Tuesday, 07 July, 2020

အေမစုပုံတူ ႐ုပ္ထုေလးကို အျပင္နဲ တစ္ပုံထဲတူေအာင္ အေရာင္ျခယ္ခဲ့တဲ့ ကိုေပါက္


အေမစုပုံတူ ႐ုပ္ထုေလးကို အျပင္နဲ တစ္ပုံထဲတူေအာင္ အေရာင္ျခယ္ခဲ့တဲ့ ကိုေပါက္

နာမည္ေက်ာ္ဇာတ္ပို႔ေတြထဲကမွ တစ္ဦးအပါအဝင္ျဖစ္တဲ့ ကိုေပါက္ကိုေတာ့ ပရိသတ္ေတြနဲ႔ အထူးတလည္ မိတ္ဆက္ေပးဖို႔မလိုေလာက္ဘူးထင္ပါတယ္။ ကိုေပါက္ေတာ့ ဇာတ္ကားတိုင္းရဲ႕ ဇာတ္ပို႔ေနရာေတြမွာ အေကာင္းဆုံးသ႐ုပ္ေဆာင္မႈကို ေအာင္ျမင္ခဲ့တဲ့အျပင္ ဇာတ္ကားေတြရဲ႕ ႐ိုက္ခ်က္တိုင္းမွာလည္း အေကာင္းဆုံးဒါ႐ိုက္တာအျဖစ္ ေအာင္ျမင္လာတဲ့ သူတစ္ဦးဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူရဲ႕ မိသားစုဘဝေလးဟာဆိုရင္

ေအးေဆးတည္ၿငိမ္ၿပီး ေပ်ာ္႐ႊင္ဖြယ္ေကာင္းေလာက္တဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူပဲျဖစ္ပါတယ္။ ကို႐ိုနာေရာဂါေတြေၾကာင့္ ဇာတ္ကား႐ိုက္မႈေလးေတြကို ေခတၱရပ္နားထားကာ အိမ္မွာေနရင္း ေခတ္စားေနတဲ့ tik tokေလးေတြေဆာ့ထားတဲ့ အခြီဗီဒီယိုဖိုင္ေလးနဲ႔ ဇာတ္လမ္းဝတၳဳတိုေလးေတြကို သူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာတင္ေပးေလ့ရွိပါတယ္။ ဒီေန႔မွာေတာ့ ကိုေပါက္က”ဒီေန႔ အိမ္မွာ ဒါေလးလုပ္ျဖစ္တယ္။စင္ကာပူကို

႐ိုးမေပၚက်တဲ့မ်က္ရည္ သြားျပေတာ့ ကိုေဇာ္ေအာင္(covid မင္းသားႀကီးဘေဘာ္)က သူ႔စက္နဲ႔ထြင္ထားတဲ့ အေမစု ပုံ စက္လုပ္ပန္းပုေလးလက္ေဆာင္ေပးပါတယ္။လက္ေဆာင္ေပးတာေရာ အေမစုပုံျဖစ္ေနတာေရာ တန္ဖိုးထားၿပီးယူခဲ့ပါတယ္။ယူၿပီးၿပီးျခင္းပဲ ကိုေဇာ္ေအာင့္ကိုကြၽန္ေတာ္ေျပာပါတယ္။ဒီအတိုင္းသိမ္းထားရမွာ သိပ္မ good ဘူး။ဒီပန္းပုေလး အေပၚမွာ ေဆးတင္ၿပီးသိမ္းမယ္လို႔ေျပာခဲ့ပါတယ္။အခုေတာ့

ၿပီးသြားပါၿပီး။စုတ္တံကမစုံေတာ့ အေသးစိတ္ေလးေတြႏႈိက္လို႔မရဘူး။ပစၥည္းစုံမွ လက္စသတ္ရဦးမယ္”ဆိုကာ ျပည္သူအတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ႐ုပ္ပန္းပုေလးကို ခြၽတ္စြပ္တူေအာင္ အေရာင္ေလးတင္လိုက္တဲ့အေၾကာင္းကို သူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ကိုေပါက္ရဲ႕ အေမစုပုံကို ပန္းပုထုထားတဲ့ပုံရိပ္ေလးေတြကို ျပန္လည္ၿပီမွ်ေဝေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ႀကီးကလည္း အေမစုရဲ႕ ပုံတူပန္းပုေလးကို ၾကည့္ကာ ကိုေပါက္ရဲ႕ လက္ရာေလးကို ႀကိဳက္ႏွစ္သက္ၾကမယ္ထင္ပါတယ္။

Unicode

အမေစုပုံတူ ရုပ်ထုလေးကို အပြင်နဲ တစ်ပုံထဲတူအောင် အရောင်ခြယ်ခဲ့တဲ့ ကိုပေါက်

နာမည်ကျော်ဇာတ်ပို့တွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ ကိုပေါက်ကိုတော့ ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ကိုပေါက်တော့ ဇာတ်ကားတိုင်းရဲ့ ဇာတ်ပို့နေရာတွေမှာ အကောင်းဆုံးသရုပ်ဆောင်မှုကို အောင်မြင်ခဲ့တဲ့အပြင် ဇာတ်ကားတွေရဲ့ ရိုက်ချက်တိုင်းမှာလည်း အကောင်းဆုံးဒါရိုက်တာအဖြစ် အောင်မြင်လာတဲ့ သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့ မိသားစုဘဝလေးဟာဆိုရင်

အေးဆေးတည်ငြိမ်ပြီး ပျော်ရွှင်ဖွယ်ကောင်းလောက်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ ကိုရိုနာရောဂါတွေကြောင့် ဇာတ်ကားရိုက်မှုလေးတွေကို ခေတ္တရပ်နားထားကာ အိမ်မှာနေရင်း ခေတ်စားနေတဲ့ tik tokလေးတွေဆော့ထားတဲ့ အခွီဗီဒီယိုဖိုင်လေးနဲ့ ဇာတ်လမ်းဝတ္ထုတိုလေးတွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ကိုပေါက်က”ဒီနေ့ အိမ်မှာ ဒါလေးလုပ်ဖြစ်တယ်။စင်ကာပူကို

ရိုးမပေါ်ကျတဲ့မျက်ရည် သွားပြတော့ ကိုဇော်အောင်(covid မင်းသားကြီးဘဘော်)က သူ့စက်နဲ့ထွင်ထားတဲ့ အမေစု ပုံ စက်လုပ်ပန်းပုလေးလက်ဆောင်ပေးပါတယ်။လက်ဆောင်ပေးတာရော အမေစုပုံဖြစ်နေတာရော တန်ဖိုးထားပြီးယူခဲ့ပါတယ်။ယူပြီးပြီးခြင်းပဲ ကိုဇော်အောင့်ကိုကျွန်တော်ပြောပါတယ်။ဒီအတိုင်းသိမ်းထားရမှာ သိပ်မ good ဘူး။ဒီပန်းပုလေး အပေါ်မှာ ဆေးတင်ပြီးသိမ်းမယ်လို့ပြောခဲ့ပါတယ်။အခုတော့

ပြီးသွားပါပြီး။စုတ်တံကမစုံတော့ အသေးစိတ်လေးတွေနှိုက်လို့မရဘူး။ပစ္စည်းစုံမှ လက်စသတ်ရဦးမယ်”ဆိုကာ ပြည်သူအတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရုပ်ပန်းပုလေးကို ချွတ်စွပ်တူအောင် အရောင်လေးတင်လိုက်တဲ့အကြောင်းကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ကိုပေါက်ရဲ့ အမေစုပုံကို ပန်းပုထုထားတဲ့ပုံရိပ်လေးတွေကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း အမေစုရဲ့ ပုံတူပန်းပုလေးကို ကြည့်ကာ ကိုပေါက်ရဲ့ လက်ရာလေးကို ကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။

0 comments on “အေမစုပုံတူ ႐ုပ္ထုေလးကို အျပင္နဲ တစ္ပုံထဲတူေအာင္ အေရာင္ျခယ္ခဲ့တဲ့ ကိုေပါက္

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments