Tuesday, 07 July, 2020

ဗိုလ္ခ်ဳပ္‌ေအာင္ဆန္း႐ုပ္ပုံျဖင့္ ေငြစကၠဴအားလုံးကို ထုတ္ေဝသြားမည္ဟု ဗဟိုဘဏ္ေျပာ


ဗိုလ္ခ်ဳပ္‌ေအာင္ဆန္း႐ုပ္ပုံျဖင့္ ေငြစကၠဴအားလုံးကို ထုတ္ေဝသြားမည္ဟု ဗဟိုဘဏ္ေျပာ

\လက္ရွိသုံးစြဲေနသည့္ ေငြစကၠဴအားလုံးကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံျဖင့္ ထုတ္ေဝသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ‌ေတာ္ဗဟိုဘဏ္ ဒုတိယဥကၠဌ ဦးစိုးမင္းက‌ေျပာသည္။ဇြန္လ ၁၅ရက္‌ေန႔က ေနျပည္ေတာ္ ျပန္ၾကားေရးဝန္ႀကီးဌာနတြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။၎က”ကာလကေတာ့ ဒီ၁၀လအတြင္းမွာလားဆိုေတာ့ ဒါကေတာ့ ႐ိုက္ႏွိပ္တဲ့အေပၚမွာ မူတည္ပါတယ္။

သုံးစြဲေနတဲ့ Denomination ေတြအားလုံးအတြက္ ဗိုလ္ခ်ဳပ္႐ုပ္ပုံကိုေတာ့ ႐ိုက္ႏွိပ္ထုတ္ေဝသြားမွာပါ။ ငါးေထာင္တန္ေရာ တစ္ေသာင္းတန္ေရာ ငါးရာတန္ေရာ အဲ့လိုဟာမ်ိဳး Denomination အားလုံးအတြက္ထုတ္သြားမွာပါ”ဟုေျပာသည္။

ဗဟိုဘဏ္အေနျဖင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ တစ္ေထာင္က်ပ္တန္ ေငြစကၠဴသစ္မ်ားကို လြတ္လပ္ေရးေန႔အမွတ္တရအျဖစ္ ယခုႏွစ္ ဇန္နဝါရီလ ၄ရက္ေန႔တြင္ ဂုဏ္ျပဳထုတ္ေဝခဲ့သည္။သို႔ေသာ္ ဇန္နဝါရီလ ၄ရက္ေန႔သည္ အစိုးရ႐ုံးပိတ္ရက္ျဖစ္သျဖင့္ ႐ုံးဖြင့္ရက္ျဖစ္သည့္ ဇန္နဝါရီလ ၇ရက္ေန႔တြင္ အမ်ားျပည္သူသို႔ျဖန႔္ေဝခဲ့သည္။

“ေလာေလာဆယ္စထုတ္တဲ့အခ်ိန္မွာ limitရွိတဲ့အတြက္ ဒီအခ်ိန္မွာအားလုံးကို ျပန႔္သြားေအာင္ထုတ္တဲ့အတြက္ ဒီဟာက အကုန္လုံးကို ပ်ံ႕ႏွံ႔တဲ့ သေဘာမရွိေတာ့ သုံးတဲ့ အေနအထားကို မေရာက္ေတာ့ပဲနဲ႔ လူေတြက ျမတ္ျမတ္ႏိုးႏိုးနဲ႔ သိမ္းထားတဲ့အေနအထားမွာရွိပါတယ္။

သို႔ေသာ္ ကြၽန္ေတာ္တို႔ ဆက္ၿပီးေတာ့ အကုန္လုံးကို ျဖန႔္ေဝသြားမွာပါ”ဟု ၎ကဆိုသည္။လက္ရွိထုတ္ေဝေနသည့္ ေငြစကၠဴမ်ားမွာDenominationႏွင့္ ပုံစံအေပၚမူတည္ၿပီး ၁၄မ်ိဳးခန႔္ရွိေၾကာင္း သိရသည္။

Unicode

ဗိုလ်ချုပ်‌အောင်ဆန်းရုပ်ပုံဖြင့် ငွေစက္ကူအားလုံးကို ထုတ်ဝေသွားမည်ဟု ဗဟိုဘဏ်ပြော

\လက်ရှိသုံးစွဲနေသည့် ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက‌ပြောသည်။ဇွန်လ ၁၅ရက်‌နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။၎င်းက”ကာလကတော့ ဒီ၁၀လအတွင်းမှာလားဆိုတော့ ဒါကတော့ ရိုက်နှိပ်တဲ့အပေါ်မှာ မူတည်ပါတယ်။

သုံးစွဲနေတဲ့ Denomination တွေအားလုံးအတွက် ဗိုလ်ချုပ်ရုပ်ပုံကိုတော့ ရိုက်နှိပ်ထုတ်ဝေသွားမှာပါ။ ငါးထောင်တန်ရော တစ်သောင်းတန်ရော ငါးရာတန်ရော အဲ့လိုဟာမျိုး Denomination အားလုံးအတွက်ထုတ်သွားမှာပါ”ဟုပြောသည်။

ဗဟိုဘဏ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူသစ်များကို လွတ်လပ်ရေးနေ့အမှတ်တရအဖြစ် ယခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ဂုဏ်ပြုထုတ်ဝေခဲ့သည်။သို့သော် ဇန်နဝါရီလ ၄ရက်နေ့သည် အစိုးရရုံးပိတ်ရက်ဖြစ်သဖြင့် ရုံးဖွင့်ရက်ဖြစ်သည့် ဇန်နဝါရီလ ၇ရက်နေ့တွင် အများပြည်သူသို့ဖြန့်ဝေခဲ့သည်။

“လောလောဆယ်စထုတ်တဲ့အချိန်မှာ limitရှိတဲ့အတွက် ဒီအချိန်မှာအားလုံးကို ပြန့်သွားအောင်ထုတ်တဲ့အတွက် ဒီဟာက အကုန်လုံးကို ပျံ့နှံ့တဲ့ သဘောမရှိတော့ သုံးတဲ့ အနေအထားကို မရောက်တော့ပဲနဲ့ လူတွေက မြတ်မြတ်နိုးနိုးနဲ့ သိမ်းထားတဲ့အနေအထားမှာရှိပါတယ်။

သို့သော် ကျွန်တော်တို့ ဆက်ပြီးတော့ အကုန်လုံးကို ဖြန့်ဝေသွားမှာပါ”ဟု ၎င်းကဆိုသည်။လက်ရှိထုတ်ဝေနေသည့် ငွေစက္ကူများမှာDenominationနှင့် ပုံစံအပေါ်မူတည်ပြီး ၁၄မျိုးခန့်ရှိကြောင်း သိရသည်။

0 comments on “ဗိုလ္ခ်ဳပ္‌ေအာင္ဆန္း႐ုပ္ပုံျဖင့္ ေငြစကၠဴအားလုံးကို ထုတ္ေဝသြားမည္ဟု ဗဟိုဘဏ္ေျပာ

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments