January 28, 2021
ေျခေညာင္းခံၿပီး ထီတေစာင္ (၁၀၀၀) က်ပ္နဲ႔ မေရာင္းႏိုင္တဲ့ အေျခခံထီသည္ေတြရဲ႕ ဘဝ

ေျခေညာင္းခံၿပီး ထီတေစာင္ (၁၀၀၀) က်ပ္နဲ႔ မေရာင္းႏိုင္တဲ့ အေျခခံထီသည္ေတြရဲ႕ ဘဝ

ေျခေညာင္းခံၿပီး ထီတေစာင္ (၁၀၀၀) က်ပ္နဲ႔ မေရာင္းႏိုင္တဲ့ အေျခခံထီသည္ေတြရဲ႕ ဘဝ

လက္ငင္း အေႂကြး လေပးေရာင္းရတဲ့ ထီသည္ေတြလည္း ရွိတယ္.. ေငြမစုမိတဲ့အခါ ေငြေခါင္းကြဲၿပီး စိတ္ပ်က္ၿပီး လက္ေလွ်ာ့သြားတဲ့ထီသည္ေတြ ဒုနဲ႔ေဒး..

တစ္ခါတစ္ခါ ထီသည္ေတြရဲ႕ဘဝဟာ ေကာက္တင္းေကာက္သလိုပဲ ေကာက္တင္းဆိုတဲ့စပါးကို ဆန္ျဖစ္ေအာင္ထမင္းခ်က္ဖို႔အတြက္ ေကာက္တင္းဆိုတဲ့စပါးကို ေျခေညာင္းခံၿပီး ေလွ်ာက္ေကာက္ရတယ္.. အဲ့လိုပဲ အေျခခံထီသည္ေတြရဲ႕ဘဝကလည္း မိမိထီကုန္စင္ေအာင္ေရာင္းခ်ဖို႔အတြက္ အေႂကြးေပး လေပးေပးၿပီး ေျခအေညာင္းခံကာ (စက္႐ုံ၊ အလုပ္႐ုံ၊ အသိမိတ္ေဆြမ်ားရဲ႕ အိမ္မ်ားသို႔ တစ္႐ြာဝင္ တစ္႐ြာထြက္နဲ႔ တစ္လအျမတ္ေလးရၿပီး အူစိုဖို႔အတြက္ ထီကုန္မွာျဖစ္မယ္ဆိုတဲ့ အသိစိတ္ေၾကာင့္ ထီမ်ားကို ကုန္စင္ေအာင္ ေရာင္းရေပအုန္းမည္..

တစ္လအျမတ္ေလးရဖို႔ မိမိထီခ်ထားတဲ့သူမ်ားဆီသို႔ အေႂကြးေတာင္းရဖို႔အတြက္ တစ္လတစ္ခါသြားရေပအုန္းမည္.. လြယ္ကူသည္မဟုတ္ပါ.. ေကာက္တင္းေကာက္သလိုပဲ နည္းနည္းခ်င္း ျဖည္းျဖည္းခ်င္းစုစည္းရေပသည္.. လူေလာကသဘာဝအတိုင္း ယူတုန္းကသာ ၾကည္ၾကည္ျဖဳျဖဴယူတတ္ၾကေပမဲ့ ေပးခါနီးကာလေတြမွာ လက္ခတ္တတ္ေသာလူမ်ိဳးမ်ားကပါေနေပသည္.. ရတဲ့ဟာရ မရတဲ့ဟာ ခနစိုက္ထည့္.. စက္႐ုံမ်ားမွာေရာင္းတဲ့ တစ္ပိုင္တစ္ႏိုင္ထီသည္ေတြဆိုလွ်င္ ထီကရမည့္အျမတ္ကအသာထား မိမိရဲ႕လစာျဖင့္စိုက္ထည့္လို႔ မိမိလစာ မိမိကိုယ္တိုင္မသုံးရေတာ့ေပ.. တစ္ခ်ိဳ႕အရပ္ထဲေရာင္းတဲ့ လက္ေပြ႕မ်ားသည္ အေႂကြးမ်ားပတ္ေသာဘဝသို႔ပင္ ေရာက္ခဲ့ေလသည္..

မိမိစိုက္ထည့္ထားတဲ့လူ ေပးတဲ့အခ်ိန္ခါသည္ စုစုစည္စည္းမရတဲ့အခါမ်ိဳးျဖစ္ေသာေၾကာင့္ ေစ်းသုံးထဲပါၿပီး လစာလည္းျပဳတ္ ထီအျမတ္လည္းဆုံးၿပီး ထီဆိုေတာ္ပါၿပီဗ် လို႔ေျပာတဲ့လူေတြလည္းဒုနဲ႔ေဒး.. ဒါကိုမသိတဲ့ ေဖ့စဘြတ္ေပၚက လူခ်မ္းသာတစ္ခ်ိဳ႕က ေလာ္ဘီလုပ္ ျပည္သူ႔အတြက္ဘာညာေျပာၿပီး ေဖ့စဘြတ္မွာ လိုက္ခ္ ရဖို႔အတြက္ ထီသည္ေတြရဲ႕ဘဝကို ခ်ေကြၽးတာလည္း ေတြ႕ေနရတယ္..

အစိုးရက အေႂကြးမေပးဖူး.. ဒါေၾကာင့္အေႂကြးရတဲ့ဆီက ယူေရာင္းတယ္.. အစိုးရက ျပန္အပ္လို႔မရဖူး.. အေႂကြးေပးၿပီးယူလို႔ရတဲ့ေနရာက ျပန္အပ္လို႔ရတယ္.. ခင္ဗ်ားဒို႔ကိုယ္ကိုကိုယ္ သိပ္ဟုတ္လွခ်ည္းထင္မေနနဲ႔.. စာေရးသူကိုယ္တိုင္ထီသည္ျဖစ္လို႔ လူ႔က်င့္ဝတ္ရဒီေလာက္ပဲေျပာမယ္.. ခင္ဗ်ားဒို႔ေျပာေနတဲ့ e-lottery လား.. ေအးတစ္ခါထဲေျပာလိုက္မယ္ ေျပာလာတဲ့ေန႔ ထီေပါက္ၿပီး ခ်မ္းသာတဲ့လူ ကံေကာင္းရင္တစ္သက္ဆိုတဲ့ ေအာက္ဘာေလထီရဲ႕ကံထူးရွင္ဟာ ေသခ်ာတာကေတာ့ ဆင္းရဲႏြင္းပါးတဲ့လူ မေပါက္ဖူးဆိုတာက်ိန္ေသးေျပာရဲတယ္.. ၿမိဳ႕ေပၚက ခ်မ္းသာတဲ့အသိုင္းဝိုင္းမွာပဲ ထီဆုကရွိေနမယ္ဆိုတာ ျပည္သူ႔အတြက္လို႔ေျပာေနတဲ့ ေဖ့စဘြတ္မွာ လူတြင္က်ယ္လုပ္ခ်င္ေနတဲ့ လူ႔ခ်မ္းသာေတြကိုသိေစခ်င္တယ္..

ခင္ဗ်ားတို႔လို ထီသည္ေတြမရွိလည္း ဘာမွမျဖစ္ဖူးလို႔ ေျပာေနတဲ့ လူပိန္းေတြကိုလည္းေျပာခ်င္ပါတယ္.. မွတ္ထားပါ.. ထီသည္ေတြ ေတာေရာ ၿမိဳ႕ပါမက်န္ ဟိုးအေဝးႀကီးေတြဆင္းဆင္းေရာင္းေပးထားလို႔ ထီဆုမဲေပါင္း ၁ သိန္း ၂ ေသာင္းေက်ာ္ခ်ီးျမင့္ႏိုင္တယ္ဆိုတာ သိထားပါ.. အခြန္ဦးစီးဌာနကေတာင္ ဒါေတြကိုႀကိဳတင္တြက္ခ်က္မိလို႔ မျဖစ္ႏိုင္မွန္း နားလည္တဲ့ ပညာရွိေတြကေတာင္ ထီသည္ေတြကို ေနရာေပးထားျခင္းျဖစ္ေပသည္..

ႏိုင္ငံတကာမွာေတာင္ Paper Lottery ေကာ E-Lottery ပါ ယေန႔ထိက်င့္သုံးေနရၾကတယ္.. ဒါဟာဥေရာပႏိုင္ငံေတြမွာေနာ္.. အင္တာနက္လိုင္းအျပည့္ paper lottery ဆိုတာဘယ္ေတာ့မွ မေပ်ာက္ဖူး.. သုံးစြဲသူကလည္း ေနာေၾကတဲ့ႏိုင္ငံႀကီးေတြမွာေနာ္.. ျဖစ္ႏိုင္ေခ် ရွိတာက ထီေရာင္းလို႔ရတဲ့အစိုးရ အဆက္ဆက္ရယူထားတဲ့ ေရာင္းရေငြရဲ႕ ၄၀% ကို ျပည္သူေတြအတြက္ ေအာက္ေျခထီသည္ေတြအတြက္ %ကို ေလွ်ာ့ယူလိုက္ရင္ ကိစၥက ျပတ္ေလာက္ပါတယ္..

ခုေတာ့ ေစ်းကြက္စီးပြားေရးစနစ္လို႔ ေအာ္ေနတဲ့ က်ဳပ္ဒို႔ႏိုင္ငံမွာ ၁၀၀၀ ထက္ပိုေရာင္းရင္ ေထာင္ဒဏ္ဘာညာဆိုၿပီး လုပ္ဖို႔ႀကိဳးစားေနတယ္.. စာခ်ဳပ္ေတြမွာေတာင္ တံဆိပ္ေခါင္းေတြမွာေတာင္ သူ႔မူရင္းေစ်းအတိုင္း ရပါသလား.. ငါးၾကင္းဆီနဲ႔ငါးၾကင္းျပန္ေၾကာ္တဲ့ ေအာင္ဘာေလထီမွာ ဘယ္သူက အျမတ္ထုတ္ေနလည္း ဒီေလာက္ဆိုသိႏိုင္ပါၿပီခင္ဗ်ာ.. လြတ္လပ္စြာ သေဘာထားကြဲလြဲခြင့္ရွိပါသည္..

unicode

ခြေညောင်းခံပြီး ထီတစောင် (၁၀၀၀) ကျပ်နဲ့ မရောင်းနိုင်တဲ့ အခြေခံထီသည်တွေရဲ့ ဘဝ

လက်ငင်း အကြွေး လပေးရောင်းရတဲ့ ထီသည်တွေလည်း ရှိတယ်.. ငွေမစုမိတဲ့အခါ ငွေခေါင်းကွဲပြီး စိတ်ပျက်ပြီး လက်လျှော့သွားတဲ့ထီသည်တွေ ဒုနဲ့ဒေး..

တစ်ခါတစ်ခါ ထီသည်တွေရဲ့ဘဝဟာ ကောက်တင်းကောက်သလိုပဲ ကောက်တင်းဆိုတဲ့စပါးကို ဆန်ဖြစ်အောင်ထမင်းချက်ဖို့အတွက် ကောက်တင်းဆိုတဲ့စပါးကို ခြေညောင်းခံပြီး လျှောက်ကောက်ရတယ်.. အဲ့လိုပဲ အခြေခံထီသည်တွေရဲ့ဘဝကလည်း မိမိထီကုန်စင်အောင်ရောင်းချဖို့အတွက် အကြွေးပေး လပေးပေးပြီး ခြေအညောင်းခံကာ (စက်ရုံ၊ အလုပ်ရုံ၊ အသိမိတ်ဆွေများရဲ့ အိမ်များသို့ တစ်ရွာဝင် တစ်ရွာထွက်နဲ့ တစ်လအမြတ်လေးရပြီး အူစိုဖို့အတွက် ထီကုန်မှာဖြစ်မယ်ဆိုတဲ့ အသိစိတ်ကြောင့် ထီများကို ကုန်စင်အောင် ရောင်းရပေအုန်းမည်..

တစ်လအမြတ်လေးရဖို့ မိမိထီချထားတဲ့သူများဆီသို့ အကြွေးတောင်းရဖို့အတွက် တစ်လတစ်ခါသွားရပေအုန်းမည်.. လွယ်ကူသည်မဟုတ်ပါ.. ကောက်တင်းကောက်သလိုပဲ နည်းနည်းချင်း ဖြည်းဖြည်းချင်းစုစည်းရပေသည်.. လူလောကသဘာဝအတိုင်း ယူတုန်းကသာ ကြည်ကြည်ဖြုဖြူယူတတ်ကြပေမဲ့ ပေးခါနီးကာလတွေမှာ လက်ခတ်တတ်သောလူမျိုးများကပါနေပေသည်.. ရတဲ့ဟာရ မရတဲ့ဟာ ခနစိုက်ထည့်.. စက်ရုံများမှာရောင်းတဲ့ တစ်ပိုင်တစ်နိုင်ထီသည်တွေဆိုလျှင် ထီကရမည့်အမြတ်ကအသာထား မိမိရဲ့လစာဖြင့်စိုက်ထည့်လို့ မိမိလစာ မိမိကိုယ်တိုင်မသုံးရတော့ပေ.. တစ်ချို့အရပ်ထဲရောင်းတဲ့ လက်ပွေ့များသည် အကြွေးများပတ်သောဘဝသို့ပင် ရောက်ခဲ့လေသည်..

မိမိစိုက်ထည့်ထားတဲ့လူ ပေးတဲ့အချိန်ခါသည် စုစုစည်စည်းမရတဲ့အခါမျိုးဖြစ်သောကြောင့် စျေးသုံးထဲပါပြီး လစာလည်းပြုတ် ထီအမြတ်လည်းဆုံးပြီး ထီဆိုတော်ပါပြီဗျ လို့ပြောတဲ့လူတွေလည်းဒုနဲ့ဒေး.. ဒါကိုမသိတဲ့ ဖေ့စဘွတ်ပေါ်က လူချမ်းသာတစ်ချို့က လော်ဘီလုပ် ပြည်သူ့အတွက်ဘာညာပြောပြီး ဖေ့စဘွတ်မှာ လိုက်ခ် ရဖို့အတွက် ထီသည်တွေရဲ့ဘဝကို ချကျွေးတာလည်း တွေ့နေရတယ်..

အစိုးရက အကြွေးမပေးဖူး.. ဒါကြောင့်အကြွေးရတဲ့ဆီက ယူရောင်းတယ်.. အစိုးရက ပြန်အပ်လို့မရဖူး.. အကြွေးပေးပြီးယူလို့ရတဲ့နေရာက ပြန်အပ်လို့ရတယ်.. ခင်ဗျားဒို့ကိုယ်ကိုကိုယ် သိပ်ဟုတ်လှချည်းထင်မနေနဲ့.. စာရေးသူကိုယ်တိုင်ထီသည်ဖြစ်လို့ လူ့ကျင့်ဝတ်ရဒီလောက်ပဲပြောမယ်.. ခင်ဗျားဒို့ပြောနေတဲ့ e-lottery လား.. အေးတစ်ခါထဲပြောလိုက်မယ် ပြောလာတဲ့နေ့ ထီပေါက်ပြီး ချမ်းသာတဲ့လူ ကံကောင်းရင်တစ်သက်ဆိုတဲ့ အောက်ဘာလေထီရဲ့ကံထူးရှင်ဟာ သေချာတာကတော့ ဆင်းရဲနွင်းပါးတဲ့လူ မပေါက်ဖူးဆိုတာကျိန်သေးပြောရဲတယ်.. မြို့ပေါ်က ချမ်းသာတဲ့အသိုင်းဝိုင်းမှာပဲ ထီဆုကရှိနေမယ်ဆိုတာ ပြည်သူ့အတွက်လို့ပြောနေတဲ့ ဖေ့စဘွတ်မှာ လူတွင်ကျယ်လုပ်ချင်နေတဲ့ လူ့ချမ်းသာတွေကိုသိစေချင်တယ်..

ခင်ဗျားတို့လို ထီသည်တွေမရှိလည်း ဘာမှမဖြစ်ဖူးလို့ ပြောနေတဲ့ လူပိန်းတွေကိုလည်းပြောချင်ပါတယ်.. မှတ်ထားပါ.. ထီသည်တွေ တောရော မြို့ပါမကျန် ဟိုးအဝေးကြီးတွေဆင်းဆင်းရောင်းပေးထားလို့ ထီဆုမဲပေါင်း ၁ သိန်း ၂ သောင်းကျော်ချီးမြင့်နိုင်တယ်ဆိုတာ သိထားပါ.. အခွန်ဦးစီးဌာနကတောင် ဒါတွေကိုကြိုတင်တွက်ချက်မိလို့ မဖြစ်နိုင်မှန်း နားလည်တဲ့ ပညာရှိတွေကတောင် ထီသည်တွေကို နေရာပေးထားခြင်းဖြစ်ပေသည်..

နိုင်ငံတကာမှာတောင် Paper Lottery ကော E-Lottery ပါ ယနေ့ထိကျင့်သုံးနေရကြတယ်.. ဒါဟာဥရောပနိုင်ငံတွေမှာနော်.. အင်တာနက်လိုင်းအပြည့် paper lottery ဆိုတာဘယ်တော့မှ မပျောက်ဖူး.. သုံးစွဲသူကလည်း နောကြေတဲ့နိုင်ငံကြီးတွေမှာနော်.. ဖြစ်နိုင်ချေ ရှိတာက ထီရောင်းလို့ရတဲ့အစိုးရ အဆက်ဆက်ရယူထားတဲ့ ရောင်းရငွေရဲ့ ၄၀% ကို ပြည်သူတွေအတွက် အောက်ခြေထီသည်တွေအတွက် %ကို လျှော့ယူလိုက်ရင် ကိစ္စက ပြတ်လောက်ပါတယ်..

ခုတော့ စျေးကွက်စီးပွားရေးစနစ်လို့ အော်နေတဲ့ ကျုပ်ဒို့နိုင်ငံမှာ ၁၀၀၀ ထက်ပိုရောင်းရင် ထောင်ဒဏ်ဘာညာဆိုပြီး လုပ်ဖို့ကြိုးစားနေတယ်.. စာချုပ်တွေမှာတောင် တံဆိပ်ခေါင်းတွေမှာတောင် သူ့မူရင်းစျေးအတိုင်း ရပါသလား.. ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်တဲ့ အောင်ဘာလေထီမှာ ဘယ်သူက အမြတ်ထုတ်နေလည်း ဒီလောက်ဆိုသိနိုင်ပါပြီခင်ဗျာ.. လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါသည်..

Leave a Reply

Your email address will not be published. Required fields are marked *