January 25, 2021
Unicode
စိတ်ထင်ရာ စွတ်စွဲပြောဆိုနေတဲ့သူတွေကို ဒဲ့ဖြေရှင်းခဲ့တဲ့ ပန်ကိတ်ဒါဒါ
ပန်ကိတ်ဒါဒါကတော့ အနုပညာသမားတစ်ယောက်မဟုတ်ပေမယ့် ကောင်းမွန်တဲ့ အတွေးအခေါ်တွေ ပညာရစေတဲ့ အရေးအသားလေးတွေနဲ့ ပရိသတ်တွေကို အတွေ့အကြုံသစ်တွေ အမြဲမျှဝေတတ်တဲ့ဆယ်လီတစ်ဦးပါပဲနော်။ နိုင်ငံခြားမှာပဲ အခြေကျနေထိုင်တဲ့ပန်ကိတ်ကတော့မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့တဲ့အချိန်မှာလည်း
ကြော်ငြာတွေလက်ခံရိုက်ကူးခဲ့ပါသေးတယ်။ ပန်ကိတ်ကိုတော့ချစ်ခင်အားပေးတဲ့သူတွေရှိသလို တမင်ကိုဝေဖန်တိုက်ခိုက်နေသူတွေလည်းရှိပါတယ်နော်။ အမြဲပျော်ပျော်နေတတ်တဲ့သူမကို ဝေဖန်အပြစ်ပြောဆိုနေတဲ့သူတွေကို ” ပျော်စရာတွေကို ပျော်စရာလို့ပဲမြင်ပြီးဟာသတွေကို ဟာသလို့ပဲ မြင်စေချင်တယ်။စိတ်ညစ်စရာတွေထက် ပျော်စရာ
ရယ်မောစရာတွေပဲ ပြောဖြစ်တယ်။ ကိုယ်ဆိုတဲ့သူက နောက်ဆုံးစိတ်ညစ်တာတွေရှိလာရင်တောင်ပျော်အောင်နေနိုင်တယ်။ နေတတ်တယ်။ “လူတစ်ယောက်ကို မဟုတ်မမှန်တာ ပြောတော့မယ်ဆိုရင်သူ့နေရာမှာ ငါသာ ဆိုရင်ရော တွေးပြီးပြောစေချင်တယ်။ စိတ်ထင်ရာ
တွေစွတ်စွဲပြောဆိုသမုတ်လိုက်ကြတာများသူတို့မှာ ဆံမျှင်လေးတစ်ပင်ပျောက်ဆုံးရင်တောင်ဆတ်ဆတ်ထိမခံဖြစ်နေလိုက်ကြတဲ့သူတွေချည်း…”ဆိုတဲ့စာလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကနေရေးတင်လာခဲ့တာပါ။ ပရိသတ်ကြီးရေ ပန်ကိတ်ရဲ့စိတ်ထားလေးပတော့သူများနဲ့ကိုမတူအောင်ပါပဲနော်။
Leave a Reply
Your email address will not be published. Required fields are marked *