January 25, 2021
ကမာၻ႔ေရာင္းအားအေကာင္းဆုံးဖုန္းကုမၸဏီစာရင္းမွာ APPLE ကို XIAOMI ေက်ာ္ျဖတ္

ကမာၻ႔ေရာင္းအားအေကာင္းဆုံးဖုန္းကုမၸဏီစာရင္းမွာ APPLE ကို XIAOMI ေက်ာ္ျဖတ္

ကမာၻ႔ေရာင္းအားအေကာင္းဆုံးဖုန္းကုမၸဏီစာရင္းမွာ APPLE ကို XIAOMI ေက်ာ္ျဖတ္

အာရွသုေတသန စစ္တမ္းတစ္ခုအရ တ႐ုတ္ Xiaomi ကုမၸဏီဟာ Apple ကုမၸဏီကို ေက်ာ္ျဖတ္ၿပီး ကမာၻ႔ေရာင္းအားအေကာင္းဆုံး ဖုန္းကုမၼဏီစာရင္းမွာ နံပါတ္ ၃ ေနရာကို ေရာက္လာပါတယ္။

ဒါေၾကာင့္ Apple ကုမၸဏီအေနနဲ႔ ဆယ္စုႏွစ္တစ္ခုအၾကာ ရရွိထားတဲ့ တတိယေနရာကို Xiaomi ဆီလႊဲေပးခဲ့ရပါတယ္။ Apple ကုမၸဏီအေနနဲ႔ တ႐ုတ္ႏိုင္ငံမွာ ေရာင္းအား ၂၉ ရာခိုင္ႏႈန္းက်ဆင္းခဲ့ပါတယ္။ Xiaomi ကေတာ့ တတိယသုံးလပတ္မွာ ၄၆ ရာခိုင္ႏႈန္းတိုးၿပီး ေရာင္းအားသိသိသာသာ တိုးတက္လာတာေတြ႕ရပါတယ္။

Xiaomi ဟာ Apple ေဝစုေတြကို ရရွိခဲ့တဲ့ အျပင္ အေမရိကန္ပိတ္ဆို႔ထားတဲ့ Huawei ရဲ႕ ရွယ္ယာေတြပါ ရရွိခဲ့ပါတယ္။ အထူးသျဖင့္ဥေရာပမွာ Huawei ေရာင္းအားက်ဆင္းခဲ့ၿပီး Xiaomi ကေတာ့ ေရာင္းအား ၅၀ ရာခိုင္ႏႈန္းတက္လာတာ ေတြ႕ရပါတယ္။ အေရွ႕ေတာင္အာရွမွာ Xiaomi အေနနဲ႔ ၿပိဳင္ဘက္ Vivo, Oppo တို႔နဲ႔အႀကိတ္အနယ္ ယွဥ္ၿပိဳင္ေနရပါတယ္။

Xiaomi ရဲ႕ ေစ်းႏႈန္းနဲ႔ အရည္အေသြးထပ္တူက်မႈေၾကာင့္ အခုလို ေစ်းကြက္ေဝစု ပိုမိုရရွိလာတာလို႔ ေလ့လာသူေတြကဆိုပါတယ္။ 5G Flagship အျမင့္ဖုန္းေတြကို ဒီ့ထက္ပိုၿပီး ထုတ္လုပ္ႏိုင္ရင္ ေစ်းကြက္ေဝစုပိုရႏိုင္ေခ်ရွိတယ္လို႔ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ကမာၻ႔ေရာင္းအားအေကာင္းဆုံး စမတ္ဖုန္းေနရာကို Samsung ကုမၸဏီက ရရွိထားၿပီး Huawei က ဒုတိယေနရာရရွိထားပါတယ္။

Unicode

ကမ္ဘာ့ရောင်းအားအကောင်းဆုံးဖုန်းကုမ္ပဏီစာရင်းမှာ APPLE ကို XIAOMI ကျော်ဖြတ်

အာရှသုတေသန စစ်တမ်းတစ်ခုအရ တရုတ် Xiaomi ကုမ္ပဏီဟာ Apple ကုမ္ပဏီကို ကျော်ဖြတ်ပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဖုန်းကုမ္မဏီစာရင်းမှာ နံပါတ် ၃ နေရာကို ရောက်လာပါတယ်။

ဒါကြောင့် Apple ကုမ္ပဏီအနေနဲ့ ဆယ်စုနှစ်တစ်ခုအကြာ ရရှိထားတဲ့ တတိယနေရာကို Xiaomi ဆီလွှဲပေးခဲ့ရပါတယ်။ Apple ကုမ္ပဏီအနေနဲ့ တရုတ်နိုင်ငံမှာ ရောင်းအား ၂၉ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ Xiaomi ကတော့ တတိယသုံးလပတ်မှာ ၄၆ ရာခိုင်နှုန်းတိုးပြီး ရောင်းအားသိသိသာသာ တိုးတက်လာတာတွေ့ရပါတယ်။

Xiaomi ဟာ Apple ဝေစုတွေကို ရရှိခဲ့တဲ့ အပြင် အမေရိကန်ပိတ်ဆို့ထားတဲ့ Huawei ရဲ့ ရှယ်ယာတွေပါ ရရှိခဲ့ပါတယ်။ အထူးသဖြင့်ဥရောပမှာ Huawei ရောင်းအားကျဆင်းခဲ့ပြီး Xiaomi ကတော့ ရောင်းအား ၅၀ ရာခိုင်နှုန်းတက်လာတာ တွေ့ရပါတယ်။ အရှေ့တောင်အာရှမှာ Xiaomi အနေနဲ့ ပြိုင်ဘက် Vivo, Oppo တို့နဲ့အကြိတ်အနယ် ယှဥ်ပြိုင်နေရပါတယ်။

Xiaomi ရဲ့ စျေးနှုန်းနဲ့ အရည်အသွေးထပ်တူကျမှုကြောင့် အခုလို စျေးကွက်ဝေစု ပိုမိုရရှိလာတာလို့ လေ့လာသူတွေကဆိုပါတယ်။ 5G Flagship အမြင့်ဖုန်းတွေကို ဒီ့ထက်ပိုပြီး ထုတ်လုပ်နိုင်ရင် စျေးကွက်ဝေစုပိုရနိုင်ချေရှိတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းနေရာကို Samsung ကုမ္ပဏီက ရရှိထားပြီး Huawei က ဒုတိယနေရာရရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *