သတင္းထြက္ေနတဲ့ လူနာနံပါတ္(၃၁၁) ရန္ကုန္ကေန တိုက္ႀကီးကို YBS ယာဥ္လိုင္းနဲ႔ ျပန္ခဲ့ျခင္းမဟုတ္

သတင္းထြက္ေနတဲ့ လူနာနံပါတ္(၃၁၁) ရန္ကုန္ကေန တိုက္ႀကီးကို YBS ယာဥ္လိုင္းနဲ႔ ျပန္ခဲ့ျခင္းမဟုတ္

လူနာနံပါတ္(၃၁၁) အေနနဲ႔ သတင္းထြက္ေနသလို ရန္ကုန္ကေန တိုက္ႀကီးကို YBS ယာဥ္လိုင္းနဲ႔ ျပန္ခဲ့ျခင္းမဟုတ္က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕သတင္းထုတ္ျပန္ခ်က္အရသိရျခင္းျဖစ္ပါတယ္။လူနာနံပတ္ (၃၁၁)နဲ႔ အတူ လာအိုကျပန္လာတဲ့သူက (၁၈၆)ဦးရွိၿပီး ဇြန္လ (၂၄)ရက္ေန႔က ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕ ဝမ္ပုံဂိတ္ကေန ျပန္လည္ဝင္ေရာက္လာသူေတြျဖစ္တယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

လူနာနံပါတ္(၃၁၁) နဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာေတြမွာသတင္းေတြပ်ံ႕ႏွံ႔ေနသလို YBS ယာဥ္လိုင္းနဲ႔ တိုက္ႀကီးၿမိဳ႕ကို ျပန္သြားတယ္ဆိုတဲ့အေၾကာင္းအရာေတြက မွားယြင္းေနေၾကာင္းကို သတင္းထုတ္ျပန္ခ်က္အရသိရပါတယ္။

တာခ်ီလိတ္ကေနတစ္ဆင့္ စီစဥ္ေပးထားတဲ့ ေမာ္ေတာ္ယာဥ္မ်ားနဲ႔ ေတာင္ႀကီးကို ေရာက္ရွိခဲ့ၿပီး ေတာင္ႀကီးကေနရန္ကုန္ကို ျပန္လာခဲ့တာပါ။ ရန္ကုန္ကိုျပန္လာခဲ့စဥ္ကလည္း စီစဥ္ေပးထားတဲ့ ေမာ္ေတာ္ယာဥ္တစ္စီးထဲမွာပဲ လူနာနံပတ္(၃၁၁)နဲ႔ ခရီးစဥ္တူတဲ့သူ (၁၇)ဦးလိုက္ပါလာခဲ့တယ္လို႔သိရပါတယ္။

ရန္ကုန္ကို လိုက္ပါပို႔ေဆာင္တဲ့ ယာဥ္က ေအာင္မဂၤလာအေဝးေျပးကားဂိတ္ကို ဆိုက္ေရာက္ခဲ့ေပမယ့္ လူနာ နံပတ္ (၃၁၁)ကရန္ကုန္ထိလိုက္ပါလာခဲ့ျခင္းမရွိဘဲ အျမန္လမ္းေပၚမွာတင္ဆင္းကာ အျမန္လမ္းကေန (၃)ဘီးငွားၿပီး သူေနထိုင္ရာတိုက္ႀကီးၿမိဳ႕နယ္ကို ျပန္လာခဲ့တာျဖစ္ပါတယ္။သူ ေနရပ္မေရာက္ခင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကိုအေၾကာင္းေၾကာင္းထားတာေၾကာင့္ ေရာက္ေရာက္ခ်င္းမွာပဲ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးစီစဥ္ထားတဲ့ကားနဲ႔ ကမာ႐ြတ္ၿမိဳ႕နယ္ ပညာေရးတကၠသိုလ္က Quarantine စင္တာကိုပို႔ေဆာင္ေပးခဲ့တာပါ။

Quarantine စင္တာကိုေရာက္ရွိၿပီးေနာက္ အဆိုပါအမ်ိဳးသားမွာ ေရာဂါပိုးရွိ ၊မရွိ ဓာတ္ခြဲစစ္ေဆးခဲ့ရာ ဇူလိုင္(၄)ရက္ေန႔ည (၈)နာရီထုတ္ျပန္ခ်က္မွာေတာ့ လူနာနံပတ္ (၃၁၁)အျဖစ္ပါဝင္လာခဲ့တာျဖစ္ပါတယ္။သူနဲ႔အတူ ရန္ကုန္ကိုျပန္လာတဲ့ အနီးကပ္ထိေတြ႕ထားသူ (၁၇)ဦးကိုလည္း Quarantine ထားရွိထားၿပီး ဓာတ္ခြဲစစ္ေဆးရာ (၅)ဦးမွာ ေရာဂါပိုးမေတြ႕ရွိဘဲ က်န္(၁၂)ဦးအေျဖကိုေတာ့ ေစာင့္ဆိုင္းေနဆဲလို႔သိရပါတယ္။

ဒါ့အျပင္ လူနာ နံပတ္(၃၁၁)ကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးနဲ႔အတူ Quarantine စင္တာကို လိုက္ပါပို႔ေဆာင္ေပးခဲ့သူ (၁၂)ဦးကိုလည္း ဓာတ္ခြဲနမူနာေပးပို႔ထားတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနကထုတ္ျပန္ထားပါတယ္။

Unicode

သတင်းထွက်နေတဲ့ လူနာနံပါတ်(၃၁၁) ရန်ကုန်ကနေ တိုက်ကြီးကို YBS ယာဉ်လိုင်းနဲ့ ပြန်ခဲ့ခြင်းမဟုတ်

လူနာနံပါတ်(၃၁၁) အနေနဲ့ သတင်းထွက်နေသလို ရန်ကုန်ကနေ တိုက်ကြီးကို YBS ယာဉ်လိုင်းနဲ့ ပြန်ခဲ့ခြင်းမဟုတ်ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်ပါတယ်။လူနာနံပတ် (၃၁၁)နဲ့ အတူ လာအိုကပြန်လာတဲ့သူက (၁၈၆)ဦးရှိပြီး ဇွန်လ (၂၄)ရက်နေ့က ရှမ်းပြည်နယ် တာချီလိတ်မြို့ ဝမ်ပုံဂိတ်ကနေ ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လူနာနံပါတ်(၃၁၁) နဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာသတင်းတွေပျံ့နှံ့နေသလို YBS ယာဉ်လိုင်းနဲ့ တိုက်ကြီးမြို့ကို ပြန်သွားတယ်ဆိုတဲ့အကြောင်းအရာတွေက မှားယွင်းနေကြောင်းကို သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

တာချီလိတ်ကနေတစ်ဆင့် စီစဉ်ပေးထားတဲ့ မော်တော်ယာဉ်များနဲ့ တောင်ကြီးကို ရောက်ရှိခဲ့ပြီး တောင်ကြီးကနေရန်ကုန်ကို ပြန်လာခဲ့တာပါ။ ရန်ကုန်ကိုပြန်လာခဲ့စဉ်ကလည်း စီစဉ်ပေးထားတဲ့ မော်တော်ယာဉ်တစ်စီးထဲမှာပဲ လူနာနံပတ်(၃၁၁)နဲ့ ခရီးစဉ်တူတဲ့သူ (၁၇)ဦးလိုက်ပါလာခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်ကို လိုက်ပါပို့ဆောင်တဲ့ ယာဉ်က အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကို ဆိုက်ရောက်ခဲ့ပေမယ့် လူနာ နံပတ် (၃၁၁)ကရန်ကုန်ထိလိုက်ပါလာခဲ့ခြင်းမရှိဘဲ အမြန်လမ်းပေါ်မှာတင်ဆင်းကာ အမြန်လမ်းကနေ (၃)ဘီးငှားပြီး သူနေထိုင်ရာတိုက်ကြီးမြို့နယ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။သူ နေရပ်မရောက်ခင် ကျေးရွာအုပ်ချုပ်ရေးမှူးကိုအကြောင်းကြောင်းထားတာကြောင့် ရောက်ရောက်ချင်းမှာပဲ ကျေးရွာအုပ်ချုပ်ရေးမှူးစီစဉ်ထားတဲ့ကားနဲ့ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်က Quarantine စင်တာကိုပို့ဆောင်ပေးခဲ့တာပါ။

Quarantine စင်တာကိုရောက်ရှိပြီးနောက် အဆိုပါအမျိုးသားမှာ ရောဂါပိုးရှိ ၊မရှိ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဇူလိုင်(၄)ရက်နေ့ည (၈)နာရီထုတ်ပြန်ချက်မှာတော့ လူနာနံပတ် (၃၁၁)အဖြစ်ပါဝင်လာခဲ့တာဖြစ်ပါတယ်။သူနဲ့အတူ ရန်ကုန်ကိုပြန်လာတဲ့ အနီးကပ်ထိတွေ့ထားသူ (၁၇)ဦးကိုလည်း Quarantine ထားရှိထားပြီး ဓာတ်ခွဲစစ်ဆေးရာ (၅)ဦးမှာ ရောဂါပိုးမတွေ့ရှိဘဲ ကျန်(၁၂)ဦးအဖြေကိုတော့ စောင့်ဆိုင်းနေဆဲလို့သိရပါတယ်။

ဒါ့အပြင် လူနာ နံပတ်(၃၁၁)ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ Quarantine စင်တာကို လိုက်ပါပို့ဆောင်ပေးခဲ့သူ (၁၂)ဦးကိုလည်း ဓာတ်ခွဲနမူနာပေးပို့ထားတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *