ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္၌ က်န္းမာေရးဝန္ထမ္း ၁၇၀၀ ေက်ာ္ ေသဆုံးခဲ့

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္၌ က်န္းမာေရးဝန္ထမ္း ၁၇၀၀ ေက်ာ္ ေသဆုံးခဲ့

အေမရိကန္ႏိုင္ငံ၌ က်န္းမာေရးဝန္ထမ္း ၁၇၀၀ ေက်ာ္မွာ ကိုဗစ္-၁၉ ေရာဂါ၊ အျခားဆက္စပ္ေရာဂါမ်ား ေၾကာင့္ ေသဆုံးခဲ့ၿပီး ေသဆုံးသူ အမ်ားစုက တစ္ကိုယ္ေရကာကြယ္ေရးဝတ္စုံ (ပီပီအီး) အလုံ အေလာက္ မရရွိခဲ့ေၾကာင္း သူနာျပဳသမဂၢက ေျပာၾကားသည္။

အေမရိကန္ အမ်ိဳးသားသူနာျပဳသမဂၢ (NNU) က ထုတ္ျပန္ခဲ့သည့္ “အစိုးရက ကိုဗစ္-၁၉ ေရာဂါ ေျခရာခံမႈ မလုပ္ေဆာင္ႏိုင္မႈက က်န္းမာေရးလုပ္သား ၁၇၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ျပည္သူ႔က်န္းမာေရး ထိခိုက္ခဲ့ပုံ” ဆို ေသာ အစီရင္ခံစာအရ အေမရိကန္ႏိုင္ငံရွိ က်န္းမာေရးလုပ္သားမ်ား ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈႏွင့္ ကူးစက္ မႈမ်ား ျမင့္တက္ခဲ့ေၾကာင္း သိရသည္။

အေမရိကန္အစိုးရက ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ေျခရာခံရန္ႏွင့္ ဗိုင္းရပ္စ္ဆိုင္ရာ ပြင့္လင္းျမင္သာေသာ၊ တိ က်ေသာ၊ အခ်ိန္မွန္ေသာ အခ်က္အလက္မ်ား မထုတ္ျပန္ႏိုင္ခဲ့ဟု အစီရင္ခံစာက ဆိုသည္။ဗိုင္းရပ္စ္ဆိုင္ရာ အေသးစိတ္အခ်က္အလက္မ်ား မထုတ္ျပန္ႏိုင္မႈေၾကာင့္ သူနာျပဳမ်ား၊ က်န္းမာေရးလုပ္ သားမ်ားႏွင့္ ၄င္းတို႔၏မိဘမ်ား၏ က်န္းမာေရးကို အႏၲရာယ္ျဖစ္ေစခဲ့သည္ဟု ဆိုသည္။

အေမရိကန္ႏိုင္ငံတစ္ဝန္း က်န္းမာေရးဝန္ထမ္း ၁၅၆၃၀၆ ဦး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရေၾကာင္း ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ တားဆီးကာကြယ္ေရးဗဟိုဌာနက ထုတ္ျပန္ခဲ့ေသာ္လည္း NNU ၏ အခ်က္အလက္မ်ား အရ ဗိုင္းရပ္စ္ကူးစက္ခံရသူ က်န္းမာေရးဝန္ထမ္းဦးေရမွာ ၂၅၈၇၆၈ ဦးရွိေၾကာင္း သိရသည္။

က်န္းမာေရးဝန္ထမ္းမ်ား ေဘးအႏၲရာယ္ကင္းစြာ တာဝန္ထမ္းေဆာင္ႏိုင္ရန္ ၁၉၅၀ ခုႏွစ္၊ ကာကြယ္ေရး ပစၥည္း ထုတ္လုပ္ေရးအက္ဥပေဒအရ ပီပီအီးဝတ္စုံမ်ား ျပည္တြင္း၌တိုးျမႇင့္ထုတ္လုပ္ရန္ NNU က အေမရိကန္ ဗဟိုအစိုးရအား တိုက္တြန္းခဲ့သည္။

Unicode

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်၌ ကျန်းမာရေးဝန်ထမ်း ၁၇၀၀ ကျော် သေဆုံးခဲ့

အမေရိကန်နိုင်ငံ၌ ကျန်းမာရေးဝန်ထမ်း ၁၇၀၀ ကျော်မှာ ကိုဗစ်-၁၉ ရောဂါ၊ အခြားဆက်စပ်ရောဂါများ ကြောင့် သေဆုံးခဲ့ပြီး သေဆုံးသူ အများစုက တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (ပီပီအီး) အလုံ အလောက် မရရှိခဲ့ကြောင်း သူနာပြုသမဂ္ဂက ပြောကြားသည်။

အမေရိကန် အမျိုးသားသူနာပြုသမဂ္ဂ (NNU) က ထုတ်ပြန်ခဲ့သည့် “အစိုးရက ကိုဗစ်-၁၉ ရောဂါ ခြေရာခံမှု မလုပ်ဆောင်နိုင်မှုက ကျန်းမာရေးလုပ်သား ၁၇၀၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကျန်းမာရေး ထိခိုက်ခဲ့ပုံ” ဆို သော အစီရင်ခံစာအရ အမေရိကန်နိုင်ငံရှိ ကျန်းမာရေးလုပ်သားများ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှင့် ကူးစက် မှုများ မြင့်တက်ခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ခြေရာခံရန်နှင့် ဗိုင်းရပ်စ်ဆိုင်ရာ ပွင့်လင်းမြင်သာသော၊ တိ ကျသော၊ အချိန်မှန်သော အချက်အလက်များ မထုတ်ပြန်နိုင်ခဲ့ဟု အစီရင်ခံစာက ဆိုသည်။ဗိုင်းရပ်စ်ဆိုင်ရာ အသေးစိတ်အချက်အလက်များ မထုတ်ပြန်နိုင်မှုကြောင့် သူနာပြုများ၊ ကျန်းမာရေးလုပ် သားများနှင့် ၄င်းတို့၏မိဘများ၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေခဲ့သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ထမ်း ၁၅၆၃၀၆ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဗဟိုဌာနက ထုတ်ပြန်ခဲ့သော်လည်း NNU ၏ အချက်အလက်များ အရ ဗိုင်းရပ်စ်ကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းဦးရေမှာ ၂၅၈၇၆၈ ဦးရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းများ ဘေးအန္တရာယ်ကင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန် ၁၉၅၀ ခုနှစ်၊ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးအက်ဥပဒေအရ ပီပီအီးဝတ်စုံများ ပြည်တွင်း၌တိုးမြှင့်ထုတ်လုပ်ရန် NNU က အမေရိကန် ဗဟိုအစိုးရအား တိုက်တွန်းခဲ့သည်။

မႏၲေလးတိုင္း ေ႐ႊဒါး႐ြာအနီး ၁၂ဘီးယာဥ္ေမာင္အိပ္ငိုက္ၿပီး ဆီေဘာက္ဆာကားကိုဝင္တိုက္

မႏၲေလးတိုင္း ေ႐ႊဒါး႐ြာအနီး ၁၂ဘီးယာဥ္ေမာင္အိပ္ငိုက္ၿပီး ဆီေဘာက္ဆာကားကိုဝင္တိုက္

မႏၲေလးတိုင္းေဒသႀကီး ၊ ရမည္းသင္းၿမိဳ႕နယ္ေ႐ႊဒါး႐ြာအနီးတြင္ ၁၂ဘီးယာဥ္ေမာင္းအိပ္ငိုက္၍ တစ္ဘက္ယာဥ္ေၾကာသို႔ေရာက္ရွိကာ ဆီေဘာက္ဆာယာဥ္ ႏွင့္ဆိုင္ကယ္တစ္စီးအား မ်က္ႏွာခ်င္းဆိုင္တိုက္မိသျဖင့္ ဆီေဘာက္ဆာယာဥ္ေပၚပါယာဥ္ေနာက္လိုက္ေသဆုံးသြားေၾကာင္း ရမည္းသင္းၿမိဳ႕နယ္ ႐ြာတန္းနယ္ေျမစခန္းမွ သိရသည္။

” ယာဥ္တိုက္မႈျဖစ္တာဟုတ္ပါတယ္၊ ၁၂ဘီးယာဥ္းေမာင္းက အိပ္ငိုက္လို႔ တစ္ဘက္ယာဥ္ေၾကာကိုေရာက္သြားၿပီးေျမာက္ဘက္က ေတာင္ဘက္ကိုေမာင္းႏွင္လာတဲ့ဆီေဘာက္ဆာ ကားကိုတိုက္တယ္၊ ၿပီးေတာ့ ဆိုင္ကယ္ တစ္စီးကိုမ်က္ႏွာခ်င္းဆိုင္တိုက္မိသြားတာပါ ” ဟုရမည္းသင္းၿမိဳ႕နယ္၊ ႐ြာတန္းနယ္ေျမစခန္းမႉး ရဲအုပ္ ဝင္းထြဋ္ရွိန္ ကေျပာသည္။

ျဖစ္စဥ္မွာယာဥ္ေမာင္းမင္းေဇာ္စိုး ေမာင္းႏွင္သည့္4G/ YGN — နစ္ဆန္းအမ်ိဳးအစား ၁၂ဘီးယာဥ္သည္ရန္ကုန္- မႏၲေလး လမ္းေဟာင္းအတိုင္း ေတာင္ဘက္မွ ေျမာက္ဘက္သို႔ေမာင္းႏွင္လာစဥ္စက္တင္ဘာ၃၀ရက္မနက္၁၀နာရီ၅၅မိနစ္ခ်ိန္ခန္႔က ရန္ကုန္- မႏၲေလးလမ္းေဟာင္း မိုင္တိုင္ ၃၀၆/ ၁ အနီးအေရာက္တြင္ ယာဥ္ေမာင္းမင္းေဇာ္စိုးအိပ္ငိုက္၍

တစ္ဘက္ယာဥ္ေၾကာသို႔ေရာက္ရွိသြားကာယာဥ္ေမာင္း ထြန္းႏိုင္ဦး(၃၂)ႏွစ္(ဘ)ဦးျမင့္ ေမာင္းႏွင္သည့္ 2 I /MDY —- ဆီေဘာက္ဆာတြဲယာဥ္ျဖင့္ မ်က္ႏွာခ်င္းဆိုင္တိုက္မိၿပီးအဆိုပါယာဥ္ႏွင့္လားရာတူ ယာဥ္ေမာင္း ကိုဆန္းေဌး(၃၆)ႏွစ္ေမာင္းႏွင္လာသည့္ ၄၉ယ/— ကင္ဘို 125ဆိုင္ကယ္အားဆက္တိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္၊

အဆိုပါယာဥ္တိုက္မႈေၾကာင့္ ၁၂ဘီးဆီေဘာက္ဆာတြဲယာဥ္ေပၚပါ ယာဥ္ေနာက္လိုက္ ကိုေဌးလြင္တြင္ ဦးေခါင္းဝဲဘက္ေပါက္ၿပဲ၊ယာဘက္လက္ဖ်ံေပါက္ၿပဲ ၊ ခႏၶာကိုယ္တြင္ပြန္းပဲ့ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ေသဆုံးၿပီး၊၂ဘက္ယာဥ္ေမာင္းျဖစ္ၾကသည့္မင္းေဇာ္စိုး၊ထြန္းႏိုင္ဦး ႏွင့္ ရမည္းသင္းၿမိဳ႕နယ္ ရန္ေနာင္ေက်း႐ြာအုပ္စုကန္သာေအးေက်း႐ြာ ေနဆိုင္ကယ္ယာဥ္ေမာင္း ကိုဆန္းေဌးတို႔ ပြန္းပဲ့ဒဏ္ရာ(မစိုးရိမ္ရ)အသီးသီးရရွိခဲ့ေၾကာင္းသိရသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္႐ြာတန္းနယ္ေျမရဲစခန္မႉး ရဲအုပ္ဝင္းထြဋ္ရွိန္က တရားလိုျပဳလုပ္တိုင္ၾကားေသာေၾကာင့္႐ြာတန္းနယ္ေျမရဲစခန္းမွယာဥ္(ပ) ၇/ ၂၀၂၀ရာဇသတ္ႀကီးပုဒ္မ- ၃၀၄- က/၃၃၈/၃၃၇တို႔ ျဖင့္အမႈဖြင့္လွစ္၍ ၁၂ ဘီးကားယာဥ္ေမာင္းမင္းေဇာ္စိုး(၂၄)ႏွစ္အား ဖမ္းဆီးကာ တရားစြဲတင္ပို႔ႏိုင္ေရးစစ္ေဆးေဆာင္႐ြက္လွ်က္ရွိေၾကာင္းသိရသည္။

Unicode

မန္တလေးတိုင်း ရွှေဒါးရွာအနီး ၁၂ဘီးယာဉ်မောင်အိပ်ငိုက်ပြီး ဆီဘောက်ဆာကားကိုဝင်တိုက်

မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းမြို့နယ်ရွှေဒါးရွာအနီးတွင် ၁၂ဘီးယာဉ်မောင်းအိပ်ငိုက်၍ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ ဆီဘောက်ဆာယာဉ် နှင့်ဆိုင်ကယ်တစ်စီးအား မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဆီဘောက်ဆာယာဉ်ပေါ်ပါယာဉ်နောက်လိုက်သေဆုံးသွားကြောင်း ရမည်းသင်းမြို့နယ် ရွာတန်းနယ်မြေစခန်းမှ သိရသည်။

” ယာဉ်တိုက်မှုဖြစ်တာဟုတ်ပါတယ်၊ ၁၂ဘီးယာဉ်းမောင်းက အိပ်ငိုက်လို့ တစ်ဘက်ယာဉ်ကြောကိုရောက်သွားပြီးမြောက်ဘက်က တောင်ဘက်ကိုမောင်းနှင်လာတဲ့ဆီဘောက်ဆာ ကားကိုတိုက်တယ်၊ ပြီးတော့ ဆိုင်ကယ် တစ်စီးကိုမျက်နှာချင်းဆိုင်တိုက်မိသွားတာပါ ” ဟုရမည်းသင်းမြို့နယ်၊ ရွာတန်းနယ်မြေစခန်းမှူး ရဲအုပ် ဝင်းထွဋ်ရှိန် ကပြောသည်။

ဖြစ်စဉ်မှာယာဉ်မောင်းမင်းဇော်စိုး မောင်းနှင်သည့်4G/ YGN — နစ်ဆန်းအမျိုးအစား ၁၂ဘီးယာဉ်သည်ရန်ကုန်- မန္တလေး လမ်းဟောင်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့မောင်းနှင်လာစဉ်စက်တင်ဘာ၃၀ရက်မနက်၁၀နာရီ၅၅မိနစ်ချိန်ခန့်က ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၀၆/ ၁ အနီးအရောက်တွင် ယာဉ်မောင်းမင်းဇော်စိုးအိပ်ငိုက်၍

တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိသွားကာယာဉ်မောင်း ထွန်းနိုင်ဦး(၃၂)နှစ်(ဘ)ဦးမြင့် မောင်းနှင်သည့် 2 I /MDY —- ဆီဘောက်ဆာတွဲယာဉ်ဖြင့် မျက်နှာချင်းဆိုင်တိုက်မိပြီးအဆိုပါယာဉ်နှင့်လားရာတူ ယာဉ်မောင်း ကိုဆန်းဌေး(၃၆)နှစ်မောင်းနှင်လာသည့် ၄၉ယ/— ကင်ဘို 125ဆိုင်ကယ်အားဆက်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်၊

အဆိုပါယာဉ်တိုက်မှုကြောင့် ၁၂ဘီးဆီဘောက်ဆာတွဲယာဉ်ပေါ်ပါ ယာဉ်နောက်လိုက် ကိုဌေးလွင်တွင် ဦးခေါင်းဝဲဘက်ပေါက်ပြဲ၊ယာဘက်လက်ဖျံပေါက်ပြဲ ၊ ခန္ဓာကိုယ်တွင်ပွန်းပဲ့ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးပြီး၊၂ဘက်ယာဉ်မောင်းဖြစ်ကြသည့်မင်းဇော်စိုး၊ထွန်းနိုင်ဦး နှင့် ရမည်းသင်းမြို့နယ် ရန်နောင်ကျေးရွာအုပ်စုကန်သာအေးကျေးရွာ နေဆိုင်ကယ်ယာဉ်မောင်း ကိုဆန်းဌေးတို့ ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)အသီးသီးရရှိခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့်ရွာတန်းနယ်မြေရဲစခန်မှူး ရဲအုပ်ဝင်းထွဋ်ရှိန်က တရားလိုပြုလုပ်တိုင်ကြားသောကြောင့်ရွာတန်းနယ်မြေရဲစခန်းမှယာဉ်(ပ) ၇/ ၂၀၂၀ရာဇသတ်ကြီးပုဒ်မ- ၃၀၄- က/၃၃၈/၃၃၇တို့ ဖြင့်အမှုဖွင့်လှစ်၍ ၁၂ ဘီးကားယာဉ်မောင်းမင်းဇော်စိုး(၂၄)နှစ်အား ဖမ်းဆီးကာ တရားစွဲတင်ပို့နိုင်ရေးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ေအာက္တိုဘာလ ၁ ရက္ေန႔မွစၿပီး တနသၤာရီတိုင္းအတြင္းဝင္/ထြက္မယ့္ ကားအားလုံးကို စတင္ပိတ္လိုက္ၿပီ

ေအာက္တိုဘာလ ၁ ရက္ေန႔မွစၿပီး တနသၤာရီတိုင္းအတြင္းဝင္/ထြက္မယ့္ ကားအားလုံးကို စတင္ပိတ္လိုက္ၿပီ

တနသၤာရီတိုင္းေဒသႀကီး ကိုဗစ္ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီက တိုင္းေက်ာ္ ခရီးသြားလာခြင့္ကို ေအာက္တိုဘာလ ၁ ရက္ေန႔မွစၿပီး ပိတ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ကုန္တင္ကား​ေတြကို​ေတာ့ယာဥ္ေမာင္းတစ္ဦးႏွင့္ ယာဥ္ေနာက္လိုက္တစ္ဦး လိုက္ပါၿပီးသြားလာခြင့္ျပဳထားတယ္လို႔သိရပါတယ္။

တနသၤာရီတိုင္းအတြင္းဝင္လာမယ့္ ကား ၊တနသၤာရီတိုင္း ျပင္ပထြက္ခြာမယ့္ ကားအားလုံးကို မလႊဲေတာင္ စစ္ေဆးေရးဂိတ္တြင္ စတင္ပိတ္လိုက္ၿပီလို႔ သိရပါတယ္။

Unicode

အောက်တိုဘာလ ၁ ရက်နေ့မှစပြီး တနင်္သာရီတိုင်းအတွင်းဝင်/ထွက်မယ့် ကားအားလုံးကို စတင်ပိတ်လိုက်ပြီ

တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက တိုင်းကျော် ခရီးသွားလာခွင့်ကို အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ပိတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

ကုန်တင်ကား​တွေကို​တော့ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦး လိုက်ပါပြီးသွားလာခွင့်ပြုထားတယ်လို့သိရပါတယ်။

တနင်္သာရီတိုင်းအတွင်းဝင်လာမယ့် ကား ၊တနင်္သာရီတိုင်း ပြင်ပထွက်ခွာမယ့် ကားအားလုံးကို မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် စတင်ပိတ်လိုက်ပြီလို့ သိရပါတယ်။

အရပ္ပုသူမ်ားက အရပ္ရွည္သူမ်ားထက္ ပိုအသက္ရွည္ေၾကာင္း ေလ့လာေတြ႕ရွိ

အရပ္ပုသူမ်ားက အရပ္ရွည္သူမ်ားထက္ ပိုအသက္ရွည္ေၾကာင္း ေလ့လာေတြ႕ရွိ

ေဆးဘက္ဆိုင္ရာ သုေတသနပညာရွင္ေတြက လူတစ္ေယာက္ရဲ႕ အရပ္အျမင့္ဟာ ၎တို႔ရဲ႕ အသက္အ႐ြယ္နဲ႔ ဆက္စပ္ေနတယ္လို႔ ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။ဒီေၾကျငာခ်က္ဟာ အရပ္အနိမ့္အျမင့္ေပၚမွာ အေျခခံၿပီး သုေတသနျပဳထားတဲ့ ရလာဒ္ကေန ထြက္ေပၚလာတာ ျဖစ္ပါတယ္။

အဲဒီစစ္တမ္းထဲမွာ အရပ္ျမင့္သူေတြဟာ သက္တမ္းမေစ့မီ ေသဆုံးႏိုင္ေခ်ရွိေၾကာင္း ေတြ႕ရွိခဲ့ၿပီး၊ အရပ္ျမင့္သူမ်ားအေနနဲ႔ စိုးရိမ္ဖြယ္ရာ ရလာဒ္ျဖစ္တယ္လို႔လည္း သတိေပးထားခဲ့ပါတယ္။ၿပီးခဲ့တဲ့အပတ္က ၿဗိတိန္ႏိုင္ငံရဲ႕ အရပ္အျမင့္ဆုံးလူသား Neil Fingleton ဟာ အသက္ 36 ႏွစ္မွာ ေသဆုံးခဲ့ၿပီးသူရဲ႕အရပ္ဟာ 7 ေပ 7 လက္မ အထိ ျမင့္ပါတယ္။

ဒါ့အျပင္ 7 ေပ 7 လက္မ အျမင့္ရွိတဲ့ Matthew McGory နဲ႔ 8 ေပ အရပ္အျမင့္ရွိတဲ့ Robert Wadlow တို႔ဟာ အသက္ 33 ႏွစ္အ႐ြယ္မွာ ေစာေစာစီးစီးကြယ္လြန္ခဲ့ၾကတဲ့ လူသိမ်ားတဲ့ ထင္ရွားသူေတြ ျဖစ္ပါတယ္။သိပၸံပညာရွင္ေတြရဲ႕ ယူဆခ်က္အရ မ်ားျပားလွတဲ့ ႀကီးထြားဟိုမုန္းေတြဟာ အရပ္ကိုသာ ျမင့္ေစသည္ မဟုတ္ဘဲ၊ ႏွလုံးေရာဂါကိုလည္း ျဖစ္ေစႏိုင္သလို၊ အ႐ြယ္မတိုင္ခင္ ေသဆုံးျခင္းကိုလည္း ဦးတည္ေစတယ္လို႔ ဆိုပါတယ္။

လူတစ္ဦးခ်င္းဆီမွာ ဦးေႏွာက္ထဲရွိ Pituitary gland က ေနထုတ္လုပ္ေပးတဲ့ ႀကီးထြားဟိုမုန္းပမာဏဟာ ျခားနားေလ့ရွိၾကၿပီး၊ ယင္းႀကီးထြားဟိုမုန္းေတြဟာ ႏွလုံးေရာဂါနဲ႔ တိုက္႐ိုက္ဆက္စပ္ေနတယ္လို႔ သိရပါတယ္။ဟိုမုန္းပမာဏ မ်ားျပားျခင္းဟာ ႏွလုံးႂကြက္သားနံရံေတြကို ထူေစၿပီး၊ ႏွလုံးတြင္းေသြးစီးဆင္းမႈကို

အခ်ိဳးအစားမက် ျဖစ္ေစေၾကာင္း Postgraduate Medical Journal of the British Medical Journal မွာ ေဖာ္ျပထားပါတယ္။အရပ္ျမင့္သူေတြဟာ ဆီးခ်ိဳေသြးခ်ိဳကိုလည္း အျခားသူေတြထက္ ခံရႏိုင္ေခ် ပိုမ်ားတယ္လို႔ ယင္းသုေတသန စစ္တမ္းမွာ ေဖာ္ျပထားၿပီး၊

သာမာန္အားျဖင့္ အရပ္ 5 ေပ 2 လက္မေအာက္ အရပ္အျမင့္ရွိသူေတြကေတာ့ သက္တမ္းေစ့ေအာင္ ေနႏိုင္ၾကေလ့ရွိေၾကာင္း သိရပါတယ္။ဒါေပမယ့္ အရပ္ျမင့္သူမ်ားအေနနဲ႔လည္း အရမ္းႀကီး စိုးရိမ္ဖို႔ မလိုေၾကာင္း၊ လူတစ္ေယာက္ရဲ႕

က်န္းမာေရးဟာ ကိုယ္လက္ ေလ့က်င့္ခန္းမလုပ္တာနဲ႔လည္း သက္ဆိုင္ေၾကာင္း၊ လူတိုင္း က်န္းမာလိုပါက ေန႔စဥ္ ကိုယ္လက္ေလ့က်င့္ခန္း လုပ္ေဆာင္သင့္ေၾကာင္း အႀကံေပးထားပါတယ္။ၿဗိတိန္အရပ္အျမင့္ဆုံးလူသား Neil Fingleton ဟာ ႏွလုံးေရာဂါနဲ႔ အသက္ 36 ႏွစ္မွာ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

Unicode

အရပ်ပုသူများက အရပ်ရှည်သူများထက် ပိုအသက်ရှည်ကြောင်း လေ့လာတွေ့ရှိ

ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်တွေက လူတစ်ယောက်ရဲ့ အရပ်အမြင့်ဟာ ၎င်းတို့ရဲ့ အသက်အရွယ်နဲ့ ဆက်စပ်နေတယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ဒီကြေငြာချက်ဟာ အရပ်အနိမ့်အမြင့်ပေါ်မှာ အခြေခံပြီး သုတေသနပြုထားတဲ့ ရလာဒ်ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီစစ်တမ်းထဲမှာ အရပ်မြင့်သူတွေဟာ သက်တမ်းမစေ့မီ သေဆုံးနိုင်ချေရှိကြောင်း တွေ့ရှိခဲ့ပြီး၊ အရပ်မြင့်သူများအနေနဲ့ စိုးရိမ်ဖွယ်ရာ ရလာဒ်ဖြစ်တယ်လို့လည်း သတိပေးထားခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်က ဗြိတိန်နိုင်ငံရဲ့ အရပ်အမြင့်ဆုံးလူသား Neil Fingleton ဟာ အသက် 36 နှစ်မှာ သေဆုံးခဲ့ပြီးသူရဲ့အရပ်ဟာ 7 ပေ 7 လက်မ အထိ မြင့်ပါတယ်။

ဒါ့အပြင် 7 ပေ 7 လက်မ အမြင့်ရှိတဲ့ Matthew McGory နဲ့ 8 ပေ အရပ်အမြင့်ရှိတဲ့ Robert Wadlow တို့ဟာ အသက် 33 နှစ်အရွယ်မှာ စောစောစီးစီးကွယ်လွန်ခဲ့ကြတဲ့ လူသိများတဲ့ ထင်ရှားသူတွေ ဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်အရ များပြားလှတဲ့ ကြီးထွားဟိုမုန်းတွေဟာ အရပ်ကိုသာ မြင့်စေသည် မဟုတ်ဘဲ၊ နှလုံးရောဂါကိုလည်း ဖြစ်စေနိုင်သလို၊ အရွယ်မတိုင်ခင် သေဆုံးခြင်းကိုလည်း ဦးတည်စေတယ်လို့ ဆိုပါတယ်။

လူတစ်ဦးချင်းဆီမှာ ဦးနှောက်ထဲရှိ Pituitary gland က နေထုတ်လုပ်ပေးတဲ့ ကြီးထွားဟိုမုန်းပမာဏဟာ ခြားနားလေ့ရှိကြပြီး၊ ယင်းကြီးထွားဟိုမုန်းတွေဟာ နှလုံးရောဂါနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ သိရပါတယ်။ဟိုမုန်းပမာဏ များပြားခြင်းဟာ နှလုံးကြွက်သားနံရံတွေကို ထူစေပြီး၊ နှလုံးတွင်းသွေးစီးဆင်းမှုကို

အချိုးအစားမကျ ဖြစ်စေကြောင်း Postgraduate Medical Journal of the British Medical Journal မှာ ဖော်ပြထားပါတယ်။အရပ်မြင့်သူတွေဟာ ဆီးချိုသွေးချိုကိုလည်း အခြားသူတွေထက် ခံရနိုင်ချေ ပိုများတယ်လို့ ယင်းသုတေသန စစ်တမ်းမှာ ဖော်ပြထားပြီး၊

သာမာန်အားဖြင့် အရပ် 5 ပေ 2 လက်မအောက် အရပ်အမြင့်ရှိသူတွေကတော့ သက်တမ်းစေ့အောင် နေနိုင်ကြလေ့ရှိကြောင်း သိရပါတယ်။ဒါပေမယ့် အရပ်မြင့်သူများအနေနဲ့လည်း အရမ်းကြီး စိုးရိမ်ဖို့ မလိုကြောင်း၊ လူတစ်ယောက်ရဲ့

ကျန်းမာရေးဟာ ကိုယ်လက် လေ့ကျင့်ခန်းမလုပ်တာနဲ့လည်း သက်ဆိုင်ကြောင်း၊ လူတိုင်း ကျန်းမာလိုပါက နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်သင့်ကြောင်း အကြံပေးထားပါတယ်။ဗြိတိန်အရပ်အမြင့်ဆုံးလူသား Neil Fingleton ဟာ နှလုံးရောဂါနဲ့ အသက် 36 နှစ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ေက်ာက္ထီးေလးေစတီတည္ရန္ ေတာင္ေပၚအထိ အုတ္ေတြသယ္ၿပီး လုပ္အားေပးေနတဲ့ ဂြမ္းပုံနဲ႔ခင္လႈိင္

ေက်ာက္ထီးေလးေစတီတည္ရန္ ေတာင္ေပၚအထိ အုတ္ေတြသယ္ၿပီး လုပ္အားေပးေနတဲ့ ဂြမ္းပုံနဲ႔ခင္လႈိင္

ဇာတ္ပို႔သ႐ုပ္ေဆာင္အကယ္ဒမီဂြမ္းပုံကေတာ့ ဇာတ္ကားေတြအမ်ားအျပားမွာ ဇာတ္ပို႔ေနရာကေန ပါဝင္သ႐ုပ္ေဆာင္လာတဲ့သူပဲျဖစ္ပါတယ္။ဂြမ္းပုံက သေဘာထားျပည့္ဝၿပီး ပြင့္လင္း႐ိုးသားလို႔

ပရိသတ္ေတြက တစိုက္မက္မက္နဲ႔အားေပးေနၾကတာျဖစ္ပါတယ္။ယခုလိုကိုဗစ္ကာလမွာေတာ့ ဂြမ္းပုံတို႔အႏုပညာရွင္ေတြလည္း ႐ိုက္ကူးေရးေတြ ရပ္နားထားရတာျဖစ္ပါတယ္ေနာ္။

ဂြမ္းပုံက သ႐ုပ္ေဆာင္၊ဒါ႐ိုက္တာခင္လႈိင္နဲ႔လည္း ေမာင္ႏွမအရင္းေတြလို ခင္မင္ရင္းႏွီးၿပီး အႏုပညာအလုပ္ေတြကိုအတူတူတြဲလုပ္ေနၾကတာျဖစ္ပါတယ္။ဂြမ္းပုံနဲ႔ခင္လႈိင္တို႔ကလည္း အခ်င္းခ်င္းေဖးမကူညီၾကၿပီး

ဘယ္ေနရာမဆို တက္ညီလက္ညီရွိၾကတဲ့ အႏုပညာေမာင္ႏွမေတြျဖစ္ၾကပါတယ္ေနာ္။ဂြမ္းပုံက မၾကာခဏလည္း ခရီးေတြထြက္ၿပီး ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ေနတာျဖစ္ပါတယ္။

အခုဆိုရင္လည္း ဂြမ္းပုံနဲ႔ခင္လႈိင္တို႔ အႏုပညာေမာင္ႏွမတစ္စုက ႐ိုက္ကူးေရးေတြနားထားတဲ့အခ်ိန္မွာ လုပ္အားကုသိုလ္ေလးယူေနၾကတာျဖစ္ပါတယ္။ဂြမ္းပုံကေတာ့”႐ိုက္ကူးေရး..ရပ္နားထားခဏတာ..”ေက်ာက္ထီးေလး”..ေစတီေတာ္ျမတ္မွာ..

ဘိလပ္ေျမ/အုတ္..တစ္ပိုင္တစ္ႏိုင္..သြားေရာက္လႉဒါန္းၾက…”ဆိုၿပီး ေရးသားထားတာျဖစ္ပါတယ္။ေစတီတည္ဖို႔အတြက္ တစ္တပ္တစ္အားပါဝင္ေနၾကတဲ့ ဂြမ္းပုံတို႔ရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါရေစေနာ္။

Unicode

ကျောက်ထီးလေးစေတီတည်ရန် တောင်ပေါ်အထိ အုတ်တွေသယ်ပြီး လုပ်အားပေးနေတဲ့ ဂွမ်းပုံနဲ့ခင်လှိုင်

ဇာတ်ပို့သရုပ်ဆောင်အကယ်ဒမီဂွမ်းပုံကတော့ ဇာတ်ကားတွေအများအပြားမှာ ဇာတ်ပို့နေရာကနေ ပါဝင်သရုပ်ဆောင်လာတဲ့သူပဲဖြစ်ပါတယ်။ဂွမ်းပုံက သဘောထားပြည့်ဝပြီး ပွင့်လင်းရိုးသားလို့

ပရိသတ်တွေက တစိုက်မက်မက်နဲ့အားပေးနေကြတာဖြစ်ပါတယ်။ယခုလိုကိုဗစ်ကာလမှာတော့ ဂွမ်းပုံတို့အနုပညာရှင်တွေလည်း ရိုက်ကူးရေးတွေ ရပ်နားထားရတာဖြစ်ပါတယ်နော်။

ဂွမ်းပုံက သရုပ်ဆောင်၊ဒါရိုက်တာခင်လှိုင်နဲ့လည်း မောင်နှမအရင်းတွေလို ခင်မင်ရင်းနှီးပြီး အနုပညာအလုပ်တွေကိုအတူတူတွဲလုပ်နေကြတာဖြစ်ပါတယ်။ဂွမ်းပုံနဲ့ခင်လှိုင်တို့ကလည်း အချင်းချင်းဖေးမကူညီကြပြီး

ဘယ်နေရာမဆို တက်ညီလက်ညီရှိကြတဲ့ အနုပညာမောင်နှမတွေဖြစ်ကြပါတယ်နော်။ဂွမ်းပုံက မကြာခဏလည်း ခရီးတွေထွက်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ဂွမ်းပုံနဲ့ခင်လှိုင်တို့ အနုပညာမောင်နှမတစ်စုက ရိုက်ကူးရေးတွေနားထားတဲ့အချိန်မှာ လုပ်အားကုသိုလ်လေးယူနေကြတာဖြစ်ပါတယ်။ဂွမ်းပုံကတော့”ရိုက်ကူးရေး..ရပ်နားထားခဏတာ..”ကျောက်ထီးလေး”..စေတီတော်မြတ်မှာ..

ဘိလပ်မြေ/အုတ်..တစ်ပိုင်တစ်နိုင်..သွားရောက်လှူဒါန်းကြ…”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။စေတီတည်ဖို့အတွက် တစ်တပ်တစ်အားပါဝင်နေကြတဲ့ ဂွမ်းပုံတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

ဘဝတူ အေျခခံလူတန္းစားေတြကို အလႉအတန္းေတြလုပ္မယ္ဆိုတဲ့ သိန္းတစ္ေသာင္းခြဲ ကံထူးရွင္ ဦးတင္ေမာင္ၫႊန႔္

ဘဝတူ အေျခခံလူတန္းစားေတြကို အလႉအတန္းေတြလုပ္မယ္ဆိုတဲ့ သိန္းတစ္ေသာင္းခြဲ ကံထူးရွင္ ဦးတင္ေမာင္ၫႊန႔္

ဒီကေန႔ ေအာက္တိုဘာလ (၁)ရက္ေန႔မွာ ထြက္ရွိတဲ့ အႀကိမ္ (၂၀)ႀကိမ္ေျမာက္ ထီဖြင့္မွာ အႀကီးဆုံးဆုျဖစ္တဲ့ က်ပ္သိန္းတစါေသာင္းခြဲဆုကိုေတာ့ ဟၤသာၿမိဳ႕နယ္ သုံးခြေက်း႐ြာက လယ္ယာလုပ္ကိုင္တဲ့ မိသားစုတစ္စုက ဆြတ္ခူးခဲ့ပါတယ္။

ကံထူးရွင္ မိသားစုရဲ႕ အိမ္ေထာင္ဦးစီးျဖစ္သူ ဦးတင္ေမာင္ၫႊန႔္က ဟသၤာတၿမိဳ႕ မဂၤလာဆြယ္ေတာ္ ထီဆိုင္ကေန (၂၈)ရက္ေန႔က ကံစမ္းထိုးခဲ့တဲ့ ထီလက္မွတ္ကေန လ-၉၁၄၂၃၇ နံပတ္နဲ႔ သိန္းတစ္ေသာင္းခြဲဆုႀကီးကို ကံထူးခဲ့တာ ျဖစ္ပါတယ္။

“ ထီကေတာ့ အၿမဲတမ္းထိုးတယ္။ တစ္ခါမွမေပါက္ဖူးဘူးဗ်၊ ဒါပထမဆုံးေပါက္တာပဲ။ သိသိခ်င္း ယုံေတာင္ မယုံသလို အခုလည္း ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိေသးဘူး။ အရမ္းကိုေပ်ာ္ၿပီး ရင္ေတြတုန္ေနတယ္။ ေနာက္မွပဲ မိသားစုနဲ႔ ေအးေဆးတိုင္ပင္ၿပီး အလႉအတန္းေတြလုပ္ပါမယ္”လို႔ ကံထူးရွင္ ဦးတင္ေမာင္ၫြန႔္က ေျပာပါတယ္။

ကံထူးရွင္ မိသားစုက သားသမီးငါးေယာက္နဲ႔အတူ မိသားစုဝင္ (၇)ဦးရွိတယ္လို႔ သိရပါတယ္။ လယ္ယာလုပ္ ကိုင္စားေသာက္တဲ့သူေတြျဖစ္ၿပီး ဘဝမွာ အခက္အခဲမ်ားစြာ၊ ဒုကၡမ်ားစြာကို ရင္ဆိုင္ခဲ့ရတယ္လို႔လည္းဆိုပါတယ္။

“ ကြၽန္ေတာ္တို႔ မိသားစုကေတာ့ ေအာက္ေျခလူတန္းစားေတြပဲ။ ခႏၶာနဲ႔ ရင္းၿပီး လုပ္ကိုင္စားေသာက္ေနၾကရတာ။ဆင္းရဲတာေပါ့ဗ်ာ။ ဒုကၡမ်ိဳးစုံကို ခံစားခဲ့ရတာေပါ့။အခုေတာ့ ဝမ္းသာေနတဲ့စိတ္နဲ႔ ဘာမွမစီစဥ္ႏိုင္ေသးဘူး။ ေနာက္မွမိသားစုနဲ႔ ေအးေဆးတိုင္ပင္ၿပီး ဘဝတူအေျခခံလူ တန္းစားေတြကို အလႉေတြလုပ္သြားမယ္”လို႔ ဦးတင္ေမာင္ၫြန႔္က ေျပာပါတယ္။

ကံထူးရွင္ မိသားစုက ဟသၤာၿမိဳ႕ မဂၤလာဆြယ္ေတာ္ ထီဆိုင္ကေန ကံထူးခဲ့တာျဖစ္ပါတယ္။ မဂၤလာဆြယ္ေတာ္ထီဆိုင္ကလည္း ေအာင္ဘာလထဖြင့္ပြဲႀကီးရဲ႕ ပထမအႀကိမ္ကေန အခုအႀကိမ္ (၂၀)ႀကိမ္ေျမာက္အထိ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို (၂)ခါ ဆြတ္ခူးေပးႏိုင္ခဲ့တဲ့ ထီဆိုင္ျဖစ္တယ္လို႔လည္း သိရပါတယ္။

Unicode

ဘဝတူ အခြေခံလူတန်းစားတွေကို အလှူအတန်းတွေလုပ်မယ်ဆိုတဲ့ သိန်းတစ်သောင်းခွဲ ကံထူးရှင် ဦးတင်မောင်ညွှန့်

ဒီကနေ့ အောက်တိုဘာလ (၁)ရက်နေ့မှာ ထွက်ရှိတဲ့ အကြိမ် (၂၀)ကြိမ်မြောက် ထီဖွင့်မှာ အကြီးဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစါသောင်းခွဲဆုကိုတော့ င်္ဟသာမြို့နယ် သုံးခွကျေးရွာက လယ်ယာလုပ်ကိုင်တဲ့ မိသားစုတစ်စုက ဆွတ်ခူးခဲ့ပါတယ်။

ကံထူးရှင် မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူ ဦးတင်မောင်ညွှန့်က ဟင်္သာတမြို့ မင်္ဂလာဆွယ်တော် ထီဆိုင်ကနေ (၂၈)ရက်နေ့က ကံစမ်းထိုးခဲ့တဲ့ ထီလက်မှတ်ကနေ လ-၉၁၄၂၃၇ နံပတ်နဲ့ သိန်းတစ်သောင်းခွဲဆုကြီးကို ကံထူးခဲ့တာ ဖြစ်ပါတယ်။

“ ထီကတော့ အမြဲတမ်းထိုးတယ်။ တစ်ခါမှမပေါက်ဖူးဘူးဗျ၊ ဒါပထမဆုံးပေါက်တာပဲ။ သိသိချင်း ယုံတောင် မယုံသလို အခုလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသေးဘူး။ အရမ်းကိုပျော်ပြီး ရင်တွေတုန်နေတယ်။ နောက်မှပဲ မိသားစုနဲ့ အေးဆေးတိုင်ပင်ပြီး အလှူအတန်းတွေလုပ်ပါမယ်”လို့ ကံထူးရှင် ဦးတင်မောင်ညွန့်က ပြောပါတယ်။

ကံထူးရှင် မိသားစုက သားသမီးငါးယောက်နဲ့အတူ မိသားစုဝင် (၇)ဦးရှိတယ်လို့ သိရပါတယ်။ လယ်ယာလုပ် ကိုင်စားသောက်တဲ့သူတွေဖြစ်ပြီး ဘဝမှာ အခက်အခဲများစွာ၊ ဒုက္ခများစွာကို ရင်ဆိုင်ခဲ့ရတယ်လို့လည်းဆိုပါတယ်။

“ ကျွန်တော်တို့ မိသားစုကတော့ အောက်ခြေလူတန်းစားတွေပဲ။ ခန္ဓာနဲ့ ရင်းပြီး လုပ်ကိုင်စားသောက်နေကြရတာ။ဆင်းရဲတာပေါ့ဗျာ။ ဒုက္ခမျိုးစုံကို ခံစားခဲ့ရတာပေါ့။အခုတော့ ဝမ်းသာနေတဲ့စိတ်နဲ့ ဘာမှမစီစဉ်နိုင်သေးဘူး။ နောက်မှမိသားစုနဲ့ အေးဆေးတိုင်ပင်ပြီး ဘဝတူအခြေခံလူ တန်းစားတွေကို အလှူတွေလုပ်သွားမယ်”လို့ ဦးတင်မောင်ညွန့်က ပြောပါတယ်။

ကံထူးရှင် မိသားစုက ဟင်္သာမြို့ မင်္ဂလာဆွယ်တော် ထီဆိုင်ကနေ ကံထူးခဲ့တာဖြစ်ပါတယ်။ မင်္ဂလာဆွယ်တော်ထီဆိုင်ကလည်း အောင်ဘာလထဖွင့်ပွဲကြီးရဲ့ ပထမအကြိမ်ကနေ အခုအကြိမ် (၂၀)ကြိမ်မြောက်အထိ ကျပ်သိန်းတစ်သောင်းခွဲဆုကို (၂)ခါ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ထီဆိုင်ဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ျမန္မာႏိုင္ငံအတြက္ ေစာစီးစြာရရွိေရး တ႐ုတ္ႏိုင္ငံသို႔ ေမတၱာရပ္ခံထား

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ျမန္မာႏိုင္ငံအတြက္ ေစာစီးစြာရရွိေရး တ႐ုတ္ႏိုင္ငံသို႔ ေမတၱာရပ္ခံထား

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ေဈးႏႈန္း ခ်ိဳသာစြာျဖင့္ ေစာစီးစြာ ရရွိေရးအတြက္ တ႐ုတ္ႏိုင္ငံအား ေမတၱာရပ္ခံထားၿပီး ကိုဗစ္-၁၉ ကူးစက္ေရာဂါ ကာကြယ္ေဆးအား ကမာၻ႔ျပည္သူမ်ား အသုံးျပဳႏိုင္မည့္ ကာကြယ္ေဆး အျဖစ္ ျဖန႔္ေဝမည့္ တ႐ုတ္ႏိုင္ငံ၏ ဆုံးျဖတ္ခ်က္အား ႀကိဳဆိုေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွ သတင္း ထုတ္ျပန္သည္။

အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္က စက္တင္ဘာ ၂၆ ရက္ေန႔၊ ဗြီဒီယို ကြန္ဖရင့္ စနစ္ျဖင့္ က်င္းပခဲ့သည့္ ဆင္းရဲႏြမ္းပါးမႈ ပေပ်ာက္ေရးႏွင့္ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္မႈ ဆိုင္ရာ အဆင့္ျမင့္ အစည္းအေဝး မိန္႔ခြန္း ေျပာၾကားရာတြင္ ယင္းသို႔ ထည့္သြင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ အေနျဖင့္ လက္ရွိ ႀကဳံေတြ႕ေနရေသာ က်န္းမာေရးဆိုင္ရာ စိန္ေခၚမႈမ်ား တုံ႔ျပန္ေရးႏွင့္ ဆင္းရဲႏြမ္းပါးမႈ ပုံစံမ်ိဳးစုံကို တိုက္ဖ်က္ေရးတြင္ အရင္းအျမစ္ အကန႔္အသတ္မ်ား ၾကားမွ လုပ္ကိုင္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း အဆိုပါ အစည္းအေဝးတြင္ ေျပာၾကားခဲ့သည္။

အစည္းအေဝးတြင္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိမွ သဘာပတိအျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး ဖြံ႕ၿဖိဳးဆဲႏိုင္ငံ (၁၃) ႏိုင္ငံမွ ဒုတိယ ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးအဆင့္ ကိုယ္စားလွယ္မ်ား၊ ကုလသမဂၢ ဒုတိယအတြင္းေရးမႉးခ်ဳပ္ Ms. Amina Mohammed၊ တို႔ တက္ေရာက္ခဲ့ေၾကာင္း သိရွိရသည္။

ကိုဗစ္-၁၉ ကူးစက္ေရာဂါ ထိန္းခ်ဳပ္မႈ အစီအမံမ်ားေၾကာင့္ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔ အၾကား နယ္စပ္ႏွင့္ ပုံမွန္ ကုန္သြယ္မႈ၊ ကုန္စည္စီးဆင္းမႈ ကြင္းဆက္ လြယ္ကူ ေခ်ာေမြ႕ေစေရးကို မထိခိုက္ေစဘဲ ဆက္လက္ ပူးေပါင္း ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္းကိုလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္း ေျပာၾကားခဲ့သည္ဟု ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ သတင္း ထုတ္ျပန္ထားသည္။

Unicode

ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာနိုင်ငံအတွက် စောစီးစွာရရှိရေး တရုတ်နိုင်ငံသို့ မေတ္တာရပ်ခံထား

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဈေးနှုန်း ချိုသာစွာဖြင့် စောစီးစွာ ရရှိရေးအတွက် တရုတ်နိုင်ငံအား မေတ္တာရပ်ခံထားပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးအား ကမ္ဘာ့ပြည်သူများ အသုံးပြုနိုင်မည့် ကာကွယ်ဆေး အဖြစ် ဖြန့်ဝေမည့် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်အား ကြိုဆိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က စက်တင်ဘာ ၂၆ ရက်နေ့၊ ဗွီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့သည့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အဆင့်မြင့် အစည်းအဝေး မိန့်ခွန်း ပြောကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် လက်ရှိ ကြုံတွေ့နေရသော ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ တုံ့ပြန်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပုံစံမျိုးစုံကို တိုက်ဖျက်ရေးတွင် အရင်းအမြစ် အကန့်အသတ်များ ကြားမှ လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အစည်းအဝေးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ (၁၃) နိုင်ငံမှ ဒုတိယ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဆင့် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Ms. Amina Mohammed၊ တို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်မှု အစီအမံများကြောင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အကြား နယ်စပ်နှင့် ပုံမှန် ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှု ကွင်းဆက် လွယ်ကူ ချောမွေ့စေရေးကို မထိခိုက်စေဘဲ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

စင္ကာပူႏိုင္ငံ ျမန္မာသံ႐ုံးမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပးၾကဖို႔ တန္းစီေနၾကၿပီ

စင္ကာပူႏိုင္ငံ ျမန္မာသံ႐ုံးမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပးၾကဖို႔ တန္းစီေနၾကၿပီ

၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ စင္ကာပူႏိုင္ငံ ျမန္မာသံ႐ုံးတြင္ ႀကိဳတင္မဲေပးဖို႔အတြက္ စိန႔္မာတင္လမ္းထဲတြင္ တစ္ဖက္တစ္ခ်က္တြင္ Social Distancing အတိုင္း တန္းစီရမယ္လို႔ သိရပါတယ္။ညာဘက္အျခမ္းမွာ ရန္ကုန္တိုင္းေဒသႀကီးမွ မဲေပးမည့္သူမ်ား တန္းစီရမည္ျဖစ္ၿပီး ဘယ္ဘက္အျခမ္းတြင္ အျခားျပည္နယ္ႏွင့္ တိုင္းမွ မဲေပးမည့္သူမ်ားတန္းစီရမည္ ျဖစ္ပါတယ္။

မနက္ (၉) နာရီတြင္ မဲစတင္ေပးရမွာျဖစ္ၿပီး အေစာႀကီးမလာၾကဖို႔ နဲ႔ စင္ကာပူႏိုင္ငံက ထုတ္ျပန္ထားတဲ့ ကိုဗစ္ဥပေဒမ်ားကို လိုက္နာၾကဖို႔ တိုက္တြန္းထားပါတယ္။ႀကိဳတင္မဲေပးရာတြင္ စိန႔္မာတင္လမ္းထဲတြင္ တစ္ဖက္တစ္ခ်က္တြင္ Social Distancing အတိုင္း တန္းစီရပါမည္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ အတြက္ ျမန္မာသံ႐ုံး(စင္ကာပူ)တြင္ ႀကိဳတင္မဲေပးၾကရာမွာ မျဖစ္မေနလိုအပ္ခ်က္ျဖစ္တဲ့ အိမ္သာ အတြက္ Mobile Toilet ၂ လုံးရွိပါတယ္။၁၈ ရက္လုံးစာအတြက္ အလႉရွင္ ကိုစန္းယုလႈိင္ ႏွင့္ မိသားစုက လႉထားတာ ျဖစ္ပါတယ္။

Unicode

စင်ကာပူနိုင်ငံ မြန်မာသံရုံးမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးကြဖို့ တန်းစီနေကြပြီ

၂၀၂၀ ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် ကြိုတင်မဲပေးဖို့အတွက် စိန့်မာတင်လမ်းထဲတွင် တစ်ဖက်တစ်ချက်တွင် Social Distancing အတိုင်း တန်းစီရမယ်လို့ သိရပါတယ်။ညာဘက်အခြမ်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ မဲပေးမည့်သူများ တန်းစီရမည်ဖြစ်ပြီး ဘယ်ဘက်အခြမ်းတွင် အခြားပြည်နယ်နှင့် တိုင်းမှ မဲပေးမည့်သူများတန်းစီရမည် ဖြစ်ပါတယ်။

မနက် (၉) နာရီတွင် မဲစတင်ပေးရမှာဖြစ်ပြီး အစောကြီးမလာကြဖို့ နဲ့ စင်ကာပူနိုင်ငံက ထုတ်ပြန်ထားတဲ့ ကိုဗစ်ဥပဒေများကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။ကြိုတင်မဲပေးရာတွင် စိန့်မာတင်လမ်းထဲတွင် တစ်ဖက်တစ်ချက်တွင် Social Distancing အတိုင်း တန်းစီရပါမည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် မြန်မာသံရုံး(စင်ကာပူ)တွင် ကြိုတင်မဲပေးကြရာမှာ မဖြစ်မနေလိုအပ်ချက်ဖြစ်တဲ့ အိမ်သာ အတွက် Mobile Toilet ၂ လုံးရှိပါတယ်။၁၈ ရက်လုံးစာအတွက် အလှူရှင် ကိုစန်းယုလှိုင် နှင့် မိသားစုက လှူထားတာ ဖြစ်ပါတယ်။

ကုိဗစ္ေၾကာင့္ ခြဲခြာရတဲ့ မိသားစုေလးမွ ရင္နင့္စြာခံစားရတဲ့ ၀မ္းနည္းေၾကကြဲဖြယ္ရာ ျဖစ္ရပ္

ကုိဗစ္ေၾကာင့္ ခြဲခြာရတဲ့ မိသားစုေလးမွ ရင္နင့္စြာခံစားရတဲ့ ၀မ္းနည္းေၾကကြဲဖြယ္ရာ ျဖစ္ရပ္

ေကာင္းမြန္စြာရွင္သန္ႏိုင္ပါေစ ကေလးေရဗိုက္ႀကီးသည္ေလးက14.9.20 မွာ မီးဖြားဖို႔မအူပင္က​ေနရန္ကုန္ထိေဆး႐ုံလာတတ္ရတယ္။

16ရက္ေန႔မွာ ခြဲေမြးတယ္။ကံဆိုးစြာနဲ႔ 18ရက္ေန႔မွာ ကေလးေရာ၊အေမပါ positive ျဖစ္ေနတယ္။အေဖက ေဆး႐ုံေစာင့္ရင္း positive ျဖစ္ၿပီး အျခားတေနရာမွာQဝင္ေနရေတာ့မယ္။ကိုဗစ္က ဒီေပ်ာ္စရာမိသားစုေလးကိုစတင္ဖ်က္ဆီး ပါၿပီ။မီးေနသည္မို႔အားနည္းေနတဲ့အေမနဲ႔ ကေလးအတြက္ ေစာင့္ေရွာက္ဖို႔ မီးအိမ္ရွင္က ကေလးရဲ႕အေဒၚပါ။ေရာဂါမရွိေပမဲ့ ေမြးကင္းစကေလးကိုေစာင့္ေရွာက္ဖို႔ တာဝန္ရွိသူေတြဆီခြင့္ေတာင္းၿပီးလိုက္လာခဲ့တယ္။

က​ေလးအေမကို22 ရက္ေန႔မွာ ေဖာင္ႀကီးပို႔တယ္။ကေလးအေဒၚလဲအမွီေရာက္လာတယ္။သူေရာက္ၿပီးသိပ္မၾကာခင္ကေလးအေမက oxygen ထိုးက်လာၿပီးလုံးဝ ျပန္မတတ္လာေတာ့ဘဲ ကိုဗစ္က အဆုံးထိေခၚေဆာင္သြားပါၿပီ။ အေမမရွိတဲ့ကေလးအတြက္ အေဒၚလုပ္သူကဘဲဆက္လက္ေစာင့္ေရွာက္ရင္းသူလဲ Positive ျဖစ္သြားပါတယ္။

ေယာင္းမနဲ႔ အကိုျဖစ္သူအတြက္စိတ္မေကာင္းရတဲ့အထဲ တူမျဖစ္သူေမြးကင္းစေလး ျဖစ္ေနတာကိုၾကည့္ရင္းသူပါPျဖစ္လာေတာ့ စိတ္ဓာတ္ကထိုးက်သြားပါၿပီ။စိတ္ဓာတ္ခြန္အားကိုအေတာ္ျပန္ျမႇင့္တင္ႏိုင္တာ ေလးစားမိပါတယ္။ကေလးအတြက္ရွင္သန္ရမယ္ဆိုတဲ့အသိနဲ႔ အားတင္းရင္းေဆးကုသမႈခံ ယူခဲ့တယ္။ကံတရားကက မ်က္ႏွာသာျပန္ေပးပါတယ္။

ကေလးေရာ မီးအိမ္ရွင္အေဒၚပါ Negativeျဖစ္သြားပါၿပီ။ကေလးေပၚ မိသားစုအေပၚတာဝန္ေက်ခဲ့တဲ့ ကေလးရဲ႕ မီးအိမ္ရွင္ျဖစ္တဲ့အေဒၚလုပ္သူကိုလဲ ကေလးကိုယ္စား ေက်းဇူးတင္မိတယ္။ေလးစားမိပါတယ္။အေဖလုပ္သူကေတာ့ ေဆးဆက္ကုသေနတုန္းပါ။သူ႔ရင္ထဲဘယ္ေလာက္ေတာင္ခံစားေနရမလဲ။ကေလးနဲ႔လဲမေတြ႕ရ မိန္းမ ရဲ႕ေနာက္ဆုံးအခ်ိန္လဲမမွီ။အသုဘလဲမခ်ရ…ဒီေလာက္ ေတာင္ဆိုး႐ြားတဲ့ကံၾကမၼာရဲ႕ ခ်ယ္လွယ္မႈကို ဆက္မခံပါနဲ႔။

အားမေလ်ာ့ပါနဲ႔.. အားတင္းၿပီး က်န္းမာ ေအာင္အျမန္လုပ္ပါ။ အေဖျပန္အလာကိုေစာင့္ေနတဲ့ကေလးဆီကို အေျပးျပန္လာႏိုင္ဖို႔က်န္းမာေအာင္ႀကိဳးစားပါေနာ္…။ေလာကဓံ ကျပင္းထန္လြန္းတယ္ ကေလးရယ္…ဒီကပ္ေဘးထဲမွာအသက္ရွင္ေအာင္႐ုန္းကန္ၿပီး လူ႔​ဘဝထဲ ဝင္လာခဲ့ၿပီးၿပီဘဲ..ဒီေလာက္ျပင္းထန္တဲ့ေလာကဓံကိုႀကံ့ႀကံ့ခိုင္ႏိုင္မွေတာ့ တစ္ဘဝလုံး စိတ္ဓာတ္မက်ဘဲ ေကာင္းမြန္စြာရွင္သန္ပါေနာ္…။

Unicode

ကိုဗစ်ကြောင့် ခွဲခွာရတဲ့ မိသားစုလေးမှ ရင်နင့်စွာခံစားရတဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်

ကောင်းမွန်စွာရှင်သန်နိုင်ပါစေ ကလေးရေဗိုက်ကြီးသည်လေးက14.9.20 မှာ မီးဖွားဖို့မအူပင်ကနေရန်ကုန်ထိဆေးရုံလာတတ်ရတယ်။

16ရက်နေ့မှာ ခွဲမွေးတယ်။ကံဆိုးစွာနဲ့ 18ရက်နေ့မှာ ကလေးရော၊အမေပါ positive ဖြစ်နေတယ်။အဖေက ဆေးရုံစောင့်ရင်း positive ဖြစ်ပြီး အခြားတနေရာမှာQဝင်နေရတော့မယ်။ကိုဗစ်က ဒီပျော်စရာမိသားစုလေးကိုစတင်ဖျက်ဆီး ပါပြီ။မီးနေသည်မို့အားနည်းနေတဲ့အမေနဲ့ ကလေးအတွက် စောင့်ရှောက်ဖို့ မီးအိမ်ရှင်က ကလေးရဲ့အဒေါ်ပါ။ရောဂါမရှိပေမဲ့ မွေးကင်းစကလေးကိုစောင့်ရှောက်ဖို့ တာဝန်ရှိသူတွေဆီခွင့်တောင်းပြီးလိုက်လာခဲ့တယ်။

ကလေးအမေကို22 ရက်နေ့မှာ ဖောင်ကြီးပို့တယ်။ကလေးအဒေါ်လဲအမှီရောက်လာတယ်။သူရောက်ပြီးသိပ်မကြာခင်ကလေးအမေက oxygen ထိုးကျလာပြီးလုံးဝ ပြန်မတတ်လာတော့ဘဲ ကိုဗစ်က အဆုံးထိခေါ်ဆောင်သွားပါပြီ။ အမေမရှိတဲ့ကလေးအတွက် အဒေါ်လုပ်သူကဘဲဆက်လက်စောင့်ရှောက်ရင်းသူလဲ Positive ဖြစ်သွားပါတယ်။

ယောင်းမနဲ့ အကိုဖြစ်သူအတွက်စိတ်မကောင်းရတဲ့အထဲ တူမဖြစ်သူမွေးကင်းစလေး ဖြစ်နေတာကိုကြည့်ရင်းသူပါPဖြစ်လာတော့ စိတ်ဓာတ်ကထိုးကျသွားပါပြီ။စိတ်ဓာတ်ခွန်အားကိုအတော်ပြန်မြှင့်တင်နိုင်တာ လေးစားမိပါတယ်။ကလေးအတွက်ရှင်သန်ရမယ်ဆိုတဲ့အသိနဲ့ အားတင်းရင်းဆေးကုသမှုခံ ယူခဲ့တယ်။ကံတရားကက မျက်နှာသာပြန်ပေးပါတယ်။

ကလေးရော မီးအိမ်ရှင်အဒေါ်ပါ Negativeဖြစ်သွားပါပြီ။ကလေးပေါ် မိသားစုအပေါ်တာဝန်ကျေခဲ့တဲ့ ကလေးရဲ့ မီးအိမ်ရှင်ဖြစ်တဲ့အဒေါ်လုပ်သူကိုလဲ ကလေးကိုယ်စား ကျေးဇူးတင်မိတယ်။လေးစားမိပါတယ်။အဖေလုပ်သူကတော့ ဆေးဆက်ကုသနေတုန်းပါ။သူ့ရင်ထဲဘယ်လောက်တောင်ခံစားနေရမလဲ။ကလေးနဲ့လဲမတွေ့ရ မိန်းမ ရဲ့နောက်ဆုံးအချိန်လဲမမှီ။အသုဘလဲမချရ…ဒီလောက် တောင်ဆိုးရွားတဲ့ကံကြမ္မာရဲ့ ချယ်လှယ်မှုကို ဆက်မခံပါနဲ့။

အားမလျော့ပါနဲ့.. အားတင်းပြီး ကျန်းမာ အောင်အမြန်လုပ်ပါ။ အဖေပြန်အလာကိုစောင့်နေတဲ့ကလေးဆီကို အပြေးပြန်လာနိုင်ဖို့ကျန်းမာအောင်ကြိုးစားပါနော်…။လောကဓံ ကပြင်းထန်လွန်းတယ် ကလေးရယ်…ဒီကပ်ဘေးထဲမှာအသက်ရှင်အောင်ရုန်းကန်ပြီး လူ့ဘဝထဲ ဝင်လာခဲ့ပြီးပြီဘဲ..ဒီလောက်ပြင်းထန်တဲ့လောကဓံကိုကြံ့ကြံ့ခိုင်နိုင်မှတော့ တစ်ဘဝလုံး စိတ်ဓာတ်မကျဘဲ ကောင်းမွန်စွာရှင်သန်ပါနော်…။

အႀကိမ္ (၂၀) ေျမာက္ သိန္းတေသာင္းဆုရွင္ ေတာင္ႀကီးၿမိဳ႕မွာ ထြက္ေပၚလာပါၿပီ

အႀကိမ္ (၂၀) ေျမာက္ သိန္းတေသာင္းဆုရွင္ ေတာင္ႀကီးၿမိဳ႕မွာ ထြက္ေပၚလာပါၿပီ

ယခုလ အႀကိမ္၂၀ ေျမာက္ သိန္း ၁ ေသာင္းဆုႀကီးကို ေတာင္ႀကီးၿမိဳ႕မွ ကိုစစ္သီဟသိန္းမွ ထိုက္ထိုက္တန္တန္ ဆြတ္ခူး ရရွိသြားပါတယ္။ သိန္းတစ္ေသာင္းဆု ရ ၉၅၈၈၂၇ နံပါတ္ပါ ထီလက္မွတ္နဲ႔ ဆြတ္ခူး သြားျခင္း ျဖစ္ပါတယ္။

ကံထူးရွင္ရဲ႕ အၿပဳံးပီတီနဲ႔ အတူ ကိုစစ္သီဟဟိန္း ေတာင္ႀကီးၿမိဳ႕ရဲ႕ ကံထူးရွင္အၿပဳံးပီတိကို ေဖာ္ျပ ေပးလိုက္ပါတယ္။

ဆုႀကီးေတြကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးသြားတဲ့လူေတြကို ၾကည့္႐ုံနဲ႔တင္ အေပ်ာ္ေတြကို ခံစားမိပါတယ္။ ကြၽန္ေတာ္တို႔ေပ့မွာ ထီေပါက္စဥ္ အျပည့္အစုံကို တင္ေပးထားပါတယ္။ မိတ္ေဆြတို႔လည္း ကံထူးေနၿပီလားဆိုတာ ထီတိုက္ေပးျခင္းျဖင့္ သိႏိုင္ပါတယ္။ ထီထိုးထားသူတိုင္း မျဖစ္မေန ထီတိုက္ေပးၾကပါ။

Unicode

အကြိမ် (၂၀) မြောက် သိန်းတသောင်းဆုရှင် တောင်ကြီးမြို့မှာ ထွက်ပေါ်လာပါပြီ

ယခုလ အကြိမ်၂၀ မြောက် သိန်း ၁ သောင်းဆုကြီးကို တောင်ကြီးမြို့မှ ကိုစစ်သီဟသိန်းမှ ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိသွားပါတယ်။ သိန်းတစ်သောင်းဆု ရ ၉၅၈၈၂၇ နံပါတ်ပါ ထီလက်မှတ်နဲ့ ဆွတ်ခူး သွားခြင်း ဖြစ်ပါတယ်။

ကံထူးရှင်ရဲ့ အပြုံးပီတီနဲ့ အတူ ကိုစစ်သီဟဟိန်း တောင်ကြီးမြို့ရဲ့ ကံထူးရှင်အပြုံးပီတိကို ဖော်ပြ ပေးလိုက်ပါတယ်။

ဆုကြီးတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားတဲ့လူတွေကို ကြည့်ရုံနဲ့တင် အပျော်တွေကို ခံစားမိပါတယ်။ ကျွန်တော်တို့ပေ့မှာ ထီပေါက်စဉ် အပြည့်အစုံကို တင်ပေးထားပါတယ်။ မိတ်ဆွေတို့လည်း ကံထူးနေပြီလားဆိုတာ ထီတိုက်ပေးခြင်းဖြင့် သိနိုင်ပါတယ်။ ထီထိုးထားသူတိုင်း မဖြစ်မနေ ထီတိုက်ပေးကြပါ။