January 28, 2021
လမ္းေဘးေခြးေတြအတြက္ TV အေဟာင္းမ်ားကို ေနအိမ္အျဖစ္ ေျပာင္းလဲေပးခဲ့တဲ့ ႏွလုံးလွပိုင္ရွင္

လမ္းေဘးေခြးေတြအတြက္ TV အေဟာင္းမ်ားကို ေနအိမ္အျဖစ္ ေျပာင္းလဲေပးခဲ့တဲ့ ႏွလုံးလွပိုင္ရွင္

လမ္းေဘးေခြးေတြအတြက္ TV အေဟာင္းမ်ားကို ေနအိမ္အျဖစ္ ေျပာင္းလဲေပးခဲ့တဲ့ ႏွလုံးလွပိုင္ရွင္

အသက္ ၃၂ ႏွစ္အ႐ြယ္ရွိေသာ Abhijit Dowarah အမည္ရွိေသာ စီးပြါးေရးလုပ္ငန္းရွင္အမ်ိဳးသားတစ္ဦးက လမ္းေဘးေခြးမ်ားအတြက္ တီဗီေဟာင္းမ်ားကို သက္ေသာင့္သက္သာရွိတဲ့အိမ္မ်ားအျဖစ္ ေျပာင္းလဲေပးခဲ့တာပါ။Abhijit ကေတာ့ မၾကာေသးခင္က ဆိုး႐ြားတဲ့ရာသီဥတုေၾကာင့္ဘဲ အိႏၵိယေျမာက္ပိုင္း Sivasagar ျပည္နယ္ရဲ႕လမ္းမ်ားေပၚရွိတဲ့ ေလလြင့္ေနတဲ့ေခြးမ်ားရဲ႕က်န္းမာေရးကို စိုးရိမ္ခဲ့တာေၾကာင့္ဘဲ ဒီလိုတီထြင္ဖန္တီးမႈတစ္ခုကိုျပဳလုပ္ခဲ့တာပါတဲ့။

Abhijit ကေတာ့ သူ႔ရဲ႕အိမ္မွ TVေဟာင္းတစ္ခုကိုဆြဲထုတ္ၿပီး ေခြးမ်ားခိုလႈံရာအိမ္အျဖစ္သို႔ ေျပာင္းလိုက္ပါတယ္ေနာ္။သူလုပ္ေပးခဲ့တဲ့ အိမ္ကေသးငယ္လြန္းတာေၾကာင့္ဘဲ ပိုႀကီးတာျပဳလုပ္ေပးရန္ ႏွင့္ ၎အိမ္ထဲမွာ ေရခြက္ထည့္လို႔ရေအာင္ ၊

သက္ေသာက္သက္သာရွိေစရန္ အသုံးမျပဳေတာ့တဲ့ေဟာင္းႏြမ္းတဲ့ေက်ာင္းတီဗီေဟာင္းမ်ားကို ရွာေဖြၿပီးျပဳလုပ္ေပးရန္ ဆုံးျဖတ္ခဲ့တာပါ။ေခြးေလးေတြကိုဆြဲေဆာင္ဖို႔ အိမ္ကိုအဝါေရာင္ေဆးျခယ္ထားၿပီး သဘာဝအစိမ္းေရာင္ႏွင့္ပါေပါင္းစပ္ထားပါေသးတယ္တဲ့။ထိုေခြးအိမ္ကိုအေဝးကေနလည္း လွမ္းျမင္ႏိုင္ပါတယ္ လို႔ Abhijit က ေျပာခဲ့ပါ။အရင္က ကြၽန္ေတာ္ဆို ကားေမာင္းေနတုန္း လမ္းမေပၚ ေခြးေတြ ဝင္လာတာကို ကြၽန္ေတာ္အရမ္းေဒါသထြက္ေနခဲ့တယ္ ၊

ဒါေပမဲ့ လြန္ခဲ့တဲ့ငါးႏွစ္က ကြၽန္ေတာ့္အစ္ကိုက ေခြးတစ္ေကာင္လက္ေဆာင္ေပးခဲ့ၿပီးေနာက္မွာေတာ့ အရာအားလုံးက ေျပာင္းလဲသြားခဲ့တယ္ ၊ ကြၽန္ေတာ္က တိရိစာၦန္ေတြအေပၚ သနားၾကင္နာတတ္လာၿပီး သူတို႔ကိုကူညီဖို႔ အၿမဲစဥ္းစားလာေတာ့တယ္ လို႔

Abhijit က ေခြးေနအိမ္ေဆာက္ေပးရျခင္းရဲ႕ရည္႐ြယ္ခ်က္ကို ေျပာလာခဲ့တာပါေနာ္။ Abhijit ဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလ 4 ရက္ေန႔ကေန စတင္ၿပီးေတာ့ အပတ္တိုင္းအနည္းဆုံးေခြးအိမ္တစ္လုံးတည္ေဆာက္ရန္စီစဥ္ထားခဲ့ပါတယ္ေနာ္။ကြၽန္ေတာ့္ရဲ႕ေနာက္ပိုင္းအိမ္မက္က လမ္းေဘးေခြးေလးကို အကာအကြယ္ေပးဖို႔ဘဲ ျဖစ္တယ္လို႔လည္း ဆိုခဲ့ပါေသးတယ္ေနာ္။

Unicode

လမ်းဘေးခွေးတွေအတွက် TV အဟောင်းများကို နေအိမ်အဖြစ် ပြောင်းလဲပေးခဲ့တဲ့ နှလုံးလှပိုင်ရှင်

အသက် ၃၂ နှစ်အရွယ်ရှိသော Abhijit Dowarah အမည်ရှိသော စီးပွါးရေးလုပ်ငန်းရှင်အမျိုးသားတစ်ဦးက လမ်းဘေးခွေးများအတွက် တီဗီဟောင်းများကို သက်သောင့်သက်သာရှိတဲ့အိမ်များအဖြစ် ပြောင်းလဲပေးခဲ့တာပါ။Abhijit ကတော့ မကြာသေးခင်က ဆိုးရွားတဲ့ရာသီဥတုကြောင့်ဘဲ အိန္ဒိယမြောက်ပိုင်း Sivasagar ပြည်နယ်ရဲ့လမ်းများပေါ်ရှိတဲ့ လေလွင့်နေတဲ့ခွေးများရဲ့ကျန်းမာရေးကို စိုးရိမ်ခဲ့တာကြောင့်ဘဲ ဒီလိုတီထွင်ဖန်တီးမှုတစ်ခုကိုပြုလုပ်ခဲ့တာပါတဲ့။

Abhijit ကတော့ သူ့ရဲ့အိမ်မှ TVဟောင်းတစ်ခုကိုဆွဲထုတ်ပြီး ခွေးများခိုလှုံရာအိမ်အဖြစ်သို့ ပြောင်းလိုက်ပါတယ်နော်။သူလုပ်ပေးခဲ့တဲ့ အိမ်ကသေးငယ်လွန်းတာကြောင့်ဘဲ ပိုကြီးတာပြုလုပ်ပေးရန် နှင့် ၎င်းအိမ်ထဲမှာ ရေခွက်ထည့်လို့ရအောင် ၊

သက်သောက်သက်သာရှိစေရန် အသုံးမပြုတော့တဲ့ဟောင်းနွမ်းတဲ့ကျောင်းတီဗီဟောင်းများကို ရှာဖွေပြီးပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့တာပါ။ခွေးလေးတွေကိုဆွဲဆောင်ဖို့ အိမ်ကိုအဝါရောင်ဆေးခြယ်ထားပြီး သဘာဝအစိမ်းရောင်နှင့်ပါပေါင်းစပ်ထားပါသေးတယ်တဲ့။ထိုခွေးအိမ်ကိုအဝေးကနေလည်း လှမ်းမြင်နိုင်ပါတယ် လို့ Abhijit က ပြောခဲ့ပါ။အရင်က ကျွန်တော်ဆို ကားမောင်းနေတုန်း လမ်းမပေါ် ခွေးတွေ ဝင်လာတာကို ကျွန်တော်အရမ်းဒေါသထွက်နေခဲ့တယ် ၊

ဒါပေမဲ့ လွန်ခဲ့တဲ့ငါးနှစ်က ကျွန်တော့်အစ်ကိုက ခွေးတစ်ကောင်လက်ဆောင်ပေးခဲ့ပြီးနောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ် ၊ ကျွန်တော်က တိရိစ္ဆာန်တွေအပေါ် သနားကြင်နာတတ်လာပြီး သူတို့ကိုကူညီဖို့ အမြဲစဉ်းစားလာတော့တယ် လို့

Abhijit က ခွေးနေအိမ်ဆောက်ပေးရခြင်းရဲ့ရည်ရွယ်ချက်ကို ပြောလာခဲ့တာပါနော်။ Abhijit ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ 4 ရက်နေ့ကနေ စတင်ပြီးတော့ အပတ်တိုင်းအနည်းဆုံးခွေးအိမ်တစ်လုံးတည်ဆောက်ရန်စီစဉ်ထားခဲ့ပါတယ်နော်။ကျွန်တော့်ရဲ့နောက်ပိုင်းအိမ်မက်က လမ်းဘေးခွေးလေးကို အကာအကွယ်ပေးဖို့ဘဲ ဖြစ်တယ်လို့လည်း ဆိုခဲ့ပါသေးတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *