အသက္မရွင္ခ်င္ေလာက္ေအာင္ စိတ္ညစ္ေနရတဲ့လို႔ ရင္ဖြင့္လာတဲ့ အဆိုေတာ္ ခ်မ္းခ်မ္း

အသက္မရွင္ခ်င္ေလာက္ေအာင္ စိတ္ညစ္ေနရတဲ့လို႔ ရင္ဖြင့္လာတဲ့ အဆိုေတာ္ ခ်မ္းခ်မ္း

အသံပါဝါေကာင္းေကာင္းနဲ႔ သီခ်င္းေတြကို ခံစားခ်က္အျပည့္နဲ႔ သီဆိုတတ္တဲ့ အဆိုေတာ္မေလး ခ်မ္းခ်မ္းကေတာ့ သူမရဲ႕အႏုပညာေၾကာင့္ေရာ သူမရဲ႕ျပတ္သားတဲ့ စိတ္ထားေလးေၾကာင့္ပါ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးျခင္းကို အျပည့္အဝရရွိထားသူတစ္ဦးပါ။ အိမ္ေထာင္ေရးနဲ႔ပတ္သတ္ၿပီး ကံမေကာင္းတဲ့ ခ်မ္းခ်မ္းကေတာ့ လက္ရွိမွာ သူမရဲ႕ဘဝျဖစ္တဲ့ သမီးေလးရယ္၊ သူမကို တကယ္ခ်စ္တဲ့သူရယ္နဲ႔အတူ ဘဝအသစ္ေလးကို ျပန္လည္စတင္ေနတာပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ခ်မ္းခ်မ္းက မနာလိုမႈေတြနဲ႔ ထိုးႏွက္လာေတြေၾကာင့္ အသက္မရွင္ခ်င္ေလာက္ေအာင္ စိတ္ညစ္ေနရတဲ့အေၾကာင္းကို “သူမ်ားဘဝေတြ..သူမ်ားျဖစ္တည္မႈေတြ..သူမ်ားစိတ္ခံစားမႈေတြ..သူမ်ားေအာင္ျမင္မႈေတြ..သူမ်ားေပ်ာ္႐ႊင္မႈေတြ..ျပည့္စုံမႈေတြကိုၾကည့္ၿပီး အားက်ေနတာကိုယ္တေယာက္တည္းလားေနာ္။ လူတိုင္းကဒုကၡကိုယ္စီဆိုေပမဲ့ သူတို႔ေလးေတြက ကိုယ့္ထက္ စစအရာရာေပ်ာ္႐ႊင္ျပည့္စုံေနၾကသလိုပဲ ကံေကာင္းလိုက္တာ၊အားလဲက်ပါတယ္။ဘာလုပ္လုပ္ ဘာကိုင္ကိုင္ ဘာမွအဆင္မေျပျဖစ္ျဖစ္ေနတဲ့ကိုယ့္ဘဝကိုအၿမဲဆုေတာင္းပါတယ္။ တကယ္လို႔မ်ား ဘုရားသခင္ က်မကိုအသက္ႏုတ္ျပန္ေခၚသြားရင္ သိပ္ေကာင္းမွာပဲလို႔ က်မဟာလူ႔ေလာကႀကီးမွာပင္ပန္းမႈေတြနဲ႔အသက္ရွင္ရလို႔ ဘာကိုမွ ေျပာလိုစိတ္ လုပ္လိုစိတ္မရွိေလာက္ေအာင္ပါပဲ။ အဆင္မေျပမႉေတနဲ႔ အသားက်ေအာင္ႀကိဳးစားဆဲပါပဲ သူမ်ားေတြကိုကိုယ္ကူညီေနရတဲ့အခ်ိန္ဆိုသိပ္ေပ်ာ္တယ္။ ဒါေပမဲ့ကိုယ့္အတြက္ကိုယ္ရင္ဆိုင္ရပီဆိုဘာလို႔မ်ားအဲ့သေလာက္ပင္ပန္းၾကမ္းတမ္းရသလဲဆိုတဲ့ေမးခြန္းကိုေန႔တိုင္းေမးမိတယ္။ ေမးတိုင္းလဲ အေျဖမရွိခဲ့ဘူး တေန႔ေတာ့ရွိလာမွာပါ အဲ့ဒီအခ်ိန္က ေသခ်ာတယ္ဘာကိုမွျဖစ္ခ်င္စိတ္..ခ်စ္ခ်င္စိတ္ လိုခ်င္စိတ္ လုပ္ခ်င္စိတ္မရွိေတာ့တဲ့အခ်ိန္ပဲ ဘာပဲေျပာေျပာလူ႔ေလာကႀကီးမွာ ႐ိုးသားစြာအသက္ရွင္ခဲ့တာလူေတြအတြက္အသုးံဝင္ခဲ့တဲ့အတြက္ရယ္တြက္ရယ္ မဟုတ္မခံတတ္တဲ့စိတ္ေၾကာင့္ တခ်ိဳ႕တေလေတာ့ေက်နပ္မိပါတယ္။

အဆိုးထဲကအေကာင္းေပါ့ေလ ဘာရယ္မဟုတ္ စိတ္ေျပလက္ေပ်ာက္မ်ားျဖစ္မလားလို႔ ကိုယ့္ဘဝေလးကိုယ္ျပန္ၾကည့္မိ႐ုံပါကြယ္ က်မအရမ္းပင္ပမ္းေနၿပီ.အားလုးံရဲ႕အေဝးတေနရာကိုထြက္သြားခ်င္မိတယ္။ ဘယ္ေတာ့ျဖစ္လာမလဲ ဘာအပူမွမရွိ ဘယ္သူ႔အတြက္မွ စိတ္ပူေပးစရာမလိုတဲ့ဘဝ ဘယ္ေတာ့ေလာက္မ်ားရမလဲ သိခ်င္မိ႐ုံပါ။သစ္ပင္ရိပ္တခုေအာက္မွာဘာတြယ္တာမႈမွမရွိတဲ့အဝတ္တထည္ကိုယ္တခုနဲ႔ ေနခ်င္လိုက္တာ မၾကာမီအေကာင္အထည္ေဖာ္မိေတာ့မယ္ထင္တယ္။ ခံႏိုင္ရည္ကုန္ခမ္းေနၿပီ ဘုရားသခင္ကိုယ္တိုင္ေတာင္နားလည္ရခက္ေနၿပီစမ္းသပ္တာေတအရမ္းမ်ားသြားၿပီ သခင္ရယ္ က်မခံႏိုင္ရည္မရွိေတာ့လို႔ပါ “လို႔သူမရဲ႕လူမႈကြန္ရက္ စာမ်က္နာမွာ ေဖာ္ျပထားကို ပရိသတ္ႀကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္။

Unicode

အသက်မရှင်ချင်လောက်အောင် စိတ်ညစ်နေရတဲ့လို့ ရင်ဖွင့်လာတဲ့ အဆိုတော် ချမ်းချမ်း

အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့ အဆိုတော်မလေး ချမ်းချမ်းကတော့ သူမရဲ့အနုပညာကြောင့်ရော သူမရဲ့ပြတ်သားတဲ့ စိတ်ထားလေးကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားသူတစ်ဦးပါ။ အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး ကံမကောင်းတဲ့ ချမ်းချမ်းကတော့ လက်ရှိမှာ သူမရဲ့ဘဝဖြစ်တဲ့ သမီးလေးရယ်၊ သူမကို တကယ်ချစ်တဲ့သူရယ်နဲ့အတူ ဘဝအသစ်လေးကို ပြန်လည်စတင်နေတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ချမ်းချမ်းက မနာလိုမှုတွေနဲ့ ထိုးနှက်လာတွေကြောင့် အသက်မရှင်ချင်လောက်အောင် စိတ်ညစ်နေရတဲ့အကြောင်းကို “သူများဘဝတွေ..သူများဖြစ်တည်မှုတွေ..သူများစိတ်ခံစားမှုတွေ..သူများအောင်မြင်မှုတွေ..သူများပျော်ရွှင်မှုတွေ..ပြည့်စုံမှုတွေကိုကြည့်ပြီး အားကျနေတာကိုယ်တယောက်တည်းလားနော်။ လူတိုင်းကဒုက္ခကိုယ်စီဆိုပေမဲ့ သူတို့လေးတွေက ကိုယ့်ထက် စစအရာရာပျော်ရွှင်ပြည့်စုံနေကြသလိုပဲ ကံကောင်းလိုက်တာ၊အားလဲကျပါတယ်။ဘာလုပ်လုပ် ဘာကိုင်ကိုင် ဘာမှအဆင်မပြေဖြစ်ဖြစ်နေတဲ့ကိုယ့်ဘဝကိုအမြဲဆုတောင်းပါတယ်။ တကယ်လို့များ ဘုရားသခင် ကျမကိုအသက်နုတ်ပြန်ခေါ်သွားရင် သိပ်ကောင်းမှာပဲလို့ ကျမဟာလူ့လောကကြီးမှာပင်ပန်းမှုတွေနဲ့အသက်ရှင်ရလို့ ဘာကိုမှ ပြောလိုစိတ် လုပ်လိုစိတ်မရှိလောက်အောင်ပါပဲ။ အဆင်မပြေမှူတေနဲ့ အသားကျအောင်ကြိုးစားဆဲပါပဲ သူများတွေကိုကိုယ်ကူညီနေရတဲ့အချိန်ဆိုသိပ်ပျော်တယ်။ ဒါပေမဲ့ကိုယ့်အတွက်ကိုယ်ရင်ဆိုင်ရပီဆိုဘာလို့များအဲ့သလောက်ပင်ပန်းကြမ်းတမ်းရသလဲဆိုတဲ့မေးခွန်းကိုနေ့တိုင်းမေးမိတယ်။ မေးတိုင်းလဲ အဖြေမရှိခဲ့ဘူး တနေ့တော့ရှိလာမှာပါ အဲ့ဒီအချိန်က သေချာတယ်ဘာကိုမှဖြစ်ချင်စိတ်..ချစ်ချင်စိတ် လိုချင်စိတ် လုပ်ချင်စိတ်မရှိတော့တဲ့အချိန်ပဲ ဘာပဲပြောပြောလူ့လောကကြီးမှာ ရိုးသားစွာအသက်ရှင်ခဲ့တာလူတွေအတွက်အသုးံဝင်ခဲ့တဲ့အတွက်ရယ်တွက်ရယ် မဟုတ်မခံတတ်တဲ့စိတ်ကြောင့် တချို့တလေတော့ကျေနပ်မိပါတယ်။

အဆိုးထဲကအကောင်းပေါ့လေ ဘာရယ်မဟုတ် စိတ်ပြေလက်ပျောက်များဖြစ်မလားလို့ ကိုယ့်ဘဝလေးကိုယ်ပြန်ကြည့်မိရုံပါကွယ် ကျမအရမ်းပင်ပမ်းနေပြီ.အားလုးံရဲ့အဝေးတနေရာကိုထွက်သွားချင်မိတယ်။ ဘယ်တော့ဖြစ်လာမလဲ ဘာအပူမှမရှိ ဘယ်သူ့အတွက်မှ စိတ်ပူပေးစရာမလိုတဲ့ဘဝ ဘယ်တော့လောက်များရမလဲ သိချင်မိရုံပါ။သစ်ပင်ရိပ်တခုအောက်မှာဘာတွယ်တာမှုမှမရှိတဲ့အဝတ်တထည်ကိုယ်တခုနဲ့ နေချင်လိုက်တာ မကြာမီအကောင်အထည်ဖော်မိတော့မယ်ထင်တယ်။ ခံနိုင်ရည်ကုန်ခမ်းနေပြီ ဘုရားသခင်ကိုယ်တိုင်တောင်နားလည်ရခက်နေပြီစမ်းသပ်တာတေအရမ်းများသွားပြီ သခင်ရယ် ကျမခံနိုင်ရည်မရှိတော့လို့ပါ “လို့သူမရဲ့လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *