Tuesday, 07 July, 2020
Unicode
သတိမေ့နေတဲ့(၁၅)ရက်အတွင်း ရောက်သွားခဲ့တဲ့ နေရာတွေကို ပြောပြခဲ့တဲ့ ဦးမန်းဝင်း
လတ်တလောမှာ ဦးနှောက်ခွဲစိတ်ကုသမှုကိုခံယူထားတဲ့ လူရွှင်တော်ကြီးဦးမန်းဝင်းဟာဆိုရင် ခွဲစိတ်ပြီးနောက်ပိုင်းမှာ (၁၅)ရက်တိတိ သတိမေ့နေခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာတာကို တွေ့ရပါတယ်နော်။အနုပညာမိတ်ဆွေအချို့ကလည်း ဦးမန်းဝင်းရဲ့အိမ်ကိုသွားရောက်ပြီး သတင်းသွားမေးခဲ့ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့
ဦးမန်းဝင်းက သူသတိမေ့နေတဲ့ (၁၅)ရက်အတွင်း ဘယ်နေရာတွေသွားခဲ့လဲ ဆိုတာကို အောက်ပါအတိုင်းပြောပြထားတာဖြစ်ပါတယ်နော်။ “အဖေ ဦးမန်းဝင်း သတိမေ့နေတဲ့ ၁၅ ရက်မှာ ဘယ်တွေသွား ဘာတွေလုပ်လဲ သိချင်လို့ ဖြည်းဖြည်းချင်း မေးထားတာပါ။ ” ဖေကြီး
ဟိုရက်က ဘယ်တွေရောက်နေတာလဲ ” ” ပြောမယ် ” ” ဖေကြီး ဒီလောက်အကြာကြီး ဘယ်တွေသွားနေတာလဲ ” ” ရွာရောက်နေတာ “( အဖေ့ဇာတိ ကမာကယာကျေးရွာပါ ) ” အဖေ့ကို ဘယ်သူခေါ်သွားတာလဲ ” ” ဘယ်သူမှမခေါ်ဘူး သူ့ဘာသာရောက်နေတာ ” ” ရွာမှာ
ဘယ်သူနဲ့တွေ့ခဲ့သေးလဲ ” ” အမေနဲ့ ” ( အဖေ့ရဲ့အမေ အဖွားနဲ့ပါ ) ” အဖွားက ဘယ်မှာနေလဲအဖေ ” ” သူ့အိမ်လေးမှာနေတယ် ” ” အဖွားက စကားပြောလား ” ” မပြောဘူး ” ” အဖေ့ကိုရော မြင်လား ” ” မြင်တယ် မပြောတာ ” ” အဖွားက ရွာမှာဘာလုပ်နေတာလဲ ” ” ဥပုသ်စောင့်နေတယ် ” ” တခြားသူငယ်ချင်းတွေရော တွေ့ခဲ့သေးလား “
” မတွေ့ပါဘူး ” ” တောကုလားကြီးရော တွေ့လား “( အဖေ့အစ်ကိုကြီးပါ ) ” မတွေ့မိဘူး ” ” အဖေ့ကို ဘယ်သူလိုက်ပို့တာလဲ ” ” အဖေ့ဘာသာ ပြန်လာတာ “လေသံထွက်ပြီး အားလုံးနီးပါး မှတ်မိပါတယ်အဖေဦးမန်းဝင်းကို ချစ်ကြသူအားလုံး အယောက်စီတိုင်း ကျန်းမာကြပါစေ။”ဆိုပြီး ဦးမန်းဝင်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။
0 comments on “သတိမေ့နေတဲ့(၁၅)ရက်အတွင်း ရောက်သွားခဲ့တဲ့ နေရာတွေကို ပြောပြခဲ့တဲ့ ဦးမန်းဝင်း
Leave a Reply
Your email address will not be published. Required fields are marked *
Recent Comments