ေျခစြယ္ငုတ္ေနသူမ်ား မနာမက်င္ပဲ ေနာက္ထပ္ ေျခစြယ္မငုတ္ေတာ့မည့္ နည္းလမ္းေကာင္း


ေျခစြယ္ငုတ္ျခင္းက ခံရခက္ၿပီး ကုသလို႔ အျမစ္မျပတ္ပဲ ျပန္ျဖစ္တတ္ပါတယ္။ တစ္ခ်ိဳ႕ေတြဆို မ်က္ရည္က်သည္ထိ လွီးျဖတ္ျပစ္ၾကၿပီး ဆီခ်က္ပူ ေလာင္းထည့္တာမ်ိဳးလည္း ျမင္ဘူးပါတယ္။ေနာက္ေတာ့ ျပန္ျဖစ္တာပါပဲ။ ခု ကြၽန္ေတာ္ေျပာျပမယ့္နည္းေလးက မနာမက်င္ပဲ ေျခသည္းဟာ တစ္ေျဖးေျဖး ျပန႔္လာၿပီး ေနာက္ထပ္ ေျခစြယ္မငုတ္ေတာ့ပါဘူး။

ေျခသဲ ေလးကလည္း ႏူးညံ့ေခ်ာမြတ္ၿပီး လွပလာပါလိမ့္မယ္။ေဆးက အေဝးႀကီး ရွာစရာမလိုတဲ့တြက္ အားလုံးအလြယ္ တကူ ေပ်ာက္ကင္းသက္သာႏိုင္ပါတယ္။ အိမ္သုံးဆား။ဟင္းအိုးထဲ ခတ္တဲ့ဆားပါ။ ဆားအနည္းငယ္ကို ေျခစြယ္ငုတ္ေနတဲ့ ေနရာမွာ ပုံထားေပးပါ။ ေရအနည္းငယ္ကို လက္ညိဳးနဲ႔ဆြတ္၍ တစ္စက္တည္း သာ ခ်ပါ။

ဆားပုံထားတဲ့ေပၚမွာ ခ်ရမွာ ျဖစ္ပါတယ္။ ဆားအေရေပ်ာ္ၿပီး ေဘးကို စီးက်သြားရင္ နဲနဲထပ္ပုံပါ။ ခဲခဲပုံပုံေလး ျဖစ္ေနရင္ ရပါၿပီ။တစ္ခုခုနဲ႔ မစည္းရပါဘူး။ ျပည္တည္ေနလွ်င္လည္း မေဖာက္ရပါဘူး။ တစ္ေန႔ကို ၅ ႀကိမ္ေလာက္ ပုံေပးပါ။၃ ရက္ေနလွ်င္ ဆားပုံထားတဲ့ေနရာက အေရခြံ ကြာက်လာပါလိမ့္မယ္။ မနာက်င္ေတာ့တာကိုလည္း အံ့ဩစြာ ေတြ႕ရမွာပါ။

အေရခြံ ကို လက္သည္းညႇပ္နဲ႔ ညႇပ္ပစ္လို႔ ရပါတယ္။ လုံးဝမနာက်င္ပါဘူး။ေျခသည္းေလး ျပန႔္လာခ်င္ရင္ေတာ့ တစ္ပတ္ တစ္ခါေလာက္ ေျခသည္းေထာင့္က ကုပ္ေနတဲ့ ေနရာေလးေတြမွာ ဆားပုံေပးပါ။အထူးသျဖင့္ ေတာင္သူ ဦးႀကီးေတြ ၊ ေဒၚႀကီးေတြ အသုံးတည့္မယ္ထင္ပါတယ္။ စမ္းသုံးၾကည့္လိုက္ပါဦး။ ေဘးထြက္ဆိုးက်ိဳး မရွိလို႔ ယုံၾကည္စြာ စမ္းၾကည့္ပါ။

Unicode

ခြေစွယ်ငုတ်နေသူများ မနာမကျင်ပဲ နောက်ထပ် ခြေစွယ်မငုတ်တော့မည့် နည်းလမ်းကောင်း

ခြေစွယ်ငုတ်ခြင်းက ခံရခက်ပြီး ကုသလို့ အမြစ်မပြတ်ပဲ ပြန်ဖြစ်တတ်ပါတယ်။ တစ်ချို့တွေဆို မျက်ရည်ကျသည်ထိ လှီးဖြတ်ပြစ်ကြပြီး ဆီချက်ပူ လောင်းထည့်တာမျိုးလည်း မြင်ဘူးပါတယ်။နောက်တော့ ပြန်ဖြစ်တာပါပဲ။ ခု ကျွန်တော်ပြောပြမယ့်နည်းလေးက မနာမကျင်ပဲ ခြေသည်းဟာ တစ်ဖြေးဖြေး ပြန့်လာပြီး နောက်ထပ် ခြေစွယ်မငုတ်တော့ပါဘူး။

ခြေသဲ လေးကလည်း နူးညံ့ချောမွတ်ပြီး လှပလာပါလိမ့်မယ်။ဆေးက အဝေးကြီး ရှာစရာမလိုတဲ့တွက် အားလုံးအလွယ် တကူ ပျောက်ကင်းသက်သာနိုင်ပါတယ်။ အိမ်သုံးဆား။ဟင်းအိုးထဲ ခတ်တဲ့ဆားပါ။ ဆားအနည်းငယ်ကို ခြေစွယ်ငုတ်နေတဲ့ နေရာမှာ ပုံထားပေးပါ။ ရေအနည်းငယ်ကို လက်ညိုးနဲ့ဆွတ်၍ တစ်စက်တည်း သာ ချပါ။

ဆားပုံထားတဲ့ပေါ်မှာ ချရမှာ ဖြစ်ပါတယ်။ ဆားအရေပျော်ပြီး ဘေးကို စီးကျသွားရင် နဲနဲထပ်ပုံပါ။ ခဲခဲပုံပုံလေး ဖြစ်နေရင် ရပါပြီ။တစ်ခုခုနဲ့ မစည်းရပါဘူး။ ပြည်တည်နေလျှင်လည်း မဖောက်ရပါဘူး။ တစ်နေ့ကို ၅ ကြိမ်လောက် ပုံပေးပါ။၃ ရက်နေလျှင် ဆားပုံထားတဲ့နေရာက အရေခွံ ကွာကျလာပါလိမ့်မယ်။ မနာကျင်တော့တာကိုလည်း အံ့ဩစွာ တွေ့ရမှာပါ။

အရေခွံ ကို လက်သည်းညှပ်နဲ့ ညှပ်ပစ်လို့ ရပါတယ်။ လုံးဝမနာကျင်ပါဘူး။ခြေသည်းလေး ပြန့်လာချင်ရင်တော့ တစ်ပတ် တစ်ခါလောက် ခြေသည်းထောင့်က ကုပ်နေတဲ့ နေရာလေးတွေမှာ ဆားပုံပေးပါ။အထူးသဖြင့် တောင်သူ ဦးကြီးတွေ ၊ ဒေါ်ကြီးတွေ အသုံးတည့်မယ်ထင်ပါတယ်။ စမ်းသုံးကြည့်လိုက်ပါဦး။ ဘေးထွက်ဆိုးကျိုး မရှိလို့ ယုံကြည်စွာ စမ်းကြည့်ပါ။

By mmnews

Leave a Reply

Your email address will not be published. Required fields are marked *