January 25, 2021
ကခ်င္ျပည္နယ္က ရန္ကုန္ကိုဗစ္တိုက္ပြဲကို စစ္ကူေပးဖို႔ က်န္းမာေရးဝန္ထမ္းေတြ လာၿပီ

ကခ်င္ျပည္နယ္က ရန္ကုန္ကိုဗစ္တိုက္ပြဲကို စစ္ကူေပးဖို႔ က်န္းမာေရးဝန္ထမ္းေတြ လာၿပီ

ကခ်င္ျပည္နယ္က ရန္ကုန္ကိုဗစ္တိုက္ပြဲကို စစ္ကူေပးဖို႔ က်န္းမာေရးဝန္ထမ္းေတြ လာၿပီ

ကခ်င္ျပည္နယ္အတြင္းရွိ ေဆး႐ုံမ်ားမွ ရန္ကုန္တိုင္းေဒသႀကီး ကိုဗစ္ကုသေရးဌာန (သာေကတ)သို႔ ျမစ္ႀကီးနားၿမိဳ႕မွ ေအာက္တိုဘာ (၅)ရက္ မြန္းလြဲ (၁)နာရီခြဲတြင္ သြားေရာက္တာဝန္ ထမ္းေဆာင္ၾကမည့္ သူနာျပဳဆရာ/ဆရာမမ်ားအား ျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားက ျမစ္ႀကီးနားျပည္သူ႔ေဆး႐ုံႀကီး၌ သြားေရာက္ေတြ႕ဆုံအားေပးခဲ့ၾကၿပီး ေထာက္ပံ့ ေငြမ်ား ေပးအပ္ခဲ့ၾကပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးသို႔ သြားေရာက္တာဝန္ထမ္းေဆာင္ၾကမည့္ သူနာျပဳဆရာ/ ဆရာမ (၂၀)ဦးတို႔သည္ ျမစ္ႀကီးနားၿမိဳ႕မွ ေမာ္ေတာ္ယာဥ္ျဖင့္ ထြက္ခြာမည္ျဖစ္ရာ ျပည္နယ္လူမႈေရးဝန္ႀကီး ဦးေနဝင္း၊ ျပည္နယ္ျပည္သူ႔က်န္းမာ/ကုသေရးဦးစီးဌာနမႉး ေဒါက္တာေအးသိန္း၊ ေဆး႐ုံအုပ္ႀကီး ေဒါက္တာတင္လွ၊ ျပည္နယ္ကုသေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာတင့္ႏိုင္၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးဦးသန္းဝင္းႏွင့္ေဆး႐ုံႀကီးမွ အထူးကုဆရာဝန္ႀကီးႏွင့္တာဝန္ရွိသူမ်ားက သြားေရာက္ ေတြ႕ဆုံၾကၿပီး ေနထိုင္စားေသာက္မႈႏွင့္ က်န္းမာေရးအထူးဂ႐ုစိုက္ေနထိုင္ၾကေရး အားေပးမွာၾကား ခဲ့ၾကပါတယ္။

ထို႔ေနာက္ သူနာျပဳဆရာ/ ဆရာမ်ား ရန္ကုန္တြင္ ေနထိုင္စားေသာက္မႈ အဆင္ေျပေစေရး အတြက္ ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားက ျပည္နယ္အစိုးရအဖြဲ႕မွ ေထာက္ပံ့သည့္ ေငြက်ပ္ ၁၀ သိန္း၊ ျပည္နယ္ကုသေရးဦးစီးဌာနမွ ၁၂ သိန္း စုစုေပါင္း (၂၂)သိန္းကို ေထာက္ပံ့ေပးအပ္ ခဲ့ၾကၿပီး သူနာျပဳဆရာ/ဆရာမမ်ားအား ႏႈတ္ဆက္ခဲ့ၾကပါတယ္။

အဆိုပါ ရန္ကုန္တိုင္းေဒသႀကီး ကိုဗစ္ ကုသေရးဌာန(သာေကတ)သို႔ သြားေရာက္တာဝန္ ထမ္းေဆာင္ၾကမည့္ သူနာျပဳဆရာ/ဆရာမတို႔အား ျပည္နယ္အစိုးရအဖြဲ႕မွ ေမာ္ေတာ္ယာဥ္စီစဥ္ေပးခဲ့ျခင္းျဖစ္ၿပီး အထက္တန္းသူနာျပဳ ဦးတင္လႈိင္ဦးႏွင့္ ေဒၚေအးသီတာခိုင္တို႔ ဦးေဆာင္၍ ျမစ္ႀကီးနား ျပည္သူ႔ေဆး႐ုံမွ (၁၂)ဦး၊ ဗန္းေမာ္ျပည္သူ႔ေဆး႐ုံမွ (၅)ဦး၊ မိုးညႇင္းခ႐ိုင္၊ ဟိုပင္၊ နမၼားတိုက္နယ္ ေဆး႐ုံတို႔မွ (၃)ဦး စုစုေပါင္း (၂၀)ဦးတို႔က သြားေရာက္ကူညီ အားျဖည့္တာဝန္ထမ္းေဆာင္ၾကမည္ ျဖစ္ေၾကာင္း သိရွိရပါတယ္။

Unicode

ကချင်ပြည်နယ်က ရန်ကုန်ကိုဗစ်တိုက်ပွဲကို စစ်ကူပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေ လာပြီ

ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်ကုသရေးဌာန (သာကေတ)သို့ မြစ်ကြီးနားမြို့မှ အောက်တိုဘာ (၅)ရက် မွန်းလွဲ (၁)နာရီခွဲတွင် သွားရောက်တာဝန် ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ဆရာမများအား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ သွားရောက်တွေ့ဆုံအားပေးခဲ့ကြပြီး ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ ဆရာမ (၂၀)ဦးတို့သည် မြစ်ကြီးနားမြို့မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှ၊ ပြည်နယ်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင့်နိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းဝင်းနှင့်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက သွားရောက် တွေ့ဆုံကြပြီး နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးအထူးဂရုစိုက်နေထိုင်ကြရေး အားပေးမှာကြား ခဲ့ကြပါတယ်။

ထို့နောက် သူနာပြုဆရာ/ ဆရာများ ရန်ကုန်တွင် နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတွက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၁၀ သိန်း၊ ပြည်နယ်ကုသရေးဦးစီးဌာနမှ ၁၂ သိန်း စုစုပေါင်း (၂၂)သိန်းကို ထောက်ပံ့ပေးအပ် ခဲ့ကြပြီး သူနာပြုဆရာ/ဆရာမများအား နှုတ်ဆက်ခဲ့ကြပါတယ်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ကုသရေးဌာန(သာကေတ)သို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ဆရာမတို့အား ပြည်နယ်အစိုးရအဖွဲ့မှ မော်တော်ယာဉ်စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး အထက်တန်းသူနာပြု ဦးတင်လှိုင်ဦးနှင့် ဒေါ်အေးသီတာခိုင်တို့ ဦးဆောင်၍ မြစ်ကြီးနား ပြည်သူ့ဆေးရုံမှ (၁၂)ဦး၊ ဗန်းမော်ပြည်သူ့ဆေးရုံမှ (၅)ဦး၊ မိုးညှင်းခရိုင်၊ ဟိုပင်၊ နမ္မားတိုက်နယ် ဆေးရုံတို့မှ (၃)ဦး စုစုပေါင်း (၂၀)ဦးတို့က သွားရောက်ကူညီ အားဖြည့်တာဝန်ထမ်းဆောင်ကြမည် ဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *