January 28, 2021








Unicode

အိမ်ခြေရာမဲ့တွေနဲ့ လမ်းပေါ်က ကလေးတွေအတွက် ကြက်သားဟင်းချက်ပြီး လိုက်ဝေပေးခဲ့တဲ့ Sinon Loresca

ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ကတော့ အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာပါ အောင်မြင်ကျော်ကြားနေတဲ့အပြင် လက်ရှိမြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့သူပဲဖြစ်ပါတယ်။Sinon Loresca ကမြန်မာနိုင်ငံကိုရောက်ရှိနေတဲ့အချိန်လေးမှာ သူတတ်နိုင်သလောက် အလှူအတန်းတွေ

ပြုလုပ်နေသလို လိုအပ်နေတဲ့သူတွေကိုလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းမှုတွေကိုလည်း ပရိသတ်တွေမြင်တွေပြီးသားဖြစ်မှာပါနော်…။Sinon Loresca ဟာ အောင်မြင်မှုတွေရရှိနေခဲ့ပေမယ့်လည်း သူ့ရဲ့ ဖြူစင်တဲ့စိတ်ထားလေးကတော့ တကယ့်ကို

လေးစားဖွယ်ကောင်းလောက်ပါတယ်။ ယခုတစ်ခါမှာလည်း Sinon Loresca ကတော့ စားဝတ်နေရေး လိုအပ်နေသူအတွက် ထမင်းဘူးလေးကို ကိုင်တိုင် လိုက်ဝေပေးပြီး အလှူလေး ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင့် ပြုလုပ်ခဲ့တဲ့ အလှူပုံရိပ်လေးတွေကိုလည်း သူ့ရဲ့ Facebook ပေါ်မှာ တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း Sinon Loresca က

“မိုးရွာတာကလည်း ကျတော့်ရဲ့ ကြင်နာမှုတွေ ချစ်ခင်မှုတွေကိုရပ်တန့်လို့မရပါဘူးနော်…ကျတော် အိမ်ခြေရာမဲ့တွေနဲ့ လမ်းပေါ်မှာ ပန်းရောင်းနေတဲ့ကလေး တစ်ချို့အတွက် အရသာ ရှိလှတဲ့ကြက်သားဟင်းချက်ပီး လိုက်ဝေပေးတော့ပါမယ်…ဘဝကိုခက်ခဲစွာ

ရုန်းကန်နေတဲ့သူတို့အတွက် ကျတော့်အကူအညီလေးက အနည်းငယ်ဘဲဖြစ်ဖြစ် အထောက်အပံ့ ဖြစ်မယ်ထင်ပါတယ်ဗျာ” ဆိုပြီး ရေးသားထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း အလွန်းကြည်နူးပြီး မွန်မြတ်လှတဲ့ Sinon Loresca ရဲ့ အလှူလေးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်…။

Leave a Reply

Your email address will not be published. Required fields are marked *