





Unicode

ဆန်၊ဆီစတဲ့စားယောက်ကုန်များကို အခက်အခဲဖြစ်နေတဲ့ အနှေးယာဉ်အယောက်(၃၀)အား လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ပရိတ်သတ်ကြီးရေ..မင်းသမီးချောလေးခိုင်နှင်းဝေဟာဆိုရင် လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကို အာရုံစိုက်ပြီး ကြိုးစားလုပ်ဆောင်နေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ခိုင်နှင်းဝေက ခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးခြေအနေတွေကြောင့် အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို သူမတတ်နိုင်သလောက် လှူဒါန်းနေတာပဲဖြစ်ပါတယ်နော်.။

ဒီလိုခက်ခဲနေတဲ့ကာလမှာတောင် ခိုကိုးရာမဲ့နေတဲ့ ရင်သွေးငယ်လေးတွေကို ခေါ်ယူစောင့်ရှောက်ပေးပြီး သူတို့လေးတွေကိုအစစအရာရာဂရုစိုက်ပြုစုပျိုးထောင်ပေးနေတာကိုလည်း လေးစားစွာနဲ့တွေ့မြင်ရတာပဲဖြစ်ပါတယ်။

ခုလိုကာလမှာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်ပြီး လှူဒါန်းမှုတွေကိုဆက်တိုက်ပြုလုပ်နေတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့ ပရဟိတမင်းသမီးလေးဆိုတဲ့အတိုင်း နာမည်နဲ့လိုက်အောင်ကို ပရဟိတစိတ်အပြည့်အယရှိတဲ့အတွက် သူမကို ပရိတ်သတ်တွေက တစ်နေ့ထက်တစ်နေ့ လေးစားရင်းအချစ်တွေပိုနေကြတာပဲဖြစ်ပါတယ်နော်..။

ဒီကနေ့မှာဆိုရင်လည်း ခိုင်နှင်းဝေက ဆန်၊ဆီ၊ကြက်သွန်စတဲ့ စားသောက်ကုန်ပစ္စည်းတွေကို အနှေးယာဉ်အစီး (၃၀)အား လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်.။” ဆိုက်ကား အစီး (၃၀) အား ဆန်(၅)ပြည်၊ ဆီ(၅၀)သား၊ ကြက်သွန်၊အာလူး၊ငါးခြောက်၊ဂေါ်ဖီထုပ်၊အားဆေး တို့ကို ဝေမျှ လှူဒါန်းပေးခဲ့ပါတယ်ရှင်..ဂေဟာ အတွက် ဝယ်စုထားတဲ့ ပစ္စည်းများနှင့် အလှူရှင်များ လာရောက်လှူဒါန်းထားသော ပစ္စည်များအား ရှိသလောက် ထုတ်၍ ပြန်လည်လှူဒါန်းပေးသွားပါမည်..

ခုနှစ်ရက် သားသမီး အလှူရှင်များအားလုံး ထပ်တူ ကုသိုလ်ပွားများနိုင်ကြပါစေရှင်…🙏🙏🙏….” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပရိတ်သတ်ကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်.။ခုလိုအခက်အခဲဖြစ်နေကြတဲ့ သူတွေကို လှူဒါန်းပေေးနတဲ့ခိုင်နှင်းဝေကို တကယ်ကိုလေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်တာပဲဖြစ်ပါတယ်နော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

By mmnews

Leave a Reply

Your email address will not be published. Required fields are marked *