January 25, 2021
အဘိဓမၼာမဟာဘြဲ႕ကို ရရွိသြားတဲ့ အသက္အငယ္ဆုံး ၁၅ ႏွစ္သားေလး ေမာင္ဟန္ထြန္းေအာင္

အဘိဓမၼာမဟာဘြဲ႕ကို ရရွိသြားတဲ့ အသက္အငယ္ဆုံး ၁၅ ႏွစ္သားေလး ေမာင္ဟန္ထြန္းေအာင္

အဘိဓမၼာမဟာဘြဲ႕ကို ရရွိသြားတဲ့ အသက္အငယ္ဆုံး ၁၅ ႏွစ္သားေလး ေမာင္ဟန္ထြန္းေအာင္

ဓမၼရသေနာက္ တစ္ေကာက္ေကာက္ လိုက္ခဲ့သူ (သို႔မဟုတ္)အသက္အငယ္ဆုံး အဘိဓမၼာမဟာဘြဲ႕ရ ၁၅ႏွစ္သား သူလိုလူ(၅၂)ႀကိမ္ေျမာက္ အဘိဓမၼာစာေတာ္ျပန္ပြဲရဲ႕ ထူးျခားခ်က္ထဲမွာ ၁၅ႏွစ္သား တစ္ဦးရဲ႕ မဟာဘြဲ႕ ရရွိမႈဟာ ဘယ္လိုမွ ခ်န္လွပ္ခဲ့လို႔ မရႏိုင္ပါဘူး။

လူပုဂၢိဳလ္မ်ားအတြက္ သတ္မွတ္ျပဌာန္းထားတဲ့ က်မ္းအစိတ္အပိုင္း ၁၅ပိုင္းကို ေမာင္ဟန္ထြန္းေအာင္ဟာ ဒီကႏွစ္မွာ ေရးေျဖဘာသာစုံ ဂုဏ္ထူးနဲ႔အတူ လွလွပပ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။၁၅က်မ္းကို ၄ႏွစ္အတြင္း ထူးခြၽန္စြာ ေျဖဆို ေအာင္ျမင္ခဲ့တာမို႔ ၾကားသိရသူတိုင္း အံ့ၾသ ဝမ္းသာၾကမယ္ ထင္ပါတယ္။

တစ္ကယ္ေတာ့ေမာင္ဟန္ထြန္းေအာင္ဟာ အသက္ ၁၁ႏွစ္ အ႐ြယ္ကတည္းက အစိုးရအဘိဓမၼာ ၃ဆင့္လုံးကို ေအာင္ျမင္ကာ အဘိဓမၼာဥယ်ာဥ္ႀကီးထဲကို စတင္ ေရာက္ရွိလာခဲ့သူ ျဖစ္ပါတယ္။ဓမၼရသကို သိရွိခံစားဖူးတဲ့ ပ်ားပိတုန္းေလးတစ္ေကာင္အဖို႔ ဒီဥယ်ာဥ္ႀကီးထဲကေန ျပန္မထြက္ႏိုင္ေတာ့တာ သိပ္ေတာ့လည္း မဆန္းလွပါဘူး။အဲဒီႏွစ္မွာပဲ ဓမၼသာကစာၦ အဘိဓမၼာ ၃ဆင့္လုံးကိုလည္း ေအာင္ျမင္ခဲ့တယ္။

၁၂ႏွစ္အ႐ြယ္ ၇တန္းႏွစ္မွာ အစိုးရ ဝိသုဒၶိမဂ္ ၃ဆင့္နဲ႔ ဓမၼသာကစာၦ ဝိသုဒၶိမဂ္ ၃ဆင့္လုံးကို ႏွစ္ခ်င္းေပါက္ အံ့ဖြယ္ ေအာင္ျမင္ခဲ့သလို အဘိဓမၼာစာေတာ္ျပန္ပြဲကိုလည္း စတင္ဝင္ေရာက္ ပူေဇာ္ခဲ့ပါတယ္။၁၃ႏွစ္႐ြယ္ ၈တန္းမွာ ပထမျပန္စာေမးပြဲ အေျချပဳမူလတန္းကို ေအာင္ျမင္ခဲ့ၿပီး အဘိဓမၼာျပန႔္ပြားေရးအသင္းႀကီးရဲ႕ (စူဠ အာဘိဓမၼိက ဝိသိ႒ ကလ်ာဏဉာဏဓဇ)ဘြဲ႕ကို ရရွိခဲ့ပါတယ္။

၁၄ႏွစ္အ႐ြယ္ နဝမတန္းမွာ အစိုးရ အဘိဓမၼာဂုဏ္ထူးေဆာင္ (ဋီကာေက်ာ္) ၃ဆင့္ကို ေအာင္ျမင္ကာ (မဇၩိမ အာဘိဓမၼိက ကလ်ာဏဉာဏဓဇ)ဘြဲ႕ကို ထပ္မံ ရရွိျပန္ပါတယ္။တကၠသိုလ္ဝင္တန္းေျဖဆိုရမဲ့ အခုႏွစ္မွာလည္း လုံးဝရပ္နားျခင္းမျပဳဘဲ ဆက္လက္ ႀကိဳးစားပူေဇာ္ခဲ့တဲ့အတြက္ (မဟာ အာဘိဓမၼိက ဥကၠ႒ ကလ်ာဏဉာဏဓဇ)ဘြဲ႕ကို အၿပီးသတ္ ခ်ီးျမႇင့္ခံခဲ့ရတာ ျဖစ္ပါတယ္။

အထက္မွာေဖာ္ျပခဲ့တဲ့ က်မ္းေတြဆိုတာ တစ္က်မ္းတစ္က်မ္းကိုပဲ ေအာင္ျမင္ေအာင္ မနည္းေလ့လာ ပူေဇာ္ရေၾကာင္း ပူေဇာ္ဖူးသူတိုင္း ေကာင္းစြာ သိရွိၾကပါတယ္။ဒီ၅ႏွစ္အတြင္းမွာ အဘိဓမၼာ(႐ိုး႐ိုး) ၃ဆင့္၊အဘိဓမၼာ (ဂုဏ္ထူးေဆာင္) ၃ဆင့္၊ဝိသုဒၶိမဂ္ ၃ဆင့္၊အေျချပဳမူလတန္းနဲ႔စာေတာ္ျပန္ပြဲ ၁၅က်မ္း တို႔ကို ေျဖဆို ေအာင္ျမင္ကာ (စူဠ အာဘိဓမၼိက ကလ်ာဏဉာဏဓဇ)၊ (မဇၩိမ အာဘိဓမၼိက ဝိသိ႒ ကလ်ာဏဉာဏဓဇ)၊

(မဟာ အာဘိဓမၼိက ဥကၠဌ ကလ်ာဏဉာဏဓဇ) ဘြဲ႕ႀကီး ၃ဘြဲ႕ကို ခ်ီးျမႇင့္ျခင္းခံရတဲ့ သမိုင္းတေလ်ာက္ အသက္အငယ္ဆုံး စာျပန္ပုဂၢိဳလ္ ျဖစ္လာခဲ့ပါၿပီ။ ဒါမို႔ ဒီအ႐ြယ္နဲ႔ ဒီေလာက္လုပ္ႏိုင္တာကို အေတာ္ပဲ လက္ဖ်ားခါမိပါတယ္။ဒါမို႔ ကြၽန္ေတာ့္အေနနဲ႔ကေတာ့…ေမာင္ဟန္ထြန္းေအာင္ကိုဓမၼရသေနာက္ တစ္ေကာက္ေကာက္ လိုက္ခဲ့သူ၊

ဆင္ေျခဆင္လက္ေတြကို မထီမဲ့ျမင္ ျပဳႏိုင္တဲ့သူ၊ အခက္အခဲေတြကို အခြင့္အေရးအျဖစ္ ေျပာင္းလဲႏိုင္သူ၊အားက် အတုယူသင့္သူ၊ ဂုဏ္ျပဳခ်ီးက်ဴးမႈေတြနဲ႔ အထူးထိုက္တန္သူအျဖစ္ ႏွစ္ဆန္းအမွတ္တရ ဝိေသသျပဳ မွတ္တမ္းတင္ ဂုဏ္ျပဳလိုက္ရပါေတာ့တယ္။

Unicode

အဘိဓမ္မာမဟာဘွဲ့ကို ရရှိသွားတဲ့ အသက်အငယ်ဆုံး ၁၅ နှစ်သားလေး မောင်ဟန်ထွန်းအောင်

ဓမ္မရသနောက် တစ်ကောက်ကောက် လိုက်ခဲ့သူ (သို့မဟုတ်)အသက်အငယ်ဆုံး အဘိဓမ္မာမဟာဘွဲ့ရ ၁၅နှစ်သား သူလိုလူ(၅၂)ကြိမ်မြောက် အဘိဓမ္မာစာတော်ပြန်ပွဲရဲ့ ထူးခြားချက်ထဲမှာ ၁၅နှစ်သား တစ်ဦးရဲ့ မဟာဘွဲ့ ရရှိမှုဟာ ဘယ်လိုမှ ချန်လှပ်ခဲ့လို့ မရနိုင်ပါဘူး။

လူပုဂ္ဂိုလ်များအတွက် သတ်မှတ်ပြဌာန်းထားတဲ့ ကျမ်းအစိတ်အပိုင်း ၁၅ပိုင်းကို မောင်ဟန်ထွန်းအောင်ဟာ ဒီကနှစ်မှာ ရေးဖြေဘာသာစုံ ဂုဏ်ထူးနဲ့အတူ လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။၁၅ကျမ်းကို ၄နှစ်အတွင်း ထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့တာမို့ ကြားသိရသူတိုင်း အံ့သြ ဝမ်းသာကြမယ် ထင်ပါတယ်။

တစ်ကယ်တော့မောင်ဟန်ထွန်းအောင်ဟာ အသက် ၁၁နှစ် အရွယ်ကတည်းက အစိုးရအဘိဓမ္မာ ၃ဆင့်လုံးကို အောင်မြင်ကာ အဘိဓမ္မာဥယျာဉ်ကြီးထဲကို စတင် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ဓမ္မရသကို သိရှိခံစားဖူးတဲ့ ပျားပိတုန်းလေးတစ်ကောင်အဖို့ ဒီဥယျာဉ်ကြီးထဲကနေ ပြန်မထွက်နိုင်တော့တာ သိပ်တော့လည်း မဆန်းလှပါဘူး။အဲဒီနှစ်မှာပဲ ဓမ္မသာကစ္ဆာ အဘိဓမ္မာ ၃ဆင့်လုံးကိုလည်း အောင်မြင်ခဲ့တယ်။

၁၂နှစ်အရွယ် ၇တန်းနှစ်မှာ အစိုးရ ဝိသုဒ္ဓိမဂ် ၃ဆင့်နဲ့ ဓမ္မသာကစ္ဆာ ဝိသုဒ္ဓိမဂ် ၃ဆင့်လုံးကို နှစ်ချင်းပေါက် အံ့ဖွယ် အောင်မြင်ခဲ့သလို အဘိဓမ္မာစာတော်ပြန်ပွဲကိုလည်း စတင်ဝင်ရောက် ပူဇော်ခဲ့ပါတယ်။၁၃နှစ်ရွယ် ၈တန်းမှာ ပထမပြန်စာမေးပွဲ အခြေပြုမူလတန်းကို အောင်မြင်ခဲ့ပြီး အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးရဲ့ (စူဠ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာဏဉာဏဓဇ)ဘွဲ့ကို ရရှိခဲ့ပါတယ်။

၁၄နှစ်အရွယ် နဝမတန်းမှာ အစိုးရ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) ၃ဆင့်ကို အောင်မြင်ကာ (မဇ္ဈိမ အာဘိဓမ္မိက ကလျာဏဉာဏဓဇ)ဘွဲ့ကို ထပ်မံ ရရှိပြန်ပါတယ်။တက္ကသိုလ်ဝင်တန်းဖြေဆိုရမဲ့ အခုနှစ်မှာလည်း လုံးဝရပ်နားခြင်းမပြုဘဲ ဆက်လက် ကြိုးစားပူဇော်ခဲ့တဲ့အတွက် (မဟာ အာဘိဓမ္မိက ဥက္ကဋ္ဌ ကလျာဏဉာဏဓဇ)ဘွဲ့ကို အပြီးသတ် ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ ကျမ်းတွေဆိုတာ တစ်ကျမ်းတစ်ကျမ်းကိုပဲ အောင်မြင်အောင် မနည်းလေ့လာ ပူဇော်ရကြောင်း ပူဇော်ဖူးသူတိုင်း ကောင်းစွာ သိရှိကြပါတယ်။ဒီ၅နှစ်အတွင်းမှာ အဘိဓမ္မာ(ရိုးရိုး) ၃ဆင့်၊အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ၃ဆင့်၊ဝိသုဒ္ဓိမဂ် ၃ဆင့်၊အခြေပြုမူလတန်းနဲ့စာတော်ပြန်ပွဲ ၁၅ကျမ်း တို့ကို ဖြေဆို အောင်မြင်ကာ (စူဠ အာဘိဓမ္မိက ကလျာဏဉာဏဓဇ)၊ (မဇ္ဈိမ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာဏဉာဏဓဇ)၊

(မဟာ အာဘိဓမ္မိက ဥက္ကဌ ကလျာဏဉာဏဓဇ) ဘွဲ့ကြီး ၃ဘွဲ့ကို ချီးမြှင့်ခြင်းခံရတဲ့ သမိုင်းတလျောက် အသက်အငယ်ဆုံး စာပြန်ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါပြီ။ ဒါမို့ ဒီအရွယ်နဲ့ ဒီလောက်လုပ်နိုင်တာကို အတော်ပဲ လက်ဖျားခါမိပါတယ်။ဒါမို့ ကျွန်တော့်အနေနဲ့ကတော့…မောင်ဟန်ထွန်းအောင်ကိုဓမ္မရသနောက် တစ်ကောက်ကောက် လိုက်ခဲ့သူ၊

ဆင်ခြေဆင်လက်တွေကို မထီမဲ့မြင် ပြုနိုင်တဲ့သူ၊ အခက်အခဲတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်သူ၊အားကျ အတုယူသင့်သူ၊ ဂုဏ်ပြုချီးကျူးမှုတွေနဲ့ အထူးထိုက်တန်သူအဖြစ် နှစ်ဆန်းအမှတ်တရ ဝိသေသပြု မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *