January 28, 2021
သံဃာမ်ားျပည္ပသြားဖို႔ မလိုေတာ့ပါ အဂၤလိပ္ဘာသာျဖင့္သာ သင္ၾကားေပးမည့္ ဓမၼဒူတေဆကိႏၵဗုဒၶတကၠသိုလ္ႀကီး

သံဃာမ်ားျပည္ပသြားဖို႔ မလိုေတာ့ပါ အဂၤလိပ္ဘာသာျဖင့္သာ သင္ၾကားေပးမည့္ ဓမၼဒူတေဆကိႏၵဗုဒၶတကၠသိုလ္ႀကီး

သံဃာမ်ားျပည္ပသြားဖို႔ မလိုေတာ့ပါ အဂၤလိပ္ဘာသာျဖင့္သာ သင္ၾကားေပးမည့္ ဓမၼဒူတေဆကိႏၵဗုဒၶတကၠသိုလ္ႀကီး

စာသင္သံဃာမ်ား ျပည္ပသြားဖို႔ လုံး၀ မလိုေတာ့ပါ

“အဂၤလိပ္ဘာသာျဖင့္သာ သင္ၾကားေပးမည့္ ဓမၼဒူတေဆကိႏၵဗုဒၶတကၠသိုလ္ႀကီး”

ဓမၼဒူတေဒါက္တာအရွင္ေဆကိႏၵဆရာေတာ္တည္ေထာင္ဖြင့္လွစ္မည့္ဓမၼဒူတေဆကိႏၵဗုဒၶတကၠသိုလ္ႀကီး ( Dhammaduta Chekinda University) ကို

( ဓမၼဒူတေဇတဝန္ေတာရေဆကိႏၵာရာမေက်ာင္းတိုက္ ေမွာ္ဘီၿမိဳ႕နယ္ရန္ကုန္တိုင္းေဒသႀကီး တြင္) 2019-2020 ပညာသင္ႏွစ္အျဖစ္ မၾကာခင္ဖြင့္လွစ္သင္ၾကားေပးပါေတာ့မည္။

M.A & Ph.D Degree ေက်ာင္းသားမ်ားကိုစတင္ကာ လကၡံၿပီး သင္ၾကားေပးပါမည္။

M.A တန္းအတြက္ အဓိကဘာသာရပ္မ်ားအေနျဖင့္

ဝိနယ သုတၱႏၲ အဘိဓမၼာ ပါဠိ ႏွင့္ ဝိပႆနာ တို႔အျပင္ အျခားဘာသာရပ္ေပါင္းမ်ားစြာကို သီရိလကၤာ အိႏၵိယ ထိုင္းႏိုင္ငံတို႔တြင္သင္ၾကားရသကဲ့သို႔ေလ့လာသင္ယူႏိုင္ၾကမည္ျဖစ္ၿပီး ပညာသင္ႏွစ္ကာလမွာ ၂ ႏွစ္ n(semester 6 ခု + Thesie ) ျဖစ္ပါသည္။

M.A Degree အတြက္ ဝင္ခြင့္ေလွ်ာက္ထားလိုလွ်င္ ဓမၼာစရိယဘြဲ႕တစ္ခုခု (မည္သည့္ဓမၼာစရိယမဆို)ႏွင့္ B.A Degree ( မည္သည့္တကၠသိုလ္ကမဆို) တခုခုရရွိထားၿပီးသူမ်ားျဖစ္ၿပီး

အဂၤလိပ္ဘာသာျဖင့္သာ သင္ၾကားေပးမည္ျဖစ္၍ M.A တန္းဆက္လက္တက္ေရာက္ႏိုုင္ေသာအဂၤလိပ္စာအရည္းအခ်င္းျပည့္စုံရမည္။

အသက္ ၄၀ မေက်ာ္ေသာ ရဟန္းေတာ္မ်ားျဖစ္ရမည္

အတန္းတိုင္းအတြက္ ဝင္ခြင့္စာေမးပြဲမ်ားေျဖဆိုေအာင္ျမင္မွသာတက္ေရာက္ခြင့္ရရွိပါမည္။

ေက်ာင္းသားမ်ားကို (၃) လပိုင္းဒုတိယအပတ္အတြင္း စတင္ေခၚယူမည္ျဖစ္ကာ (၅) လပိုင္း ဒုတိယအပတ္အတြင္း ဝင္ခြင့္စာေမးပြဲမ်ား က်င္ပေပးမည္ျဖစ္ပါသည္။

( အထူးအစီအစဥ္အျဖစ္….)

ပဌမႀကီးတန္းေအာင္ၿပီး ဓမၼာစရိယ သာမေဏေက်ာ္ ဝိနယဓရ အဘိဝံသ စသည့္ဘြဲ႕မ်ား မၿပီးျပတ္ႏိုင္ေသာ ရဟန္းေတာ္မ်ားအတြက္ ဝါတြင္း (၃) လ အဂၤလိပ္စာ+ ကြန္ျပဴတာ စသည့္သင္တန္းမ်ားကို ဓမၼဒူတေဆကိႏၵဗုဒၶတကၠသိုလ္ႀကီးတြင္ လက္ခံသင္ၾကားေပးမည္ျဖစ္ပါသည္။

မၾကာခင္ သတင္းစာမ်ားတြင္ သတင္းအခ်က္အလက္မ်ား တရားဝင္ေၾကျငာေပးမည္ျဖစ္ပါသည္။

ျမတ္ဗုဒၶသာသနာေတာ္အဆုံးအမမ်ား မိမိရင္တြင္းႏွင္ သူတစ္ပါးရင္တြင္း သို႔ေရာက္ရွိေအာင္ ထိေရာက္စြာ ပို႔ေဆာင္ေပးႏိုင္မည့္အရည္အခ်င္းမ်ား ရရွိျပည့္စုံေစဘို႔ ရည္႐ြယ္ကာ

ဓမၼဒူတဆရာေတာ္ ေဒါက္တာအရွင္ေဆကိႏၵ ကိုယ္တိုင္ဦးစီး၍ တည္ေထာင္ဖြင့္လွစ္ သင္ၾကားေပးမည့္ ဓမၼဒူတေဆကိႏၵဗုဒၶတကၠသိုလ္ႀကီးတြင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ လာေရာက္သင္ၾကားႏိုင္ၾကေစရန္ ညီေတာ္ ေနာင္ေတာ္ရဟန္းေတာ္မ်ားအား လႈိက္လွဲေဖၚေ႐ြပ်ဴငွာစြာ

Dhammaduta Chekinda University မွ ႀကိဳဆိုပါေတာ့မည္ျဖစ္ပါေၾကာင္း

ဝမ္းေျမာက္ဝမ္းသာစြာ သတင္းေကာင္းပါးလိုက္ပါရေစ…!

(ေမတၱာရပ္ခံ ပန္ၾကားခ်က္)

ဤ သတင္းအား မိမိတို႔ႏွင့္စပ္ရာ စပ္ရာ ရဟန္းေတာ္ေလးမ်ား သိရွိ၍ တက္ေရာက္သင္ၾကားလိုေသာရဟန္းေတာ္မ်ား အခ်ိန္မွီ ျပင္ဆင္ထားႏိုင္ၾကေစရန္

Share ေပးျခင္းျဖင့္ ပတၱိဒါန ပတၱာႏုေမာဒနကုသိုလ္ ယူေပးၾကေစခ်င္ပါေၾကာင္း!

unicode

သံဃာများပြည်ပသွားဖို့ မလိုတော့ပါ အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားပေးမည့် ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ်ကြီး

စာသင်သံဃာများ ပြည်ပသွားဖို့ လုံး၀ မလိုတော့ပါ

“အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားပေးမည့် ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ်ကြီး”

ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒဆရာတော်တည်ထောင်ဖွင့်လှစ်မည့်ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ်ကြီး ( Dhammaduta Chekinda University) ကို

( ဓမ္မဒူတဇေတဝန်တောရဆေကိန္ဒာရာမကျောင်းတိုက် မှော်ဘီမြို့နယ်ရန်ကုန်တိုင်းဒေသကြီး တွင်) 2019-2020 ပညာသင်နှစ်အဖြစ် မကြာခင်ဖွင့်လှစ်သင်ကြားပေးပါတော့မည်။

M.A & Ph.D Degree ကျောင်းသားများကိုစတင်ကာ လက္ခံပြီး သင်ကြားပေးပါမည်။

M.A တန်းအတွက် အဓိကဘာသာရပ်များအနေဖြင့်

ဝိနယ သုတ္တန္တ အဘိဓမ္မာ ပါဠိ နှင့် ဝိပဿနာ တို့အပြင် အခြားဘာသာရပ်ပေါင်းများစွာကို သီရိလင်္ကာ အိန္ဒိယ ထိုင်းနိုင်ငံတို့တွင်သင်ကြားရသကဲ့သို့လေ့လာသင်ယူနိုင်ကြမည်ဖြစ်ပြီး ပညာသင်နှစ်ကာလမှာ ၂ နှစ် n(semester 6 ခု + Thesie ) ဖြစ်ပါသည်။

M.A Degree အတွက် ဝင်ခွင့်လျှောက်ထားလိုလျှင် ဓမ္မာစရိယဘွဲ့တစ်ခုခု (မည်သည့်ဓမ္မာစရိယမဆို)နှင့် B.A Degree ( မည်သည့်တက္ကသိုလ်ကမဆို) တခုခုရရှိထားပြီးသူများဖြစ်ပြီး

အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားပေးမည်ဖြစ်၍ M.A တန်းဆက်လက်တက်ရောက်နိုုင်သောအင်္ဂလိပ်စာအရည်းအချင်းပြည့်စုံရမည်။

အသက် ၄၀ မကျော်သော ရဟန်းတော်များဖြစ်ရမည်

အတန်းတိုင်းအတွက် ဝင်ခွင့်စာမေးပွဲများဖြေဆိုအောင်မြင်မှသာတက်ရောက်ခွင့်ရရှိပါမည်။

ကျောင်းသားများကို (၃) လပိုင်းဒုတိယအပတ်အတွင်း စတင်ခေါ်ယူမည်ဖြစ်ကာ (၅) လပိုင်း ဒုတိယအပတ်အတွင်း ဝင်ခွင့်စာမေးပွဲများ ကျင်ပပေးမည်ဖြစ်ပါသည်။

( အထူးအစီအစဉ်အဖြစ်….)

ပဌမကြီးတန်းအောင်ပြီး ဓမ္မာစရိယ သာမဏေကျော် ဝိနယဓရ အဘိဝံသ စသည့်ဘွဲ့များ မပြီးပြတ်နိုင်သော ရဟန်းတော်များအတွက် ဝါတွင်း (၃) လ အင်္ဂလိပ်စာ+ ကွန်ပြူတာ စသည့်သင်တန်းများကို ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ်ကြီးတွင် လက်ခံသင်ကြားပေးမည်ဖြစ်ပါသည်။

မကြာခင် သတင်းစာများတွင် သတင်းအချက်အလက်များ တရားဝင်ကြေငြာပေးမည်ဖြစ်ပါသည်။

မြတ်ဗုဒ္ဓသာသနာတော်အဆုံးအမများ မိမိရင်တွင်းနှင် သူတစ်ပါးရင်တွင်း သို့ရောက်ရှိအောင် ထိရောက်စွာ ပို့ဆောင်ပေးနိုင်မည့်အရည်အချင်းများ ရရှိပြည့်စုံစေဘို့ ရည်ရွယ်ကာ

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကိုယ်တိုင်ဦးစီး၍ တည်ထောင်ဖွင့်လှစ် သင်ကြားပေးမည့် ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ်ကြီးတွင် ပျော်ပျော်ရွှင်ရွှင် လာရောက်သင်ကြားနိုင်ကြစေရန် ညီတော် နောင်တော်ရဟန်းတော်များအား လှိုက်လှဲဖေါ်ရွေပျူငှာစွာ

Dhammaduta Chekinda University မှ ကြိုဆိုပါတော့မည်ဖြစ်ပါကြောင်း

ဝမ်းမြောက်ဝမ်းသာစွာ သတင်းကောင်းပါးလိုက်ပါရစေ…!

(မေတ္တာရပ်ခံ ပန်ကြားချက်)

ဤ သတင်းအား မိမိတို့နှင့်စပ်ရာ စပ်ရာ ရဟန်းတော်လေးများ သိရှိ၍ တက်ရောက်သင်ကြားလိုသောရဟန်းတော်များ အချိန်မှီ ပြင်ဆင်ထားနိုင်ကြစေရန်

Share ပေးခြင်းဖြင့် ပတ္တိဒါန ပတ္တာနုမောဒနကုသိုလ် ယူပေးကြစေချင်ပါကြောင်း!

Leave a Reply

Your email address will not be published. Required fields are marked *