January 28, 2021
အင္းယားစင္တာတြင္ ကခ်င္ျပည္နယ္မွထမ္းေဆာင္ခဲ့တဲ့ေစတနာ့ဝန္ထမ္း (၂၁)ဦးကို ဂုဏ္ျပဳလက္မွတ္ ေပးအပ္

အင္းယားစင္တာတြင္ ကခ်င္ျပည္နယ္မွထမ္းေဆာင္ခဲ့တဲ့ေစတနာ့ဝန္ထမ္း (၂၁)ဦးကို ဂုဏ္ျပဳလက္မွတ္ ေပးအပ္

အင္းယားစင္တာတြင္ ကခ်င္ျပည္နယ္မွထမ္းေဆာင္ခဲ့တဲ့ေစတနာ့ဝန္ထမ္း (၂၁)ဦးကို ဂုဏ္ျပဳလက္မွတ္ ေပးအပ္

အင္းယားစင္တာတြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကၿပီးေနရပ္သို႔ ျပန္လည္ထြက္ခြါၾကမည့္ကခ်င္ျပည္နယ္မွ ေစတနာ့ဝန္ထမ္း သူနာျပဳ(၂၁) ဦး ကို ဂုဏ္ျပဳလက္မွတ္ ေပးအပ္…

အင္းယားစင္တာတြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကၿပီးေနရပ္ျပန္ၾကမဲ့ ကခ်င္ျပည္နယ္မွ ေစတနာ့ဝန္ထမ္း သူနာျပဳ(၂၁)ဦး ကို ယေန႔ ႏိုဝင္ဘာ(၁၃) ရက္နံနက္က အင္းယားစင္တာ အုပ္ခ်ဳပ္ေရး ႐ုံးမွာ ဂုဏ္ျပဳလက္မွတ္ မ်ားေပးအပ္ခဲ့ပါတယ္။

ဂုဏ္ျပဳလက္မွတ္ေပးအပ္ပြဲမွာ အင္းယားစင္တာရဲ႕ ဒုဦးစီးအုပ္ခ်ဳပ္သူ ေဆးတကၠသိုလ္ (၂) ရန္ကုန္ ပါေမာကၡ ဌာနမႉး ပါေမာကၡ ေဒါက္တာ ေအာင္သိန္းေဌးနဲ႔ အင္းယားစင္တာ လုပ္ငန္းေကာ္မတီ ဥကၠ႒ ဦးခြန္ေနာင္တို႔ကဂုဏ္ ျပဳစကားမ်ား ေျပာၾကားခဲ့ၾကပါတယ္။

ဂုဏ္ျပဳလက္မွတ္မ်ားနဲ႔ အမွတ္တရ လက္ေဆာင္မ်ားကို ဆရာႀကီး ပါေမာကၡ ေဒါက္တာ ေအာင္သိန္းေဌး၊ ဥကၠ႒ ဦးခြန္ေနာင္ နဲ႔ အတြင္းေရးမႈးခ်ဳပ္ဦးတင့္ဆန္း တို႔က
ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကပါတယ္။

ကခ်င္ျပည္နယ္မွေစတနာ့ဝန္ထမ္း သူနာျပဳမ်ားဟာ ျမစ္ႀကီးနားၿမိဳ႕၊ ဗန္းေမာ္ၿမိဳ႕နဲ႔ ဝိုင္းေမာ္ၿမိဳ႕နယ္မွ သူနာျပဳမ်ားျဖစ္ၾကၿပီး အင္းယားစင္တာမွာ ေအာက္တိုဘာ (၉) ရက္ေန႔မွ ႏိုဝင္ဘာ (၁၂) ရက္ေန႔အထိ ေစတနာ့ဝန္ထမ္းသူနာျပဳမ်ားအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၾကပါတယ္။

ကခ်င္ျပည္နယ္ကုသေရးဦးစီးဌာနမွ ဒုတိယအသုတ္အျဖစ္ ထပ္မံ ေရာက္ရွိတာဝန္ထမ္းေဆာင္ၾကမဲ့ ဗန္းေမာ္ခ႐ိုင္မွ ေစတနာ့ဝန္ထမ္း သူနာျပဳ (၂၁) ဦးဟာ ရန္ကုန္ၿမိဳ႕ကို ႏိုဝင္ဘာ (၁၄) ရက္ေန႔မွာ ေရာက္ရွိမွာျဖစ္ၿပီး ေစတနာ့ဝန္ထမ္း သူနာျပဳမ်ားအျဖစ္ ဆက္လက္ တာဝန္ထမ္းေဆာင္ၾကမွာျဖစ္ပါတယ္။

အင္းယားစင္တာမွာေစတနာ့ဝန္ထမ္း သူနာျပဳမ်ားအျဖစ္ အနစ္နာခံ ႀကိဳးစား ေဆာင္႐ြက္ေပးခဲ့ၾကတဲ့ ကခ်င္ျပည္နယ္မွ သူနာျပဳမ်ားကို အင္းယားစင္တာ မွ ဂုဏ္ျပဳ ခ်ီးက်ဴးေၾကာင္း မွတ္တမ္းတင္အပ္ပါတယ္။

Unicode

အင်းယားစင်တာတွင် ကချင်ပြည်နယ်မှထမ်းဆောင်ခဲ့တဲ့စေတနာ့ဝန်ထမ်း (၂၁)ဦးကို ဂုဏ်ပြုလက်မှတ် ပေးအပ်

အင်းယားစင်တာတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီးနေရပ်သို့ ပြန်လည်ထွက်ခွါကြမည့်ကချင်ပြည်နယ်မှ စေတနာ့ဝန်ထမ်း သူနာပြု(၂၁) ဦး ကို ဂုဏ်ပြုလက်မှတ် ပေးအပ်…

အင်းယားစင်တာတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီးနေရပ်ပြန်ကြမဲ့ ကချင်ပြည်နယ်မှ စေတနာ့ဝန်ထမ်း သူနာပြု(၂၁)ဦး ကို ယနေ့ နိုဝင်ဘာ(၁၃) ရက်နံနက်က အင်းယားစင်တာ အုပ်ချုပ်ရေး ရုံးမှာ ဂုဏ်ပြုလက်မှတ် များပေးအပ်ခဲ့ပါတယ်။

ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲမှာ အင်းယားစင်တာရဲ့ ဒုဦးစီးအုပ်ချုပ်သူ ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခ ဌာနမှူး ပါမောက္ခ ဒေါက်တာ အောင်သိန်းဌေးနဲ့ အင်းယားစင်တာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးခွန်နောင်တို့ကဂုဏ် ပြုစကားများ ပြောကြားခဲ့ကြပါတယ်။

ဂုဏ်ပြုလက်မှတ်များနဲ့ အမှတ်တရ လက်ဆောင်များကို ဆရာကြီး ပါမောက္ခ ဒေါက်တာ အောင်သိန်းဌေး၊ ဥက္ကဋ္ဌ ဦးခွန်နောင် နဲ့ အတွင်းရေးမှုးချုပ်ဦးတင့်ဆန်း တို့က
ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်မှစေတနာ့ဝန်ထမ်း သူနာပြုများဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နဲ့ ဝိုင်းမော်မြို့နယ်မှ သူနာပြုများဖြစ်ကြပြီး အင်းယားစင်တာမှာ အောက်တိုဘာ (၉) ရက်နေ့မှ နိုဝင်ဘာ (၁၂) ရက်နေ့အထိ စေတနာ့ဝန်ထမ်းသူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်ကုသရေးဦးစီးဌာနမှ ဒုတိယအသုတ်အဖြစ် ထပ်မံ ရောက်ရှိတာဝန်ထမ်းဆောင်ကြမဲ့ ဗန်းမော်ခရိုင်မှ စေတနာ့ဝန်ထမ်း သူနာပြု (၂၁) ဦးဟာ ရန်ကုန်မြို့ကို နိုဝင်ဘာ (၁၄) ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပြီး စေတနာ့ဝန်ထမ်း သူနာပြုများအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။

အင်းယားစင်တာမှာစေတနာ့ဝန်ထမ်း သူနာပြုများအဖြစ် အနစ်နာခံ ကြိုးစား ဆောင်ရွက်ပေးခဲ့ကြတဲ့ ကချင်ပြည်နယ်မှ သူနာပြုများကို အင်းယားစင်တာ မှ ဂုဏ်ပြု ချီးကျူးကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *