January 28, 2021
Unicode
ရိပ်သာက ရောဂါဝေဒနာသည် ၄၅ယောက်စာအတွက် အာဟာရဒါနနဲ့ ငွေသားလှူဒါန်းခဲ့တဲ့ ချမ်းချမ်း
အသံကြည်ကြည်အေးအေးလေးနဲ့ အလွမ်းသီချင်းလေးတွေသီဆိုတဲ့ အဆိုတော် ချမ်းချမ်းကတော့ လူငယ်ပရိသတ် တွေရဲ့ ချစ်ခင်အားပေးမှုကို ယနေ့ထိ ရရှိပိုင်ဆိုင်ထားသူပါ။ ချမ်းချမ်းဟာ ယခုလို
ကိုဗစ်ကာလမှာ အလှူတန်းတွေ မကြာခနပြုလုပ်တာကိုလည်း တွေ့ရပါတယ်။ သူမရဲ့ အလှူတွေနဲ့ ပတ်သတ် လို့လည်း ပရိသတ် တွေကို ပြန်လည်မျှဝေလေ့ရှိပါတယ်။ ယနေ့မှာတော့ သူမလှူနေကျ
ရိပ်သာလေးမှာ လှူပေးသူ တို့ကို သူမကိုယ်တိုင် ပရဟိတအနေနဲ့ တာဝန်ယူ ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းပေးခဲ့တဲ့အကြောင်းလေးကို မျှဝေလာတာပဲဖြစ်ပါတယ်။ “ဒီနေ့အလှူလေးလုပ်ပေးခဲ့
ပါတယ် သဘာဝတရားရိပ်သာမှာမှီတင်းနေထိုင်ကြတဲ့ ယောဂီ ဂီလာန အဘိုးအဘွား ရောဂါဝေဒနာသည်များအတွက် နေ့လယ်စာ ထောပတ်ထမင်းနဲ့ ဟင်းလျာစုံ လူ ၄၅ယောက်စာအတွက်အပြင်
ဆီငါးပိသာကို ဆွီဒင်နိူင်ငံမှာနေထိုင်တဲ့ မဥမ္မာမိသားစုမှ လှူဒါန်းပါတယ် ကိုလင်းထွန်း ကျိုက်မရောမှ ကျပ်ငွေတစ်သိန်းကို ဆန်နှင့်အခြားဆေးဝါးဝယ်ယူနိုင်ရန်လှူဒါန်းပေးခဲ့ပါတယ်။ အဝေးရောက်အလှူရှင်များ
အတွက် ဒီနေ့မနက် ၁၁နာရီမှာဆရာတော်ဘုရား၅ပါးကို ဆွမ်းဘုန်းကပ်ပြီးကျန် လူအယောက်၄၀စာကို နေ့လယ်စာကျွေးမွေးပေးခဲ့ပါတယ် အလှူရှင်များအထူးလိုအပ်ပါတယ် သဘာဝတရားရိပ်သာမှ
လူဦးရေအရေအတွက်စာရင်းကိုလဲဖော်ပြပေးထားပါတယ် ကုသိုလ်ယူလိုသူအလှူရှင်များအားလုးံကိုဖိတ်ခေါ်ပါတယ် လှူဒါန်သူများအားလုးံအတွက် သာဓုခေါ်ဆိုပါတယ်ရှင့်”ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ
ရေးသားထားတာတွေ့ရပါတယ်။ ပရိသတ် တွေလည်း ယခုလို အလှူဒါနတွေကိုကြည့်ပြီး ကြည်နူးဝမ်းမြောက် ကြလိမ့်မယ်ထင်ပါတယ်။ ဖက်ရှုသူ ပရိသတ်များကို ကျေးဇူးတင်ပါတယ်နော်။
Leave a Reply
Your email address will not be published. Required fields are marked *