Tuesday, 07 July, 2020

ကိုယ္ေ႐ြးခ်ယ္ထားတဲ့ အခ်စ္က မခ်ိဳၿမိန္တဲ့အခါ ျပန္လည္ ဆန္းစစ္သင့္တဲ့ အခ်က္မ်ား


ကိုယ္ေ႐ြးခ်ယ္ထားတဲ့ အခ်စ္က မခ်ိဳၿမိန္တဲ့အခါ ျပန္လည္ ဆန္းစစ္သင့္တဲ့ အခ်က္မ်ား

Relationship တစ္ခုတည္ေဆာက္တဲ့အခါမွာ ဇာတ္ကားေတြ၊ ဝတၳဳေတြထဲကလို အရာရာ အဆင္ေျပေခ်ာေမြ႕သာယာေနမယ္လို႔ ထင္ထားရင္ေတာ့ အမွားႀကီးမွားသြားပါလိမ့္မယ္။ သူစိမ္းႏွစ္ေယာက္ ေပါင္းဖက္ၾကတဲ့ေနရာမွာ မတူညီမႈေတြ၊ စိတ္သေဘာထားမတိုင္ဆိုင္မႈေတြဆိုတာ ေတြ႕ႀကဳံရစၿမဲပါ။ အခ်စ္ေရးဟာ ကိုယ္ေတြးထင္ထားသလို ကိုယ့္အတြက္ အဆင္မေျပဘူး၊ မခ်ိဳၿမိန္ဘူးဆိုရင္ေတာ့ အဓိကျပန္လည္ဆန္းစစ္သင့္တာက ဒီအခ်က္ေတြ ျဖစ္ပါတယ္ေနာ္။

ကိုယ့္ကိုယ္ကို ျပန္ဆန္းစစ္ပါ

လူေတြဟာ ဘယ္ေလာက္ပဲ ေကာင္းပါတယ္ေျပာေျပာ ျပသနာတစ္ခုျဖစ္လာရင္ ကိုယ့္ကိုယ္ကိုသာ အမွန္လို႔ ထင္တတ္ၾကတာေတာ့ လူ႔သဘာဝပါပဲ။ ဒါေၾကာင့္ အခ်စ္ေရးမွာ မေပ်ာ္႐ႊင္ဘူးလို႔ ခံစားလာရရင္ေတာ့ အရင္ဆုံး ကိုယ့္ကိုယ္ကို ျပန္ဆန္းစစ္ၾကည့္သင့္ပါတယ္ေနာ္။ ကိုယ့္ကိုယ္ကို ေသခ်ာနားလည္မွ ကိုယ္ဘာလိုခ်င္တယ္၊ ဘာျဖစ္ခ်င္တယ္ဆိုတာကိုသိၿပီး ဘယ္လိုေပ်ာ္႐ႊင္ေအာင္ ေနထိုင္ရမယ္ဆိုတာကို သိမွာျဖစ္ပါတယ္။ ကိုယ္သူ႔ကို တကယ္ခ်စ္တာဟုတ္မဟုတ္၊ ကိုယ့္လိုခ်င္တဲ့ အခ်စ္ေရးပုံစံက ဘယ္လိုမ်ိဳး စသျဖင့္ေပါ့ ဘယ္လိုအခ်က္ေတြေၾကာင့္ စသျဖင့္ ကိုယ့္ကိုယ္ကို ျပန္ဆန္းစစ္ၾကည့္ပါ။

ကိုယ္ေ႐ြးခ်ယ္ထားတဲ့သူကို ျပန္ဆန္းစစ္ၾကည့္ပါ
ကိုယ့္အခ်စ္ေရးဟာ မခ်ိဳၿမိန္ဘူး၊ မေပ်ာ္႐ႊင္ဘူးဆိုတာ တစ္ခုခုေတာ့ လြဲမွားေနတဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ကိုယ္ေ႐ြးခ်ယ္ထားတဲ့ သူက မွားယြင္းေနလို႔လား၊ သူ႔မွာ ကိုယ္မႀကိဳက္တဲ့ အက်င့္ေတြရွိေနလား ဒါမွမဟုတ္ သူ႔ေၾကာင့္ ဒီအခ်စ္ေရးဟာ အၿမဲတမ္းကေမာက္ကမနဲ႔ ျဖစ္ေနရတာလားဆိုတာကိုသိဖို႔ ကိုယ့္ေ႐ြးခ်ယ္ထားတဲ့ ကိုယ့္ရဲ႕ခ်စ္သူကိုလည္း ျပန္ဆန္းစစ္ၾကည့္ဖို႔ လိုပါတယ္။ ဒါမွ မေပ်ာ္႐ႊင္ရတဲ့ အခ်စ္ေရးဟာ သူ႔ေၾကာင့္္လား၊ ကိုယ့္ေၾကာင့္လား ဒါမွမဟုတ္ ႏွစ္ေယာက္စလုံးေၾကာင့္လားဆိုတာကို သိႏိုင္မွာပါ။

မေပ်ာ္႐ႊင္ရတဲ့ အေၾကာင္းအရင္းကို ရွာေဖြပါ

အခ်စ္ေရးတစ္ခု မေပ်ာ္႐ႊင္ရတာဟာ အေၾကာင္းအရင္းေတြ အမ်ားႀကီးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ သက္ဆိုင္သူ ႏွစ္ေယာက္ေၾကာင့္လည္း ျဖစ္ႏိုင္သလို တစ္ခ်ိဳ႕အေၾကာင္းအရာေတြေၾကာင့္လဲ ျဖစ္ႏိုင္တာမို႔ မေပ်ာ္႐ႊင္ရတာဟာ ဘာေၾကာင့္လဲဆိုတဲ့ အေၾကာင္းအရင္းကို ရွာေဖြဖို႔ လိုပါတယ္။ ျပသနာတစ္ခုခုရွိေနရင္လည္း ဒီျပသနာကို တအုံးေႏြးေႏြးလုပ္ေနတာထက္ ေသခ်ာေျပာျပ ရွင္းျပဖို႔ လိုအပ္ေနပါၿပီေနာ္။

အခ်စ္က စစ္မွန္ရဲ႕လား ျပန္ေတြးပါ

အခ်စ္ေရးတစ္ခုမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ေနဖို႔ကပဲ အေရးအႀကီးဆုံး အခ်က္ပါေနာ္။ တစ္ခါတစ္ေလမွာ ကိုယ္ေ႐ြးခ်ယ္လိုက္တဲ့သူဟာ ကိုယ္တကယ္မခ်စ္တဲ့သူလည္း ျဖစ္ႏိုင္ပါတယ္။ ရင္ခုန္စိတ္လႈပ္ရွားမိ႐ုံနဲ႔ ေ႐ြးခ်ယ္လိုက္မိတဲ့အခါ၊ ကိုယ့္သူငယ္ခ်င္းေတြရဲ႕ စကားေတြကို နားေယာင္မိၿပီး ခ်စ္မိသြားတယ္လို႔ ထင္မိတဲ့အခါမ်ိဳးမွာ ကိုယ္တကယ္မခ်စ္ပဲ ခ်စ္တယ္လို႔ထင္မိၿပီး ေ႐ြးခ်ယ္တြဲမိၾကတာေတြလည္း ရွိတတ္လို႔ပါေနာ္။ ဒါေၾကာင့္ ကိုယ့္အခ်စ္ေရး မခ်ိဳၿမိန္တာဟာ ကိုယ္ေ႐ြးခ်ယ္ထားတဲ့သူကို ကိုယ္တကယ္ခ်စ္ရဲ႕လား ျပန္ေတြးၾကည့္သင့္ပါတယ္ေနာ္။

Unicode

ကိုယ်ရွေးချယ်ထားတဲ့ အချစ်က မချိုမြိန်တဲ့အခါ ပြန်လည် ဆန်းစစ်သင့်တဲ့ အချက်များ

Relationship တစ်ခုတည်ဆောက်တဲ့အခါမှာ ဇာတ်ကားတွေ၊ ဝတ္ထုတွေထဲကလို အရာရာ အဆင်ပြေချောမွေ့သာယာနေမယ်လို့ ထင်ထားရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။ သူစိမ်းနှစ်ယောက် ပေါင်းဖက်ကြတဲ့နေရာမှာ မတူညီမှုတွေ၊ စိတ်သဘောထားမတိုင်ဆိုင်မှုတွေဆိုတာ တွေ့ကြုံရစမြဲပါ။ အချစ်ရေးဟာ ကိုယ်တွေးထင်ထားသလို ကိုယ့်အတွက် အဆင်မပြေဘူး၊ မချိုမြိန်ဘူးဆိုရင်တော့ အဓိကပြန်လည်ဆန်းစစ်သင့်တာက ဒီအချက်တွေ ဖြစ်ပါတယ်နော်။

ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ

လူတွေဟာ ဘယ်လောက်ပဲ ကောင်းပါတယ်ပြောပြော ပြသနာတစ်ခုဖြစ်လာရင် ကိုယ့်ကိုယ်ကိုသာ အမှန်လို့ ထင်တတ်ကြတာတော့ လူ့သဘာဝပါပဲ။ ဒါကြောင့် အချစ်ရေးမှာ မပျော်ရွှင်ဘူးလို့ ခံစားလာရရင်တော့ အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်နော်။ ကိုယ့်ကိုယ်ကို သေချာနားလည်မှ ကိုယ်ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကိုသိပြီး ဘယ်လိုပျော်ရွှင်အောင် နေထိုင်ရမယ်ဆိုတာကို သိမှာဖြစ်ပါတယ်။ ကိုယ်သူ့ကို တကယ်ချစ်တာဟုတ်မဟုတ်၊ ကိုယ့်လိုချင်တဲ့ အချစ်ရေးပုံစံက ဘယ်လိုမျိုး စသဖြင့်ပေါ့ ဘယ်လိုအချက်တွေကြောင့် စသဖြင့် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ပါ။

ကိုယ်ရွေးချယ်ထားတဲ့သူကို ပြန်ဆန်းစစ်ကြည့်ပါ
ကိုယ့်အချစ်ရေးဟာ မချိုမြိန်ဘူး၊ မပျော်ရွှင်ဘူးဆိုတာ တစ်ခုခုတော့ လွဲမှားနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့ သူက မှားယွင်းနေလို့လား၊ သူ့မှာ ကိုယ်မကြိုက်တဲ့ အကျင့်တွေရှိနေလား ဒါမှမဟုတ် သူ့ကြောင့် ဒီအချစ်ရေးဟာ အမြဲတမ်းကမောက်ကမနဲ့ ဖြစ်နေရတာလားဆိုတာကိုသိဖို့ ကိုယ့်ရွေးချယ်ထားတဲ့ ကိုယ့်ရဲ့ချစ်သူကိုလည်း ပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ဒါမှ မပျော်ရွှင်ရတဲ့ အချစ်ရေးဟာ သူ့ကြောင့််လား၊ ကိုယ့်ကြောင့်လား ဒါမှမဟုတ် နှစ်ယောက်စလုံးကြောင့်လားဆိုတာကို သိနိုင်မှာပါ။

မပျော်ရွှင်ရတဲ့ အကြောင်းအရင်းကို ရှာဖွေပါ

အချစ်ရေးတစ်ခု မပျော်ရွှင်ရတာဟာ အကြောင်းအရင်းတွေ အများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ သက်ဆိုင်သူ နှစ်ယောက်ကြောင့်လည်း ဖြစ်နိုင်သလို တစ်ချို့အကြောင်းအရာတွေကြောင့်လဲ ဖြစ်နိုင်တာမို့ မပျော်ရွှင်ရတာဟာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေဖို့ လိုပါတယ်။ ပြသနာတစ်ခုခုရှိနေရင်လည်း ဒီပြသနာကို တအုံးနွေးနွေးလုပ်နေတာထက် သေချာပြောပြ ရှင်းပြဖို့ လိုအပ်နေပါပြီနော်။

အချစ်က စစ်မှန်ရဲ့လား ပြန်တွေးပါ

အချစ်ရေးတစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေဖို့ကပဲ အရေးအကြီးဆုံး အချက်ပါနော်။ တစ်ခါတစ်လေမှာ ကိုယ်ရွေးချယ်လိုက်တဲ့သူဟာ ကိုယ်တကယ်မချစ်တဲ့သူလည်း ဖြစ်နိုင်ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားမိရုံနဲ့ ရွေးချယ်လိုက်မိတဲ့အခါ၊ ကိုယ့်သူငယ်ချင်းတွေရဲ့ စကားတွေကို နားယောင်မိပြီး ချစ်မိသွားတယ်လို့ ထင်မိတဲ့အခါမျိုးမှာ ကိုယ်တကယ်မချစ်ပဲ ချစ်တယ်လို့ထင်မိပြီး ရွေးချယ်တွဲမိကြတာတွေလည်း ရှိတတ်လို့ပါနော်။ ဒါကြောင့် ကိုယ့်အချစ်ရေး မချိုမြိန်တာဟာ ကိုယ်ရွေးချယ်ထားတဲ့သူကို ကိုယ်တကယ်ချစ်ရဲ့လား ပြန်တွေးကြည့်သင့်ပါတယ်နော်။

0 comments on “ကိုယ္ေ႐ြးခ်ယ္ထားတဲ့ အခ်စ္က မခ်ိဳၿမိန္တဲ့အခါ ျပန္လည္ ဆန္းစစ္သင့္တဲ့ အခ်က္မ်ား

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments