Tuesday, 07 July, 2020
Unicode
တစ်နေ့တစ်မျိုး မရိုးရအောင် အစားအသောက်တွေလာပို့နေသူကို ဝက်ဖြစ်လာရင် တာဝန်ယူရမယ်ဆိုတဲ့ ခြူးလေး
မင်းသမီးချောလေးခြူးလေးကိုတော့ MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “နွေလယ်ညရဲ့ လမင်း”ဇာတ်လမ်းတွဲ စိုးစန္ဒာအဖြစ်သရုပ်ဆောင်တဲ့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ခြူးလေးကတော့ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့်
ပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံးရရှိလာတဲ့သူဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ အားပေးကြတဲ့ ချန်ဖူးလေးတွေ မမေ့မလျော့သွားအောင် သရုပ်ဆောင်မှုပိုင်းမှာကော ဂီတပိုင်းမှာပါ အကောင်းဆုံးကြိုးစားလျက်ရှိပါတယ်။ ခြူးလေးကတော့
ကိုရိုနာရောဂါတွေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားပေမယ့် ရိုက်ကူးရေးတုန်းက အမှတ်တရပုံရိပ်လေးတွေနဲ့ tik tokဗီဒီယိုဖိုင်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ခြူးလေးက”တစ်နေ့တစ်မျိုးမရိုးရအောင်အစားအသောက်တွေလာပို့တာက
ရှင့်အလုပ်၊ အကုန်စားပြီးဝက်ဖြစ်လာရင်တာဝန်ယူရမှာက ရှင့်အလုပ်..ဟီး..တာဝန်ယူမယ်လို့ ပြုံးပြီး ပြောတာလည်း ရှင်ဘဲ”လို့ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က
သူမကို မရိုးရအောင် အစားအသောက်တွေကို လာလာပို့တဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။ ခြူးလေးရဲ့ လတ်တလောဖြစ်နေတဲ့ခံစားချက်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ခြူးလေးကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။
0 comments on “တစ်နေ့တစ်မျိုး မရိုးရအောင် အစားအသောက်တွေလာပို့နေသူကို ဝက်ဖြစ်လာရင် တာဝန်ယူရမယ်ဆိုတဲ့ ခြူးလေး
Leave a Reply
Your email address will not be published. Required fields are marked *
Recent Comments