January 25, 2021
Quarantine Centre ကေန Case311 ဟာ YBS 90 စီး၍အိမ္ခိုးျပန္ခဲ့တယ္လို႔ဆို

Quarantine Centre ကေန Case311 ဟာ YBS 90 စီး၍အိမ္ခိုးျပန္ခဲ့တယ္လို႔ဆို

Quarantine Centre ကေန Case311 ဟာ YBS 90 စီး၍အိမ္ခိုးျပန္ခဲ့တယ္လို႔ဆို

Covid 19 case 311ဟာ တိုက္ႀကီး ၿမိဳ႕နယ္ ေရတြင္းျဖဴေက်း႐ြာကလို႔ သိရပါတယ္။ တိုက္ႀကီးၿမိဳ႕နယ္က ဆိုေပမယ့္ ျပည္ပျပန္ကို ရန္ကုန္မွာ Q ထားရင္း ေတြ႕ခဲ့တာပါ။ ရန္ကုန္မွာ Q ထားတယ္ဆိုေပမယ့္ ႐ြာကို ခိုးျပန္လာလို႔ ႐ြာက အုပ္ႀကီးတို႔ ျပန္ပို႔ေပးခဲ့တာပါ။

႐ြာကိုခိုးျပန္လာတာ က အေဖ်ာက္ရန္ကုန္ ၉၀ YBS နဲ႔ ျပန္လာခဲ့တာ ။

႐ြာမေရာက္ခင္လမ္းမွာပဲ ရာအိမ္မႉးဆီသတင္းေရာက္ၿပီး အဆင့္ဆင့္ေဆာင္႐ြက္ခဲ့လို႔ ရန္ကုန္ Q ကို လိုက္ပို႔ခဲ့တာ ။

လိုက္ပို႔တဲ့ အုပ္ႀကီးရယ္ ရာအိမ္မႉးရယ္ စာေရးရယ္ ကားသမားရယ္ကိုေတာ့ Q ဝင္ေနရပါၿပီ။ အေျဖေကာင္းပါေစပဲ ဆုေတာင္းေနရမွာ အေသအခ်ာပါပဲ ။

သူျပန္လာတဲ့ေန႔က YBS 90 ကား နဲ႔ထိစပ္ေနသူေတြ ၂၆ ၊၆ ၊ ၂၀၂၀ ကေန ၄၊၇ ၊ ၂၀၂၀ ဆိုရင္ ၾကားထဲ ရက္ေတြ ထိစပ္မႉ႔ေတာ့ အေတာ္မ်ားပါတယ္ ။ လြတ္တဲ့သူေတာင္ သိပ္မရွိေတာ့ပါဘူး ။

အဲသည့္လူေတြအားလုံး ပုံမွန္ကူးလူဆက္ဆံထားတဲ့ အေနအထားက ေတာ္ေတာ္မ်ားပါတယ္ ။ မေျပးေသာ္လည္း ကန္ရာရွိဆိုသလို အေနၾကပ္ကုန္ၾကပါၿပီ ။ ခုခ်ိန္မွာ အျပစ္လည္း တင္မေနခ်င္ေတာ့ပါဘူး ။

လက္ေဆးၾကပါအုံး

မလိုအပ္ဘဲအျပင္မထြက္ၾကနဲ႔အုံး

ႏွားေခါင္းစည္းၾကပါ။

လူစုလူေဝးေရွာင္ၾကပါ။

ဘာပြဲမွ လူမစည္ၾကပါနဲ႔ ။ စိုးရိမ္လားဆိုရင္ ကိုယ့္ပါ့ကိုယ္ေတာင္ အေတာ္ေလး စိုးရိမ္ေနပါၿပီ။

အေရးႀကီးၿပီလို႔ေျပာခ်င္ပါတယ္။

Unicode

Quarantine Centre ကနေ Case311 ဟာ YBS 90 စီး၍အိမ်ခိုးပြန်ခဲ့တယ်လို့ဆို

Covid 19 case 311ဟာ တိုက်ကြီး မြို့နယ် ရေတွင်းဖြူကျေးရွာကလို့ သိရပါတယ်။ တိုက်ကြီးမြို့နယ်က ဆိုပေမယ့် ပြည်ပပြန်ကို ရန်ကုန်မှာ Q ထားရင်း တွေ့ခဲ့တာပါ။ ရန်ကုန်မှာ Q ထားတယ်ဆိုပေမယ့် ရွာကို ခိုးပြန်လာလို့ ရွာက အုပ်ကြီးတို့ ပြန်ပို့ပေးခဲ့တာပါ။

ရွာကိုခိုးပြန်လာတာ က အဖျောက်ရန်ကုန် ၉၀ YBS နဲ့ ပြန်လာခဲ့တာ ။

ရွာမရောက်ခင်လမ်းမှာပဲ ရာအိမ်မှူးဆီသတင်းရောက်ပြီး အဆင့်ဆင့်ဆောင်ရွက်ခဲ့လို့ ရန်ကုန် Q ကို လိုက်ပို့ခဲ့တာ ။

လိုက်ပို့တဲ့ အုပ်ကြီးရယ် ရာအိမ်မှူးရယ် စာရေးရယ် ကားသမားရယ်ကိုတော့ Q ဝင်နေရပါပြီ။ အဖြေကောင်းပါစေပဲ ဆုတောင်းနေရမှာ အသေအချာပါပဲ ။

သူပြန်လာတဲ့နေ့က YBS 90 ကား နဲ့ထိစပ်နေသူတွေ ၂၆ ၊၆ ၊ ၂၀၂၀ ကနေ ၄၊၇ ၊ ၂၀၂၀ ဆိုရင် ကြားထဲ ရက်တွေ ထိစပ်မှူ့တော့ အတော်များပါတယ် ။ လွတ်တဲ့သူတောင် သိပ်မရှိတော့ပါဘူး ။

အဲသည့်လူတွေအားလုံး ပုံမှန်ကူးလူဆက်ဆံထားတဲ့ အနေအထားက တော်တော်များပါတယ် ။ မပြေးသော်လည်း ကန်ရာရှိဆိုသလို အနေကြပ်ကုန်ကြပါပြီ ။ ခုချိန်မှာ အပြစ်လည်း တင်မနေချင်တော့ပါဘူး ။

လက်ဆေးကြပါအုံး

မလိုအပ်ဘဲအပြင်မထွက်ကြနဲ့အုံး

နှားခေါင်းစည်းကြပါ။

လူစုလူဝေးရှောင်ကြပါ။

ဘာပွဲမှ လူမစည်ကြပါနဲ့ ။ စိုးရိမ်လားဆိုရင် ကိုယ့်ပါ့ကိုယ်တောင် အတော်လေး စိုးရိမ်နေပါပြီ။

အရေးကြီးပြီလို့ပြောချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *