









Unicode

လက်ရှိတွဲနေတဲ့သူနဲ့ ယူဖြစ်ဖို့ မဖြစ်နိုင်ဘူး လို့ပြောလာတဲ့ မြတ်ကေသီအောင်

အကယ်ဒမီမင်းသမီးချော မြတ်ကေသီအောင်ဟာဆိုရင် တစ်ခေတ်တစ်ခါမှာ အရမ်းရေပန်းစားခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။မြတ်ကေသီအောင်က အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး

ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။မြတ်ကေသီအောင်ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်နော်။

မြဲတ်ကေသီအောင်ကတော့ အနုပညာလုပ်ငန်းတွေကိုရပ်နားထားပြီး တစ်ယောက်တည်းဘဝကို ဖြတ်သန်းလျှက်ရှိတာပါ ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မြတ်ကေသီအောင်ကလက်ရှိချစ်သူနဲ့ ဘဝတစ်ခုထူထောင်ဖို့ မဖြစ်နိုင်တဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

“လက်ရှိမှာ အချစ်ရေးနဲ့ပတ်သတ်ရင်တော့ ဆိုးတိုင်ပင်ကောင်းတိုင်ပင်ပေါ့ သူလိုတာရှိလို့ ကိုယ်တတ်နိုင်ရင်ကူညီပေးလိုက်တယ် ကိုယ်လိုတာရှိရင်လည်းသူကူညီပေးတယ် မလုပ်ပေးနိုင်ရင် အပြတ်ပြောလိုက်တယ်

ခုချိန်မှတော့ နှစ်ယောက်လက်တွဲပြီး ဘဝတစ်ခုတည်ဆောက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး အမအသက်အရွယ်နဲ့ဆိုင်တယ် နောက်ပြီး ကိုယ်က တစ်ယောက်တည်းနေရတာကို အရမ်းကို နေသားကျနေပြီ အဲ့ဒီတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး

အဓိကကတော့ ကိုယ့်ကိုကိုယ် ချစ်လိုက်တာ ပေါ့နော် နောက်ပိုင်းမှပဲကိုယ့်ကိုကိုယ် ချစ်တတ်လာတာပါ အရင်တုန်းကတော့ သူများကို အရမ်းချစ်တယ် ကိုယ့်အတွက်ထက် သူများဘာလိုအပ်လဲပဲကြည့်ပေးခဲ့တာပေါ့

အခုတော့ ကိုယ့်အတွက်ပဲကိုယ်ကြည့်တော့တယ် ကိုယ့်ကိုကိုယ်ပဲချစ်တယ် သူများကို မချစ်ဘူးတော့မဟုတ်ဘူး အရမ်းကြီးမနှစ်တော့တာပေါ့ “လို့ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်

မြတ်ကေသီအောင်ကတော့ လက်ရှိချစ်သူနဲ့ ဘဝတစ်ခုထူထောင်ဖို့ မဖြစ်နိုင်တဲ့အကြောင်းရင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် လူမှုကွန်ယက်မှာ လူပြောများနေတာဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်နော်


Leave a Reply

Your email address will not be published. Required fields are marked *