January 28, 2021






unicode

R Boy ရဲ့(၃၅)နှစ်ပြည့်မွေးနေ့မှာ သမီးလေးတွေနဲ့သူမကို ပိုချစ်ပေးဖို့တောင်းဆိုလိုက်တဲ့ မြတ်ရတနာကျော်

အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ ဇနီးမောင်နှံကတေအနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့သူတွေပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ နေနဲ့လ၊ရွှေနဲ့မြဆိုသလိုလိုက်ဖက်ညီလွန်းလှပြီး တစ်ယောက်ရဲ့ဝါသနာကိုလည်းတစ်ယောက်က ပံ့ပိုးကူညီပေးနေတာပဲဖြစ်ပါတယ်။ အာဘွိုင်းကတော့ လက်ရှိမှာအနုပညာအလုပ်တွေထက် စီးပွားရေးလုပ်ငန်းတွေကိုသာဦးစားပေးလုပ်ကိုင်နေတာကိုတွေ့ရပါတယ်။

အခုဆိုရင်တော့အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ ဇနီးမောင်နှံဟာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို အေးအေးချမ်းချမ်းလေးတည်ဆောက်ထားနိုင်ခဲ့ပါပြီ။ ဒီနေ့လေးကတော့ အာဘွိုင်းရဲ့အသက်(၃၅)နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး မြတ်ရတနာကျော်ကအမှတ်တရပုံရိပ်လေးတွေနဲ့အတူမွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါတယ်။ ဒါ့အပြင်မွေးနေ့ကစပြီး သမီးလေးတွေနဲ့သူမကို ဒီထက်မကပိုချစ်ပေးဖို့လည်းတောင်းဆိုထားခဲ့ပါသေးတယ်။

အဲဒီအကြောင်းကိုတော့ မြတ်ရတနာကျော်က”Happy 35th birthday သမီးသုံးယောက်ဖေဖေ မိန်းမနဲ့သမီး ၃ယောက်အပေါ် ဒီထက်မက ပိုပိုချစ်သောဖေဖေဖြစ်ပါစေ ဘုန်းကြီးအသက်ရှည်ပြီး ချစ်ရတဲ့မိသားစုနဲ့ကျန်းကျန်းမာမာနေနိုင်ပြီး ဘုရားသခင်ကိုကိုအပေါ် သာ၍ကောင်းချီးပေးပါစေ I love You “ဆိုပြီးရေးသားကာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *