Tuesday, 07 July, 2020
Unicode
မင်းသားချောနေမင်းရဲ့ အမာခံပရိသတ်တစ်ဦးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ Kညီ
မြန်မာဗီဒီယိုဇာတ်ကားများနဲ့ ရုပ်ရှင်အတော်များများမှာဇာတ်ပို့အဖြစ်ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ Kညီကတော့ ဒီနေ့မှာတော့ မင်းသားချောနေမင်းရဲ့ အမာခံပရိသတ်တစ်ဦးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပါတယ်။ Kညီက သူ့ရဲ့ အကျီႌဆိုင်လေးကိုလာရောက်အားပေးတဲ့ လူတစ်ဦးဆီကနေ အကူအညီတစ်ခုတောင်းခံလာမှုကို စိတ်ပါလက်ပါ ကူညီပေးခဲ့ပါတယ်။
ပရိသတ်တွေက မင်းသားချောနေမင်းအတွက် ဇာတ်ပို့ဟာသ သရုပ်ဆောင် Kညီရဲ့ အထည်ဆိုင်ကနေ ခါးပတ်နဲ့ အင်္ကျီလက်ဆောင်ပေးလာတာပဲဖြစ်ပါတယ်……။ မင်းသားချော နေမင်းက ပရိသတ်တွေ ပေးတဲ့ လက်ဆောင်ပစ္စည်းရတဲ့ အတွက် အတိုင်းမသိဝမ်းသာနေတာဖြစ်ပြီး Kညီကလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ ” ကျွန်တော့်ဆိုင်ကနေ ခါးပတ်နဲ့အကျီပရိသတ်တစ်ယောက်ဝယ်ယူအားပေးလို့ကျေးဇူးပါ မင်းသားနေမင်း ဆီလက်ဆောင်လေးပို့ပေးဖို့ အကူအညီတောင်းတာနဲ့ နေမင်း ဆီခွင့်တောင်းပြီးသွားပေးဖြစ်တယ်။
လက်ဆောင်လက်ခံပေးတဲ့အတွက် ညီလေးနေမင်း ကျေးဇူးအများကြီးတင်ပါတယ်နော် ဆိုင်နာမည် SNAZZY တော်ဝင်စင်တာ ပထမထပ် ” ဆိုပြီး ရေးသားထားတာဖြစ်လို့ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
0 comments on “မင်းသားချောနေမင်းရဲ့ အမာခံပရိသတ်တစ်ဦးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ Kညီ
Leave a Reply
Your email address will not be published. Required fields are marked *
Recent Comments