January 25, 2021
မဖ်က္ဆီးခင္ ပစ္ရ​ေတာ့မဲ့ ေဂၚဖီထုပ္ (၅) သိန္းေက်ာ္ကို ကူညီဝယ္ယူေပးခဲ့တဲ့ အမ်ိဴးသမီး

မဖ်က္ဆီးခင္ ပစ္ရ​ေတာ့မဲ့ ေဂၚဖီထုပ္ (၅) သိန္းေက်ာ္ကို ကူညီဝယ္ယူေပးခဲ့တဲ့ အမ်ိဴးသမီး

မဖ်က္ဆီးခင္ ပစ္ရ​ေတာ့မဲ့ ေဂၚဖီထုပ္ (၅) သိန္းေက်ာ္ကို ကူညီဝယ္ယူေပးခဲ့တဲ့ အမ်ိဴးသမီး

ကြၽန္မေဖေဖ ဦးေအာင္ကိုဝင္းက ဝယ္ယူမယ့္သူမရွိလို႔ ဖ်က္ဆီးရေတာ့မယ္ ေဂၚဖီထုပ္ (၅) သိန္းေက်ာ္ကို ေဂၚဖီထုပ္ေတာင္သူမ်ားေတြအား ကူညီဖို႔အတြက္ ကိုယ္တိုင္သြားေရာက္ဝယ္ယူခဲ့ၿပီး ကုန္တင္ကားႀကီးမ်ားနဲ႕ ျဖန႔္ေဝလႉဒါန္းေနပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္းက ပအိုဝ့္၊ ေတာင္ရိုးႏွင့္ ကယန္းတိုင္းရင္းသားေတြ စိုက္ပ်ိဳးထားတဲ့ ေဂၚဖီထုပ္ေရ (၅) သိန္းေလာက္ ရွိမယ္လို႔ ခန္မွန္းတာေၾကာင့္ ေဖေဖက ဝယ္ယူၿပီး နိုင္ငံအႏွံအျပားက အက်ဥ္းေထာင္ေတြနဲ႕ ရန္ကုန္၊ မႏၲေလး၊

ေနျပည္ေတာ္၊ ပခုကၠဴ၊ ျမင္းၿခံ၊ ရမည္းသင္း၊ ေမာ္လၿမိဳင္၊ ေအးသာယာက မိဘမဲ့ေဂဟာမ်ား နဲ႕ အေျခခံျပည္သူေတြကို စနစ္တက် ျဖန႔္ေဝလ်က္ရွိပါတယ္။

တစ္ရက္တစ္ရက္ စိုက္ထာခဲ့တာေတြ ဘယ္ပို႔ရမွန္းမသိေတာ့ စိတ္မေကာင္းဘူး။ ဘယ္ေရာင္းရမွန္းလည္း မသိဘူး။ အခုေတာ့ ေနာက္ရာသီဆက္ၿပီး ရင္းႏွီးစိုက္ပ်ိဳးဖို႔ ကြၽန္မ အရင္းေလး ရပါၿပီ။ ” ဆိုတဲ့ ေတာင္ရိုးလူမ်ိဳး ေတာင္သူတစ္ဦးရဲ႕ ေျပာစကားကို ၾကားတဲ့အခါမွာ ကြၽန္မ စိတ္မေကာင္းျဖစ္မိပါတယ္။

သူတို႔ရဲ႕အခက္အခဲကို တတ္နိုင္သမွ် ကူညီလိုက္နိုင္လို႔လည္း ပီတိျဖစ္မိပါတယ္။ေတာင္သူေတြ လတ္တေလာ အဆင္ေျပေစဖို႔အတြက္လည္း ဆန္( ၃)ျပည္၊ ဆီ(၁)ဗူး၊ ဆား(၁)ထုပ္၊ ကုလားပဲ (၅၀) က်ပ္သား၊ ေငြက်ပ္တစ္ေသာင္းစီကိုလည္း ေပးေဝခဲ့ပါတယ္။

ေတာင္သူမ်ားရဲ႕ အခက္အခဲကို ကိုယ္တိုင္ယာခင္ထဲဆင္းၿပီး ကူညီေပးတဲ့ ေဖေဖနဲ႕ COVID 19 စားနပ္ရိကၡာေထာက္ပံေရးေကာ္မတီ ( ေတာင္ႀကီး) ကို ေက်းဇူးတင္ပါတယ္။

ကုန္ကားေတြ သက္ဆိုင္ရာၿမိဳ႕ေတြေရာက္လာခ်ိန္မွာ လိုအပ္ေနတဲ့ အေျခခံျပည္သူမ်ား လက္ထဲအေရာက္ ထပ္ဆင့္ျဖန႔္ခ်ီေပးတဲ့ မိတ္ေဆြမ်ား၊

ပရဟိတအဖြဲ႕မ်ား၊ လူမႈေရးအသင္းမ်ားအားလုံးကိုလည္း ေက်းဇူးအထူးတင္ပါတယ္။ဒီလို ခက္ခဲတဲ့ကာလမွာ ကြၽန္မတို႔တေတြ တစ္ဦးကိုတစ္ဦး တတ္နိုင္သမွ် ကူညီရင္း အတူတကြ ျဖတ္ေက်ာ္ၾကမွာပါ။

Unicode

မဖျက်ဆီးခင် ပစ်ရ​တော့မဲ့ ဂေါ်ဖီထုပ် (၅) သိန်းကျော်ကို ကူညီဝယ်ယူပေးခဲ့တဲ့ အမျိူးသမီး

ကျွန်မဖေဖေ ဦးအောင်ကိုဝင်းက ဝယ်ယူမယ့်သူမရှိလို့ ဖျက်ဆီးရတော့မယ် ဂေါ်ဖီထုပ် (၅) သိန်းကျော်ကို ဂေါ်ဖီထုပ်တောင်သူများတွေအား ကူညီဖို့အတွက် ကိုယ်တိုင်သွားရောက်ဝယ်ယူခဲ့ပြီး ကုန်တင်ကားကြီးများနဲ့ ဖြန့်ဝေလှူဒါန်းနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ့်၊ တောင်ရိုးနှင့် ကယန်းတိုင်းရင်းသားတွေ စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်ရေ (၅) သိန်းလောက် ရှိမယ်လို့ ခန်မှန်းတာကြောင့် ဖေဖေက ဝယ်ယူပြီး နိုင်ငံအနှံအပြားက အကျဉ်းထောင်တွေနဲ့ ရန်ကုန်၊ မန္တလေး၊

နေပြည်တော်၊ ပခုက္ကူ၊ မြင်းခြံ၊ ရမည်းသင်း၊ မော်လမြိုင်၊ အေးသာယာက မိဘမဲ့ဂေဟာများ နဲ့ အခြေခံပြည်သူတွေကို စနစ်တကျ ဖြန့်ဝေလျက်ရှိပါတယ်။

တစ်ရက်တစ်ရက် စိုက်ထာခဲ့တာတွေ ဘယ်ပို့ရမှန်းမသိတော့ စိတ်မကောင်းဘူး။ ဘယ်ရောင်းရမှန်းလည်း မသိဘူး။ အခုတော့ နောက်ရာသီဆက်ပြီး ရင်းနှီးစိုက်ပျိုးဖို့ ကျွန်မ အရင်းလေး ရပါပြီ။ ” ဆိုတဲ့ တောင်ရိုးလူမျိုး တောင်သူတစ်ဦးရဲ့ ပြောစကားကို ကြားတဲ့အခါမှာ ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်။

သူတို့ရဲ့အခက်အခဲကို တတ်နိုင်သမျှ ကူညီလိုက်နိုင်လို့လည်း ပီတိဖြစ်မိပါတယ်။တောင်သူတွေ လတ်တလော အဆင်ပြေစေဖို့အတွက်လည်း ဆန်( ၃)ပြည်၊ ဆီ(၁)ဗူး၊ ဆား(၁)ထုပ်၊ ကုလားပဲ (၅၀) ကျပ်သား၊ ငွေကျပ်တစ်သောင်းစီကိုလည်း ပေးဝေခဲ့ပါတယ်။

တောင်သူများရဲ့ အခက်အခဲကို ကိုယ်တိုင်ယာခင်ထဲဆင်းပြီး ကူညီပေးတဲ့ ဖေဖေနဲ့ COVID 19 စားနပ်ရိက္ခာထောက်ပံရေးကော်မတီ ( တောင်ကြီး) ကို ကျေးဇူးတင်ပါတယ်။

ကုန်ကားတွေ သက်ဆိုင်ရာမြို့တွေရောက်လာချိန်မှာ လိုအပ်နေတဲ့ အခြေခံပြည်သူများ လက်ထဲအရောက် ထပ်ဆင့်ဖြန့်ချီပေးတဲ့ မိတ်ဆွေများ၊

ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းများအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ဒီလို ခက်ခဲတဲ့ကာလမှာ ကျွန်မတို့တတွေ တစ်ဦးကိုတစ်ဦး တတ်နိုင်သမျှ ကူညီရင်း အတူတကွ ဖြတ်ကျော်ကြမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *