January 28, 2021
Unicode
လေ့ကျင့်ခန်းတွေလုပ်ပြီး ဝိတ်ချနေသော်လဲ သူ့ကြောင့်ဖွေးဖွေး တိုက်ပွဲကျသွားခဲ့တာကို ပြောပြခဲ့တဲ့ မိုးမိုး
အဆိုတော် မိုးမိုးနဲ့ သရုပ်ဆောင် ဖွေးဖွေးတို့ကတော့ အနုပညာအသိုင်းအဝိုင်းထဲမှာ အလုပ်တွေအတူတူ တွဲဖက်လုပ်ကိုင်ရင်း ခင်မင်ရင်းနှီးခဲ့ကြသူများ ဖြစ်ကြပါတယ်။ ဖွေးဖွေးနဲ့ မိုးမိုးကတော့ ဗီဒီယိုဇာတ်ကားတွေမှာ အတူတူဆုံတွေ့ခဲ့ကြသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် မောင်နှမသဖွယ် ခင်မင်ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေအပြင်
အိမ်စီးပွားရေးတွေလုပ်ချိန်မှာလည်း မိုးမိုးနဲ့ ဖွေးဖွေးက တစ်ယောက်နဲ့တစ်ယောက် အကူအညီနဲ့ ဖေးမအကြံပေးမှုတွေ ပြုလုပ်ရင်း ဆက်လက်ခင်မင်ရင်းနှီးနေကြဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မိုးမိုးက ဝိတ်ချနေတဲ့ကြားထဲကနေ သူ့ကြောင့် တိုက်ပွဲကျသွားခဲ့တဲ့ ဖွေးဖွေးအကြောင်း အရွှန်းဖောက်ပြောလာခဲ့ပါတယ်။ မိုးမိုးက “သြော် ပြောတော့ ဝိတ်ချနေတာတဲ့အေ..အိုင်
ကင်ပေးလိုက်တဲ့ ပုစွန်လေးတွေနဲ့တွေ့တော့ တိုက်ပွဲ ကျသွားတော့တာပဲတဲ့ 😁😁😁 သိုင်းခရုနော် ညယ်မရေးအဖွေးရေ 😍😍 ပုံပေးပို့သူ အမည်မဖော်လိုသူ အန်တီ Theingi SanHtwar 😋😋😋” ဆိုပြီး သူ့လက်ရာ ပုစွန်ကင်ကြောင့် ဝိတ်ချတယ်ဆိုတာကို မေ့သွားခဲ့ရတဲ့ ဖွေးဖွေးအကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ မိုးမိုးကတော့ သူ့လက်ရာ ပုစွန်ကင်ကြီးတွေကို
အားရပါးရစားနေတဲ့ ညီမလေး ဖွေးဖွေးကို ကြည့်ပြီး သဘောကျနေတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကလည်း ဝိတ်ချတာကိုမေ့ထားပြီးတောင် အားရပါးရစားခဲ့တယ်ဆိုတော့ မိုးမိုးလက်ရာ ဘယ်လောက်တောင်ကောင်းမလဲ စဉ်းစားစရာပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *