January 25, 2021
Unicode
လမ်းလျှောက်ရင်းပီးတော့ ဘီယာသောက်ရင်းနဲ့ ဒေါ်လာ (၂၀၀၀၀) ကျော်ရမယ့်အလုပ်
အမေ ရိကန်နိုင်ငံ၊ ဗာဂျီးနီး ယားပြည်နယ် က ဘီယာကုမ္ပဏီတစ်ခုဟာ တောင်တက်အရာရှိချုပ် Chief Hiking Officer တစ်ဦးကို ရှာဖွေလျက် ရှိပြီး တော့ အဲဒီသူလုပ်ရမှာကတော့ ရှည်လျားလှတဲ့ Appalachianတောင်တန်းတစ်လျှောက် (၅) လကနေ (၇) လအထိ လမ်းလျှောက်ကာ ဘီယာ သောက် ရမှာပါတဲ့နော်။လက်ဇင်တန် မြို့ အခြေစိုက် The Devil’s Backbone Brewing Co ကုမ္ပဏီအနေနဲ့ တောင်တက်လမ်းလျှောက်ရတာ၊
ဘီယာသောက် ရတာတွေကို နှစ်ခြိုက် သူမည်သူမဆို ထူးခြားလှတဲ့အလုပ် နေရာအတွက် အလုပ်လျှောက်လွာတွေ စတင်လက်ခံနေပြီ ဖြစ်တာ်လို့ သိရပါတယ်။ရွေးချယ်ခံရသူ အနေနဲ့ ၂ဝ၂၁ ခုနှစ်မှာ လုပ်ငန်းစတင်ရမှာ ဖြစ်ပြီးတော့ မိုင်ပေါင်း (၂,၂ဝဝ) ခရီးစဉ် အတွက် Appalachian တောင် တန်းတွေ ဆီကို လေကြောင်းခရီးနဲ့ အရောက် ပို့ဆောင်ပေးမှာပါတဲ့နော်။
အဆိုပါခရီးရှည်ကြီးကို ၂ဝ၂၁ ခုနှစ်၊ မေလကနေ စက်တင်ဘာလအတွင်း အပြီးလျှောက် လှမ်းရမှာဖြစ်ပြီး တော့ ယင်းဘီယာကုမ္ပဏီကနေ လိုအပ်သောပစ္စည်းကိရိယာတွေ ပံ့ပိုးပေးမှာ ဖြစ်သလို ခရီးလမ်း တစ်လျှောက်မှာလည်းဘီယာပါတီပွဲတွေ စီစဉ် ပေးမှာဖြစ်ပါတယ်။ထို့အပြင် ဒေါ်လာ (၂ဝ,ဝဝဝ) ကိုလည်း ပေးအပ်သွား မှာပါတဲ့။The Devil’s Back-bone Brewing Co ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ လျှောက်ထားသူတွေ
ဘက်ကနေ ကိုယ်ရေးအချက်အလက်အချို့၊ လူမှုကွန်ယက် သို့မဟုတ် ဘလော့ဂ်ရေးသားမှု အတွေ့အကြုံ၊ တတ်ကျွမ်းနားလည်မှု တွေနဲ့အတူ ဘာကြောင့် မိမိကို အလုပ်ခန့်အပ်သင့်သလဲဆိုတာကို ကိုယ်တိုင် ရှင်းပြထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်းပဲ ပေးပို့ရမှာဖြစ် ကြောင်း သိရပါတယ်နော်။ အကောင်းဆုံး လျှောက်ထားသူတွေကို အင်တာဗျူး မေးမြန်းဖို့အတွက် ရွေးချယ်သွားမှာ ဖြစ်ကာဒုတိယအဆင့်စိစစ်အကဲဖြတ် မှုတွေထပ်မံပြုလုပ်သွားမှာ ဖြစ်တာ်လို သိရပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *