဆိုရှယ် မီဒီယာကနေတစ်ဆင့် ပရိတ်သတ်တွေကို ပိုက်ဆံမဖြုန်းတီးမိစေဖို့ စာသားတစ်ချို့ကို မျှဝေပေးရင်း သူကိုယ်တိုင် လည်း မိခင်ကို ကြောက်နေရတဲ့အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။ ” ခုဆို ငွေတစ်သိန်းတောင် မကိုင်တော့ဘူး။ မေမေ့ကို ကြောက်လို့ ” ဆိုကာ ရေးသားထားခဲ့ပါတယ်။
ပရိတ်သတ်ကြီးရေ အခုလို စီးပွားရေး ကျပ်တည်းနေတဲ့ ကာလတွေမှာတော့ အသုံးနဲ့ အဖြုန်း ခွဲခြားနိုင်စေဖို့ ရည်ရွယ်ရင်း မင်းသားချော နေဒွေးရဲ့ စာသားလေး ကို ဖော်ပြပေး လိုက်ရပါတယ်။ ပရိတ်သတ်ကြီးရဲ့ လက်ရှိ ဖြတ်သန်းနေတဲ့ စီးပွားရေး အခြေအနေကိုလည်း ရင်ဖွင့်သွားပါဦးနော်။
Unicode
COVID-19 ကို MODERNA ကာကွယ်ဆေးဖြင့် မျောက်တွေမှာ စမ်းသပ်လေ့လာမှု အရကာကွယ်နိုင်
မျောက်တွေမှာ စမ်းသပ် လေ့လာမှုအရ ကိုယ့်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ကူးစက်မှုကနေ ကာကွယ်နိုင်ခဲ့ပါတယ်။အမေရိကန်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Moderna က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို မျောက်တွေမှာ စမ်းသပ်လေ့လာမှုအရ အားကောင်းတဲ့ ကိုယ့်ခံ အားတုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ကူးစက်မှုကနေ ကာကွယ်နိုင်ကြောင်း ကုမ္ပဏီက ယမန်နေ့ (ဇူလိုင် ၂၈ ရက်) မှာ ပြောပါတယ်။Moderna ရဲ့ mRNA-1273 ကာကွယ်ဆေးကို လူသားမဟုတ်တဲ့ အဆင့်အမြင့်ဆုံး နို့တိုက်သတ္တဝါတွေမှာ ထိုးနှံစမ်းသပ်ခဲ့ရာ အဆုတ် နဲ့ နှာခေါင်းမှာ ကူးစက်မှုမရှိရန် ကာကွယ်ခဲ့ပြီး တိရိစ္ဆာန်အားလုံးမှာ အဆုတ်ရောဂါ မဖြစ်စေရန် တားဆီးနိုင်ခဲ့ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ ပြောထားပါတယ်။
Rhesus macaque မျောက်တွေ မှာ ကာကွယ်ဆေး ထိုးနှံစမ်းသပ်မှုရလဒ်ကို New England Journal of Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ကြောင်း သိရပါတယ်။ တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာမှုရလဒ်တွေက ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ယုံကြည်မှုကို ပိုမိုမြင့်တက်စေနိုင် ပါတယ်။ Moderna က ၎င်းတို့ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို လူတွေနဲ့လည်း စမ်းသပ်မှုများ လုပ်ဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။Moderna က COVID-19 ကာကွယ်ဆေးကို တတိယအဆင့် လူတွေမှာ စမ်းသပ်မှုအဖြစ် လူဦးရေ ၃၀,၀၀၀ နဲ့ စမ်းသပ်မှုများ တနင်္လာနေ့ (ဇူလိုင် ၂၇ ရက်) မှာ စတင်ခဲ့ပြီဖြစ်ပါတယ်။ ထိုစမ်းသပ်မှုရလဒ် ကောင်းမွန်းခဲ့ပါက Moderna ရဲ့ COVID-19 ကာကွယ်ဆေးကို အစောဆုံးအဖြစ် ယခုနှစ်ကုန်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
ဗြိတိန်အခြေစိုက် AstraZeneca ဆေးဝါး ကုမ္ပဏီနဲ့ အောက်စ်ဖို့တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုးကလည်း တိရိစ္ဆာန်တွေမှာ အလားတူ စမ်းသပ်လေ့လာမှုအရ အဆုတ်ပျက်စီးမှုကို တားဆီးနိုင်ပြီး ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကို ၎င်းကိုယ်တိုင် ပွားများ လာခြင်းမရှိစေရန် ထိန်းထားနိုင်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ကမ္ဘာတစ်ဝန်းမှာ လျင်မြန်တဲ့ ကူးစက်မှုနှုန်းဖြင့် ဆက်လက် ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ ကာကွယ်ဆေးတစ်ခုရရှိရန် အလွန်အရေးကြီးနေပြီး အပြင်းအထန် ကြိုးပမ်း ထုတ်လုပ်နေကြပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 က လက်ရှိမှာ ကမ္ဘာ့လူဦးရေ ၁၆ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၆၅၀,၀၀၀ ကျော်ရှိပြီဖြစ်ကာ ကူးစက်ခံရသူ ၁၀ သန်းကျော် ပြန်လည် သက်သာလာခဲ့ကြောင်း သိရပါတယ်။
၃ပတ်အတွင်း ကျန်းမာရေးအရ ပြင်ဆင်ထားမှု စစ်ဆေးပြီးပါက ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ်ခွင့်ပေးမည်
၃ပတ်အတွင်း ကျန်းမာရေးအရ ပြင်ဆင်ထားမှု စစ်ဆေးပြီးပါက ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ်ခွင့်ပေးမည်
Unicode
ကျန်းမာရေးအရ ပြင်ဆင်ထားမှု စစ်ဆေးပြီးပါက ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ်ခွင့်ပေးမည်
ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရေး ၃ ပတ်အတွင်း စောင့်ကြည့်ကာ ရုပ်ရှင်ရုံ များပြင်ဆင်ထားမှုကို စစ်ဆေးမှုများ ပြုလုပ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် စပ် လျဉ်း၍ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်တို့ တိုက်ရိုက်ဆွးနွေးသည့်စကားဝိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
၃ ပတ်လောက်တော့ စောင့်ကြည့်ပါမယ်။ ၃ ပတ် အတွင်း ရုပ်ရှင်ရုံမှာ ဘာတွေစီစဉ်ထားသလဲလာကြည့်မယ်။ ကြားထဲမှာ ပြည်သူတွေကလည်း MASK ဝတ်ခြင်း၊ လက်ဆေးခြင်း တစ်ပြိုင်နက်ထဲ လုပ်ရမယ်။ ကြားထဲမှာ ကူး စက်မှုလည်း အသစ်မရှိဘူး။ အခြေအနေလည်းကောင်းတယ်ဆိုရင် အခြေအနေကောင်းတာ နဲ့ စဖွင့်လို့ရအောင် လုပ်မှာပါ။ အမြန်ဆုံးပြန်ဖွင့်နိုင်အောင် စီစဉ်ပေးပါမယ် ၎င်းကပြောသည်။ လက်ရှိတွင် COVID 19 ကာလအတွင်း ရုပ်ရှင်ရုံများ ပြန်ကြားရေး ဝန်ကြီးဌာနမှ ပိတ်ခိုင်းထားပြီး ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပါက မူလရုပ်ရှင်ရုံတင်ဇာတ်ကားများ ဆက်လက် ပြသမည်ဖြစ်ကြောင်းသိရသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ကူးစက်ပြန့်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပိုး သည် နိုင်ငံပေါင်းရာနှင့်ချီ ကူးစက်ပြန့်ပွားခဲ့ပြီး မြန်မာနိုင်ငံ တွင် ဇူလိုင် ၂၆ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ၃၅၀ ဦး ၊ သေဆုံး၆ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၂၉၂ ဦးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။
လက်ရှိတွင် COVID 19 ရောဂါ ဖြစ်ပွားမှုမှာ နိုင်ငံအားလုံး စုစုပေါင်းမှ ဓါတ်ခွဲအတည်ပြုလူနာ ဇူလိုင် ၂၇ ရက် အထိ ၁၅၇၈၅၆၄၁ ဦး၊ သေဆုံးသူစုစုပေါင်း ၆၄၀၀၁၆ ဦးရှိကြောင်း သိရပြီး သေဆုံးမှုအမြင့်ဆုံးမှာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ ဖြစ်ကြောင်းသိရသည်။
Unicode
BRANDED တွေဝယ်သုံးမိတဲ့ အပေါ် သံဝေဂရမိတဲ့ အကြောင်း ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်း
အဆိုရှင် ဝိုင်းစုခိုင်သိန်းကတော့ ယနေ့ ထက်တိုင် ပရိသတ်တွေကြား နာမည်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီးတေးသံရှင်နဲ့ အောင်လနဲ့ အတူ သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဝိုင်းစုဟာ ယခုအချိန်မှာတော့ ရုပ်ရှင်သရုပ်ဆောင်ပိုင်းကို ရပ်နားထားပြီး တေးဂီတ ဖန်တီးမှုတွေကိုသာ ဆက်တိုက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။မီဒီယာတွေ့ဆုံပွဲတစ်ခုမှာတော့ ဝိုင်းစုက “အစ်မသာမဖြုန်းခဲ့ရင် ဒီ့ထက်ပိုအဆင်ပြေနေမှာ လို့ သူမကBranded ပစ္စည်းတွေဝယ်ယူခဲ့တဲ့ အတွက်သံဝေဂရနေတဲ့ အကြောင်း ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။
ဝိုင်းစုက “ကိုယ်ဖြုန်းခဲ့တဲ့ အရာတွေလည်းရှိတယ်… ငယ်ငယ်တုန်းက လိုချင်တဲ့ စိတ်တွေနဲ့ Brand တွေလျှောက်ဝယ်…နောက်ဆုံး ကျရင် အဲ့ဒါတွေက ဘာမှမဟုတ်ဘူး… လက်ဝတ်လက်စားလို နောက်ပိုင်းပြန်ရောင်းလို့လည်း မရဘူး….. Branded ကလည်း Update အမြဲထွက်နေတာ ဆိုတော့ ဒိတ်အောက်သွားရင် ကိုယ်လည်း မကိုင်ချင်တော့ဘူးလေ…. ပျက်စီးသွား မှာလည်း ဆိုးတော့ သူ့ကို ထိန်းသိမ်းရတာလည်း အလုပ် တစ်ခုဖြစ်နေတယ်….”လို့ ပြောပြလာခဲ့တာပါ။
သူမအနေနဲ့ ဒီလိုတွေ မလုပ်ခဲ့ဘူးဆိုရင် ဒီ့ထက်ပိုပြီး လိုအပ်တဲ့ နေရာတွေကို ပိုလှူနိုင်မှာဖြစ်တယ်လို့လည်း သူမဖြုန်းတီး မိတာတွေကို သံဝေဂရမိတဲ့အကြောင်း ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။”ငါတချိန်လုံး ဝယ်တယ် တချိန်လုံးသုံးတယ် ပြီးတော့ ဘာမှလည်း မကျန်ဘူးလို့သိလိုက်တဲ့ အချိန်မှာ ဒါတွေကို ရပ်လိုက်တယ်….အမဒါတောင် အွန်လိုင်းက မှာလို့ရတာတွေကို လျှောက်ဝယ်နေ မိသေးတယ်… ဒါပေမယ့်လည်း အခုတော့ အတော်ထိန်းနိုင်နေပါပြီ” လို့ ရှင်းပြလာခဲ့တာပါ။ ဒါကတော့ ပရိသတ်ချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း ရင်ဖွင့်လာတာပဲဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း ကိုယ့်ဘဝ မှာ ဝိုင်းစုနဲ့ တိုက်ဆိုင်တာမျိုူးရှိရင် မျှဝေခဲ့ကြပါအုန်းနော်။
Unicode
အဆုတ်တစ်ခြမ်း ပျက်စီးပြီး(၂) လပဲခံမယ်ဆိုတဲ့ လူကို ပြန်လည်ကျန်းမာလာစေတဲ့ မယားကြီးရွက်
ပရိသတ်ကြီးတို့ရေ အဆုတ်တစ်ခြမ်း ပျက်ပြီး ၂ လပဲ ခံမယ်ဆိုတဲ့လူကို ပြန်လည်ကျန်းမာလာစေတဲ့ မယားကြီးရွက်
အစွမ်းလေးကိုပြန်လည်မျှဝေလိုက်ရပါတယ်… ကျွန်တော်အခုတင်ပြမယ့် အကြောင်းအရာကတော့ မယားကြီးရွက်(ခ)မိုးလွှားရွက်အကြောင်းခင်ဗျ။မိတ်ဆွေတစ်ဦးသည်ချောင်းတစ်အားဆိုး၍
အထူးကုဆေးရုံသို့ ပြကြည့်ရာအဆုပ်တစ်ခြမ်းပျက်စီးနေကြာင်းမိတ်ဆွေတစ်ဦးသည် ချောင်းတစ်အားဆိုး၍အထူးကုဆေးရုံသို့ ပြကြည့်ရာအဆုပ်တစ်ခြမ်းပျက်စီးနေကြာင်း သိရ၍ နှစ်လခန့်သာခံတော့မည့်အကြောင်းသိရပါသည်။ ထိုမိတ်ဆွေသည် ဆေးရုံမှပြန်လာပြီးနောက် အဘိုးအိုတစ်ဦးအကြံပေးချက်အရ ပုံတွင်ပြထားသည့် မယားကြီးရွက်ကိုသုံးခွက်တစ်ခွက်တင်ကြို၍ နေ့စဉ်သောက်သုံးရာ
ယခုဆိုလျှင်ကျန်းမာ၍ လူကောင်းပကတိဖြစ်နေပါသည်။သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းနှင့်အဆုတ်တွင်ဖြစ်တတ်သော အသံအိမ်နာခြင်း၊ လေပြွမ်ရောင်ခြင်း၊ ချောင်းဆိုးလျှင်သွေးစပါခြင်း၊သလိပ်ပုတ်ခြင်း၊ ဝါခြင်း၊အဆုပ်တွင်းရေဝင်ခြင်း၊ လေခို၍အောင့်ခြင်း၊အနာဖြစ်ခြင်းတို့ကိုသက်သာပျောက်ကင်းစေပါသည်။ဝေဒနာရှင်များ သုံးစွဲကြည့်ကြပါကုန်။ကျန်းမာကြပါစေ။
“ဆွမ်းတော်စွန့်ပြီး စားမိလျှင် အပြစ်ရှိပါသလား?”
(မေး)
( ဖြေ )
အရှင်ခေမာဓိပတိ
Unicode
ဆွမ်းတော်တင် လှူဒါန်းပြီးမှ သုံးဆောင်ခြင်းသည် မည်ကဲ့သို့ အကျိုးရရှိပါသလဲ
“ဆွမ်းတော်စွန့််ပြီး စားမိလျှင် အပြစ်ရှိပါသလား?”
ဆွမ်းတော်တင် လှူဒါန်းပြီးမှစားသောက်သုံးဆောင်ခြင်းသည် မည်ကဲ့သို့ အကျိုးရရှိပါသလဲ
(မေး)
အရှင်ဘုရား၊ တပည့်တော်တို့ မိသားစုသည် နေ့စဉ် ထမင်းဟင်းနှင့် ရလာသမျှသော ခဲဘွယ်ဘောဇဉ်တို့ကို ဦးဦးဖျားဖျား ဆွမ်းတော်တင်ပြီးမှ စွန့်သည့်အခါ စားသောက်ခဲ့ကြသည်မှာ နှစ်များစွာပင်ရှိပါပြီ။
ဗုဒ္ဓဝေယျာဝစ္စ ပြုကြသူများမှာ ဇနီးနှင့်သမီးများသာ ဖြစ်ကြ၍ ကျန်လူများ အပြစ်ဖြစ်နေကြောင်း သိရှိရသဖြင့် များစွာတုန်လှုပ်မိပါသည်။
မည်သည့် အကြောင်းကြောင့် အပြစ်ဖြစ်ရသည်ကို၎င်း၊ ထိုအပြစ်များ ပပျောက်အောင် မည်သို့ဆောင်ရွက်ရမည်ကို၎င်း၊ ရှင်းလင်းညွှန်ကြားပေးပါဘုရား။
( ဖြေ )
ရာဇဝင်တွင် ပုဂံပြည် အနော်ရထာမင်းက မနူဟာမင်းအား ဘုန်းကံနိမ့်စေရန် သင်ပုတ်ပလ္လင်တွင် စွန့်ပြီးသော ဆွမ်းတော်တင်ကို မနောလင်ပန်း၌ ထည့်၍ ကျွေးသည်ဟူသော စကားမှစ၍ ဆွမ်းတော်တင် စားလျှင် ဘုန်းကံနိမ့်သည်ဟု ပြောစဉ် ဖြစ်နေရပါသည်။
ဝေယျာဝစ္စလုပ်သူ ဆွမ်းတော်တင် စားကောင်းသည် ဟူသော စကားမှာလည်း ဘုရားစေတီတို့တွင် တင်လှူထားသော ဆွမ်းတော်တင်ကို ခရီးသွား၊ စားရမဲ့ သောက်ရမဲ့ ပုဂ္ဂိုလ်များ စားသောက်လိုလျှင် ဤအတိုင်းစားသည်ထက် ဝေယျာဝစ္စလုပ်ကိုင်ပြီးမှ စားသင့်ကြောင်း ပြောဆိုခြင်း ဖြစ်ပါသည်။
မိမိတို့ တစ်အိမ်လုံး စားသောက်မည့် ထမင်းဟင်းအားလုံးကို ဘုရားကိုလှူပြီးမှ စားသောက်ခြင်းမျိုးကား ရှာမှရှားသော စေတနာသဒ္ဓါမျိုး ဖြစ်ပါသည်။မည်သို့မျှ အပြစ်မရှိပါ။
အများအားဖြင့် စတိသဘောမျိုးသာ ပန်းကန်ငယ်၊ ခွက်ငယ်တို့ဖြင့် ဆွမ်းတော်တင်လေ့ရှိကြသည်။
ဒီမိသားစုကျတော့ရှိသမျှ ထမင်းအားလုံးကိုလှူဒါန်းပြီးမှ စားသောက်ကြသည်ဟုသိရသဖြင့် သာဓုခေါ်မိပါသည်။
ဘုရားလက်ထက်က ပဏ္ဍိတသာမဏေအလောင်း ပဋိသန္ဓေယူသောအခါမိခင်က ဘုရား ရဟန္တာတို့အား လှူဒါန်းပြီးမှ ဆွမ်းကြွင်း ဆွမ်းကျန်ကို စားလိုသော ချင်ခြင်းဖြစ်ကြောင်း၊ တန်ခိုးကြီးသော ရဟန္တာ ဖွားမြင်မည့် အတိတ်ဖြစ်၍ အလွန်ကောင်းမွန်ကြောင်း ဓမ္မပဒ အဋ္ဌကထာတွင်ပါပါသည်။
ရှေးဆရာတော်ကြီးများသည် ရသမျှ ဆွမ်းတော်တင် ဘုရားလှူပြီးမှ စားသောက်သော အလေ့အထ ရှိပါသည်။ မန္တလေးတွင် စာသင်သားဘ၀ စာသင်စဉ်က ဆွမ်းခံအပြန် သပိတ်ရော ဆွမ်းဟင်းအားလုံး မဟာမြတ်မုနိဘုရားတွင် တင်လှူပြီး အချိန်ရသမျှ တရားထိုင်ခဲ့၍ နောက်မှ သပိတ်ကို ပြန်စွန့်ယူပြီးစားသုံးခဲ့သော ဆရာတော်ကြီးများယခုအခါ သာသနာတော်တွင် ရှေ့တန်းရောက် ပုဂ္ဂိုလ်ကြီးများ ဖြစ်၍နေကြပေပြီ။
ထို့ကြောင့် စားသောက်ဖွယ်အားလုံး လှူဒါန်းပြီးမှ စားခြင်း၊ မွှေးကြိုင်လှပသော ပန်းများကို ဘုရားလှူပြီးမှ ပန်ဆင်ခြင်းတို့မှာ ကဲ့ရဲ့ဖွယ်မဟုတ်၊ ချီးမွမ်းဖွယ်၊ အတုယူဖွယ်သာ ဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။
ဆရာတော် အရှင်တိလောကသာရ(ရဝေထွန်း)
အရှင်ခေမာဓိပတိ