January 28, 2021








unicode

ဟင်္သာတဆေးရုံက တာဝန် ထမ်းဆောင်နေတဲ့ သူနာပြု ဆရာမကြီးတဦး ကိုဗစ်ဖြင့် ကွယ်လွန်

ဧရာဝတီတိုင်း၊ ဟင်္သာတပြည်သူ့ဆေးရုံမှာ တာဝန် ထမ်းဆောင်နေတဲ့ သူနာပြုဆရာမကြီး အပါအဝင် ဧရာဝတီ တိုင်းထဲက ကိုဗစ် လူနာ ၂ ယောက် မနေ့က သေဆုံးခဲ့ပါတယ်။ဆေးရုံဝင်းထဲမှာပဲ နေထိုင်တဲ့ အသက် ၆၀ အရွယ် သူနာပြု ဆရာမကြီးဟာ အတူနေ သမီးဖြစ်သူ အနံ့ပျောက် တာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်မှာတော့ COVID-19 Ag RDT နဲ့ စစ်ဆေးခဲ့ပြီး ပိုးတွေ့ခဲ့ပါတယ် ။

သူ့မှာ သွေးတိုးနဲ့ ဆီးချိုရောဂါ အခံရှိပြီး ပိုးတွေ့ချိန်မှာ ဖျားတာ၊ ချောင်းဆိုးတာနဲ့ ခေါင်းမူးတာတို့ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ဟင်္သာတဆေးရုံကြီးမှာ ကုသခံနေတုန်း အောက်စီဂျင်ကျလာတာကြောင့် ဇန်နဝါရီ ၂ ရက်မှာရန်ကုန် မြောက်ဥက္ကလာပ

အထူးကုဆေးရုံကြီးဆီ လွှဲပြောင်း ပို့ဆောင်ခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသခဲ့ပေမယ့် ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီကျော်မှာ ကွယ်လွန်ခဲ့ပါတယ်။တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက် အရ ဟင်္သာတမြို့ နယ်ထဲမှာ

မနေ့ကကိုဗစ် လူနာသစ် ၆၉ ယောက်ထပ်တွေ့ခဲ့ပြီး ဘိုကလေး၊ ပုသိမ်၊ လေးမျက်နှာ၊ ဓနုဖြူ၊ အင်္ဂပူ၊ မြောင်းမြနဲ့ ကြံခင်းမြို့နယ်တို့မှာလည်း လူနာသစ်တွေ တွေ့ခဲ့ပြီး စုစုပေါင်း ၁၀၄ ယောက်ဖြစ်ပါတယ်။ဒီမနက်ပိုင်းအထိ ဧရာဝတီတိုင်း ထဲမှာ ကိုဗစ် ပိုးတွေ့လူနာ ၄၇ ယောက် သေဆုံးခဲ့ပြီး ဖြစ်သလို ပိုးတွေ့လူနာ စုစုပေါင်းကတော့ ၅၁၁၃ ယောက် ရှိပါတယ်။မနေ့ည ၁၁-၁-၂၀၂၁ ခုနှစ် ၂၁:၀၅ချိန် မဥက္က္တလာဆေး ရုံ၌ ကိုဗစ်ဖြင့် တိမ်းပါးရှာ

တိုင်းဧရာသား များသာမက ကျန်းမာရေးရပ်ဝန်း အတွက်ပါဆုံးရှုံးမှုကြီးပါ ထပ်တူစိတ် မကောင်းဖြစ် မိပါတယ်။စစ္စတာကြီးဒေါ်သန်းသန်းစီ(ဟင်္သာတပြည်သူ့ဆေးရုံကြီး)သုဂတိဘုံမှ ာငြိမ်းပါစေ အစားထိုး မရတဲ့ ဆုံးရှုံးမှုဖြစ်ရပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *