Tuesday, 07 July, 2020

ရန္ကုန္ၿမိဳ႕မွာ မၾကာမီဖြင့္လွစ္ေတာ့ မယ္သီတဂူ စကၡဳဒါန ေဆး႐ုံ


ရန္ကုန္ၿမိဳ႕မွာ မၾကာမီဖြင့္လွစ္ေတာ့ မယ္သီတဂူ စကၡဳဒါန ေဆး႐ုံ

ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ႀကီးသည္ ၁၅-၆-၂၀၂၀ ရက္ေန႔ နံနက္ခင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဒဂုံၿမိဳ႕နယ္၊ အမွတ္-၁၀ ပင္လုံလမ္းတြင္ တည္ရွိေသာ သီတဂူဗုဒၶတကၠသိုလ္ (ရန္ကုန္) ၈-ထပ္ေက်ာင္းေဆာင္ တြင္ တည္ေဆာက္ၿပီးစီးသည့္ “သီတဂူစကၡဳဒါနအဆင့္ျမင့္ေဆး႐ုံ” ကို စစ္ေဆးၾကည့္ရႈေတာ္ မူသည္။

ယေန႔နံနက္ စကၡဳဒါနေဆး႐ုံတြင္ တပ္ဆင္ထားသည့္ ေခတ္မီစမ္းသပ္စစ္ေဆးသည့္ စက္သစ္ႀကီးမ်ားျဖင့္ မ်က္စိအထူးကု ဆရာဝန္ႀကီးမ်ားျဖစ္ၾကေသာ သီတဂူသာသနာျပဳအဖြဲ႕ ဥကၠ႒ ေဒါက္တာဦးျမေအာင္၊

သီတဂူေဒါက္တာဦးသိန္းျမင့္ (အဂၤလန္)ႏွင့္ သီတဂူစကၡဳဒါနေဆး႐ုံေတာ္မ်ား လွည့္လည္ကုသေရးတာဝန္ခံ သီတဂူေဒါက္တာဦးစေဂ်လြင္ တို႔က သီတဂူဆရာေတာ္ႀကီး၊ ဗုဒၶဂါယာဆရာေတာ္ႀကီးႏွင့္ ေဝဇယႏၲာဆရာေတာ္ႀကီးတို႔ကို စတင္စမ္းသပ္ စစ္ေဆးျခင္း မဂၤလာျပဳခဲ့ပါသည္။

သီတဂူစကၡဳဒါန အစီစဥ္ စတင္ခဲ့သည့္ ၁၉၉၃ခုႏွစ္-ဇန္နဝါရီလမွ ၂၀၁၉ ခုႏွစ္-ဒီဇင္ဘာကုန္အထိ စမ္းသပ္ စစ္ေဆး ၅၂၂,၇၃၀ ဦး၊ ခြဲစိတ္ကုသလူနာ-၁၀၀,၈၅၄ ဦးတို႔ကို စကၡဳဒါန အလင္းကုသိုလ္ ျပဳေပးႏိုင္ခဲ့ပါသည္။

လက္ရွိအခ်ိန္ အထိ သီတဂူဆရာေတာ္ႀကီး တည္ေထာင္ဖြင့္လွစ္ၿပီးေသာ သီတဂူ-အာယုဒါန၊ အာေရာဂ်ဒါန၊ စကၡဳဒါန ေဆး႐ုံေတာ္ေပါင္း-၃၇ ႐ုံရွိၿပီး (ေဆာက္လုပ္ေနဆဲမ်ားမွာ) ၃၈။ စစ္ကိုင္းတိုင္း-ပုလဲၿမိဳ႕၊ ၃၉။

တနသၤာရီတိုင္း-ပုေလာၿမိဳ႕၊ ၄၀။ ရန္ကုန္တိုင္း-ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း၊ ၄၁။ တနသၤာရီတိုင္း-ၿမိတ္ၿမိဳ႕၊ ၄၂။ စစ္ကိုင္းတိုင္း-ခႏၲီးၿမိဳ႕၊ ၄၃။ စစ္ကိုင္းတိုင္း-အင္းေတာ္ၿမိဳ႕၊ ၄၄။ မႏၲေလးတိုင္း-ကူမဲၿမိဳ႕ တို႔ျဖစ္ပါသည္။

သီတဂူေဆး႐ုံ အမွတ္စဥ္-၄၀ ျဖစ္ေသာ သီတဂူစကၡဳဒါနေဆး႐ုံ (ရန္ကုန္)ကို က်န္းမာေရးႏွ င့္အားကစားဝန္ႀကီးဌာနမွ ဖြင့္လွစ္ရန္ ခြင့္ျပဳခ်က္ ရရွိသည့္ အခါသမယတြင္ Grand Open မဂၤလာအခမ္းအနားျဖင့္ မ်က္စိေဝဒနာရွင္မ်ားအား စကၡဳဒါနကုသေပးမည္ ျဖစ္ပါေၾကာင္း ဝမ္းေျမာက္ ဖြယ္ရာသတင္းအား ႀကိဳတင္သိရွိေစအပ္ပါသည္။

သီတဂူဆရာေတာ္ႀကီးသည္ ႏိုင္ငံအဝွမ္း ေဆး႐ုံေတာ္-၄၅ခု တည္ေဆာက္ရန္ ရည္စိတ္သန္လွ်က္ရွိၿပီး လက္ရွိစာရင္းအရ အားလုံးၿပီးစီးကာဖြင့္လွစ္ပါက ျမန္မာႏိုင္ငံတြင္ သီတဂူ-အာယုဒါန၊ အာေရာဂ်ဒါန၊ စကၡဳဒါန ေဆး႐ုံေတာ္ေပါင္း-၄၄ ခုျဖင့္ ျပည္သူျပည္သားမ်ား၏ က်န္းမာေရးက႑ကို႔ အားျဖည့္ေဆာင္႐ြက္ေပးႏိုင္ မည္ျဖစ္သည္။

ျမန္မာႏိုင္ငံက်န္းမာေရးက႑၊ က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္ခ်က္မ်ားကို တစ္ေထာင့္တစ္ေနရာမွ ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ သီတဂူဆရာေတာ္ႀကီး၏ လမ္းၫႊန္မႈျဖင့္ တည္ေဆာက္ခဲ့ေသာ သီတဂူစကၡဳဒါနေဆး႐ုံ (ရန္ကုန္) ျဖစ္ေျမာက္ေအာင္ အဖက္ဖက္က ပါဝင္ကုသိုလ္ယူၾကသည့္ ေစတနာရွင္မ်ား၊ အလႉရွင္မ်ား ၏ မြန္ျမတ္ေသာအလႉေတာ္ ကို သီတဂူသာသနာျပဳအဖြဲ႕က ဝမ္းေျမာက္ ဝမ္းသာျဖင့္ သာဓုအႏုေမာဒနာ ေခၚဆိုပါေၾကာင္း မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။

Unicode

ရန်ကုန်မြို့မှာ မကြာမီဖွင့်လှစ်တော့ မယ်သီတဂူ စက္ခုဒါန ဆေးရုံ

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၅-၆-၂၀၂၀ ရက်နေ့ နံနက်ခင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ အမှတ်-၁၀ ပင်လုံလမ်းတွင် တည်ရှိသော သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၈-ထပ်ကျောင်းဆောင် တွင် တည်ဆောက်ပြီးစီးသည့် “သီတဂူစက္ခုဒါနအဆင့်မြင့်ဆေးရုံ” ကို စစ်ဆေးကြည့်ရှုတော် မူသည်။

ယနေ့နံနက် စက္ခုဒါနဆေးရုံတွင် တပ်ဆင်ထားသည့် ခေတ်မီစမ်းသပ်စစ်ဆေးသည့် စက်သစ်ကြီးများဖြင့် မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော သီတဂူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဦးမြအောင်၊

သီတဂူဒေါက်တာဦးသိန်းမြင့် (အင်္ဂလန်)နှင့် သီတဂူစက္ခုဒါနဆေးရုံတော်များ လှည့်လည်ကုသရေးတာဝန်ခံ သီတဂူဒေါက်တာဦးစဂျေလွင် တို့က သီတဂူဆရာတော်ကြီး၊ ဗုဒ္ဓဂါယာဆရာတော်ကြီးနှင့် ဝေဇယန္တာဆရာတော်ကြီးတို့ကို စတင်စမ်းသပ် စစ်ဆေးခြင်း မင်္ဂလာပြုခဲ့ပါသည်။

သီတဂူစက္ခုဒါန အစီစဉ် စတင်ခဲ့သည့် ၁၉၉၃ခုနှစ်-ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ်-ဒီဇင်ဘာကုန်အထိ စမ်းသပ် စစ်ဆေး ၅၂၂,၇၃၀ ဦး၊ ခွဲစိတ်ကုသလူနာ-၁၀၀,၈၅၄ ဦးတို့ကို စက္ခုဒါန အလင်းကုသိုလ် ပြုပေးနိုင်ခဲ့ပါသည်။

လက်ရှိအချိန် အထိ သီတဂူဆရာတော်ကြီး တည်ထောင်ဖွင့်လှစ်ပြီးသော သီတဂူ-အာယုဒါန၊ အာရောဂျဒါန၊ စက္ခုဒါန ဆေးရုံတော်ပေါင်း-၃၇ ရုံရှိပြီး (ဆောက်လုပ်နေဆဲများမှာ) ၃၈။ စစ်ကိုင်းတိုင်း-ပုလဲမြို့၊ ၃၉။

တနင်္သာရီတိုင်း-ပုလောမြို့၊ ၄၀။ ရန်ကုန်တိုင်း-ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၁။ တနင်္သာရီတိုင်း-မြိတ်မြို့၊ ၄၂။ စစ်ကိုင်းတိုင်း-ခန္တီးမြို့၊ ၄၃။ စစ်ကိုင်းတိုင်း-အင်းတော်မြို့၊ ၄၄။ မန္တလေးတိုင်း-ကူမဲမြို့ တို့ဖြစ်ပါသည်။

သီတဂူဆေးရုံ အမှတ်စဉ်-၄၀ ဖြစ်သော သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)ကို ကျန်းမာရေးနှ င့်အားကစားဝန်ကြီးဌာနမှ ဖွင့်လှစ်ရန် ခွင့်ပြုချက် ရရှိသည့် အခါသမယတွင် Grand Open မင်္ဂလာအခမ်းအနားဖြင့် မျက်စိဝေဒနာရှင်များအား စက္ခုဒါနကုသပေးမည် ဖြစ်ပါကြောင်း ဝမ်းမြောက် ဖွယ်ရာသတင်းအား ကြိုတင်သိရှိစေအပ်ပါသည်။

သီတဂူဆရာတော်ကြီးသည် နိုင်ငံအဝှမ်း ဆေးရုံတော်-၄၅ခု တည်ဆောက်ရန် ရည်စိတ်သန်လျှက်ရှိပြီး လက်ရှိစာရင်းအရ အားလုံးပြီးစီးကာဖွင့်လှစ်ပါက မြန်မာနိုင်ငံတွင် သီတဂူ-အာယုဒါန၊ အာရောဂျဒါန၊ စက္ခုဒါန ဆေးရုံတော်ပေါင်း-၄၄ ခုဖြင့် ပြည်သူပြည်သားများ၏ ကျန်းမာရေးကဏ္ဍကို့ အားဖြည့်ဆောင်ရွက်ပေးနိုင် မည်ဖြစ်သည်။

မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ဖြစ်မြောက်အောင် အဖက်ဖက်က ပါဝင်ကုသိုလ်ယူကြသည့် စေတနာရှင်များ၊ အလှူရှင်များ ၏ မွန်မြတ်သောအလှူတော် ကို သီတဂူသာသနာပြုအဖွဲ့က ဝမ်းမြောက် ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

0 comments on “ရန္ကုန္ၿမိဳ႕မွာ မၾကာမီဖြင့္လွစ္ေတာ့ မယ္သီတဂူ စကၡဳဒါန ေဆး႐ုံ

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments