က်န္းမာေရးအတြက္ အံ့မခန္းအစြမ္းေတြေပးႏိုင္မယ့္ ၾကက္သြန္နီရဲ႕ ေကာင္းက်ိဳးမ်ား

ၾကက္သြန္နီကေတာ့ သင့္တို႔ရဲ႕ ေန႔စဥ္အစားအစာေတြမွာ ပါဝင္တဲ့ အသီးအႏွံတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေတြက ၾကက္သြန္နီကထြက္လာတဲ့ အနံက လူကို မႊန္ေစတာေၾကာင့္ တစ္ခ်ိဳ႕ေတြကေတာ့ မႀကိဳက္ၾကပါဘူး။

ဒါေပမယ့္ ၾကက္သြန္နီမွာ ပါတဲ့ အစြမ္းေတြကေတာ့ သင္ကိုယ္တိုင္ေတာင္ မယုံၾကည္ႏိုင္ေလာက္ေအာင္ က်န္းမာေရးအတြက္ အမ်ားႀကီး ေကာင္းက်ိဳးေပးတယ္ဆိုတာကို ေဆးသိပၸံေဖာ္ျပခ်က္ေတြအရ ေလ့လာေတြ႕ရွိရပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ ဟင္းေတြမွာ မပါမျဖစ္ အသုံးျပဳေနတဲ့ ၾကက္သြန္နီရဲ႕ ေကာင္းက်ိဳးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

(၁) အာဟာရဓာတ္မ်ား ျပည့္စုံစြာပါဝင္ျခင္း -ၾကက္သြန္နီဟာဆိုရင္ သင့္ခႏၶာကိုယ္က ကယ္လိုရီဓာတ္ေတြကို ေလ်ာ့ခ်ေပးႏိုင္တဲ့ အျပင္ ဗီတာမင္နဲ႔ အျခား ဓာတ္ေတြ ျပည့္ဝစြာ ပါဝင္တာေၾကာင့္ ခႏၶာကိုယ္အတြက္ အေထာက္အကူျဖစ္ေစတဲ့ ၾကက္သြန္ဥတစ္မ်ိဳး ျဖစ္ပါတယ္။(၂) ႏွလုံးေရာဂါကို ကာကြယ္ေပးျခင္း – ၾကက္သြန္နီကို ပုံမွန္စားသုံးျခင္းက သင့္ကို ႏွလုံးေရာဂါမျဖစ္ပြားႏိုင္ေအာင္

ကာကြယ္ေပးႏိုင္တဲ့ အျပင္ ေသြးဖိအားကို ျမင့္တက္ျခင္းကိုလည္း ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။(၃) ကင္ဆာနဲ႔ ဆီးခ်ိဳ ေသြးခ်ိဳေရာဂါေတြကို ကာကြယ္ေပးျခင္း – ၾကက္သြန္နီမွာပါဝင္တဲ့ ေရာင္ျခယ္ ဓာတ္တစ္မ်ိဳးျဖစ္တဲ့ Anthocyanins က ကင္ဆာေရာဂါကို ျဖစ္ပြားေစတဲ့ ဆဲလ္ေတြနဲ႔ ဆီးခ်ိဳေသြးခ်ိဳေရာဂါေတြကို မျဖစ္ပြားေအာင္ တားဆီးေပးႏိုင္ပါတယ္။

(၄) ေသြးတြင္း သၾကားဓာတ္ကို ထိန္းညႇိေပးျခင္း – ၾကက္သြန္နီမွာဆိုရင္ ခႏၶာကိုယ္ကို အေထာက္အကူျဖစ္ေစတဲ့ ဓာတ္မ်ားစြာပါဝင္တာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္တဲ့ အစြမ္းသတၱိလည္း ပါဝင္ပါတယ္။(၅) အ႐ိုးအဆစ္ေတြကို ႀကံခိုင္ေစျခင္း –

ၾကက္သြန္နီမွာပါတဲ့ ဓာတ္ေတြက ခႏၶာကိုယ္မွာ ရွိတဲ့ အ႐ိုးအဆစ္ေတြကို ႀကံခိုင္ေစတာေၾကာင့္ ယခုအခ်ိန္ကတည္းက ပုံမွန္စားသုံးမယ္ဆိုရင္ သင့္ကို ကာကြယ္မႈေတြ အမ်ားႀကီး ေပးႏိုင္ပါတယ္။(၆) ေရာဂါပိုးမႊားေတြကို ေသေစႏိုင္ျခင္း – လူခႏၶာကိုယ္ကို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ေရာဂါပိုးမႊားေတြကို တားဆီးေပးႏိုင္တဲ့ အစြမ္းသတၱိလည္း ပါဝင္တာေၾကာင့္ ေတာ္႐ုံ ဘက္တီးရီးယား သာမက ေၾကာက္စရာေကာင္းတဲ့ ပိုးမႊားေတြကိုလည္း တိုက္ခိုက္ႏိုင္စြမ္းရွိပါတယ္။

(၇) အစာေျခ စနစ္ကို ေကာင္းမြန္ေစျခင္း – ၾကက္သြန္နီမွာပါတဲ့ prebiotics သင့္ရဲ႕ အစာေျခစနစ္ကို ေကာင္းမြန္ေစတဲ့အျပင္ အစာအိမ္မွာရွိတဲ့ မလိုလားအပ္တဲ့ ပိုးမႊားေတြကို ေသေစတာေၾကာင့္ တကယ့္ကို အသုံးဝင္တဲ့ ေဆးတစ္လက္ပါ။

ဒါေၾကာင့္ သင့္ရဲ႕ က်န္းမာေရးအတြက္ တကယ့္ကို အေထာက္အကူျဖစ္ေစမယ့္ ေဆးဖက္ဝင္ အသီးအႏွံေတြက သင့္ရဲ႕ မီးဖိုေခ်ာင္ထဲမွာပဲရွိတာေၾကာင့္ လက္ေတြ႕က်က် အသုံးခ်ႏိုင္ဖို႔ အေရးႀကီးပါတယ္။ ကိုယ့္ရဲ႕ က်န္းမာေရးကို ဂ႐ုစိုက္ၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ဘဝေလးကို ပိုင္ဆိုင္ႏိုင္ဖို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

ကျန်းမာရေးအတွက် အံ့မခန်းအစွမ်းတွေပေးနိုင်မယ့် ကြက်သွန်နီရဲ့ ကောင်းကျိုးများ

ကြက်သွန်နီကတော့ သင့်တို့ရဲ့ နေ့စဉ်အစားအစာတွေမှာ ပါဝင်တဲ့ အသီးအနှံတစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ချို့တွေက ကြက်သွန်နီကထွက်လာတဲ့ အနံက လူကို မွှန်စေတာကြောင့် တစ်ချို့တွေကတော့ မကြိုက်ကြပါဘူး။

ဒါပေမယ့် ကြက်သွန်နီမှာ ပါတဲ့ အစွမ်းတွေကတော့ သင်ကိုယ်တိုင်တောင် မယုံကြည်နိုင်လောက်အောင် ကျန်းမာရေးအတွက် အများကြီး ကောင်းကျိုးပေးတယ်ဆိုတာကို ဆေးသိပ္ပံဖော်ပြချက်တွေအရ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် သင့်ရဲ့ ဟင်းတွေမှာ မပါမဖြစ် အသုံးပြုနေတဲ့ ကြက်သွန်နီရဲ့ ကောင်းကျိုးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) အာဟာရဓာတ်များ ပြည့်စုံစွာပါဝင်ခြင်း -ကြက်သွန်နီဟာဆိုရင် သင့်ခန္ဓာကိုယ်က ကယ်လိုရီဓာတ်တွေကို လျော့ချပေးနိုင်တဲ့ အပြင် ဗီတာမင်နဲ့ အခြား ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေတဲ့ ကြက်သွန်ဥတစ်မျိုး ဖြစ်ပါတယ်။(၂) နှလုံးရောဂါကို ကာကွယ်ပေးခြင်း – ကြက်သွန်နီကို ပုံမှန်စားသုံးခြင်းက သင့်ကို နှလုံးရောဂါမဖြစ်ပွားနိုင်အောင်

ကာကွယ်ပေးနိုင်တဲ့ အပြင် သွေးဖိအားကို မြင့်တက်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။(၃) ကင်ဆာနဲ့ ဆီးချို သွေးချိုရောဂါတွေကို ကာကွယ်ပေးခြင်း – ကြက်သွန်နီမှာပါဝင်တဲ့ ရောင်ခြယ် ဓာတ်တစ်မျိုးဖြစ်တဲ့ Anthocyanins က ကင်ဆာရောဂါကို ဖြစ်ပွားစေတဲ့ ဆဲလ်တွေနဲ့ ဆီးချိုသွေးချိုရောဂါတွေကို မဖြစ်ပွားအောင် တားဆီးပေးနိုင်ပါတယ်။

(၄) သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်း – ကြက်သွန်နီမှာဆိုရင် ခန္ဓာကိုယ်ကို အထောက်အကူဖြစ်စေတဲ့ ဓာတ်များစွာပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ပါဝင်ပါတယ်။(၅) အရိုးအဆစ်တွေကို ကြံခိုင်စေခြင်း –

ကြက်သွန်နီမှာပါတဲ့ ဓာတ်တွေက ခန္ဓာကိုယ်မှာ ရှိတဲ့ အရိုးအဆစ်တွေကို ကြံခိုင်စေတာကြောင့် ယခုအချိန်ကတည်းက ပုံမှန်စားသုံးမယ်ဆိုရင် သင့်ကို ကာကွယ်မှုတွေ အများကြီး ပေးနိုင်ပါတယ်။(၆) ရောဂါပိုးမွှားတွေကို သေစေနိုင်ခြင်း – လူခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေကို တားဆီးပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ပါဝင်တာကြောင့် တော်ရုံ ဘက်တီးရီးယား သာမက ကြောက်စရာကောင်းတဲ့ ပိုးမွှားတွေကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

(၇) အစာခြေ စနစ်ကို ကောင်းမွန်စေခြင်း – ကြက်သွန်နီမှာပါတဲ့ prebiotics သင့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အစာအိမ်မှာရှိတဲ့ မလိုလားအပ်တဲ့ ပိုးမွှားတွေကို သေစေတာကြောင့် တကယ့်ကို အသုံးဝင်တဲ့ ဆေးတစ်လက်ပါ။

ဒါကြောင့် သင့်ရဲ့ ကျန်းမာရေးအတွက် တကယ့်ကို အထောက်အကူဖြစ်စေမယ့် ဆေးဖက်ဝင် အသီးအနှံတွေက သင့်ရဲ့ မီးဖိုချောင်ထဲမှာပဲရှိတာကြောင့် လက်တွေ့ကျကျ အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

By mmnews

Leave a Reply

Your email address will not be published. Required fields are marked *