ႏွာေခါင္းအၿမဲပိတ္ၿပီး ႏွာရည္ ေတာက္ေလွ်ာက္ က်ေနသူမ်ားအတြက္ သက္သာေစမဲ့နည္းလမ္း

ႏွာေခါင္းက အၿမဲပိတ္ၿပီး ႏွာရည္ကေတာက္ေလွ်ာက္က်ေနပါတယ္ဆရာ။ ႏွစ္ခါခြဲဘူးပါတယ္ဆရာ ဆရာ၀န္အဆိုကေတာ့ ေလအိတ္ႀကီးတယ္ေျပာပါတယ္ဆရာ။ ထိပ္ကပ္နာလို႔လည္းေျပာၾကပါတယ္။ ေဆးနည္းေလးမ်ားသိလိုပါတယ္။
ႏွာေခါင္းပိတ္၊ ထိပ္ကပ္နာ – ေရရႉပါ ။ မ်က္ႏွာသစ္ ၿပီးေနာက္ ေရကိုလက္ခုပ္နဲ႔ရႉသြင္းပါ။ ႏွာေခါင္းပိတ္ရင္ပြင့္တဲ့အေပါက္ကေန ငယ္ထိပ္ေပါက္ေအာင္ရႉသြင္းပါ။ အက်င့္ရရင္ရႉသြင္းတတ္လာပါလိမ့္မယ္။ ခ်င္းတက္ပါးပါးလွီး ေရေႏြးမတ္ခြက္တစ္လုံးမွာစိမ္ထားပါ။

ေရေႏြးၾကမ္းေသာက္သလိုတစ္ေနကုန္ေသာက္ေနပါ။ မႈိင္းရႉ ေဆးရႉေပးပါ။ တိုင္းရင္ေဆးအမွတ္ ၄၃။အကင္းဆယ္ပါးေဆးမႈန႔္၀ယ္ မီးခဲေပၚျဖဴးရႉေပးပါ။ ထိပ္ကပ္နာ (ႏွပ္ပုတ္ေစာ္နံရင္)အဆင့္ဆိုရင္ေတာ့ မ႐ိုးပင္ေခၚ ငျဖဴႀကီးပင္ အ႐ြက္ေတြကို အေျခာက္လွန္း မီးရႈိ႕ရႉေပးရင္ေပ်ာက္ႏိုင္တယ္လို႔ အာယုေဗဒေဆးက်မ္းမ်ားမွာပါပါတယ္။ ႏွပ္ပုတ္ေစာ္နံရင္.သံပရာသီးစိတ္အရည္ ႏွာေခါင္းေမာ့ ညႇစ္ထည့္ပါ။ အေစ့မပါပါေစနဲ႔။တစ္ေန႔ ၃ ႀကိမ္ထည့္ပါ။
unicode
နှာခေါင်းအမြဲပိတ်ပြီး နှာရည် တောက်လျှောက် ကျနေသူများအတွက် သက်သာစေမဲ့နည်းလမ်း

နှာခေါင်းက အမြဲပိတ်ပြီး နှာရည်ကတောက်လျှောက်ကျနေပါတယ်ဆရာ။ နှစ်ခါခွဲဘူးပါတယ်ဆရာ ဆရာဝန်အဆိုကတော့ လေအိတ်ကြီးတယ်ပြောပါတယ်ဆရာ။ ထိပ်ကပ်နာလို့လည်းပြောကြပါတယ်။ ဆေးနည်းလေးများသိလိုပါတယ်။
နှာခေါင်းပိတ်၊ ထိပ်ကပ်နာ – ရေရှူပါ ။ မျက်နှာသစ် ပြီးနောက် ရေကိုလက်ခုပ်နဲ့ရှူသွင်းပါ။ နှာခေါင်းပိတ်ရင်ပွင့်တဲ့အပေါက်ကနေ ငယ်ထိပ်ပေါက်အောင်ရှူသွင်းပါ။ အကျင့်ရရင်ရှူသွင်းတတ်လာပါလိမ့်မယ်။ ချင်းတက်ပါးပါးလှီး ရေနွေးမတ်ခွက်တစ်လုံးမှာစိမ်ထားပါ။

ရေနွေးကြမ်းသောက်သလိုတစ်နေကုန်သောက်နေပါ။ မှိုင်းရှူ ဆေးရှူပေးပါ။ တိုင်းရင်ဆေးအမှတ် ၄၃။အကင်းဆယ်ပါးဆေးမှုန့်ဝယ် မီးခဲပေါ်ဖြူးရှူပေးပါ။ ထိပ်ကပ်နာ (နှပ်ပုတ်စော်နံရင်)အဆင့်ဆိုရင်တော့ မရိုးပင်ခေါ် ငဖြူကြီးပင် အရွက်တွေကို အခြောက်လှန်း မီးရှို့ရှူပေးရင်ပျောက်နိုင်တယ်လို့ အာယုဗေဒဆေးကျမ်းများမှာပါပါတယ်။ နှပ်ပုတ်စော်နံရင်.သံပရာသီးစိတ်အရည် နှာခေါင်းမော့ ညှစ်ထည့်ပါ။ အစေ့မပါပါစေနဲ့။တစ်နေ့ ၃ ကြိမ်ထည့်ပါ။