ဦးမန္းဝင္းရဲ႕က်န္းမာေရးအေျခအေန စိုးရိမ္ရဟု ဆရာ၀န္မ်ားထံမွ သိရွိရ

ဦးမန္းဝင္းရဲ႕က်န္းမာေရးအေျခအေန စိုးရိမ္ရဟု ဆရာ၀န္မ်ားထံမွ သိရွိရ

ျပည္သူခ်စ္ ဟာသလူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္ဦးမန္းဝင္းဟာ ႏွလုံး ႐ုတ္တရက္ ေခတၱရပ္သြားခဲ့ၿပီး ေဖေဖာ္ဝါရီလ (၁၉) ရက္ေန႔မွာ ပင္လုံေဆး႐ုံ မွာအေရးေပၚတင္ထားခဲ့ရပါတယ္ ။ က်န္းမာေရးအေျခေန ျပန္လည္ေကာင္းမြန္လာတဲ့အတြက္ စိတ္ပူေနတဲ့ ပရိသတ္ေတြအတြက္ ရင္ေအးခဲ့ရေပမယ့္ အခုေနာက္ဆုံးရရွိတဲ့သတင္းအရ (၁၀) ရက္တိတိ သတိလစ္ေမ့ေမ်ာေနခဲ့ၿပီးေနာက္မွာေတာ့ စိုးရိမ္ရတဲ့ အေျခေနကိုေရာက္ရွိေနၿပီျဖစ္ေၾကာင္း မိသားစုဝင္ေတြက သတိထားမိခဲ့ၾကပါတယ္ ။

ဇြန္လ (၁) ရက္ေန႔ကေတာ့ ဦးေႏွာက္ေသြးယိုလို႔ ဦးေခါင္းခြဲစိတ္ခဲ့ရၿပီး က်န္းမာေရးအေျခအေနရ ပင္လုံေဆး႐ုံကေန ေျမာက္ဥကၠလာေဆး႐ုံကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး သမီးႏွစ္ေယာက္ျဖစ္တဲ့ ၾကည္ျဖဴမန္းဝင္းက ေ႐ႊေတာင္ႀကီးၿပိဳေတာ့မယ္ အေဖနဲ႔အေမရယ္ သမီးေၾကာက္တယ္ အိပ္ေပ်ာ္ေနတာ (၁၀) ရက္ေတာင္ ရွိၿပီေဖႀကီးရယ္ သမီးစိတ္ေတြပူလွၿပီ ျမန္ျမန္ႏိုးပါေတာ့ေနာ္ ဆိုတဲ့စာသားေလးနဲ႔အတူ ဖခင္ျဖစ္သူရဲ႕ က်န္းမာေရးအေျခေနေလးကို ပရိသတ္ေတြကိုမွ်ေဝေပးလာခဲ့ပါတယ္ ။

သမီးႏွစ္ေယာက္ျဖစ္တဲ့ ေဟမာမန္းဝင္းနဲ႔ၾကည္ျဖဴမန္းဝင္းတို႔ႏွစ္ေယာက္လုံးကလည္း ဖခင္ျဖစ္သူအတြက္ ေျဖမဆည္ႏိုင္ျဖစ္ေနၾကၿပီး ဖခင္ျဖစ္သူ သက္သာလာဖို႔ေမွ်ာ္လင့္ေနၾကေပမယ့္ စိုးရိမ္ရတဲ့အေျခေနအတြက္ စိတ္ကိုႀကိဳတင္ျပင္ဆင္ၿပီး ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္ ။ ပရိသတ္ေတြကလည္း မိသားစုဝင္ေတြနဲ႔ထပ္တူထပ္မွ် စိတ္မေကာင္းျဖစ္ေနၾကၿပီး အျမန္ဆုံးသက္သာလာဖို႔ေမွ်ာ္လင့္ေနၾကပါတယ္ ။

Unicode

ဦးမန်းဝင်းရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်ရဟု ဆရာဝန်များထံမှ သိရှိရ

ပြည်သူချစ် ဟာသလူရွှင်တော် သရုပ်ဆောင်ဦးမန်းဝင်းဟာ နှလုံး ရုတ်တရက် ခေတ္တရပ်သွားခဲ့ပြီး ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ ပင်လုံဆေးရုံ မှာအရေးပေါ်တင်ထားခဲ့ရပါတယ် ။ ကျန်းမာရေးအခြေနေ ပြန်လည်ကောင်းမွန်လာတဲ့အတွက် စိတ်ပူနေတဲ့ ပရိသတ်တွေအတွက် ရင်အေးခဲ့ရပေမယ့် အခုနောက်ဆုံးရရှိတဲ့သတင်းအရ (၁၀) ရက်တိတိ သတိလစ်မေ့မျောနေခဲ့ပြီးနောက်မှာတော့ စိုးရိမ်ရတဲ့ အခြေနေကိုရောက်ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်တွေက သတိထားမိခဲ့ကြပါတယ် ။

ဇွန်လ (၁) ရက်နေ့ကတော့ ဦးနှောက်သွေးယိုလို့ ဦးခေါင်းခွဲစိတ်ခဲ့ရပြီး ကျန်းမာရေးအခြေအနေရ ပင်လုံဆေးရုံကနေ မြောက်ဥက္ကလာဆေးရုံကိုပြောင်းရွှေ့ခဲ့ပြီး သမီးနှစ်ယောက်ဖြစ်တဲ့ ကြည်ဖြူမန်းဝင်းက ရွှေတောင်ကြီးပြိုတော့မယ် အဖေနဲ့အမေရယ် သမီးကြောက်တယ် အိပ်ပျော်နေတာ (၁၀) ရက်တောင် ရှိပြီဖေကြီးရယ် သမီးစိတ်တွေပူလှပြီ မြန်မြန်နိုးပါတော့နော် ဆိုတဲ့စာသားလေးနဲ့အတူ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေနေလေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

သမီးနှစ်ယောက်ဖြစ်တဲ့ ဟေမာမန်းဝင်းနဲ့ကြည်ဖြူမန်းဝင်းတို့နှစ်ယောက်လုံးကလည်း ဖခင်ဖြစ်သူအတွက် ဖြေမဆည်နိုင်ဖြစ်နေကြပြီး ဖခင်ဖြစ်သူ သက်သာလာဖို့မျှော်လင့်နေကြပေမယ့် စိုးရိမ်ရတဲ့အခြေနေအတွက် စိတ်ကိုကြိုတင်ပြင်ဆင်ပြီး ရင်ဆိုင်ရတော့မှာဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း မိသားစုဝင်တွေနဲ့ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်နေကြပြီး အမြန်ဆုံးသက်သာလာဖို့မျှော်လင့်နေကြပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *