Tuesday, 07 July, 2020

ျမန္မာျပည္ကုိ ဆန္စပါး အဓိကတင္ပို႔ေရာင္းခ်တဲ့ ႏိုင္ငံအျဖစ္ USDA ကအသိအမွတ္ျပဳခံရ


ျမန္မာျပည္ကုိ ဆန္စပါး အဓိကတင္ပို႔ေရာင္းခ်တဲ့ ႏိုင္ငံအျဖစ္ USDA ကအသိအမွတ္ျပဳခံရ

ပထမ ၈လ အတြင္း ဆန္တန္ခ်ိန္ ၂ သန္းတင္ပို႔ႏိုင္ ခဲ့တဲ့အတြက္ ျမန္မာ ဟာ ထိုင္း၊ ဗီယက္နမ္၊ အိႏၵိယ၊ ပါကစၥတန္ တို႔နဲ႔အတူ ဆန္အဓိက တင္ပို႔သူ ျဖစ္လာပါေတာ့တယ္။ USDA က အသိအမွတ္ျပဳ လိုက္တဲ့အတြက္ ျမန္မာ့ဆန္ဟာ အရင္ လို တ႐ုတ္ခ်ည္းအားကိုး မေနၾကရေတာ့ဘဲ ႏိုင္ငံတကာက ဆန္ဝယ္ယူေရး တင္ဒါေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ တႏွစ္လွ်င္ ဆန္တန္ခ်ိန္ ၃သိန္းသြင္းရတဲ့ ဖိလစ္ပိုင္က ဆန္တင္ဒါတခုကို မၾကာခင္က ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး၊ ျမန္မာ့ဆန္ဟာ နာမည္ေက်ာ္ ၿပိဳင္ဖက္ ထိုင္း နဲ႔ အိႏၵိယကို ေက်ာ္ၿပီး ဗီယက္နမ္နဲ႔ အတူ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ဒါေတြဟာ သူ႔ဖာသာ ျဖစ္လာတဲ့ တိုက္ဆိုင္မႈေတြ မဟုတ္ပါဘူး။ အလုပ္သမား ရွားပါးမႈကို စက္မႈလယ္ယာဖက္ အားေပးေနတဲ့ ေပၚလစီ၊ ေရသြင္းစိုက္ဖို႔ ေအာင္ေရရဖို႔ ေသျခာေစမယ့္ ဆည္ေရေသာက္ စီမံကိန္းေတြ၊ လယ္ေတြကို ေပါင္းလို႔ စုေပါင္း ကုန္ထုတ္စနစ္ကို ႏိုင္ငံျခား ရင္းႏွီးျမဳပ္ႏွံမႈေတြကို ဖိတ္ေခၚတဲ့ အစီအမံေတြ၊ လယ္သမားေတြကို စိုက္စရိတ္လုံေလာက္ေအာင္ ေခ်းေပးသလို၊ စပါးေဈးႏႈန္းကို ပြဲစားေတြအျဖတ္မခံဘဲ အစိုးရက တင္း ၁၀၀ ဘယ္ေဈးေပးရမယ္လို႔ သတ္မွတ္ၿပီး လယ္သမားအက်ိဳးစီးပြါးေတြကို ကာကြယ္ေပးခဲ့တာ၊ ကုန္ထုတ္လမ္းေတြ ႏိုင္ငံတဝွမ္း ေဖာက္ေနတာေတြေၾကာင့္ရဲ႕ အသီးအပြင့္ေတြ ပါပဲ။

တခ်ိန္ကိုလိုနီေခတ္က ျမန္မာ့ဆန္တင္ပို႔မႈဟာ ထိပ္တန္းေရာက္ ခဲ့ေပမယ့္၊ စစ္အစိုးရ ေခတ္တေလွ်ာက္ စီမံခန႔္ခြဲမႈ အလြဲေတြေၾကာင့္ ျပန္လည္ က်ဆင္းခဲ့ရပါတယ္။ အခုေတာ့ ျပည္သူ႔အစိုးရ ရဲ႕ အေျမာ္အျမင္ေတြ ေၾကာင့္ ေနရာမွန္တစ္ခုကို ၄ ႏွစ္အတြင္း ျပန္ေရာက္ ခဲ့ရပါၿပီ။ ေတာင္သူလယ္သမား ဘဝလူေနမႈအဆင့္ျမင့္ေစဖို႔ NLD ပါတီမွအပ တျခားေ႐ြးစရာ မရွိေတာ့ေလၿပီ။ 👍

Unicode

မြန်မာပြည်ကို ဆန်စပါး အဓိကတင်ပို့ရောင်းချတဲ့ နိုင်ငံအဖြစ် USDA ကအသိအမှတ်ပြုခံရ

ပထမ ၈လ အတွင်း ဆန်တန်ချိန် ၂ သန်းတင်ပို့နိုင် ခဲ့တဲ့အတွက် မြန်မာ ဟာ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန် တို့နဲ့အတူ ဆန်အဓိက တင်ပို့သူ ဖြစ်လာပါတော့တယ်။ USDA က အသိအမှတ်ပြု လိုက်တဲ့အတွက် မြန်မာ့ဆန်ဟာ အရင် လို တရုတ်ချည်းအားကိုး မနေကြရတော့ဘဲ နိုင်ငံတကာက ဆန်ဝယ်ယူရေး တင်ဒါတွေကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ တနှစ်လျှင် ဆန်တန်ချိန် ၃သိန်းသွင်းရတဲ့ ဖိလစ်ပိုင်က ဆန်တင်ဒါတခုကို မကြာခင်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ မြန်မာ့ဆန်ဟာ နာမည်ကျော် ပြိုင်ဖက် ထိုင်း နဲ့ အိန္ဒိယကို ကျော်ပြီး ဗီယက်နမ်နဲ့ အတူ ရွေးချယ်ခံခဲ့ရပါတယ်။

ဒါတွေဟာ သူ့ဖာသာ ဖြစ်လာတဲ့ တိုက်ဆိုင်မှုတွေ မဟုတ်ပါဘူး။ အလုပ်သမား ရှားပါးမှုကို စက်မှုလယ်ယာဖက် အားပေးနေတဲ့ ပေါ်လစီ၊ ရေသွင်းစိုက်ဖို့ အောင်ရေရဖို့ သေခြာစေမယ့် ဆည်ရေသောက် စီမံကိန်းတွေ၊ လယ်တွေကို ပေါင်းလို့ စုပေါင်း ကုန်ထုတ်စနစ်ကို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့ အစီအမံတွေ၊ လယ်သမားတွေကို စိုက်စရိတ်လုံလောက်အောင် ချေးပေးသလို၊ စပါးဈေးနှုန်းကို ပွဲစားတွေအဖြတ်မခံဘဲ အစိုးရက တင်း ၁၀၀ ဘယ်ဈေးပေးရမယ်လို့ သတ်မှတ်ပြီး လယ်သမားအကျိုးစီးပွါးတွေကို ကာကွယ်ပေးခဲ့တာ၊ ကုန်ထုတ်လမ်းတွေ နိုင်ငံတဝှမ်း ဖောက်နေတာတွေကြောင့်ရဲ့ အသီးအပွင့်တွေ ပါပဲ။

တချိန်ကိုလိုနီခေတ်က မြန်မာ့ဆန်တင်ပို့မှုဟာ ထိပ်တန်းရောက် ခဲ့ပေမယ့်၊ စစ်အစိုးရ ခေတ်တလျှောက် စီမံခန့်ခွဲမှု အလွဲတွေကြောင့် ပြန်လည် ကျဆင်းခဲ့ရပါတယ်။ အခုတော့ ပြည်သူ့အစိုးရ ရဲ့ အမြော်အမြင်တွေ ကြောင့် နေရာမှန်တစ်ခုကို ၄ နှစ်အတွင်း ပြန်ရောက် ခဲ့ရပါပြီ။ တောင်သူလယ်သမား ဘဝလူနေမှုအဆင့်မြင့်စေဖို့ NLD ပါတီမှအပ တခြားရွေးစရာ မရှိတော့လေပြီ။ 👍

0 comments on “ျမန္မာျပည္ကုိ ဆန္စပါး အဓိကတင္ပို႔ေရာင္းခ်တဲ့ ႏိုင္ငံအျဖစ္ USDA ကအသိအမွတ္ျပဳခံရ

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments