January 28, 2021







Unicode

ငြိမ်းမြတ်သူရဲ့အကြောင်းကို မေးလာတဲ့ နိုင်ငံခြားသားအသိရဲ့အမေးကြောင့် ဖြေရခက်နေတဲ့ ဟန်နာယူရီ

ပရိသတ်ကြီးရေ Beauty Blogger နဲ့ Photo Model ဖြစ်သူ ဆယ်လီမလေး ဟန်နာယူရီကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာ မလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ ဟန်နာယူရီကတော့ ဆယ်လီ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် သူမရဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင်ကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထား သူလေးပဲဖြစ်ပါတယ်နော်.။

ရိုးရှင်းပြီး ပျော်ရွှင်စွာ နေတတ်သူ ဟန်နာယူရီကတော့ မြန်မာနိုင်ငံသူလေး ဖြစ်ပေမယ့် သူမရဲ့ ဖြူစင်ပြီး လှပတဲ့ အသွင်အပြင်ကြောင့် နိုင်ငံခြားသူလေး တစ်ယောက်လို လှပနေသူလေးပါ.။ Online Shop လည်း ကိုယ်တိုင် လုပ်ကိုင်သလို Beauty Blogger နဲ့ Photo Model အဖြစ်နဲ့ အလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်ရသူမို့ နိုင်ငံခြား ဘာသာစကားနဲ့ နိုင်ငံခြားတွေနဲ့လည်း အဆက်အသွယ်ရှိသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်.။

ဇန်နဝါရီလ (၁၁)ရက်နေ့မှာတော့ ဟန်နာယူရီက သူမရဲ့ အသိ နိုင်ငံခြား တွေဆီကနေ လတ်တလော အွန်လိုင်းပေါ်မှာ Popular ဖြစ်နေတဲ့ ဆယ်လီမလေး Miss New Face Model International Hakha 2021 ဖြစ်သူ ငြိမ်းမြတ်သူရဲ့ ပုံလေးပြကာ မေးတဲ့ ပုံရိပ်လေးကို “How to explain နိုင်ငံခြား သားတွေတောင်..” ဆိုပြီး သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်..။

ဟန်နာယူရီလေးကတော့ နိုင်ငံခြားသားအသိရဲ့ အမေးလေးကို သူမ ဘယ်လို ပြန်ဖြေရမလဲ မသိဖြစ်ရတဲ့အကြောင်းလေး တင်လာခဲ့တာပဲဖြစ်ပါတယ်နော်။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်.။

Leave a Reply

Your email address will not be published. Required fields are marked *