January 28, 2021







Unicode

ကျပ်သိန်း(၁၀၀)ကို COVID-19ရောဂါကာကွယ်ဆေးရရှိရေးရန်ပုံငွေအတွက် လှုဒါန်းပေးခဲ့တဲ့ တင်မိုးလွင်

နာမည်ကြီးမော်ဒယ်နဲ့အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ တင်မိုးလွင်ကိုတော့ပရိသတ်ကြီးလည်း ရင်းနှီးပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။ သူမဟာမြန်မာဝတ်စုံလေးတွေကိုသာ ဝတ်ဆင်တတ်ပြီး စမတ်ကျတဲ့ခန္ဓာကိုယ်ကိုထိန်းသိမ်းထားနိုင်ခဲ့တဲ့အပြင်

ထက်မြက်တဲ့အတွေးအခေါ်ရှိတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ တင်မိုးလွင်ကတော့စိတ်သဘောထားဖြူစင်ပြီး အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေဆက်ဆံတတ်သူတစ်ယောက်ပါ။

ဒါ့အပြင်ဘာသာတရားကိုလည်းကိုင်းရှိုင်းပြီး အလှူအတန်းဆိုလည်းရှေ့ဆုံးကပါဝင်ဆောင်ရွက်တတ်ပါတယ်။ ယခုလိုကိုဗစ်ကာလအတွင်းမှာလည်း သူတတ်နိုင်တဲ့ဘက်ကနေပါဝင်ကူညီဆောင်ရွက်ပေးနေတာကိုတွေ့ရပါတယ်။ ဒီနေ့မှာလည်းမြန်မာနိုင်ငံအတွင်းCOVID-19 ကာကွယ်ဆေးရရှိရေးရန်ပုံငွေအတွက် ငွေကျပ်သိန်း(၁၀၀)ကိုကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

တင်မိုးလွင်ကတော့ သူမရဲ့အလှူနဲ့ပတ်သက်ပြီး “COVID-19 ကာကွယ်ဆေး ရန်ပုံငွေအတွက် အလှုငွေ ကျပ်သိန်း (၁၀၀) လှုဒါန်းခဲ့ပါတယ်ရှင်…မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကပ်ဘေးအမျိုးမျိုးမှ ကင်းဝေးကြပါစေရှင်”ဆိုပြီးရေးသားကာ အလှူပုံရိပ်လေးတွေနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *