TikTok အပါ တ႐ုတ္ဆိုရွယ္မီဒီယာ apps မ်ားကိုပိတ္ရန္ ေစာင့္ၾကည့္ေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာၾကား

TikTok အပါ တ႐ုတ္ဆိုရွယ္မီဒီယာ apps မ်ားကိုပိတ္ရန္ ေစာင့္ၾကည့္ေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာၾကား

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo မွ အေမရိကန္ႏိုင္ငံသည္ TikTok အပါအဝင္ တ႐ုတ္ဆိုရွယ္မီဒီယာ apps မ်ားကို ပိတ္ပင္ရန္ ေစာင့္ၾကည့္လ်က္ ရွိေၾကာင္း ဇူလိုင္လ ၆ ရက္ေန႔ ညပိုင္းက ေျပာၾကားခဲ့သည္။ Fox News သတင္းဌာန၏ အင္တာဗ်ဴးတစ္ခုတြင္ Mike Pompeo မွ “မိမိ အေနျဖင့္ သမၼတေဒၚနယ္ထရန႔္၏ ေရွ႕သို႔ မထြက္ခ်င္ေသာ္လည္း ၎သည္ မိမိတို႔ ေစာင့္ၾကည့္ေနသည့္ အေရးႀကီးသည့္အရာျဖစ္ေၾကာင္း” ေျပာၾကားခဲ့သည္။

အေမရိကန္ဥပေဒျပဳအမတ္မ်ားမွ TikTok ၏ အသုံးျပဳသူအခ်က္အလက္မ်ားကို ကိုင္တြယ္မႈႏွင့္ပတ္သက္၍ အမ်ိဳးသားလုံၿခဳံေရးအေပၚ စိုးရိမ္ပူပန္ေၾကာင္း၊ တ႐ုတ္ ကြန္ျမဴနစ္ပါတီမွ ထိန္းခ်ဳပ္ထားသည့္ ေထာက္လွမ္းေရးလုပ္ငန္းမ်ားႏွင့္ ပူးေပါင္း ေဆာင္႐ြက္ရန္ ျပည္တြင္းကုမၸဏီမ်ားလိုအပ္ေနသည့္ တ႐ုတ္ဥပေဒမ်ားႏွင့္ပတ္သက္၍ စိုးရိမ္ပူပန္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့ပါသည္။Coronavirus ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈအေပၚ ကိုင္တြယ္ေျဖရွင္းမႈ၊ ေဟာင္ေကာင္တြင္ တ႐ုတ္ႏိုင္ငံ၏ လုပ္ေဆာင္မႈမ်ား၊ ၂ ႏွစ္ၾကာ ကုန္သြယ္ေရးစစ္ပြဲမ်ားႏွင့္ပတ္သက္၍ အေမရိကန္-တ႐ုတ္ ႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ားျမင့္တက္ေနခ်ိန္တြင္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ၏ ေျပာၾကားခ်က္မ်ား ေပၚထြက္လာခဲ့သည္။

အိႏၵိယႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံၾကား နယ္စပ္ေရးရာ ပဋိပကၡျဖစ္ပြားခဲ့ၿပီးေနာက္ တ႐ုတ္အေျခစိုက္ ByteDance ကုမၸဏီပိုင္ ဗီဒီယို app တစ္ခုျဖစ္သည့္ TikTok ကို အျခားေသာ တ႐ုတ္ app ၅၈ ခုႏွင့္အတူ အိႏၵိယႏိုင္ငံမွ ပိတ္ပင္ခဲ့ပါသည္။တ႐ုတ္ႏိုင္ငံမွ ေဟာင္ေကာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြက္ အမ်ိဳးသား လုံၿခဳံေရးဥပေဒသစ္ ျပ႒ာန္းခဲ့ၿပီးေနာက္ TikTok သည္ ေဟာင္ေကာင္ေဈးကြက္မွ ရက္အနည္းငယ္အတြင္း ထြက္ခြာသြားမည္ျဖစ္ေၾကာင္း Reuters သတင္းဌာနမွ ဇူလိုင္လ ၆ ရက္ေန႔ ညပိုင္းက ထုတ္ျပန္ေၾကညာခဲ့သည္။

Unicode

TikTok အပါ တရုတ်ဆိုရှယ်မီဒီယာ apps များကိုပိတ်ရန် စောင့်ကြည့်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မှ အမေရိကန်နိုင်ငံသည် TikTok အပါအဝင် တရုတ်ဆိုရှယ်မီဒီယာ apps များကို ပိတ်ပင်ရန် စောင့်ကြည့်လျက် ရှိကြောင်း ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းက ပြောကြားခဲ့သည်။ Fox News သတင်းဌာန၏ အင်တာဗျူးတစ်ခုတွင် Mike Pompeo မှ “မိမိ အနေဖြင့် သမ္မတဒေါ်နယ်ထရန့်၏ ရှေ့သို့ မထွက်ချင်သော်လည်း ၎င်းသည် မိမိတို့ စောင့်ကြည့်နေသည့် အရေးကြီးသည့်အရာဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အမေရိကန်ဥပဒေပြုအမတ်များမှ TikTok ၏ အသုံးပြုသူအချက်အလက်များကို ကိုင်တွယ်မှုနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးအပေါ် စိုးရိမ်ပူပန်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီမှ ထိန်းချုပ်ထားသည့် ထောက်လှမ်းရေးလုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြည်တွင်းကုမ္ပဏီများလိုအပ်နေသည့် တရုတ်ဥပဒေများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုအပေါ် ကိုင်တွယ်ဖြေရှင်းမှု၊ ဟောင်ကောင်တွင် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများ၊ ၂ နှစ်ကြာ ကုန်သွယ်ရေးစစ်ပွဲများနှင့်ပတ်သက်၍ အမေရိကန်-တရုတ် နှစ်နိုင်ငံကြား တင်းမာမှုများမြင့်တက်နေချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ၏ ပြောကြားချက်များ ပေါ်ထွက်လာခဲ့သည်။

အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကြား နယ်စပ်ရေးရာ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် တရုတ်အခြေစိုက် ByteDance ကုမ္ပဏီပိုင် ဗီဒီယို app တစ်ခုဖြစ်သည့် TikTok ကို အခြားသော တရုတ် app ၅၈ ခုနှင့်အတူ အိန္ဒိယနိုင်ငံမှ ပိတ်ပင်ခဲ့ပါသည်။တရုတ်နိုင်ငံမှ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အမျိုးသား လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းခဲ့ပြီးနောက် TikTok သည် ဟောင်ကောင်ဈေးကွက်မှ ရက်အနည်းငယ်အတွင်း ထွက်ခွာသွားမည်ဖြစ်ကြောင်း Reuters သတင်းဌာနမှ ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ယေန႔ ဇူလိုင္လ(၇)ရက္ေန႔တြင္ ေစာေဒးဗစ္(ခ)ေဒးဗစ္လားကုိ ထပ္မံ႐ုံးခ်ိန္းေခၚယူ

ယေန႔ ဇူလိုင္လ(၇)ရက္ေန႔တြင္ ေစာေဒးဗစ္(ခ)ေဒးဗစ္လားကုိ ထပ္မံ႐ုံးခ်ိန္းေခၚယူ

ေစာေဒးဗစ္(ခ)ေဒးဗစ္လားႏွင့္ ဦးေဝထြန္းတို႔ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ(၂၅) ျဖင့္ ယေန႔ ဇူလိုင္လ(၇)ရက္ေန႔တြင္ ထပ္မံ႐ုံးခ်ိန္းေခၚယူ၍ အမႈကို ဆက္လက္စစ္ေဆးခဲ့ၿပီး

လာမည့္ဇူလိုင္လ (၉)ရက္ေန႔တြင္ စြဲခ်က္တင္ၿပီးေနာက္ အၿပီးသတ္ အႀကိဳညႇိႏႈိင္းအစည္းအေဝးျပဳလုပ္၍ အမႈကို ဆက္လက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိပါသည္။

Unicode

ယနေ့ ဇူလိုင်လ(၇)ရက်နေ့တွင် စောဒေးဗစ်(ခ)ဒေးဗစ်လားကို ထပ်မံရုံးချိန်းခေါ်ယူ

စောဒေးဗစ်(ခ)ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅) ဖြင့် ယနေ့ ဇူလိုင်လ(၇)ရက်နေ့တွင် ထပ်မံရုံးချိန်းခေါ်ယူ၍ အမှုကို ဆက်လက်စစ်ဆေးခဲ့ပြီး

လာမည့်ဇူလိုင်လ (၉)ရက်နေ့တွင် စွဲချက်တင်ပြီးနောက် အပြီးသတ် အကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်၍ အမှုကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ျဖဴျဖဴေက်ာ္သိန္းနဲ႔ ေက်ာ္ထက္ေအာင္တို႔ရဲ႕ ဆက္ဆံေရး ပရိသတ္ေတြၾကား စိတ္ဝင္စားစရာျဖစ္လာ

ျဖဴျဖဴေက်ာ္သိန္းနဲ႔ ေက်ာ္ထက္ေအာင္တို႔ရဲ႕ ဆက္ဆံေရး ပရိသတ္ေတြၾကား စိတ္ဝင္စားစရာျဖစ္လာ

အသံပါဝါ အားေကာင္းေကာင္းနဲ႔ အမိုက္စား သီခ်င္းေတြကိုပါေဖာမန႔္အျပည့္နဲ႔ ေဖ်ာ္ေျဖတင္ဆက္ေလ့ရွိတဲ့ အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္းကေတာ့ ပရိသတ္ေတြကို အၿမဲ အထူးအဆန္းေတြလုပ္ျပေလ့ရွိတဲ့ အႏုပညာရွင္တစ္ေယာက္ဆိုတာကိုေတာ့ အထူးတလည္ ေျပာစရာမလိုေတာ့ဘူး ထင္ပါတယ္ေနာ္ ။

သူမရဲ႕ အမိုက္စား ဖက္ရွင္ေတြကေတာ့ ပရိသတ္ေတြၾကားမွာ အၿမဲေရပန္းစား ေလ့ရွိၿပီး ပရိသတ္ေတြကို အံ့အားသင့္ေစတဲ့အႏုပညာရွင္တစ္ေယာက္ပါ ။

Myanmar Idol အစီအစဥ္ေတြမွာ အစီအစဥ္ တင္ဆက္သူ အျဖစ္ ပါဝင္ထားၿပီး ပရိသတ္ အခိုင္အမာ ရရွိလာတဲ့ ေက်ာ္ထက္ေအာင္ကလည္း လက္ရွိမွာေတာ့ ႐ုပ္ရွင္မင္းသား တစ္ေယာက္အေနနဲ႔ရပ္တည္ေနကာ ပရိသတ္ေတြရဲ႕ အားေပးမႈအခိုင္အမာရရွိထားပါတယ္။သူဟာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနၿပီး သ႐ုပ္ေဆာင္ပီျပင္လြန္းတာကေတာ့ အကယ္ဒမီ ဆန္ခါတင္ စာရင္းဝင္တဲ့အထိပါပဲ။

လြန္ခဲ့တဲ့ ရက္ကလည္း ေက်ာ္ထက္ေအာင္ဟာ လူႀကီးဆုံရာနဲ႔စကားေျပာျဖစ္ခဲ့တဲ့အေၾကာင္းကို “လူႀကီးဆုံရာနဲ႔စကားေျပာျဖစ္တယ္ သူလိုခ်င္ေနတာ အလိုလိုသိတာမ်ိဳး သဝန္တိုတာအရမ္းခ်စ္လို႔ သူလုပ္ထားတဲ့ Brownie သူေဖ်ာ္တိုက္တဲ့ cafe ေသာက္ရင္း” လို႔သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ႏိုင္ငံေက်ာ္အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္းနဲ႔တြဲဖက္႐ိုက္ထားတဲ့ ပုံရိပ္ေတြကို ေဖာ္ျပထားပါတယ္။

ဒီေန႔မွာေတာ့ “မရေတာ့ဘူး…အရမ္းေတြ သဝန္တိုေနပါၿပီ ဆိုလို႔ ဒီေန႔သူ႔ကိုသြားေတြ႕ရေသးတယ္” ဆိုတဲ့ စာသားေလးနဲ႔ စုံတြဲပုံေလးကို ျဖဴျဖဴက ေက်ာ္ထက္ေအာင္ ကို Tag တြဲၿပီး တင္ခဲ့ပါတယ္။

ေက်ာ္ထက္ေအာင္ကလည္း “မမျဖဴက ကိုယ္သဝန္တိုတတ္တာသိေတာ့ ခ်က္ခ်င္းေရာက္လာတယ္”လို႔ ဆိုလိုက္ျပန္ပါတယ္။

ပရိသတ္ေတြကေတာ့ အခုလို ဓာတ္ပုံတင္တာေတြကို ၾကည့္ၿပီး ျဖဴျဖဴနဲ႔ ေက်ာ္ထက္ေအာင္ၾကားက ဆက္ဆံေရးကို စိတ္ဝင္စား ေမးခြန္းထုတ္ေနၾကတာျဖစ္ပါတယ္။

ပရိသတ္ႀကီးေရာ ဘယ္လိုျမင္လဲဆိုတာ ေျပာျပေပးသြားပါဦးေနာ္ …

Unicode

ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်တို့ရဲ့ ဆက်ဆံရေး ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လာ

အသံပါဝါ အားကောင်းကောင်းနဲ့ အမိုက်စား သီချင်းတွေကိုပါဖောမန့်အပြည့်နဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေကို အမြဲ အထူးအဆန်းတွေလုပ်ပြလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာကိုတော့ အထူးတလည် ပြောစရာမလိုတော့ဘူး ထင်ပါတယ်နော် ။

သူမရဲ့ အမိုက်စား ဖက်ရှင်တွေကတော့ ပရိသတ်တွေကြားမှာ အမြဲရေပန်းစား လေ့ရှိပြီး ပရိသတ်တွေကို အံ့အားသင့်စေတဲ့အနုပညာရှင်တစ်ယောက်ပါ ။

Myanmar Idol အစီအစဉ်တွေမှာ အစီအစဉ် တင်ဆက်သူ အဖြစ် ပါဝင်ထားပြီး ပရိသတ် အခိုင်အမာ ရရှိလာတဲ့ ကျော်ထက်အောင်ကလည်း လက်ရှိမှာတော့ ရုပ်ရှင်မင်းသား တစ်ယောက်အနေနဲ့ရပ်တည်နေကာ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပါတယ်။သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး သရုပ်ဆောင်ပီပြင်လွန်းတာကတော့ အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်တဲ့အထိပါပဲ။

လွန်ခဲ့တဲ့ ရက်ကလည်း ကျော်ထက်အောင်ဟာ လူကြီးဆုံရာနဲ့စကားပြောဖြစ်ခဲ့တဲ့အကြောင်းကို “လူကြီးဆုံရာနဲ့စကားပြောဖြစ်တယ် သူလိုချင်နေတာ အလိုလိုသိတာမျိုး သဝန်တိုတာအရမ်းချစ်လို့ သူလုပ်ထားတဲ့ Brownie သူဖျော်တိုက်တဲ့ cafe သောက်ရင်း” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းနဲ့တွဲဖက်ရိုက်ထားတဲ့ ပုံရိပ်တွေကို ဖော်ပြထားပါတယ်။

ဒီနေ့မှာတော့ “မရတော့ဘူး…အရမ်းတွေ သဝန်တိုနေပါပြီ ဆိုလို့ ဒီနေ့သူ့ကိုသွားတွေ့ရသေးတယ်” ဆိုတဲ့ စာသားလေးနဲ့ စုံတွဲပုံလေးကို ဖြူဖြူက ကျော်ထက်အောင် ကို Tag တွဲပြီး တင်ခဲ့ပါတယ်။

ကျော်ထက်အောင်ကလည်း “မမဖြူက ကိုယ်သဝန်တိုတတ်တာသိတော့ ချက်ချင်းရောက်လာတယ်”လို့ ဆိုလိုက်ပြန်ပါတယ်။

ပရိသတ်တွေကတော့ အခုလို ဓာတ်ပုံတင်တာတွေကို ကြည့်ပြီး ဖြူဖြူနဲ့ ကျော်ထက်အောင်ကြားက ဆက်ဆံရေးကို စိတ်ဝင်စား မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။

ပရိသတ်ကြီးရော ဘယ်လိုမြင်လဲဆိုတာ ပြောပြပေးသွားပါဦးနော် …

ထိုင္းလူငယ္ ၁၃ ေယာက္ကို ကယ္ရင္း အသက္ေပးလိုက္ရတဲ့ ေရငုပ္သမားအတြက္ (၂)ႏွစ္ ျပည့္ ရည္စူးကုသိုလ္ ျပဳလုပ္

ထိုင္းလူငယ္ ၁၃ ေယာက္ကို ကယ္ရင္း အသက္ေပးလိုက္ရတဲ့ ေရငုပ္သမားအတြက္ (၂)ႏွစ္ ျပည့္ ရည္စူးကုသိုလ္ ျပဳလုပ္

” ထမ့္လြမ္ဂူ ” ထဲတြင္ပိတ္မိေနေသာ ထိုင္းလူငယ္ ၁၃ ေယာက္ကို ကယ္ဆယ္ရင္း အသက္ေပးဆပ္လိုက္ရတဲ့ ေရငုပ္သမားအတြက္ ( ၂ )ႏွစ္ ျပည့္ ရည္စူးကုသိုလ္ ျပဳလုပ္.. ထိုင္းႏိုင္ငံေျမာက္ပိုင္းတြင္ ကမာၻေက်ာ္ခဲ့ေသာ ” ထမ့္လြမ္ဂူ ” ထဲတြင္ ပိတ္မိေနခဲ့ေသာလူငယ္ေတာဝက္အကယ္ဒီေဘာလုံးအသင္း (၁၃) ေယာက္ကို ႏိုင္ငံတကာကယ္ဆယ္ေရးကြၽမ္းက်င္ေရငုပ္သမ်ားႏွင့္အတူ ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့စဥ္….

ထိုင္းေရငုပ္သမား ” ဒုတိယေရတပ္ဗိုလ္ေဟာင္း စမန္ ကူနန္း ” က်ာဆဲမ္” ဟာ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၆ ရက္ေန႔ညမွာေသဆုံးခဲ့တဲ့အတြက္ ( ၂ ) ႏွစ္ျပည့္ေအာက္ေမ့လြမ္းဆြတ္သတိရတဲ့အေနနဲ႔ သူ၏ဇနီးႏွင့္အတူ ေတာဝက္ကေလးမ်ား ၊ဘုရားအမႉးရွိတဲ့သံဃာေတာ္ ၁၀၈ ပါးတို႔ကိုပင့္ဖိတ္ကာ ဆြမ္းခဲဖြယ္ လႉဘြယ္ဝတၳဳအစုစုတို႔ျဖင့္ ထမ့္လြမ္ဂူေရွ႕ ” ထမ့္လြမ္သူရဲေကာင္း က်ာဆဲမ္ ” ႐ုပ္ထုေရွ႕တြင္ ၂၀၂၀ ခုႏွစ္ဇူလိုင္လ ၆ ရက္ေန႔ကက်င္းပခဲ့ၾကပါတယ္ ။

” ထမ့္လြမ္သူရဲေကာင္း ( သို႔မဟုတ္ ) ဒုတိယေရတပ္ဒုဗိုလ္ေဟာင္း ” က်ာဆဲမ္ဟာ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၅ ရက္ေန႔ည ၂၀:၃၇ မိနစ္မွာ ကေလးေတြကို ဂူအျပင္ပသို႔ အႏၲရာယ္ကင္းကင္းျဖင့္ျပန္လည္ထြက္ရွိလာႏိုင္ဘို႔အတြက္ Plan အရ ကေလးမ်ားေရာက္ရွိ ေနတဲ့ေနရာ ( ၁၇၀၀ မီတာအရွည္ ) အထိ ဂူနံရံေတြမွာ ေအာက္စီဂ်င္ဗူးေတြကိုအေရးေပၚခ်ိတ္ထားႏိုင္ေရး…..

ဂူထဲကိုေရငုပ္ဝင္သြားရင္းမွ ဇူလိုင္လ ၆ ရက္ေန႔ ၂၂:၀၀ အခ်ိန္ဂူထဲမွျပန္အထြက္တြင္ Fork ( Sam Yak ) မေရာက္ခင္ ေရငုပ္ေနရင္ူ႐ုတ္တရက္ပါမလာေတာ့သျဖင့္သြားေရာက္ၾကည့္ရႈ႕ရာ ေရထဲတြင္သတိလစ္ေနသျဖင့္၎အား Chamber 3 ထိခက္ခက္ခဲသယ္ထုပ္လာၿပီး သူနာျပဳေဆးတပ္မွကယ္တင္ဘို႔ႀကိဳးစားခဲ့ေပမယ့္ လည္း ည ၀၁:၀၀ ခ်ိန္ခန႔္တြင္ေသဆုံးသြားခဲ့ပါတယ္ ။ဂူေပါက္ဝမွေန၍ကေလးေတြခိုေအာင္းေနတဲ့ေနရာအထိ အသြားအျပန္ ၁၂ နာရီအခ်ိန္ေပးရၿပီး အသြား ၆ နာရီ ၊ အျပန္ ၅ နာရီၾကာျမင့္ပါတယ္ ၊ ဂူထဲမွာ ေအာက္စီဂ်င္ ၂၀% ရာခိုင္ႏႈန္းခန႔္သာရွိသည့္အတြက္…

ေအာက္စီဗူးေပါင္း ၇၀၀ ႏွင့္ ဆက္သြယ္ေရးဖုန္းေကဘယ္လ္ႀကိဳးမ်ား ၅ ကီလိုမီတာအရွည္ကို ေရငုပ္သမားအင္အား (၁၀၀ ) ျဖင့္ အဝင္အထြက္လမ္းတစ္ေလွ်ာက္နဲ႔ ကေလးေတြရွိတဲ့ေနရာအထိအဖြဲ႕လိုက္ဝင္ေရာက္ပို႔ေဆာင္ခ်ိတ္ဆက္ရတဲ့အတြက္ တစ္ခ်ိဳ႕ေနရာေတြမွာ ေရငုပ္ၿပီးသြားရသလို….တစ္ခ်ိဳ႕ေနရာမွာလမ္းေလွ်ာက္သြားရပါတယ္ ၊ ခက္ခဲက်ဥ္းေျမာင္းတဲ့လမ္းေတြလည္းရွိတာမို႔အျပန္လမ္းမွာပင္ပန္းႏြယ္နယ္မႈေၾကာင့္ႏွင့္ေအာက္စီဂ်င္မလုံေလာက္မႈေၾကာင့္ေသဆုံးသြားခဲ့ျခင္းျဖစ္ပါတယ္ ၊ ေသဆုံးခ်ိန္တြင္အသက္ (၃၈) ႏွစ္သာရွိပါေသးသည္ ။

၂၀၁၈ ဇူလိုင္လ ၂၃ ရက္ေန႔ ၊ ေန႔လည္ ၁၄:၀၀ ခ်ိန႔္မွစတင္၍ ဂူထဲတြင္ပိတ္မိေနၿပီး ဇူလိုင္လ ၂ ရက္ေန႔ည ( ၉ ရက္ႏွင့္ ၅ နာရီ ၄၁ မိနစ္ အၾကာ ) မွာ ကေလးမ်ားကိုရွာေဖြေတြ႕ရွိခဲ့ၿပီး ဇူလိုင္လ ၈ ရက္ေန႔မွာစတင္ၿပီး… ဂူျပင္ပသို႔ကယ္ထုတ္မႈလုပ္ငန္းေတြစတင္လုပ္ေဆာင္ႏိုင္ခဲ့ၾကပါတယ္ ၊ ဇူလိုင္လ ၁၀ ရက္ေန႔ညမွာေတာ့ ကမာၻေက်ာ္တဲ့ ကယ္ဆယ္ေရးလုပ္ငန္းႀကီးေအာင္ေအာင္ျမင္ျမင္နဲ႔ ၿပီးေျမာက္ခဲ့ၾကပါတယ္ ။

Unicode

ထိုင်းလူငယ် ၁၃ ယောက်ကို ကယ်ရင်း အသက်ပေးလိုက်ရတဲ့ ရေငုပ်သမားအတွက် (၂)နှစ် ပြည့် ရည်စူးကုသိုလ် ပြုလုပ်

” ထမ့်လွမ်ဂူ ” ထဲတွင်ပိတ်မိနေသော ထိုင်းလူငယ် ၁၃ ယောက်ကို ကယ်ဆယ်ရင်း အသက်ပေးဆပ်လိုက်ရတဲ့ ရေငုပ်သမားအတွက် ( ၂ )နှစ် ပြည့် ရည်စူးကုသိုလ် ပြုလုပ်.. ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ကမ္ဘာကျော်ခဲ့သော ” ထမ့်လွမ်ဂူ ” ထဲတွင် ပိတ်မိနေခဲ့သောလူငယ်တောဝက်အကယ်ဒီဘောလုံးအသင်း (၁၃) ယောက်ကို နိုင်ငံတကာကယ်ဆယ်ရေးကျွမ်းကျင်ရေငုပ်သများနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့စဉ်….

ထိုင်းရေငုပ်သမား ” ဒုတိယရေတပ်ဗိုလ်ဟောင်း စမန် ကူနန်း ” ကျာဆဲမ်” ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ညမှာသေဆုံးခဲ့တဲ့အတွက် ( ၂ ) နှစ်ပြည့်အောက်မေ့လွမ်းဆွတ်သတိရတဲ့အနေနဲ့ သူ၏ဇနီးနှင့်အတူ တောဝက်ကလေးများ ၊ဘုရားအမှူးရှိတဲ့သံဃာတော် ၁၀၈ ပါးတို့ကိုပင့်ဖိတ်ကာ ဆွမ်းခဲဖွယ် လှူဘွယ်ဝတ္ထုအစုစုတို့ဖြင့် ထမ့်လွမ်ဂူရှေ့ ” ထမ့်လွမ်သူရဲကောင်း ကျာဆဲမ် ” ရုပ်ထုရှေ့တွင် ၂၀၂၀ ခုနှစ်ဇူလိုင်လ ၆ ရက်နေ့ကကျင်းပခဲ့ကြပါတယ် ။

” ထမ့်လွမ်သူရဲကောင်း ( သို့မဟုတ် ) ဒုတိယရေတပ်ဒုဗိုလ်ဟောင်း ” ကျာဆဲမ်ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ည ၂၀:၃၇ မိနစ်မှာ ကလေးတွေကို ဂူအပြင်ပသို့ အန္တရာယ်ကင်းကင်းဖြင့်ပြန်လည်ထွက်ရှိလာနိုင်ဘို့အတွက် Plan အရ ကလေးများရောက်ရှိ နေတဲ့နေရာ ( ၁၇၀၀ မီတာအရှည် ) အထိ ဂူနံရံတွေမှာ အောက်စီဂျင်ဗူးတွေကိုအရေးပေါ်ချိတ်ထားနိုင်ရေး…..

ဂူထဲကိုရေငုပ်ဝင်သွားရင်းမှ ဇူလိုင်လ ၆ ရက်နေ့ ၂၂:၀၀ အချိန်ဂူထဲမှပြန်အထွက်တွင် Fork ( Sam Yak ) မရောက်ခင် ရေငုပ်နေရင်ူရုတ်တရက်ပါမလာတော့သဖြင့်သွားရောက်ကြည့်ရှု့ရာ ရေထဲတွင်သတိလစ်နေသဖြင့်၎င်းအား Chamber 3 ထိခက်ခက်ခဲသယ်ထုပ်လာပြီး သူနာပြုဆေးတပ်မှကယ်တင်ဘို့ကြိုးစားခဲ့ပေမယ့် လည်း ည ၀၁:၀၀ ချိန်ခန့်တွင်သေဆုံးသွားခဲ့ပါတယ် ။ဂူပေါက်ဝမှနေ၍ကလေးတွေခိုအောင်းနေတဲ့နေရာအထိ အသွားအပြန် ၁၂ နာရီအချိန်ပေးရပြီး အသွား ၆ နာရီ ၊ အပြန် ၅ နာရီကြာမြင့်ပါတယ် ၊ ဂူထဲမှာ အောက်စီဂျင် ၂၀% ရာခိုင်နှုန်းခန့်သာရှိသည့်အတွက်…

အောက်စီဗူးပေါင်း ၇၀၀ နှင့် ဆက်သွယ်ရေးဖုန်းကေဘယ်လ်ကြိုးများ ၅ ကီလိုမီတာအရှည်ကို ရေငုပ်သမားအင်အား (၁၀၀ ) ဖြင့် အဝင်အထွက်လမ်းတစ်လျှောက်နဲ့ ကလေးတွေရှိတဲ့နေရာအထိအဖွဲ့လိုက်ဝင်ရောက်ပို့ဆောင်ချိတ်ဆက်ရတဲ့အတွက် တစ်ချို့နေရာတွေမှာ ရေငုပ်ပြီးသွားရသလို….တစ်ချို့နေရာမှာလမ်းလျှောက်သွားရပါတယ် ၊ ခက်ခဲကျဉ်းမြောင်းတဲ့လမ်းတွေလည်းရှိတာမို့အပြန်လမ်းမှာပင်ပန်းနွယ်နယ်မှုကြောင့်နှင့်အောက်စီဂျင်မလုံလောက်မှုကြောင့်သေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ် ၊ သေဆုံးချိန်တွင်အသက် (၃၈) နှစ်သာရှိပါသေးသည် ။

၂၀၁၈ ဇူလိုင်လ ၂၃ ရက်နေ့ ၊ နေ့လည် ၁၄:၀၀ ချိန့်မှစတင်၍ ဂူထဲတွင်ပိတ်မိနေပြီး ဇူလိုင်လ ၂ ရက်နေ့ည ( ၉ ရက်နှင့် ၅ နာရီ ၄၁ မိနစ် အကြာ ) မှာ ကလေးများကိုရှာဖွေတွေ့ရှိခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့မှာစတင်ပြီး… ဂူပြင်ပသို့ကယ်ထုတ်မှုလုပ်ငန်းတွေစတင်လုပ်ဆောင်နိုင်ခဲ့ကြပါတယ် ၊ ဇူလိုင်လ ၁၀ ရက်နေ့ညမှာတော့ ကမ္ဘာကျော်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းကြီးအောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ခဲ့ကြပါတယ် ။

သတင္းထြက္ေနတဲ့ လူနာနံပါတ္(၃၁၁) ရန္ကုန္ကေန တိုက္ႀကီးကို YBS ယာဥ္လိုင္းနဲ႔ ျပန္ခဲ့ျခင္းမဟုတ္

သတင္းထြက္ေနတဲ့ လူနာနံပါတ္(၃၁၁) ရန္ကုန္ကေန တိုက္ႀကီးကို YBS ယာဥ္လိုင္းနဲ႔ ျပန္ခဲ့ျခင္းမဟုတ္

လူနာနံပါတ္(၃၁၁) အေနနဲ႔ သတင္းထြက္ေနသလို ရန္ကုန္ကေန တိုက္ႀကီးကို YBS ယာဥ္လိုင္းနဲ႔ ျပန္ခဲ့ျခင္းမဟုတ္က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕သတင္းထုတ္ျပန္ခ်က္အရသိရျခင္းျဖစ္ပါတယ္။လူနာနံပတ္ (၃၁၁)နဲ႔ အတူ လာအိုကျပန္လာတဲ့သူက (၁၈၆)ဦးရွိၿပီး ဇြန္လ (၂၄)ရက္ေန႔က ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕ ဝမ္ပုံဂိတ္ကေန ျပန္လည္ဝင္ေရာက္လာသူေတြျဖစ္တယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

လူနာနံပါတ္(၃၁၁) နဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာေတြမွာသတင္းေတြပ်ံ႕ႏွံ႔ေနသလို YBS ယာဥ္လိုင္းနဲ႔ တိုက္ႀကီးၿမိဳ႕ကို ျပန္သြားတယ္ဆိုတဲ့အေၾကာင္းအရာေတြက မွားယြင္းေနေၾကာင္းကို သတင္းထုတ္ျပန္ခ်က္အရသိရပါတယ္။

တာခ်ီလိတ္ကေနတစ္ဆင့္ စီစဥ္ေပးထားတဲ့ ေမာ္ေတာ္ယာဥ္မ်ားနဲ႔ ေတာင္ႀကီးကို ေရာက္ရွိခဲ့ၿပီး ေတာင္ႀကီးကေနရန္ကုန္ကို ျပန္လာခဲ့တာပါ။ ရန္ကုန္ကိုျပန္လာခဲ့စဥ္ကလည္း စီစဥ္ေပးထားတဲ့ ေမာ္ေတာ္ယာဥ္တစ္စီးထဲမွာပဲ လူနာနံပတ္(၃၁၁)နဲ႔ ခရီးစဥ္တူတဲ့သူ (၁၇)ဦးလိုက္ပါလာခဲ့တယ္လို႔သိရပါတယ္။

ရန္ကုန္ကို လိုက္ပါပို႔ေဆာင္တဲ့ ယာဥ္က ေအာင္မဂၤလာအေဝးေျပးကားဂိတ္ကို ဆိုက္ေရာက္ခဲ့ေပမယ့္ လူနာ နံပတ္ (၃၁၁)ကရန္ကုန္ထိလိုက္ပါလာခဲ့ျခင္းမရွိဘဲ အျမန္လမ္းေပၚမွာတင္ဆင္းကာ အျမန္လမ္းကေန (၃)ဘီးငွားၿပီး သူေနထိုင္ရာတိုက္ႀကီးၿမိဳ႕နယ္ကို ျပန္လာခဲ့တာျဖစ္ပါတယ္။သူ ေနရပ္မေရာက္ခင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကိုအေၾကာင္းေၾကာင္းထားတာေၾကာင့္ ေရာက္ေရာက္ခ်င္းမွာပဲ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးစီစဥ္ထားတဲ့ကားနဲ႔ ကမာ႐ြတ္ၿမိဳ႕နယ္ ပညာေရးတကၠသိုလ္က Quarantine စင္တာကိုပို႔ေဆာင္ေပးခဲ့တာပါ။

Quarantine စင္တာကိုေရာက္ရွိၿပီးေနာက္ အဆိုပါအမ်ိဳးသားမွာ ေရာဂါပိုးရွိ ၊မရွိ ဓာတ္ခြဲစစ္ေဆးခဲ့ရာ ဇူလိုင္(၄)ရက္ေန႔ည (၈)နာရီထုတ္ျပန္ခ်က္မွာေတာ့ လူနာနံပတ္ (၃၁၁)အျဖစ္ပါဝင္လာခဲ့တာျဖစ္ပါတယ္။သူနဲ႔အတူ ရန္ကုန္ကိုျပန္လာတဲ့ အနီးကပ္ထိေတြ႕ထားသူ (၁၇)ဦးကိုလည္း Quarantine ထားရွိထားၿပီး ဓာတ္ခြဲစစ္ေဆးရာ (၅)ဦးမွာ ေရာဂါပိုးမေတြ႕ရွိဘဲ က်န္(၁၂)ဦးအေျဖကိုေတာ့ ေစာင့္ဆိုင္းေနဆဲလို႔သိရပါတယ္။

ဒါ့အျပင္ လူနာ နံပတ္(၃၁၁)ကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးနဲ႔အတူ Quarantine စင္တာကို လိုက္ပါပို႔ေဆာင္ေပးခဲ့သူ (၁၂)ဦးကိုလည္း ဓာတ္ခြဲနမူနာေပးပို႔ထားတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနကထုတ္ျပန္ထားပါတယ္။

Unicode

သတင်းထွက်နေတဲ့ လူနာနံပါတ်(၃၁၁) ရန်ကုန်ကနေ တိုက်ကြီးကို YBS ယာဉ်လိုင်းနဲ့ ပြန်ခဲ့ခြင်းမဟုတ်

လူနာနံပါတ်(၃၁၁) အနေနဲ့ သတင်းထွက်နေသလို ရန်ကုန်ကနေ တိုက်ကြီးကို YBS ယာဉ်လိုင်းနဲ့ ပြန်ခဲ့ခြင်းမဟုတ်ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်ပါတယ်။လူနာနံပတ် (၃၁၁)နဲ့ အတူ လာအိုကပြန်လာတဲ့သူက (၁၈၆)ဦးရှိပြီး ဇွန်လ (၂၄)ရက်နေ့က ရှမ်းပြည်နယ် တာချီလိတ်မြို့ ဝမ်ပုံဂိတ်ကနေ ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လူနာနံပါတ်(၃၁၁) နဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာသတင်းတွေပျံ့နှံ့နေသလို YBS ယာဉ်လိုင်းနဲ့ တိုက်ကြီးမြို့ကို ပြန်သွားတယ်ဆိုတဲ့အကြောင်းအရာတွေက မှားယွင်းနေကြောင်းကို သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

တာချီလိတ်ကနေတစ်ဆင့် စီစဉ်ပေးထားတဲ့ မော်တော်ယာဉ်များနဲ့ တောင်ကြီးကို ရောက်ရှိခဲ့ပြီး တောင်ကြီးကနေရန်ကုန်ကို ပြန်လာခဲ့တာပါ။ ရန်ကုန်ကိုပြန်လာခဲ့စဉ်ကလည်း စီစဉ်ပေးထားတဲ့ မော်တော်ယာဉ်တစ်စီးထဲမှာပဲ လူနာနံပတ်(၃၁၁)နဲ့ ခရီးစဉ်တူတဲ့သူ (၁၇)ဦးလိုက်ပါလာခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်ကို လိုက်ပါပို့ဆောင်တဲ့ ယာဉ်က အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကို ဆိုက်ရောက်ခဲ့ပေမယ့် လူနာ နံပတ် (၃၁၁)ကရန်ကုန်ထိလိုက်ပါလာခဲ့ခြင်းမရှိဘဲ အမြန်လမ်းပေါ်မှာတင်ဆင်းကာ အမြန်လမ်းကနေ (၃)ဘီးငှားပြီး သူနေထိုင်ရာတိုက်ကြီးမြို့နယ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။သူ နေရပ်မရောက်ခင် ကျေးရွာအုပ်ချုပ်ရေးမှူးကိုအကြောင်းကြောင်းထားတာကြောင့် ရောက်ရောက်ချင်းမှာပဲ ကျေးရွာအုပ်ချုပ်ရေးမှူးစီစဉ်ထားတဲ့ကားနဲ့ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်က Quarantine စင်တာကိုပို့ဆောင်ပေးခဲ့တာပါ။

Quarantine စင်တာကိုရောက်ရှိပြီးနောက် အဆိုပါအမျိုးသားမှာ ရောဂါပိုးရှိ ၊မရှိ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဇူလိုင်(၄)ရက်နေ့ည (၈)နာရီထုတ်ပြန်ချက်မှာတော့ လူနာနံပတ် (၃၁၁)အဖြစ်ပါဝင်လာခဲ့တာဖြစ်ပါတယ်။သူနဲ့အတူ ရန်ကုန်ကိုပြန်လာတဲ့ အနီးကပ်ထိတွေ့ထားသူ (၁၇)ဦးကိုလည်း Quarantine ထားရှိထားပြီး ဓာတ်ခွဲစစ်ဆေးရာ (၅)ဦးမှာ ရောဂါပိုးမတွေ့ရှိဘဲ ကျန်(၁၂)ဦးအဖြေကိုတော့ စောင့်ဆိုင်းနေဆဲလို့သိရပါတယ်။

ဒါ့အပြင် လူနာ နံပတ်(၃၁၁)ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ Quarantine စင်တာကို လိုက်ပါပို့ဆောင်ပေးခဲ့သူ (၁၂)ဦးကိုလည်း ဓာတ်ခွဲနမူနာပေးပို့ထားတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

အခက္အခဲေတြၾကားထဲက လက္ဝတ္လက္စားေတြေရာင္း အေႂကြးေတြတင္ခဲ့ၿပီး အိမ္ေဆာက္ခဲ့ရတယ္ဆိုတဲ့ လိေမၼာ္သီး

အခက္အခဲေတြၾကားထဲက လက္ဝတ္လက္စားေတြေရာင္း အေႂကြးေတြတင္ခဲ့ၿပီး အိမ္ေဆာက္ခဲ့ရတယ္ဆိုတဲ့ လိေမၼာ္သီး

အဆိုေတာ္ လိေမၼာ္သီးကေတာ့ အိမ္ငွားၿပီးေနရတဲ့ အေျခအေန ကို မႀကဳံခ်င္ေတာ့တာေၾကာင့္ ကိုယ္ပိုင္ အိမ္ေလး ေဆာက္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ ဆိုပါတယ္။ အိမ္ငွားေနရခဲ့စဥ္က ႀကဳံခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို အခုလို ေျပာျပခဲ့ပါတယ္။ “ ေျမဝယ္တုန္းက ေဈးအဲ့ေလာက္မႀကီးဘူး။ အိမ္မေဆာက္ႏိုင္ေသးေတာ့ ၅ ႏွစ္ေလာက္ ပစ္ထားမိတယ္။ အိမ္ငွားတာကလည္း ၄လႊာ၊ ၅ လႊာ၊ ၆ လႊာေလာက္ မတက္ခ်င္ဘူး ခရီးေတြ သြားရတာ ပင္ပန္းတယ္ဆိုေတာ့ လုံးခ်င္းအိမ္ေျပာင္းေနတယ္။ အိမ္ေကာင္းရင္ ေကာင္းသလို ၁၂ သိန္း၊ ၁၃ သိန္း ေပးရတယ္။ တစ္ႏွစ္ တစ္ႏွစ္ အိမ္လခေပးရတာ သိန္း ရာနဲ႔ခ်ီတယ္။ အဲဒီေတာ့ အေမက အိမ္ေဆာက္လိုက္ေတာ့ေပါ့

ဆိုေတာ့ ဝယ္ထားတဲ့ ေျမကြက္မွာလည္း ျမက္ေတြ၊ ဘာေတြ အကုန္ရွင္းၿပီး အိမ္ေဆာက္ဖို႔ ျပင္ဆင္ရတာေပါ့” လို႔ သူကဆိုပါတယ္။ လိေမၼာ္သီးဟာ ကိုယ္ပိုင္ အိမ္ေလး တစ္လုံး ျဖစ္လာဖို႔အတြက္ သူ စုေဆာင္းထားတာေတြ ေရာင္းခဲ့ရပါတယ္။ ဒီ အိမ္ေလး တစ္လုံး ျဖစ္လာဖု႔ိ အတြက္ သူ႔ရဲ႕ ကိုယ္ပိုင္ လက္ဝတ္ရတနာေတြ၊ ကား ေတြ အျပင္ အေႂကြးတင္ရေလာက္တဲ့ အထိ ပိုက္ဆံအကုန္အက် ေတာ္ေတာ္ မ်ားခဲ့တယ္လို႔ ေျပာပါတယ္။ “ အိမ္ေဆာက္တဲ့ အခ်ိန္ လက္ထဲမွာ ပိုက္ဆံကလည္း အရမ္းအမ်ားႀကီးရွိတာ မဟုတ္ဘူး။ ဘဏ္ထဲမွာ နည္းနည္းပါးပါးပဲ ရွိတာ

အဲဒီေတာ့ လက္ဝတ္လက္စားေလး ဝယ္ၿပီး စုထားတာေလးေတြရွိတယ္။ ကား ႏွစ္စီး ရွိတာကိုလည္း ေရာင္းလိုက္တယ္။ ကားငွားစီးရတဲ့ အေျခအေန ျဖစ္သြားတာေပါ့။ အေမ တို႔ ထမီေရာင္းတဲ့ ဆိုင္ကလည္း ပိုက္ဆံ လိုေတာ့ ယူတယ္။ သူတို႔ စိုက္ေပးထားတဲ့ ပိုက္ဆံကလည္း သိန္း ရာခ်ီရွိတယ္။ ကိုယ္ ခရီး တစ္လေလာက္သြားၿပီး ျပန္လာေတာ့ အိမ္က ေနလို႔ရေနၿပီ။ ၿပီးက်ေတာ့မွ အေႂကြးစာရင္းက ထြက္လာေရာ၊ ဘယ္သူ႔ဆီက အတိုးနဲ႔ ဘယ္ေလာက္ ယူထားတယ္ေပ့ါ ။ အိမ္ေဆာက္တာေတာ့ သိတဲ့အတိုင္းပဲ ထင္ထားတာထက္ ပိုကုန္တယ္”

လို႔ ဆိုပါတယ္။ လက္ရွိမွာ လိေမၼာ္သီးဟာ ေ႐ႊေရာင္နဲ႔ အျဖဴေရာင္ေလးကို အဓိကထား ေဆးျခယ္ထားတဲ့ အိမ္လွလွေလးမွာ မိသားစုဝင္ေတြနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ၾကတာ ျဖစ္ပါတယ္။ ဒီအိမ္ကို ေဆာက္တဲ့ အခ်ိန္မွာ ႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲေတြကိုလည္း အခုလို ေျပာျပလာပါတယ္။ “အိမ္ကို ေဆာက္ေပးတဲ့ လူေတြကလည္း မေဆာက္ခင္ ကေတာ့ တစ္မ်ိဳး၊ ေဆာက္ၿပီးေတာ့ တစ္မ်ိဳးေပါ့။ ၿပီးရင္ စကားေတြကလည္း အရမ္းေျပာရတယ္။ ကိုယ့္စိတ္နဲ႔ အခန႔္မသင့္ေတာ့ စကားမ်ား ရတာ အရမ္း စိတ္ညစ္ဖို႔ေကာင္းတယ္။ အလုပ္သမားေတြ ကလည္း သီခ်င္း

အက်ယ္ႀကီး ဆိုလို႔ ေဘးက တိုင္တာနဲ႔ ဆိုေတာ့ တစ္ေယာက္ တစ္မ်ိဳးစီ ျဖစ္ေနတာေပါ့။ အိမ္တစ္လုံး ေဆာက္ရတာ ေတာ္ေတာ္ စိတ္ညစ္ဖို႔ေကာင္းပါတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ လိေမၼာ္သီးကိုေတာ့ Rock သီခ်င္းေလးေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိ ရွိလာတာျဖစ္ပါတယ္။ သူမဟာ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာအမူအရာအျပင္၊ အရပ္ရွည္ရွည္၊ ဆံပင္ရွည္ရွည္တို႔ကို ပိုင္ဆိုင္ထားသူျဖစ္ၿပီး အသံပါဝါအားေကာင္းမႈေတြေၾကာင့္လည္း ပရိသတ္ေတြက ပိုသတိထားမိလာခဲ့တာပါ။ အခုဆိုရင္ သူမရဲ႕ ဂီတသက္တမ္းဟာ ၁၁ ႏွစ္ခန႔္ရွိေနၿပီျဖစ္ပါတယ္။ သူမဟာ “လိေမၼာ္သီးရဲ႕ လိေမၼာ္ေရာင္ စိတ္ကူးမ်ား”၊ “လူမွန္” ၊ “ဒဏ္ရာႏွလုံးသား” စတဲ့ တစ္ကိုယ္ေတာ္အေခြေတြ ထြက္ရွိထားပါတယ္။ အခုဆိုရင္ေတာ့ ေနာက္ထပ္ တစ္ကိုယ္ေတာ္ေခြအေနနဲ႔ “အသက္ရွင္မယ့္သူ” ဆိုတဲ့ တစ္ကိုယ္ေတာ္ ေတးစီးရီးကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ အတြင္းမွာ ထြက္ရွိလာေတာ့မွာျဖစ္ပါတယ္။

Unicode

အခက်အခဲတွေကြားထဲက လက်ဝတ်လက်စားတွေရောင်း အကြွေးတွေတင်ခဲ့ပြီး အိမ်ဆောက်ခဲ့ရတယ်ဆိုတဲ့ လိမ္မော်သီး

အဆိုတော် လိမ္မော်သီးကတော့ အိမ်ငှားပြီးနေရတဲ့ အခြေအနေ ကို မကြုံချင်တော့တာကြောင့် ကိုယ်ပိုင် အိမ်လေး ဆောက်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ငှားနေရခဲ့စဉ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြခဲ့ပါတယ်။ “ မြေဝယ်တုန်းက ဈေးအဲ့လောက်မကြီးဘူး။ အိမ်မဆောက်နိုင်သေးတော့ ၅ နှစ်လောက် ပစ်ထားမိတယ်။ အိမ်ငှားတာကလည်း ၄လွှာ၊ ၅ လွှာ၊ ၆ လွှာလောက် မတက်ချင်ဘူး ခရီးတွေ သွားရတာ ပင်ပန်းတယ်ဆိုတော့ လုံးချင်းအိမ်ပြောင်းနေတယ်။ အိမ်ကောင်းရင် ကောင်းသလို ၁၂ သိန်း၊ ၁၃ သိန်း ပေးရတယ်။ တစ်နှစ် တစ်နှစ် အိမ်လခပေးရတာ သိန်း ရာနဲ့ချီတယ်။ အဲဒီတော့ အမေက အိမ်ဆောက်လိုက်တော့ပေါ့

ဆိုတော့ ဝယ်ထားတဲ့ မြေကွက်မှာလည်း မြက်တွေ၊ ဘာတွေ အကုန်ရှင်းပြီး အိမ်ဆောက်ဖို့ ပြင်ဆင်ရတာပေါ့” လို့ သူကဆိုပါတယ်။ လိမ္မော်သီးဟာ ကိုယ်ပိုင် အိမ်လေး တစ်လုံး ဖြစ်လာဖို့အတွက် သူ စုဆောင်းထားတာတွေ ရောင်းခဲ့ရပါတယ်။ ဒီ အိမ်လေး တစ်လုံး ဖြစ်လာဖု့ိ အတွက် သူ့ရဲ့ ကိုယ်ပိုင် လက်ဝတ်ရတနာတွေ၊ ကား တွေ အပြင် အကြွေးတင်ရလောက်တဲ့ အထိ ပိုက်ဆံအကုန်အကျ တော်တော် များခဲ့တယ်လို့ ပြောပါတယ်။ “ အိမ်ဆောက်တဲ့ အချိန် လက်ထဲမှာ ပိုက်ဆံကလည်း အရမ်းအများကြီးရှိတာ မဟုတ်ဘူး။ ဘဏ်ထဲမှာ နည်းနည်းပါးပါးပဲ ရှိတာ

အဲဒီတော့ လက်ဝတ်လက်စားလေး ဝယ်ပြီး စုထားတာလေးတွေရှိတယ်။ ကား နှစ်စီး ရှိတာကိုလည်း ရောင်းလိုက်တယ်။ ကားငှားစီးရတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။ အမေ တို့ ထမီရောင်းတဲ့ ဆိုင်ကလည်း ပိုက်ဆံ လိုတော့ ယူတယ်။ သူတို့ စိုက်ပေးထားတဲ့ ပိုက်ဆံကလည်း သိန်း ရာချီရှိတယ်။ ကိုယ် ခရီး တစ်လလောက်သွားပြီး ပြန်လာတော့ အိမ်က နေလို့ရနေပြီ။ ပြီးကျတော့မှ အကြွေးစာရင်းက ထွက်လာရော၊ ဘယ်သူ့ဆီက အတိုးနဲ့ ဘယ်လောက် ယူထားတယ်ပေ့ါ ။ အိမ်ဆောက်တာတော့ သိတဲ့အတိုင်းပဲ ထင်ထားတာထက် ပိုကုန်တယ်”

လို့ ဆိုပါတယ်။ လက်ရှိမှာ လိမ္မော်သီးဟာ ရွှေရောင်နဲ့ အဖြူရောင်လေးကို အဓိကထား ဆေးခြယ်ထားတဲ့ အိမ်လှလှလေးမှာ မိသားစုဝင်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာ ဖြစ်ပါတယ်။ ဒီအိမ်ကို ဆောက်တဲ့ အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကိုလည်း အခုလို ပြောပြလာပါတယ်။ “အိမ်ကို ဆောက်ပေးတဲ့ လူတွေကလည်း မဆောက်ခင် ကတော့ တစ်မျိုး၊ ဆောက်ပြီးတော့ တစ်မျိုးပေါ့။ ပြီးရင် စကားတွေကလည်း အရမ်းပြောရတယ်။ ကိုယ့်စိတ်နဲ့ အခန့်မသင့်တော့ စကားများ ရတာ အရမ်း စိတ်ညစ်ဖို့ကောင်းတယ်။ အလုပ်သမားတွေ ကလည်း သီချင်း

အကျယ်ကြီး ဆိုလို့ ဘေးက တိုင်တာနဲ့ ဆိုတော့ တစ်ယောက် တစ်မျိုးစီ ဖြစ်နေတာပေါ့။ အိမ်တစ်လုံး ဆောက်ရတာ တော်တော် စိတ်ညစ်ဖို့ကောင်းပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ လိမ္မော်သီးကိုတော့ Rock သီချင်းလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိ ရှိလာတာဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာအမူအရာအပြင်၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်တို့ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အသံပါဝါအားကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာပါ။ အခုဆိုရင် သူမရဲ့ ဂီတသက်တမ်းဟာ ၁၁ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ “လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ”၊ “လူမှန်” ၊ “ဒဏ်ရာနှလုံးသား” စတဲ့ တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားပါတယ်။ အခုဆိုရင်တော့ နောက်ထပ် တစ်ကိုယ်တော်ခွေအနေနဲ့ “အသက်ရှင်မယ့်သူ” ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

တစ္လကိုသိန္း(၁၀၀၀)ဖိုးေလာက္ ေမသန္းႏုနဲ႔ စိန္ေရာင္း/ဝယ္ေတြလုပ္တုန္းက ေရာင္းခဲ့ရေၾကာင္း ေျပာျပခဲ့တဲ့ စုရႈိင္း

တစ္လကိုသိန္း(၁၀၀၀)ဖိုးေလာက္ ေမသန္းႏုနဲ႔ စိန္ေရာင္း/ဝယ္ေတြလုပ္တုန္းက ေရာင္းခဲ့ရေၾကာင္း ေျပာျပခဲ့တဲ့ စုရႈိင္း

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြအခိုင္အမာနဲ႔ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ရရွိထားတဲ့ ဝါရင့္သ႐ုပ္ေဆာင္ အကယ္ဒမီမင္းသမီးေခ်ာ ေမသန္းႏုျပန္လည္လြတ္ေျမာက္လာလို႔ အႏုပညာရွင္ေတြနဲ႔ ပရိသတ္ေတြကလည္း ဝမ္းသာေနၾကပါတယ္ေနာ္..။ေငြေၾကးလိမ္လည္မႈနဲ႔ တရားစြဲဆို အျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ မဆင့္ကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းကမွ မိသားစုနဲ႔ ပရိသတ္ေတြဆီ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး သူမျပန္လည္လြတ္ေျမာက္လာတဲ့

အတြက္လည္း အားလုံးက ေပ်ာ္ေနၾကသလို သ႐ုပ္ေဆာင္စုရႈိင္းကလည္း မဆင့္အတြက္ ေပ်ာ္ေနတဲ့အေၾကာင္း ေျပာျပလာပါတယ္ေနာ္..။ မဆင့္နဲ႔ သူမနဲ႔ေတာ့ ႏွစ္အေတာ္ၾကာ ခင္လာၿပီး အရင္ကတည္းက စိန္အေရာင္းအဝယ္အတူလုပ္ကာ စီးပြားေရးေတြ အတူလုပ္ခဲ့တဲ့ အမွတ္တရေလးေတြကိုလည္း ေျပာျပလာၿပီး လတ္တေလာ မဆင့္ႀကဳံေတြ႕ေနရတဲ့ အမႈကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာျပလာပါတယ္ေနာ္..။ “ညီအစ္မအရင္းေခါက္ေခါက္လိုပဲ

ခင္ၿပီး အဲ့လိုျဖစ္သြားေတာ့ စိတ္မေကာင္းဘူး အခုလို ေမွ်ာ္ေနတဲ့အခ်ိန္မွာပဲ အျပင္ကို ျပန္ေရာက္လာေတာ့ အရမ္းဝမ္းသာပါတယ္ စိန္အေရာင္းအဝယ္လုပ္တုန္းက တစ္လကို သိန္းတစ္ေထာင္ဖိုးေလာက္ ေရာင္းရတယ္ဆိုေတာ့ အခုအခ်ိန္မွာ အမွတ္တရေတြေပါ့ ရန္ကုန္ေရာက္လာေတာ့ မလုပ္ျဖစ္ၾကေတာ့ဘူး ဒါေပမယ့္ အျခားေျခလွမ္းေတြက အခုမွစေနတာ စၿပီးေတာ့လုပ္ေနတဲ့အခ်ိန္မွာ အဲ့လိုျဖစ္သြားတာ..”

ဆိုၿပီး စီးပြားေရးအတူလုပ္ခဲ့တဲ့ အမွတ္တရေလးေတြကို ေျပာျပထားတာ ျဖစ္ပါတယ္..။ “သူေပးစရာရွိတာေလးကလည္း တကယ္ေတာ့ ကိုယ္လည္း အစအဆုံးအကုန္သိတယ္ သူလည္းေပးေနတယ္ သူလည္း အဲ့ဒီအမ်ိဳးသမီးကို ဆပ္ေနတယ္ အတိုးေတြလည္း ေပးေနတယ္ ေခ်းထားတာလည္း ဘယ္ေလာက္မွမရွိဘူး အဲ့ဒါေတြလည္း အကုန္သိတယ္ အဲ့အမ်ိဳးသမီးနဲ႔လည္း ကိုယ္က မဆင့္အိမ္မွာပဲ

ေတြ႕ဖူးေနတာ ေတြ႕ေတာ့ သူ႔စိတ္က မဆင့္အေပၚမွာ တစ္မ်ိဳးေတာ့ျဖစ္တယ္ မဆင့္အေပၚမွာ အဲ့လိုေလးျဖစ္ေစခ်င္တဲ့ စိတ္ကမ်ားေနတာ အဲ့ဒါေၾကာင့္မို႔လည္း ဆပ္ေနတဲ့ၾကားထဲက အဲ့လိုေလး ျဖစ္ေအာင္လုပ္လိုက္တာေပါ့ေနာ္ ..” ဆိုၿပီး မဆင့္ရဲ႕ အမႈကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာျပထားပါေသးတယ္ေနာ္..။ မဆင့္နဲ႔ သူမရဲ႕ တခ်ိန္ကအမွတ္တရေလးေတြကို ေျပာျပရင္း မဆင့္ႀကဳံေတြ႕ေနရတဲ့ အမႈကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာျပထားတဲ့ စုရႈိင္းရဲ႕ ဗီဒီယိုဖိုင္ေလးကိုလည္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

unicode

တစ်လကိုသိန်း(၁၀၀၀)ဖိုးလောက် မေသန်းနုနဲ့ စိန်ရောင်း/ဝယ်တွေလုပ်တုန်းက ရောင်းခဲ့ရကြောင်း ပြောပြခဲ့တဲ့ စုရှိုင်း

အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီမင်းသမီးချော မေသန်းနုပြန်လည်လွတ်မြောက်လာလို့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်နော်..။ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲဆို အပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မဆင့်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ မိသားစုနဲ့ ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူမပြန်လည်လွတ်မြောက်လာတဲ့

အတွက်လည်း အားလုံးက ပျော်နေကြသလို သရုပ်ဆောင်စုရှိုင်းကလည်း မဆင့်အတွက် ပျော်နေတဲ့အကြောင်း ပြောပြလာပါတယ်နော်..။ မဆင့်နဲ့ သူမနဲ့တော့ နှစ်အတော်ကြာ ခင်လာပြီး အရင်ကတည်းက စိန်အရောင်းအဝယ်အတူလုပ်ကာ စီးပွားရေးတွေ အတူလုပ်ခဲ့တဲ့ အမှတ်တရလေးတွေကိုလည်း ပြောပြလာပြီး လတ်တလော မဆင့်ကြုံတွေ့နေရတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြလာပါတယ်နော်..။ “ညီအစ်မအရင်းခေါက်ခေါက်လိုပဲ

ခင်ပြီး အဲ့လိုဖြစ်သွားတော့ စိတ်မကောင်းဘူး အခုလို မျှော်နေတဲ့အချိန်မှာပဲ အပြင်ကို ပြန်ရောက်လာတော့ အရမ်းဝမ်းသာပါတယ် စိန်အရောင်းအဝယ်လုပ်တုန်းက တစ်လကို သိန်းတစ်ထောင်ဖိုးလောက် ရောင်းရတယ်ဆိုတော့ အခုအချိန်မှာ အမှတ်တရတွေပေါ့ ရန်ကုန်ရောက်လာတော့ မလုပ်ဖြစ်ကြတော့ဘူး ဒါပေမယ့် အခြားခြေလှမ်းတွေက အခုမှစနေတာ စပြီးတော့လုပ်နေတဲ့အချိန်မှာ အဲ့လိုဖြစ်သွားတာ..”

ဆိုပြီး စီးပွားရေးအတူလုပ်ခဲ့တဲ့ အမှတ်တရလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။ “သူပေးစရာရှိတာလေးကလည်း တကယ်တော့ ကိုယ်လည်း အစအဆုံးအကုန်သိတယ် သူလည်းပေးနေတယ် သူလည်း အဲ့ဒီအမျိုးသမီးကို ဆပ်နေတယ် အတိုးတွေလည်း ပေးနေတယ် ချေးထားတာလည်း ဘယ်လောက်မှမရှိဘူး အဲ့ဒါတွေလည်း အကုန်သိတယ် အဲ့အမျိုးသမီးနဲ့လည်း ကိုယ်က မဆင့်အိမ်မှာပဲ

တွေ့ဖူးနေတာ တွေ့တော့ သူ့စိတ်က မဆင့်အပေါ်မှာ တစ်မျိုးတော့ဖြစ်တယ် မဆင့်အပေါ်မှာ အဲ့လိုလေးဖြစ်စေချင်တဲ့ စိတ်ကများနေတာ အဲ့ဒါကြောင့်မို့လည်း ဆပ်နေတဲ့ကြားထဲက အဲ့လိုလေး ဖြစ်အောင်လုပ်လိုက်တာပေါ့နော် ..” ဆိုပြီး မဆင့်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။ မဆင့်နဲ့ သူမရဲ့ တချိန်ကအမှတ်တရလေးတွေကို ပြောပြရင်း မဆင့်ကြုံတွေ့နေရတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားတဲ့ စုရှိုင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

ေက်ာက္တံတားၿမိဳ႕တြင္ ဓားေထာက္ ၍ ကားလုေမာင္းေျပးသူအား မိနစ္ပိုင္းအတြင္း ဖမ္းဆီးရမိ

ေက်ာက္တံတားၿမိဳ႕တြင္ ဓားေထာက္ ၍ ကားလုေမာင္းေျပးသူအား မိနစ္ပိုင္းအတြင္း ဖမ္းဆီးရမိ

ရန္ ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕တြင္ ဓားေထာက္ ၍ ကားလုေမာင္းေျပးသူအား မိနစ္ပိုင္းအ တြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း ေက်ာက္တံတားၿမိဳ႕မ ရဲစခန္းမႉး ဒုရဲမႉးပိုထြန္းက ျပည္ျမန္မာကို ေျပာသည္။ ဇူလိုင္လ ၄ ရက္ ည ၈နာရီခြဲခန႔္က ေက်ာတံတားၿမိဳ႕နယ္ ၊ အေနာ္ရထား လမ္းေပၚ ၃၉လမ္းႏွင့္ ဆိမ္ကမ္း သာလမ္းၾကားတြင္ ကားပါကင္ထိုးေနစဥ္ က်ဴးလြန္သူအမ်ိဳးသားက ကားေနာက္ခန္း တံခါးကိုဖြင့္၍ ဝင္ေရာက္လာၿပီး ဓားေထာက္ၿခိမ္းေျခာက္ကာ ကားကိုလုယူ ေမာင္းထြက္ေျပးသြားျခင္း ျဖစ္သည္။

ကားလုယူခံရသူကေက်ာက္တံတားၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းသို႔သြားေရာက္ တိုင္တန္းခဲ့ရာ ၿမိဳ႕မရဲစခန္းၿမိဳ႕နယ္မႉး ဦးမ်ိဳးသက္ဦးေဆာင္ေသာရဲတပ္ဖြဲ႕မွ Control center ကိုဆက္သြယ္ၿပီး ခ်ိတ္ဆက္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ ေၾကာင္းလည္းသိရသည္။ယင္းခ်ိတ္ဆက္မႈေၾကာင့္ အဆိုပါက်ဴးလြန္သူေမာင္းႏွင္ေနေသာ ကားလမ္း ေၾကာင္းကို သိရွိခဲ့ရျခင္း ျဖစ္ေၾကာင္း၊၎သည္ အေနာ္ရလမ္းမွ ဆူးေလဘုရားလမ္း၊ ဆူးေလဘုရားလမ္းမွ ဗိုလ္ခ်ဳပ္လမ္း၊ ဗိုလ္ခ်ဳပ္လမ္းမွ မွတစ္ဆင့္ ဗိုလ္ေအာင္လမ္းအတိုင္း ေမာင္းထြက္ေျပးျခင္းျဖစ္ၿပီး ဗိုလ္ေအာင္ေက်ာ္လမ္း အလယ္ဘေလာက္အေရာက္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

”ကားကိုလုၿပီး ေမာင္ထြက္သြားေတာ့ ကြၽန္မအမ်ိဳးသားက သူ႔အသိ တကၠဆီသမားေတြ နဲ႔ အေနာက္ ကလိုက္တယ္။ ရဲကားေတြကလည္း အေနာ္ရထားလမ္းအတိုင္း လမ္းေျပာင္းျပန္ ေမာင္ၿပီး လိုက္ဖမ္းတာ နာရီဝက္ေလာက္အတြင္းမွာ ဖမ္းမိသြားပါတယ္” ဟု ကာယကံရွင္၏ အမ်ိဳးသမီးကေျပာသည္။ယင္းျဖစ္မွ ျပစ္မႈက်ဴးလြန္သူ အသက္ ၃၂အ႐ြယ္ အမ်ိဳးသားသည္ ေဆးေၾကာင္ ေနသည့္ လကၡဏာရွိ ေသာေၾကာင့္ ၎ေနထိုင္ရာ ၃၉လမ္းအထက္ဘေလာက္ရွိေနအိမ္သို႔ ဝင္ေရာက္ရွာေဖြရာ ေဆးျပား ၁၀ ျပား သိမ္းဆီး ရမိေၾကာင္း ၊ ၎အား မိသားစုဝင္မ်ားမွ ေနအိမ္တြင္ တစ္ေယာက္တည္းထားခဲ့ေၾကာင္း ဒုရဲမႉး ပိုထြန္းက ေျပာသည္။

” အိမ္ေပၚက ဆင္းသြားတဲ့ သူ႔မိန္းမနဲ႔ ကေလးႏွစ္ေယာက္ကို လိုက္ရွာခ်င္ လို႔ ကားယူတာလို႔ေျပာတယ္။ ကားေပၚမွာပါတဲ့ ပိုက္ဆံအိတ္တို႔ ဖုန္းတို႔ကို ဘာမွ မယူသြားဘူး။ ကြၽန္မအမ်ိဳးသားလည္း ဘာမွ ထိခိုက္မႈ မရွိခဲ့ဘူး။ ကားလည္း ဘာမွမျဖစ္ခဲ့ပါဘူး” ဟု ကာယကံရွင္၏ အမ်ိဳးသမီးကေျပာသည္။ထိုျဖစ္စဥ္ႏွင့္ပတ္သက္၍ ကားလုယူေမာင္းေျပးသူအား ကာယကံရွင္ဘက္မွ ထိခိုက္ ဆုံးရႈံးမႈမ်ား မရွိခဲ့ ေသာေၾကာင့္ အမႈဖြင့္တိုင္းၾကားျခင္း မရွိခဲ့ေသာ္လည္း ၎အား ေက်ာက္တံတားၿမိဳ႕မ ရဲစခန္းက မူးယစ္ ေဆးပုဒ္မျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Unicode

ကျောက်တံတားမြို့တွင် ဓားထောက် ၍ ကားလုမောင်းပြေးသူအား မိနစ်ပိုင်းအတွင်း ဖမ်းဆီးရမိ

ရန် ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့တွင် ဓားထောက် ၍ ကားလုမောင်းပြေးသူအား မိနစ်ပိုင်းအ တွင်း ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းမှူး ဒုရဲမှူးပိုထွန်းက ပြည်မြန်မာကို ပြောသည်။ ဇူလိုင်လ ၄ ရက် ည ၈နာရီခွဲခန့်က ကျောတံတားမြို့နယ် ၊ အနော်ရထား လမ်းပေါ် ၃၉လမ်းနှင့် ဆိမ်ကမ်း သာလမ်းကြားတွင် ကားပါကင်ထိုးနေစဉ် ကျူးလွန်သူအမျိုးသားက ကားနောက်ခန်း တံခါးကိုဖွင့်၍ ဝင်ရောက်လာပြီး ဓားထောက်ခြိမ်းခြောက်ကာ ကားကိုလုယူ မောင်းထွက်ပြေးသွားခြင်း ဖြစ်သည်။

ကားလုယူခံရသူကကျောက်တံတားမြို့နယ်မြို့မရဲစခန်းသို့သွားရောက် တိုင်တန်းခဲ့ရာ မြို့မရဲစခန်းမြို့နယ်မှူး ဦးမျိုးသက်ဦးဆောင်သောရဲတပ်ဖွဲ့မှ Control center ကိုဆက်သွယ်ပြီး ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းလည်းသိရသည်။ယင်းချိတ်ဆက်မှုကြောင့် အဆိုပါကျူးလွန်သူမောင်းနှင်နေသော ကားလမ်း ကြောင်းကို သိရှိခဲ့ရခြင်း ဖြစ်ကြောင်း၊၎င်းသည် အနော်ရလမ်းမှ ဆူးလေဘုရားလမ်း၊ ဆူးလေဘုရားလမ်းမှ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်လမ်းမှ မှတစ်ဆင့် ဗိုလ်အောင်လမ်းအတိုင်း မောင်းထွက်ပြေးခြင်းဖြစ်ပြီး ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်အရောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

”ကားကိုလုပြီး မောင်ထွက်သွားတော့ ကျွန်မအမျိုးသားက သူ့အသိ တက္ကဆီသမားတွေ နဲ့ အနောက် ကလိုက်တယ်။ ရဲကားတွေကလည်း အနော်ရထားလမ်းအတိုင်း လမ်းပြောင်းပြန် မောင်ပြီး လိုက်ဖမ်းတာ နာရီဝက်လောက်အတွင်းမှာ ဖမ်းမိသွားပါတယ်” ဟု ကာယကံရှင်၏ အမျိုးသမီးကပြောသည်။ယင်းဖြစ်မှ ပြစ်မှုကျူးလွန်သူ အသက် ၃၂အရွယ် အမျိုးသားသည် ဆေးကြောင် နေသည့် လက္ခဏာရှိ သောကြောင့် ၎င်းနေထိုင်ရာ ၃၉လမ်းအထက်ဘလောက်ရှိနေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဆေးပြား ၁၀ ပြား သိမ်းဆီး ရမိကြောင်း ၊ ၎င်းအား မိသားစုဝင်များမှ နေအိမ်တွင် တစ်ယောက်တည်းထားခဲ့ကြောင်း ဒုရဲမှူး ပိုထွန်းက ပြောသည်။

” အိမ်ပေါ်က ဆင်းသွားတဲ့ သူ့မိန်းမနဲ့ ကလေးနှစ်ယောက်ကို လိုက်ရှာချင် လို့ ကားယူတာလို့ပြောတယ်။ ကားပေါ်မှာပါတဲ့ ပိုက်ဆံအိတ်တို့ ဖုန်းတို့ကို ဘာမှ မယူသွားဘူး။ ကျွန်မအမျိုးသားလည်း ဘာမှ ထိခိုက်မှု မရှိခဲ့ဘူး။ ကားလည်း ဘာမှမဖြစ်ခဲ့ပါဘူး” ဟု ကာယကံရှင်၏ အမျိုးသမီးကပြောသည်။ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကားလုယူမောင်းပြေးသူအား ကာယကံရှင်ဘက်မှ ထိခိုက် ဆုံးရှုံးမှုများ မရှိခဲ့ သောကြောင့် အမှုဖွင့်တိုင်းကြားခြင်း မရှိခဲ့သော်လည်း ၎င်းအား ကျောက်တံတားမြို့မ ရဲစခန်းက မူးယစ် ဆေးပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလႈေငြ (၁၀) သိန္းကုိ မိခင္ရဲ႕ ေမြးေန႔အႀကိဳအလႉအျဖစ္ ဖားကန႔္ၿမိဳ႕ေျမၿပိဳမႈအတြက္လႉဒါန္းခဲ့တဲ့ လူမင္း

အလႈေငြ (၁၀) သိန္းကုိ မိခင္ရဲ႕ ေမြးေန႔အႀကိဳအလႉအျဖစ္ ဖားကန႔္ၿမိဳ႕ေျမၿပိဳမႈအတြက္လႉဒါန္းခဲ့တဲ့ လူမင္း

ႏိုင္ငံေက်ာ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္လူမင္းကိုေတာ့ ပရိသတ္ႀကီး လည္း သိ ေလာက္ မယ္ထင္ပါတယ္။ သူကေတာ့ဇနီးျဖစ္သူခင္စံပယ္ဦးနဲ႔အတူသာယာ ေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့မိသားစုေလးကိုဖန္တီးထားၿပီး လက္ရွိမွာေတာ့ သမီးေလးတစ္ ေယာ က္နဲ႔သားတစ္ေယာက္ကိုပိုင္ဆိုင္ရရွိထားတာျဖစ္ပါတယ္။

ဒီေန႔ဇူလိုင္လ(၇)ရက္ေန႔ကေတာ့ ခင္စံပယ္ဦးရဲ႕မိခင္ႀကီး ေဒၚသန္းသန္းရဲ႕ေမြးေန႔ရက္ျမတ္ ေလး ပဲျဖစ္ပါတယ္။ မိခင္ျဖစ္သူရဲ႕ ေမြးေန႔အႀကိဳအလႉအျဖစ္ မိသားစုစုံစုံညီညီတဲ့”ပိုသူလႈ လိုသူကူ”မွ စီစဥ္မည့္ဖားကန႔္ၿမိဳ႕ေျမၿပိဳမႈတြင္လႈဒါန္းႏိုင္ရန္အလႈေငြ (၁၀)သိန္းက်ပ္တိတိကို လႈဒါန္းေပးခဲ့တယ္လို႔သိရပါတယ္ပါသည္။ဒီေန႔ဇူလိုင္လ(၇)ရက္မွာက်ေရာက္တဲ့မိခင္ႀကီးရဲ႕ေမြးေန႔အတြက္ေမြးေန႔အလႉကို လူမင္းႏွင့္ ခင္စံပယ္ဦးတို႔ကမိသားစုစုံစုံညီညီနဲ႔ ျပဳလုပ္ေပးခဲ့တဲ့အေၾကာင္းပရိသတ္ႀကီးအတြက္ျပန္ လည္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Unicode

အလှုငွေ (၁၀) သိန်းကို မိခင်ရဲ့ မွေးနေ့အကြိုအလှူအဖြစ် ဖားကန့်မြို့မြေပြိုမှုအတွက်လှူဒါန်းခဲ့တဲ့ လူမင်း

နိုင်ငံကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်လူမင်းကိုတော့ ပရိသတ်ကြီး လည်း သိ လောက် မယ်ထင်ပါတယ်။ သူကတော့ဇနီးဖြစ်သူခင်စံပယ်ဦးနဲ့အတူသာယာ ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုလေးကိုဖန်တီးထားပြီး လက်ရှိမှာတော့ သမီးလေးတစ် ယော က်နဲ့သားတစ်ယောက်ကိုပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။

ဒီနေ့ဇူလိုင်လ(၇)ရက်နေ့ကတော့ ခင်စံပယ်ဦးရဲ့မိခင်ကြီး ဒေါ်သန်းသန်းရဲ့မွေးနေ့ရက်မြတ် လေး ပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ မွေးနေ့အကြိုအလှူအဖြစ် မိသားစုစုံစုံညီညီတဲ့”ပိုသူလှု လိုသူကူ”မှ စီစဉ်မည့်ဖားကန့်မြို့မြေပြိုမှုတွင်လှုဒါန်းနိုင်ရန်အလှုငွေ (၁၀)သိန်းကျပ်တိတိကို လှုဒါန်းပေးခဲ့တယ်လို့သိရပါတယ်ပါသည်။ဒီနေ့ဇူလိုင်လ(၇)ရက်မှာကျရောက်တဲ့မိခင်ကြီးရဲ့မွေးနေ့အတွက်မွေးနေ့အလှူကို လူမင်းနှင့် ခင်စံပယ်ဦးတို့ကမိသားစုစုံစုံညီညီနဲ့ ပြုလုပ်ပေးခဲ့တဲ့အကြောင်းပရိသတ်ကြီးအတွက်ပြန် လည် ဖော်ပြပေးလိုက်ပါတယ်နော်။

အက္ရွင္မင္းသမီးေလးလို႔ လူသိမ်ားတဲ့ယဥ္လတ္ စစ္ေဆးတကၠသိုလ္မွာ တာဝန္ထမ္းေဆာင္ေတာ့မည္

အက္ရွင္မင္းသမီးေလးလို႔ လူသိမ်ားတဲ့ယဥ္လတ္ စစ္ေဆးတကၠသိုလ္မွာ တာဝန္ထမ္းေဆာင္ေတာ့မည္

စစ္ေဆးတကၠသိုလ္မွာ တာဝန္ထမ္းေဆာင္ေတာ့မည့္ သ႐ုပ္ေဆာင္ယဥ္လတ္အက္ရွင္မင္းသမီးေလးလို႔ လူသိမ်ားတဲ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ယဥ္လတ္ ဟာဆိုရင္ သ႐ုပ္ေဆာင္ ပီျပင္ၿပီးက်ရာ ဇာတ္႐ုပ္ကိုပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ သူမကိုအားေပးတဲ့ ပရိသတ္အခိုင္အမာရရွိထားတာပဲ ျဖစ္ပါတယ္

ခုအခ်ိန္ကပ္ေရာဂါဆိုးႀကီး ျဖစ္ပြားေနခိန္မွာေတာ့သ႐ုပ္ေဆာင္အလုပ္စြန႔္ခြာၿပီး စစ္ေဆးတကၠသိုလ္မွာပဲ တာဝန္ထမ္းေဆာင္ေတာ့မွာပါစစ္ေဆးတကၠသိုလ္ယူနီေဖာင္းေလးနဲ႔ ယဥ္လတ္ ရဲ႕ ပုံရိပ္ေလးေတြက အရမ္းကို ၾကည့္ေကာင္းေနတာပဲျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ ယဥ္လတ္ရဲ႕ ပုံရိပ္ကေလးေတြကို ပရိသတ္ေတြ သေဘာက်လိမ့္မယ္ ထင္ပါတယ္။ၾကည့္ရႈေပးၾကတဲ့ပရိသ တ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။

Unicode

အက်ရှင်မင်းသမီးလေးလို့ လူသိများတဲ့ယဉ်လတ် စစ်ဆေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်တော့မည်

စစ်ဆေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်တော့မည့် သရုပ်ဆောင်ယဉ်လတ်အက်ရှင်မင်းသမီးလေးလို့ လူသိများတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ယဉ်လတ် ဟာဆိုရင် သရုပ်ဆောင် ပီပြင်ပြီးကျရာ ဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် သူမကိုအားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်

ခုအချိန်ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေခိန်မှာတော့သရုပ်ဆောင်အလုပ်စွန့်ခွာပြီး စစ်ဆေးတက္ကသိုလ်မှာပဲ တာဝန်ထမ်းဆောင်တော့မှာပါစစ်ဆေးတက္ကသိုလ်ယူနီဖောင်းလေးနဲ့ ယဉ်လတ် ရဲ့ ပုံရိပ်လေးတွေက အရမ်းကို ကြည့်ကောင်းနေတာပဲဖြစ်ပါတယ်။

သရုပ်ဆောင် ယဉ်လတ်ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသ တ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။