January 28, 2021
Unicode
(၇၃) နှစ်အရွယ်အဖွား အိမ်လခပေးဖို့ နှင့် ဝမ်းရေးအတွက် ပြောင်းဖူးဖုတ်ရောင်းနေရတဲ့ အခက်အခဲ
မိန်းထဲမှာ နေပီးတော့ ပြောင်းဖူးဖုတ် ကြိုက်တဲ့ သူရှိရင် ဒီအမေကြီးဆီ အားပေး လိုက်ကြပါအုံးဗျာ။အမေကြီးဟာ ၊တစ်ခါ တစ်လေ ရောင်းမကုန်တဲ့ ရက်တွေ ရှိတဲ့ အခါမှာရပ်ကွက်ထဲက ကလေးတွေ ဝေပစ် လိုက်ရတာတဲ့နော်။အရင်တုန်းကတော့ ပြောင်းဖူးကို ပြုတ်ပီး လိုက်ရောင်း တာပါတဲ။၊အဲ့လိုရောင်းတ့အခါမှာ မောတာရယ်၊ကားလမ်းကူးရတဲ့
ဒုက္ခတွေရယ်ကြောင့်ဘဲ အခုလို ထိုင်ရောင်းလို့ ရတဲ့ ပြောင်းဖူးဖုတ်ပဲ ရောင်းတာပါတဲ့။အသက်က ၇၃နှစ်တဲ့ဗျာ။အမေကြီးကို ရောင်းရစေချင်လို့ ကျနော်အစားအသောက် Groupထဲ တင်ပေးမယ် ပြောတော့ ကျေးဇူးတင်ပါတယ်တဲ့။ဗောဓိကုန်း ကျောင်းမြောက်ဘက် အပေါက်မှာ ရောင်းနေတာပါနော်။နီးတဲ့အဆောင်သူလေးတွေ ရှိရင်တော့ အမေကြီးဆီက အားပေးလိုက်ကြပါအုံးနော်၊
အခုကာလကြီးမှာ အိမ်ငှားခပေးဖို့ရော၊စားသောက်ဖို့ရော မလွယ်တာမို့အမေကြီးကို ကူညီပေးတဲ့အနေနဲ့ ပြောင်းဖူးဖုတ်အားပေးလိုက်ကြပါအုံးဗျာ။လိပ်စာက လမ်း၄၀/၇၁ပါနော်။
Leave a Reply
Your email address will not be published. Required fields are marked *