Tuesday, 07 July, 2020

ေရွးေဟာင္းေက်ာက္ထြင္း လက္ရာေျခရာေတာ္ ႏွင့္ ေက်ာက္ထြင္း႐ုပ္ပုံမ်ားကုိ ကြၽန္းလွၿမိဳ႕တြင္ ေတြ႕ရွိ


ေရွးေဟာင္းေက်ာက္ထြင္း လက္ရာေျခရာေတာ္ ႏွင့္ ေက်ာက္ထြင္း႐ုပ္ပုံမ်ားကုိ ကြၽန္းလွၿမိဳ႕တြင္ ေတြ႕ရွိ

စစ္ကိုင္းတိုင္း ကြၽန္းလွၿမိဳ႕နယ္ ထန္းပင္ကုန္းေက်း႐ြာတြင္ သီးႏွံစိုက္ပ်ိဳးရန္ယာခင္းရွင္းရာမွ ေရွးေဟာင္း ေက်ာက္ထြင္းလက္ရာ ဘုရားေျခရာေတာ္ ႏွင့္ ေက်ာက္ထြင္း႐ုပ္ပုံမ်ား၊ ဆင္းတုေတာ္မ်ား ေတြ႕ရွိခဲ့ေၾကာင္း ထန္းပင္ကုန္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးဝင္းလႈိင္က ေျပာသည္။

ထန္းပင္ကုန္းေက်း႐ြာမွ ၁ မိုင္ခန႔္အကြာရွိ ေက်ာက္ေတာင္ေပၚတြင္ စိုက္ခင္းစိုက္ပ်ိဳးရန္အတြက္ ေက်း႐ြာသားတစ္ဦးမွ ၿခဳံမ်ားရွင္းလင္းေနစဥ္ ေက်ာက္ေတာင္ေပၚမွ ေရွးေဟာင္းလက္ရာ ေက်ာက္ထြင္း ဘုရားေျခရာေတာ္ ၊ဆင္းတုေတာ္သုံးဆူႏွင့္ သဘာဝအေလ်ာက္ရွိေနသည့္ ေက်ာက္တုံးမ်ားေပၚတြင္ ျခေသၤ့ပုံ၊လူပုံႏွင့္ အစင္းေၾကာင္းမ်ား ထြင္းထုထားသည္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါေနရာကို ဇြန္လ ၂၅ ရက္ေန႔က ေတြ႕ရွိခဲ့ျခင္းျဖစ္သည္ဟု ေက်း႐ြာသားမ်ား၏ ေျပာျပခ်က္အရ သိရသည္။

“ယာခင္းလုပ္ဖို႔ ခုတ္ၾကထြင္ၾကရင္းနဲ႔ ေတြ႕လိုက္ေတာ့ ႐ြာကဆရာေတာ္နဲ႔ ေရပန္းေတြဘာေတြနဲ႔ ထိုးခ်လိုက္ေတာ့ ေတြ႕ရတာ။ ေျခေတာ္ရာနဲ႔ တြင္းေလးေတြနဲ႔ ခြက္ေလးေတြ ဘာေလးေတြေတြ႕တာ၊ လက္ရွိကို ေတြ႕ထားတဲ့ဆင္းတုေတာ္ေလးေတြ အုပ္ခြက္ပုံေလးေတြေတာ့ ဘုန္းႀကီးေက်ာင္းမွာ ေက်ာင္းထိုင္ဆရာေတာ္ ဆီမွာထားတယ္”ဟု ဦးဝင္းလႈိင္က ေျပာသည္။ ၎တို႔ေတြ႕ရွိခဲ့သည့္ ဘုရားေျခရာေတာ္သည္ အင္းဝေခတ္လက္ရာဟု ခန႔္မွန္းရေၾကာင္း၊ ေက်ာက္ေဆာင္မ်ားတြင္ ထြင္းထုထားသည့္ လက္ရာမ်ားသည္ ေက်ာက္ေခတ္မွ ရွားပါးသည့္ အသစ္ေတြ႕ရွိမႈ ျဖစ္ႏိုင္ေခ်မ်ားသည့္အတြက္ ဂ႐ုတစ္စိုက္ ထိန္းသိမ္းထားေပးေစလိုေၾကာင္း ေရွးေဟာင္းပညာရွင္ တမၸဝတီ ဦးဝင္းေမာင္ ကေျပာသည္။ “အဲ့ဒီမွာက ေခတ္ႏွစ္ေခတ္ပါတယ္။ ေျခေတာ္ရာက အင္းဝေခတ္ေပါ့။

ေက်ာက္တုံးေပၚမွာ ေျခေတာ္ရာထြင္းတဲ့ဟာကေတာ့ ရွားတယ္။ ဒါေပမယ့္ သိပ္ၿပီးေတာ့ေခတ္မေစာဘူး။ အဲ့ဒီေက်ာက္တုံးေဘးမွာ ေရးထားတဲ့အ႐ုပ္ေတြကေတာ့ ေက်ာက္ေခတ္ကလက္ရာေတြ ျဖစ္ဖို႔ပိုမ်ားတယ္။

ဘာလို႔မ်ားလဲဆိုေတာ့ အဲ့ဒီနယ္ေျမက ပ်ဴပုတီးေတြတို႔ ပ်ဴအိုးေတြတို႔ ပ်ဴဒဂၤါးေတြတို႔ ေတြ႕ဖူးေတာ့ ပ်ဴေခတ္ထက္ေစာတဲ့ ေခတ္ျဖစ္ႏိုင္ဖို႔မ်ားတယ္။ ေက်ာက္တုံးေပၚမွာ အ႐ုပ္ကေလးေတြ ေတာင္ျခစ္ေျမာက္ျခစ္လုပ္တာက ယေန႔လူေတြလည္းလုပ္ႏိုင္သလို ေရွးတုန္းကလူေတြလည္း လုပ္ႏိုင္ေတာ့ ေရွးတုန္းကလူေတြလုပ္သလား ခုေခတ္လူေတြလုပ္လားဆိုတာကေတာ့ ပညာရွင္ေတြကိုယ္တိုင္ ကြင္းဆင္းၾကည့္မွသိမယ္။ ကြၽန္ေတာ္တို႔လည္း Covidကန႔္သတ္ခ်က္ေတြ ႐ုပ္သိမ္းသြားရင္ေတာ့ သြားဖို႔အစီအစဥ္ရွိပါတယ္”ဟု ေျပာသည္။

Unicode

ရှေးဟောင်းကျောက်ထွင်း လက်ရာခြေရာတော် နှင့် ကျောက်ထွင်းရုပ်ပုံများကို ကျွန်းလှမြို့တွင် တွေ့ရှိ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင် သီးနှံစိုက်ပျိုးရန်ယာခင်းရှင်းရာမှ ရှေးဟောင်း ကျောက်ထွင်းလက်ရာ ဘုရားခြေရာတော် နှင့် ကျောက်ထွင်းရုပ်ပုံများ၊ ဆင်းတုတော်များ တွေ့ရှိခဲ့ကြောင်း ထန်းပင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးဝင်းလှိုင်က ပြောသည်။

ထန်းပင်ကုန်းကျေးရွာမှ ၁ မိုင်ခန့်အကွာရှိ ကျောက်တောင်ပေါ်တွင် စိုက်ခင်းစိုက်ပျိုးရန်အတွက် ကျေးရွာသားတစ်ဦးမှ ခြုံများရှင်းလင်းနေစဉ် ကျောက်တောင်ပေါ်မှ ရှေးဟောင်းလက်ရာ ကျောက်ထွင်း ဘုရားခြေရာတော် ၊ဆင်းတုတော်သုံးဆူနှင့် သဘာဝအလျောက်ရှိနေသည့် ကျောက်တုံးများပေါ်တွင် ခြင်္သေ့ပုံ၊လူပုံနှင့် အစင်းကြောင်းများ ထွင်းထုထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာကို ဇွန်လ ၂၅ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသားများ၏ ပြောပြချက်အရ သိရသည်။

“ယာခင်းလုပ်ဖို့ ခုတ်ကြထွင်ကြရင်းနဲ့ တွေ့လိုက်တော့ ရွာကဆရာတော်နဲ့ ရေပန်းတွေဘာတွေနဲ့ ထိုးချလိုက်တော့ တွေ့ရတာ။ ခြေတော်ရာနဲ့ တွင်းလေးတွေနဲ့ ခွက်လေးတွေ ဘာလေးတွေတွေ့တာ၊ လက်ရှိကို တွေ့ထားတဲ့ဆင်းတုတော်လေးတွေ အုပ်ခွက်ပုံလေးတွေတော့ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဆီမှာထားတယ်”ဟု ဦးဝင်းလှိုင်က ပြောသည်။ ၎င်းတို့တွေ့ရှိခဲ့သည့် ဘုရားခြေရာတော်သည် အင်းဝခေတ်လက်ရာဟု ခန့်မှန်းရကြောင်း၊ ကျောက်ဆောင်များတွင် ထွင်းထုထားသည့် လက်ရာများသည် ကျောက်ခေတ်မှ ရှားပါးသည့် အသစ်တွေ့ရှိမှု ဖြစ်နိုင်ချေများသည့်အတွက် ဂရုတစ်စိုက် ထိန်းသိမ်းထားပေးစေလိုကြောင်း ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် ကပြောသည်။ “အဲ့ဒီမှာက ခေတ်နှစ်ခေတ်ပါတယ်။ ခြေတော်ရာက အင်းဝခေတ်ပေါ့။

ကျောက်တုံးပေါ်မှာ ခြေတော်ရာထွင်းတဲ့ဟာကတော့ ရှားတယ်။ ဒါပေမယ့် သိပ်ပြီးတော့ခေတ်မစောဘူး။ အဲ့ဒီကျောက်တုံးဘေးမှာ ရေးထားတဲ့အရုပ်တွေကတော့ ကျောက်ခေတ်ကလက်ရာတွေ ဖြစ်ဖို့ပိုများတယ်။

ဘာလို့များလဲဆိုတော့ အဲ့ဒီနယ်မြေက ပျူပုတီးတွေတို့ ပျူအိုးတွေတို့ ပျူဒင်္ဂါးတွေတို့ တွေ့ဖူးတော့ ပျူခေတ်ထက်စောတဲ့ ခေတ်ဖြစ်နိုင်ဖို့များတယ်။ ကျောက်တုံးပေါ်မှာ အရုပ်ကလေးတွေ တောင်ခြစ်မြောက်ခြစ်လုပ်တာက ယနေ့လူတွေလည်းလုပ်နိုင်သလို ရှေးတုန်းကလူတွေလည်း လုပ်နိုင်တော့ ရှေးတုန်းကလူတွေလုပ်သလား ခုခေတ်လူတွေလုပ်လားဆိုတာကတော့ ပညာရှင်တွေကိုယ်တိုင် ကွင်းဆင်းကြည့်မှသိမယ်။ ကျွန်တော်တို့လည်း Covidကန့်သတ်ချက်တွေ ရုပ်သိမ်းသွားရင်တော့ သွားဖို့အစီအစဉ်ရှိပါတယ်”ဟု ပြောသည်။

0 comments on “ေရွးေဟာင္းေက်ာက္ထြင္း လက္ရာေျခရာေတာ္ ႏွင့္ ေက်ာက္ထြင္း႐ုပ္ပုံမ်ားကုိ ကြၽန္းလွၿမိဳ႕တြင္ ေတြ႕ရွိ

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments