January 28, 2021
ရန္ကုန္မွာရွိတဲ့ COVID-19 အတည္ျပဳလူနာတင္ယာဥ္မ်ားအတြက္ UTG မွ တာယာမ်ားလႉဒါန္း

ရန္ကုန္မွာရွိတဲ့ COVID-19 အတည္ျပဳလူနာတင္ယာဥ္မ်ားအတြက္ UTG မွ တာယာမ်ားလႉဒါန္း

ရန္ကုန္မွာရွိတဲ့ COVID-19 အတည္ျပဳလူနာတင္ယာဥ္မ်ားအတြက္ UTG မွ တာယာမ်ားလႉဒါန္း

ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ COVID-19အတည္ျပဳလူနာေတြကိုေဆး႐ုံ၊ Quarantine Centre ေတြကို ပို႔ေဆာင္ေပးေနတဲ့ လူမႈကူညီေရးပရိဟိတအဖြဲ႕ေတြကယာဥ္ေတြကို United Tyre Group(UTG)က ကားတာယာေတြ အခမဲ့တပ္ဆင္လႉဒါန္းေပးခဲ့ပါတယ္။

“ကိုဗစ္ ဒုတိယလႈိင္းကပိုၿပီးျပင္းထန္တာေၾကာင့္ လူထုအားလုံး တစ္ေယာက္မက်န္ ပူးေပါင္းပါ ဝင္တိုက္ပြဲဝင္မွသာအႏိုင္ရရွိမယ္လို႔ ေဒါက္တာေဇာ္ေဝစိုးကေျပာတာကို ၾကားသိခဲ့ရတဲ့အတြက္ တစ္ဖက္တစ္လမ္းကေန ပါဝင္တိုက္ပြဲဝင္တဲ့အေနနဲ႔ အခုလိုကိုဗစ္လူနာသယ္တဲ့ကားေတြကို တာယာေတြတစ္ခါတည္းျဖဳတ္တပ္ၿပီးလဲလွယ္တပ္ဆင္ေပးတာပါ။ ကားအသုံးျပဳမႈကို လုံၿခဳံစိတ္ခ်စြာအသုံးျပဳႏိုင္ၿပီး ကိုဗစ္တိုက္ပြဲကိုလွ်င္ျမန္စြာတုံ႔ျပန္ေဆာင္႐ြက္ႏိုင္မယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔လႉဒါန္းခဲ့တာပါ”ဟု UTGကတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဦးမ်ိဳးသစ္ကေျပာပါတယ္။

အဲ့ဒီလိုလႉဒါန္းရာမွာရ လူမႈကူညီေရးအသင္းအဖြဲ႕ေတြက ေမာ္ေတာ္ယာဥ္အစီးေရ ၂၅၀ ေက်ာ္ကို တန္ဖိုးေငြက်ပ္သိန္း ၄၀၀ ခန႔္တန္ဖိုးရွိတဲ့ West Lake တာယာအလုံးေရ ၅၀၀ ေက်ာ္ကိုလဲလွယ္တပ္ဆင္လႉဒါန္းေပးခဲ့ၾကပါတယ္။

Unicode

ရန်ကုန်မှာရှိတဲ့ COVID-19 အတည်ပြုလူနာတင်ယာဉ်များအတွက် UTG မှ တာယာများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ COVID-19အတည်ပြုလူနာတွေကိုဆေးရုံ၊ Quarantine Centre တွေကို ပို့ဆောင်ပေးနေတဲ့ လူမှုကူညီရေးပရိဟိတအဖွဲ့တွေကယာဉ်တွေကို United Tyre Group(UTG)က ကားတာယာတွေ အခမဲ့တပ်ဆင်လှူဒါန်းပေးခဲ့ပါတယ်။

“ကိုဗစ် ဒုတိယလှိုင်းကပိုပြီးပြင်းထန်တာကြောင့် လူထုအားလုံး တစ်ယောက်မကျန် ပူးပေါင်းပါ ဝင်တိုက်ပွဲဝင်မှသာအနိုင်ရရှိမယ်လို့ ဒေါက်တာဇော်ဝေစိုးကပြောတာကို ကြားသိခဲ့ရတဲ့အတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်တိုက်ပွဲဝင်တဲ့အနေနဲ့ အခုလိုကိုဗစ်လူနာသယ်တဲ့ကားတွေကို တာယာတွေတစ်ခါတည်းဖြုတ်တပ်ပြီးလဲလှယ်တပ်ဆင်ပေးတာပါ။ ကားအသုံးပြုမှုကို လုံခြုံစိတ်ချစွာအသုံးပြုနိုင်ပြီး ကိုဗစ်တိုက်ပွဲကိုလျှင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့လှူဒါန်းခဲ့တာပါ”ဟု UTGကတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမျိုးသစ်ကပြောပါတယ်။

အဲ့ဒီလိုလှူဒါန်းရာမှာရ လူမှုကူညီရေးအသင်းအဖွဲ့တွေက မော်တော်ယာဉ်အစီးရေ ၂၅၀ ကျော်ကို တန်ဖိုးငွေကျပ်သိန်း ၄၀၀ ခန့်တန်ဖိုးရှိတဲ့ West Lake တာယာအလုံးရေ ၅၀၀ ကျော်ကိုလဲလှယ်တပ်ဆင်လှူဒါန်းပေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *