January 28, 2021
ရက္ေပါင္း(၁၈) ရက္တိတိ ေဆးကုသမႈခံယူၿပီးမွ အိမ္ျပန္ခြင့္ရၿပီျဖစ္တဲ့ဦး ေက်ာ္သူနဲ႔ထြန္းကိုကို

ရက္ေပါင္း(၁၈) ရက္တိတိ ေဆးကုသမႈခံယူၿပီးမွ အိမ္ျပန္ခြင့္ရၿပီျဖစ္တဲ့ဦး ေက်ာ္သူနဲ႔ထြန္းကိုကို

ရက္ေပါင္း(၁၈) ရက္တိတိ ေဆးကုသမႈခံယူၿပီးမွ အိမ္ျပန္ခြင့္ရၿပီျဖစ္တဲ့ဦး ေက်ာ္သူနဲ႔ထြန္းကိုကို

ပရိသတ္ႀကီးေရ လြန္ခဲ့တဲ့ ရက္ေတြက ကိုဗစ္ပိုးေတြ႕ရွိခဲ့တဲ့ ပရဟိတမင္းသားႏွစ္လက္ျဖစ္တဲ့ ဦးေက်ာ္သူနဲ႔ထြန္းကိုကိုတို႔ေၾကာင့္ ပရိသတ္ေတြဝမ္းနည္းစိတ္မေကာင္းျဖစ္ခဲ့ရေပမယ့္ အခုခ်ိန္မွာေတာ့ ဝမ္းသာစရာသတင္းေလး ေဆာင္ယူလာခဲ့ၿပီ ျဖစ္ပါတယ္။ ေဝဘာဂီေဆး႐ုံမွာ ရက္ေပါင္း(၁၈) ရက္တိတိ ကုသမႈခံယူအၿပီး ဒီေန႔ေန႔လည္မွာေတာ့ ဦးေက်ာ္သူနဲ႔ထြန္းကိုကိုတို႔ ႏွစ္ဦးစလုံး အိမ္ျပန္ခြင့္ရခဲ့ၿပီျဖ စ္ပါတယ္။

ေက်ာ္သူကေတာ့ အခုလိုအိမ္ျပန္ခြင့္ရဖို႔အတြက္ ေသြးရည္ၾကည္လႉဒါန္းေပးခဲ့တဲ့ မျမင္ရတဲ့အသက္သခင္ေက်းဇူးရွင္ ပဌာန္းဆက္ႏွစ္ဦးကိုေက်းဇူးတင္စကားဆိုခဲ့တဲ့အျပင္ ကုသေပးခဲ့ၾကေသာ ဆရာဝန္၊ဆရာဝန္မမ်ား၊က်န္းမာေရးဝန္ထမ္းမ်ား၊ေဝဘာဂီေဆး႐ုံအုပ္ႀကီးႏွင့္တကြ ျပင္ပမွကြၽန္ေတာ္တို႔အတြက္ အဟာရဒါနျပဳၾကေသာ အလႉရွင္အေပါင္းတို႔ႏွင့္ အားေပးႏွစ္သိမ့္ေမတၱာပို႔ၾကေသာ ညီ/ညီမငယ္ အႏုပညာရွင္ မ်ား၊ပရဟိတသမားမ်ား၊မိတ္ေဆြသဂၤဟမ်ား၊ျပည္သူလူထုအေပါင္းအျပင္ aန႔စဥ္ယေန႔တိုင္ ေဆး႐ုံတက္သည္မွအစျပဳ၍ ေမတၱာဓါတ္ ပို႔လႊတ္ေပးေနၾကေသာ ေက်းဇူးရွင္ဆရာေတာ္ဘုရားအေပါင္းတို႔အား ရင္ထဲႏွလုံးသားထဲမွလႈိက္လႈိက္လွဲလွဲ အထူးေက်းဇူးတင္ရွိကာ သာဓုေ ခၚဆိုေၾကာင္း ေရးသားမွ်ေဝခဲ့ပါတယ္။

ဒါ့အျပင္ ဦးေက်ာ္သူနဲ႔ထြန္းကိုကိုတို႔ ႏွစ္ဦးစလုံးကေတာ့ ေဝဘာဂီေဆး႐ုံကဆင္းၿပီး တစ္ပတ္တိတိ ကိုယ့္အိမ္မွာ ျပန္နားမွာျဖစ္ၿပီး တစ္ပတ္ျပည့္လို႔ ျပန္လည္ေဆးစစ္ခ်က္ယူၿပီး တစ္လခန႔္အၾကာမွာ ပရဟိတစိတ္ဓာတ္သစ္၊ အားမာန္သစ္ေတြနဲ႔ ျပည္သူလူထုအတြက္ ပရဟိတ တာဝန္ေတြကို ျပန္လည္ထမ္းေဆာင္ေတာ့မွာျဖစ္ေၾကာင္းကိုလည္း ဝမ္းသာၾကည္ႏူးစြာ မွ်ေဝခဲ့ပါတယ္။ ျပည္သူေတြရဲ႕ ေမတၱာစြမ္းအားနဲ႔ ကိုဗစ္ကပ္ေရာဂါႀကီးကို တြန္းလွန္ႏိုင္ခဲ့တဲ့ ေက်ာ္သူနဲ႔ထြန္းကိုကိုတို႔အတြက္ ပရိသတ္ႀကီးလည္း ဝမ္းသာ စကားေလးေျပာေပးခဲ့ပါဦးေနာ္။

Unicode

ရက်ပေါင်း(၁၈) ရက်တိတိ ဆေးကုသမှုခံယူပြီးမှ အိမ်ပြန်ခွင့်ရပြီဖြစ်တဲ့ဦး ကျော်သူနဲ့ထွန်းကိုကို

ပရိသတ်ကြီးရေ လွန်ခဲ့တဲ့ ရက်တွေက ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ ပရဟိတမင်းသားနှစ်လက်ဖြစ်တဲ့ ဦးကျော်သူနဲ့ထွန်းကိုကိုတို့ကြောင့် ပရိသတ်တွေဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရပေမယ့် အခုချိန်မှာတော့ ဝမ်းသာစရာသတင်းလေး ဆောင်ယူလာခဲ့ပြီ ဖြစ်ပါတယ်။ ဝေဘာဂီဆေးရုံမှာ ရက်ပေါင်း(၁၈) ရက်တိတိ ကုသမှုခံယူအပြီး ဒီနေ့နေ့လည်မှာတော့ ဦးကျော်သူနဲ့ထွန်းကိုကိုတို့ နှစ်ဦးစလုံး အိမ်ပြန်ခွင့်ရခဲ့ပြီဖြ စ်ပါတယ်။

ကျော်သူကတော့ အခုလိုအိမ်ပြန်ခွင့်ရဖို့အတွက် သွေးရည်ကြည်လှူဒါန်းပေးခဲ့တဲ့ မမြင်ရတဲ့အသက်သခင်ကျေးဇူးရှင် ပဌာန်းဆက်နှစ်ဦးကိုကျေးဇူးတင်စကားဆိုခဲ့တဲ့အပြင် ကုသပေးခဲ့ကြသော ဆရာဝန်၊ဆရာဝန်မများ၊ကျန်းမာရေးဝန်ထမ်းများ၊ဝေဘာဂီဆေးရုံအုပ်ကြီးနှင့်တကွ ပြင်ပမှကျွန်တော်တို့အတွက် အဟာရဒါနပြုကြသော အလှူရှင်အပေါင်းတို့နှင့် အားပေးနှစ်သိမ့်မေတ္တာပို့ကြသော ညီ/ညီမငယ် အနုပညာရှင် များ၊ပရဟိတသမားများ၊မိတ်ဆွေသင်္ဂဟများ၊ပြည်သူလူထုအပေါင်းအပြင် aန့စဉ်ယနေ့တိုင် ဆေးရုံတက်သည်မှအစပြု၍ မေတ္တာဓါတ် ပို့လွှတ်ပေးနေကြသော ကျေးဇူးရှင်ဆရာတော်ဘုရားအပေါင်းတို့အား ရင်ထဲနှလုံးသားထဲမှလှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိကာ သာဓုေ ခါ်ဆိုကြောင်း ရေးသားမျှဝေခဲ့ပါတယ်။

ဒါ့အပြင် ဦးကျော်သူနဲ့ထွန်းကိုကိုတို့ နှစ်ဦးစလုံးကတော့ ဝေဘာဂီဆေးရုံကဆင်းပြီး တစ်ပတ်တိတိ ကိုယ့်အိမ်မှာ ပြန်နားမှာဖြစ်ပြီး တစ်ပတ်ပြည့်လို့ ပြန်လည်ဆေးစစ်ချက်ယူပြီး တစ်လခန့်အကြာမှာ ပရဟိတစိတ်ဓာတ်သစ်၊ အားမာန်သစ်တွေနဲ့ ပြည်သူလူထုအတွက် ပရဟိတ တာဝန်တွေကို ပြန်လည်ထမ်းဆောင်တော့မှာဖြစ်ကြောင်းကိုလည်း ဝမ်းသာကြည်နူးစွာ မျှဝေခဲ့ပါတယ်။ ပြည်သူတွေရဲ့ မေတ္တာစွမ်းအားနဲ့ ကိုဗစ်ကပ်ရောဂါကြီးကို တွန်းလှန်နိုင်ခဲ့တဲ့ ကျော်သူနဲ့ထွန်းကိုကိုတို့အတွက် ပရိသတ်ကြီးလည်း ဝမ်းသာ စကားလေးပြောပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *