January 28, 2021






Unicode

ဇနီးဖြစ်သူကို စပရိုက်လုပ်ဖို့စီစဉ်ထားပေမယ့် အစီစဉ်ပျက်သွားကြောင်းပြောပြလာခဲ့တဲ့ ဦးဇေသီဟ

နိုင်ငံကျော် မင်းသမီး တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟနဲ့လက်ထပ်ခဲ့ပြီး ချစ်စရာသမီးလေး သုံးယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူပါ ။ ခင်ပွန်းဖြစ်သူရဲ့ ချစ်မြတ်နိုးမှုကြောင့် သူမဘဝလေး ပျော်ရွှင်စိတ်ချမ် းသာရကြောင်း ကို မကြာခဏ ပရိသတ်တွေကို ပြောပြလေ့ရှိပါတယ် ။

လတ်တလောမှာတော့ ဦးဇေသီဟက ဇနီးဖြစ်သူ နန္ဒာလှိုင်ကို Surprise လုပ်ဖို့ စီစဉ်ထားပေမယ့် လည်း အစီစဉ်ပျက်သွားရကြောင်း အခုလိုပြောပြလာခဲ့ပါတယ် ။ နန္ဒာက ပန်းပင်တွေ စိုက်နေတာမြင်တော့ Valentine’s Day နေ့မှာ ပေးဖို့ ထိုင်းကို အပင်တွေ လှမ်းမှာလိုက်တယ် ။ နိဗ္ဗာန်ကြာ ၁၀ ပင်ပေါ့။ ဟိုကပို့တဲ့လူက စိတ်စောပြီး ဒီနေ့အရောက်ပို့လိုက်တာ စပရိုက် တိုက်မဲ့ အစီအစဉ် ပျက်သွားပါလေရော.. မတတ်နိုင်ဘူးလေ.. စောရောက်တော့လဲ စော သိသွားတာပေါ့ ဆိုတဲ့စာသားလေးနဲ့အတူ လူမှုကွန်ရက် စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။

စောစော ရောက်လာခဲ့တယ်ဆိုပေမယ့်လည်း နန္ဒာလှိုင်ကတော့ ပျော်လွန်းလို့ စိတ်တွေတောင်ခုန်တယ်ဆိုတဲ့ မှတ်ချက်လေးကို ရေးသားထားတာတွေ့ရပါတယ် ။ Valentine’s Day အတွက် Surprise အစီစဉ်လေးပျက်သွားခဲ့ပေမယ့်လည်း ဇနီးဖြစ်သူက ပျော်ရွှင်သွားတယ်ဆိုတာ သိရတော့ Surprise ပါပဲ ပေါ့ ပရိ သတ်ကြီးရေ ..။

Leave a Reply

Your email address will not be published. Required fields are marked *