January 28, 2021
Unicode
နည်းပညာတက္ကသိုလ်တက်ခွင့်ရခဲ့တဲ့ မွေးရာပါလက်နှစ်ဖက်မရှိတဲ့ အသက်၂၀အရွယ် ကောင်လေး
Ho Huu Hanh အမည်ရှိတဲ့ အသက် ၂၀အရွယ် ဗီယက်နမ် ကောင်ကလေး တစ်ဦးဟာ မွေးရာပါ လက်နှစ်ဖက် မရှိပေမဲ့ ထူးချွန်ပြီး တောက်ပတဲ့အနာဂတ်ကို ဖန်တီးနိုင်စွမ်း ရှိကြောင်း သက်သေပြနေပါတယ်။ နည်းပညာ အင်ဂျင်နီယာ ပိုင်းလျှောက် ထားတဲ့ Hoဟာ မကြာသေးခင် ကမှ Lac Hong တက္ကသိုလ်မှာ ဝင်ခွင့်ရ ကြောင်းလက်ခံစာ ရရှိခဲ့တာပါ။
မွေးရာပါ လက်နှစ်ဖက်မရှိတာကြောင့် Ho အတွက် မွေးရပ်မြေ Dong Nai ပြည်နယ်မှာကြီးပြင်း လာဖို့မလွယ် ကူခဲ့ရပါဘူး။ အမေဖြစ်သူ က Hoဟာ ကလေးဘဝကတ ည်းက စက်ဘီးစီးဖို့ ကြိုးစားရင်း ပြုတ်ကျတိုင်းဆေးရုံ အကြိမ်ကြိမ် သွားခဲ့ရ တာပါတဲ့။ Ho ဟာ အသက် ၅ နှစ်အရွယ်က တည်းက စက်ဘီးစီးကို တတ်နေပြီ ဖြစ်သလို ရေလည်း ကောင်းကောင်း ကူးတတ်နေပါပြီ Hoဟာ ငယ်စဉ်က ခြေထောက်
နှစ်ချောင်းနဲ့ တူကို ဘယ်လို ကိုင်ဖို့၊ စာမျက်နှာနောက်တစ်ရွက် လှန်တတ်ဖို့ နဲ့ စာရေးတတ်ဖို့ စတာတွေကို ကျောင်းမှာဘဲ ခက်ခက်ခဲခဲ သင်ယူခဲ့ရတာပါ။ ဒါ့အပြင်ကို သူ့ရဲ့ခြေချောင် လေးတွေနဲ့ကွန်ပျူတာ စာရိုက်၊ ပုံဆွဲတာတွေနဲ့ အခြားအရာ တွေကို သာမန်လူတွေ လက်ကို အသုံးပြု သလို သူလည်း ကြိုးစား အသုံးပြုခဲ့ ရပါတယ် ဒုတိယ တန်းမှာ သူ့ရဲ့ သပ်ရပ်လှပတဲ့ အရေးအသား
အတွက် ဆုရခဲ့ပြီး အတန်းတိုင်း မှာလည်း ဆုတွေ ရရှိခဲ့ပါ သေးတယ်။ ကျောင်းတက် စဉ်ကာ လ တစ်လျှောက်လုံး သူ့အတန်းဖော် တွေနဲ့ဆရာ အချို့က သူ့ကို ပင်ဂွင်းလို့ ခေါ်ခဲ့ပြီး အိမ်နီးချင်းတွေက monster လို့ နာမည်ပြောင် ပေးခဲ့ကြ ပါတယ်။ အဲ့တာတွေ ကလည်း သူကိုယ်သူ စိန်ခေါ်ဖို့ နဲ့ ပင်ဂွင်းတွေလဲ ပျံသန်းနိုင်ကြောင်း အခြားသူ တွေကို သက်သေပြဖို့ လှုံ့ဆော်စေတဲ့ အရာတစ်ခု
ဖြစ်လာ စေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်၊လာအိုနှင့် ကမ္ဘောဒီးယား တာဝန်ရှိ ကုမ္ပဏီရဲ့ဒေ သဆိုင်ရာ ဒါရိုက်တာနဲ့ တွေ့ဆုံခဲ့ပြီး နောက် Ho ဟာ တစ်နေ့ Googleမှာ အလုပ်လုပ် နိုင်ဖို့ရန်မျှော်လင့်ရင်း အိမ်မက်တစ်ခု ဖြစ်လာခဲ့ ပါတယ် ။ယုံကြည် ထောက်ပံ့ပေးတဲ့ လူတွေ တိုးများလာ သရွေ့တော့ ဒီပင်ဂွင်းလေး သူ့ရဲ့ အိမ်မက်ကို အ ကောင်ထည် ဖော်ဖို့ အလှမ်းဝေး နေအုံးမှာ မဟု တ်ပါဘူး။
Leave a Reply
Your email address will not be published. Required fields are marked *