Tuesday, 07 July, 2020

မွို ၾကက္သား နဲ႕ကိုကာကိုလာ ခ်က္ျပဳတ္စားသုံးရာမွအဆိပ္သင့္ၿပီး ေတာင္ႀကီးၿမိဳ႕တြင္ အမ်ိဳးသမီးႏွစ္ဦးေသဆုံး


မွို ၾကက္သား နဲ႕ကိုကာကိုလာ ခ်က္ျပဳတ္စားသုံးရာမွအဆိပ္သင့္ၿပီး ေတာင္ႀကီးၿမိဳ႕တြင္ အမ်ိဳးသမီးႏွစ္ဦးေသဆုံး

ေတာင္ႀကီးၿမိဳ႕မွာ မွို၊ ၾကက္သား နဲ႕ ကိုကာကိုလာ ခ်က္ျပဳတ္ စားသုံးရာမွ အစာအဆိပ္သင့္ၿပီး အမ်ိဳးသမီးႏွစ္ဦးေသဆုံး ေတာင္ႀကီး၊ ဇြန္ ၂၉ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ေနအိမ္တစ္အိမ္မွာ ဇြန္လ ေနာက္ဆုံးပါတ္ အတြင္းက မွိုဟင္း၊ ၾကက္သားနဲ႕ ကိုကာကိုလာခ်က္ ျပဳတ္ စားသုံးရာမွ အစာအဆိပ္သင့္ၿပီး အမ်ိဳးသမီး ႏွစ္ဦး ေသဆုံး မႈ ျဖစ္ပြားခဲ့ေၾကာင္း သစ္ေတာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးထံမွ သိရပါတယ္။ အဆိုပါေနအိမ္ရွိ မိသားစုဝင္ေတြက ဇြန္လ၂၂ရက္ခန႔္က ေ႐ႊဘုန္းပြင့္ေတာင္ေပၚသို႔ သြားေရာက္ရာမွ မွိုေတြေတြ႕ရွိတဲ့အတြက္ ေနအိမ္သို႔ ယူေဆာင္လာကာ ေန႕လည္ စာခ်က္ျပဳတ္စားသုံး ခဲ့ၿပီး

ညေနစာအျဖစ္ ၾကက္သားနဲ႕ ကိုကာကိုလာ အခ်ိဳရည္ ကို တြဲဖက္ကာ ခ်က္ျပဳတ္ စားသုံးခဲ့ၾကတယ္လို႔ သိရပါတယ္။ “ကြၽန္ေတာ္သိရသေလာက္က စျဖစ္တဲ့ေန႕ပိုင္း အခ်ိန္ကေတာ့ ဘာမွလကၡဏာမျပဘူးလို႔ ေျပာတယ္။ ညေရာက္မွ ၾကက္သားနဲ႕ ကိုကာကိုလာခ်က္စားၿပီး မိနစ္ ၃၀ ေလာက္ေနေတာ့ ဗိုက္နာ လာတယ္။ ဝမ္းေတြ သြားၾကတယ္။ ေအာ့အန္ လာၾကတယ္။ ေဆး႐ုံမွာ တစ္ပါတ္ေလာက္ၾကာၿပီးေတာ့ သူ႕အေမက စၿပီးေတာ့ ဆုံးတယ္။ သုံးရက္ ေနေတာ့ သူ႕အေမကို သၿဂိဳလ္မယ့္ ရက္မွာ သူ႕သမီးက ထပ္ၿပီးေတာ့ ဆုံးတယ္။ သူ႕သမီး ကိုေတာ့ မေန႕က သၿဂိဳလ္တယ္လို႔ေတာ့ သိရပါတယ္” လို႔

သစ္ေတာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံး မွ တာဝန္ရွိသူ တစ္ဦးက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။ ေသဆုံးသူႏွစ္ဦးမွာ အသက္ (၇၀) ေက်ာ္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးနဲ႕ အသက္(၄၀)ေက်ာ္အ႐ြယ္ရွိ အမ်ိဳးသမီးတို႔ ျဖစ္ၿပီး ေသဆုံးသူေတြကို ေတာင္ႀကီးၿမိဳ႕၊ တိုင္းရင္းသားေပါင္းစုံ သုႆန္ သို႔ ပို႔ေဆာင္ သၿဂိဳလ္ထားတယ္လို႔လည္း သိရပါတယ္။

Unicode

မှို ကြက်သား နဲ့ကိုကာကိုလာ ချက်ပြုတ်စားသုံးရာမှအဆိပ်သင့်ပြီး တောင်ကြီးမြို့တွင် အမျိုးသမီးနှစ်ဦးသေဆုံး

တောင်ကြီးမြို့မှာ မှို၊ ကြက်သား နဲ့ ကိုကာကိုလာ ချက်ပြုတ် စားသုံးရာမှ အစာအဆိပ်သင့်ပြီး အမျိုးသမီးနှစ်ဦးသေဆုံး တောင်ကြီး၊ ဇွန် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ ဇွန်လ နောက်ဆုံးပါတ် အတွင်းက မှိုဟင်း၊ ကြက်သားနဲ့ ကိုကာကိုလာချက် ပြုတ် စားသုံးရာမှ အစာအဆိပ်သင့်ပြီး အမျိုးသမီး နှစ်ဦး သေဆုံး မှု ဖြစ်ပွားခဲ့ကြောင်း သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရပါတယ်။ အဆိုပါနေအိမ်ရှိ မိသားစုဝင်တွေက ဇွန်လ၂၂ရက်ခန့်က ရွှေဘုန်းပွင့်တောင်ပေါ်သို့ သွားရောက်ရာမှ မှိုတွေတွေ့ရှိတဲ့အတွက် နေအိမ်သို့ ယူဆောင်လာကာ နေ့လည် စာချက်ပြုတ်စားသုံး ခဲ့ပြီး

ညနေစာအဖြစ် ကြက်သားနဲ့ ကိုကာကိုလာ အချိုရည် ကို တွဲဖက်ကာ ချက်ပြုတ် စားသုံးခဲ့ကြတယ်လို့ သိရပါတယ်။ “ကျွန်တော်သိရသလောက်က စဖြစ်တဲ့နေ့ပိုင်း အချိန်ကတော့ ဘာမှလက္ခဏာမပြဘူးလို့ ပြောတယ်။ ညရောက်မှ ကြက်သားနဲ့ ကိုကာကိုလာချက်စားပြီး မိနစ် ၃၀ လောက်နေတော့ ဗိုက်နာ လာတယ်။ ဝမ်းတွေ သွားကြတယ်။ အော့အန် လာကြတယ်။ ဆေးရုံမှာ တစ်ပါတ်လောက်ကြာပြီးတော့ သူ့အမေက စပြီးတော့ ဆုံးတယ်။ သုံးရက် နေတော့ သူ့အမေကို သဂြိုလ်မယ့် ရက်မှာ သူ့သမီးက ထပ်ပြီးတော့ ဆုံးတယ်။ သူ့သမီး ကိုတော့ မနေ့က သဂြိုလ်တယ်လို့တော့ သိရပါတယ်” လို့

သစ်တော ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မှ တာဝန်ရှိသူ တစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။ သေဆုံးသူနှစ်ဦးမှာ အသက် (၇၀) ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးနဲ့ အသက်(၄၀)ကျော်အရွယ်ရှိ အမျိုးသမီးတို့ ဖြစ်ပြီး သေဆုံးသူတွေကို တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံ သုဿန် သို့ ပို့ဆောင် သဂြိုလ်ထားတယ်လို့လည်း သိရပါတယ်။

0 comments on “မွို ၾကက္သား နဲ႕ကိုကာကိုလာ ခ်က္ျပဳတ္စားသုံးရာမွအဆိပ္သင့္ၿပီး ေတာင္ႀကီးၿမိဳ႕တြင္ အမ်ိဳးသမီးႏွစ္ဦးေသဆုံး

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments