ထိုင္းလူငယ္ ၁၃ ေယာက္ကို ကယ္ရင္း အသက္ေပးလိုက္ရတဲ့ ေရငုပ္သမားအတြက္ (၂)ႏွစ္ ျပည့္ ရည္စူးကုသိုလ္ ျပဳလုပ္

ထိုင္းလူငယ္ ၁၃ ေယာက္ကို ကယ္ရင္း အသက္ေပးလိုက္ရတဲ့ ေရငုပ္သမားအတြက္ (၂)ႏွစ္ ျပည့္ ရည္စူးကုသိုလ္ ျပဳလုပ္

” ထမ့္လြမ္ဂူ ” ထဲတြင္ပိတ္မိေနေသာ ထိုင္းလူငယ္ ၁၃ ေယာက္ကို ကယ္ဆယ္ရင္း အသက္ေပးဆပ္လိုက္ရတဲ့ ေရငုပ္သမားအတြက္ ( ၂ )ႏွစ္ ျပည့္ ရည္စူးကုသိုလ္ ျပဳလုပ္.. ထိုင္းႏိုင္ငံေျမာက္ပိုင္းတြင္ ကမာၻေက်ာ္ခဲ့ေသာ ” ထမ့္လြမ္ဂူ ” ထဲတြင္ ပိတ္မိေနခဲ့ေသာလူငယ္ေတာဝက္အကယ္ဒီေဘာလုံးအသင္း (၁၃) ေယာက္ကို ႏိုင္ငံတကာကယ္ဆယ္ေရးကြၽမ္းက်င္ေရငုပ္သမ်ားႏွင့္အတူ ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့စဥ္….

ထိုင္းေရငုပ္သမား ” ဒုတိယေရတပ္ဗိုလ္ေဟာင္း စမန္ ကူနန္း ” က်ာဆဲမ္” ဟာ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၆ ရက္ေန႔ညမွာေသဆုံးခဲ့တဲ့အတြက္ ( ၂ ) ႏွစ္ျပည့္ေအာက္ေမ့လြမ္းဆြတ္သတိရတဲ့အေနနဲ႔ သူ၏ဇနီးႏွင့္အတူ ေတာဝက္ကေလးမ်ား ၊ဘုရားအမႉးရွိတဲ့သံဃာေတာ္ ၁၀၈ ပါးတို႔ကိုပင့္ဖိတ္ကာ ဆြမ္းခဲဖြယ္ လႉဘြယ္ဝတၳဳအစုစုတို႔ျဖင့္ ထမ့္လြမ္ဂူေရွ႕ ” ထမ့္လြမ္သူရဲေကာင္း က်ာဆဲမ္ ” ႐ုပ္ထုေရွ႕တြင္ ၂၀၂၀ ခုႏွစ္ဇူလိုင္လ ၆ ရက္ေန႔ကက်င္းပခဲ့ၾကပါတယ္ ။

” ထမ့္လြမ္သူရဲေကာင္း ( သို႔မဟုတ္ ) ဒုတိယေရတပ္ဒုဗိုလ္ေဟာင္း ” က်ာဆဲမ္ဟာ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၅ ရက္ေန႔ည ၂၀:၃၇ မိနစ္မွာ ကေလးေတြကို ဂူအျပင္ပသို႔ အႏၲရာယ္ကင္းကင္းျဖင့္ျပန္လည္ထြက္ရွိလာႏိုင္ဘို႔အတြက္ Plan အရ ကေလးမ်ားေရာက္ရွိ ေနတဲ့ေနရာ ( ၁၇၀၀ မီတာအရွည္ ) အထိ ဂူနံရံေတြမွာ ေအာက္စီဂ်င္ဗူးေတြကိုအေရးေပၚခ်ိတ္ထားႏိုင္ေရး…..

ဂူထဲကိုေရငုပ္ဝင္သြားရင္းမွ ဇူလိုင္လ ၆ ရက္ေန႔ ၂၂:၀၀ အခ်ိန္ဂူထဲမွျပန္အထြက္တြင္ Fork ( Sam Yak ) မေရာက္ခင္ ေရငုပ္ေနရင္ူ႐ုတ္တရက္ပါမလာေတာ့သျဖင့္သြားေရာက္ၾကည့္ရႈ႕ရာ ေရထဲတြင္သတိလစ္ေနသျဖင့္၎အား Chamber 3 ထိခက္ခက္ခဲသယ္ထုပ္လာၿပီး သူနာျပဳေဆးတပ္မွကယ္တင္ဘို႔ႀကိဳးစားခဲ့ေပမယ့္ လည္း ည ၀၁:၀၀ ခ်ိန္ခန႔္တြင္ေသဆုံးသြားခဲ့ပါတယ္ ။ဂူေပါက္ဝမွေန၍ကေလးေတြခိုေအာင္းေနတဲ့ေနရာအထိ အသြားအျပန္ ၁၂ နာရီအခ်ိန္ေပးရၿပီး အသြား ၆ နာရီ ၊ အျပန္ ၅ နာရီၾကာျမင့္ပါတယ္ ၊ ဂူထဲမွာ ေအာက္စီဂ်င္ ၂၀% ရာခိုင္ႏႈန္းခန႔္သာရွိသည့္အတြက္…

ေအာက္စီဗူးေပါင္း ၇၀၀ ႏွင့္ ဆက္သြယ္ေရးဖုန္းေကဘယ္လ္ႀကိဳးမ်ား ၅ ကီလိုမီတာအရွည္ကို ေရငုပ္သမားအင္အား (၁၀၀ ) ျဖင့္ အဝင္အထြက္လမ္းတစ္ေလွ်ာက္နဲ႔ ကေလးေတြရွိတဲ့ေနရာအထိအဖြဲ႕လိုက္ဝင္ေရာက္ပို႔ေဆာင္ခ်ိတ္ဆက္ရတဲ့အတြက္ တစ္ခ်ိဳ႕ေနရာေတြမွာ ေရငုပ္ၿပီးသြားရသလို….တစ္ခ်ိဳ႕ေနရာမွာလမ္းေလွ်ာက္သြားရပါတယ္ ၊ ခက္ခဲက်ဥ္းေျမာင္းတဲ့လမ္းေတြလည္းရွိတာမို႔အျပန္လမ္းမွာပင္ပန္းႏြယ္နယ္မႈေၾကာင့္ႏွင့္ေအာက္စီဂ်င္မလုံေလာက္မႈေၾကာင့္ေသဆုံးသြားခဲ့ျခင္းျဖစ္ပါတယ္ ၊ ေသဆုံးခ်ိန္တြင္အသက္ (၃၈) ႏွစ္သာရွိပါေသးသည္ ။

၂၀၁၈ ဇူလိုင္လ ၂၃ ရက္ေန႔ ၊ ေန႔လည္ ၁၄:၀၀ ခ်ိန႔္မွစတင္၍ ဂူထဲတြင္ပိတ္မိေနၿပီး ဇူလိုင္လ ၂ ရက္ေန႔ည ( ၉ ရက္ႏွင့္ ၅ နာရီ ၄၁ မိနစ္ အၾကာ ) မွာ ကေလးမ်ားကိုရွာေဖြေတြ႕ရွိခဲ့ၿပီး ဇူလိုင္လ ၈ ရက္ေန႔မွာစတင္ၿပီး… ဂူျပင္ပသို႔ကယ္ထုတ္မႈလုပ္ငန္းေတြစတင္လုပ္ေဆာင္ႏိုင္ခဲ့ၾကပါတယ္ ၊ ဇူလိုင္လ ၁၀ ရက္ေန႔ညမွာေတာ့ ကမာၻေက်ာ္တဲ့ ကယ္ဆယ္ေရးလုပ္ငန္းႀကီးေအာင္ေအာင္ျမင္ျမင္နဲ႔ ၿပီးေျမာက္ခဲ့ၾကပါတယ္ ။

Unicode

ထိုင်းလူငယ် ၁၃ ယောက်ကို ကယ်ရင်း အသက်ပေးလိုက်ရတဲ့ ရေငုပ်သမားအတွက် (၂)နှစ် ပြည့် ရည်စူးကုသိုလ် ပြုလုပ်

” ထမ့်လွမ်ဂူ ” ထဲတွင်ပိတ်မိနေသော ထိုင်းလူငယ် ၁၃ ယောက်ကို ကယ်ဆယ်ရင်း အသက်ပေးဆပ်လိုက်ရတဲ့ ရေငုပ်သမားအတွက် ( ၂ )နှစ် ပြည့် ရည်စူးကုသိုလ် ပြုလုပ်.. ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ကမ္ဘာကျော်ခဲ့သော ” ထမ့်လွမ်ဂူ ” ထဲတွင် ပိတ်မိနေခဲ့သောလူငယ်တောဝက်အကယ်ဒီဘောလုံးအသင်း (၁၃) ယောက်ကို နိုင်ငံတကာကယ်ဆယ်ရေးကျွမ်းကျင်ရေငုပ်သများနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့စဉ်….

ထိုင်းရေငုပ်သမား ” ဒုတိယရေတပ်ဗိုလ်ဟောင်း စမန် ကူနန်း ” ကျာဆဲမ်” ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ညမှာသေဆုံးခဲ့တဲ့အတွက် ( ၂ ) နှစ်ပြည့်အောက်မေ့လွမ်းဆွတ်သတိရတဲ့အနေနဲ့ သူ၏ဇနီးနှင့်အတူ တောဝက်ကလေးများ ၊ဘုရားအမှူးရှိတဲ့သံဃာတော် ၁၀၈ ပါးတို့ကိုပင့်ဖိတ်ကာ ဆွမ်းခဲဖွယ် လှူဘွယ်ဝတ္ထုအစုစုတို့ဖြင့် ထမ့်လွမ်ဂူရှေ့ ” ထမ့်လွမ်သူရဲကောင်း ကျာဆဲမ် ” ရုပ်ထုရှေ့တွင် ၂၀၂၀ ခုနှစ်ဇူလိုင်လ ၆ ရက်နေ့ကကျင်းပခဲ့ကြပါတယ် ။

” ထမ့်လွမ်သူရဲကောင်း ( သို့မဟုတ် ) ဒုတိယရေတပ်ဒုဗိုလ်ဟောင်း ” ကျာဆဲမ်ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ည ၂၀:၃၇ မိနစ်မှာ ကလေးတွေကို ဂူအပြင်ပသို့ အန္တရာယ်ကင်းကင်းဖြင့်ပြန်လည်ထွက်ရှိလာနိုင်ဘို့အတွက် Plan အရ ကလေးများရောက်ရှိ နေတဲ့နေရာ ( ၁၇၀၀ မီတာအရှည် ) အထိ ဂူနံရံတွေမှာ အောက်စီဂျင်ဗူးတွေကိုအရေးပေါ်ချိတ်ထားနိုင်ရေး…..

ဂူထဲကိုရေငုပ်ဝင်သွားရင်းမှ ဇူလိုင်လ ၆ ရက်နေ့ ၂၂:၀၀ အချိန်ဂူထဲမှပြန်အထွက်တွင် Fork ( Sam Yak ) မရောက်ခင် ရေငုပ်နေရင်ူရုတ်တရက်ပါမလာတော့သဖြင့်သွားရောက်ကြည့်ရှု့ရာ ရေထဲတွင်သတိလစ်နေသဖြင့်၎င်းအား Chamber 3 ထိခက်ခက်ခဲသယ်ထုပ်လာပြီး သူနာပြုဆေးတပ်မှကယ်တင်ဘို့ကြိုးစားခဲ့ပေမယ့် လည်း ည ၀၁:၀၀ ချိန်ခန့်တွင်သေဆုံးသွားခဲ့ပါတယ် ။ဂူပေါက်ဝမှနေ၍ကလေးတွေခိုအောင်းနေတဲ့နေရာအထိ အသွားအပြန် ၁၂ နာရီအချိန်ပေးရပြီး အသွား ၆ နာရီ ၊ အပြန် ၅ နာရီကြာမြင့်ပါတယ် ၊ ဂူထဲမှာ အောက်စီဂျင် ၂၀% ရာခိုင်နှုန်းခန့်သာရှိသည့်အတွက်…

အောက်စီဗူးပေါင်း ၇၀၀ နှင့် ဆက်သွယ်ရေးဖုန်းကေဘယ်လ်ကြိုးများ ၅ ကီလိုမီတာအရှည်ကို ရေငုပ်သမားအင်အား (၁၀၀ ) ဖြင့် အဝင်အထွက်လမ်းတစ်လျှောက်နဲ့ ကလေးတွေရှိတဲ့နေရာအထိအဖွဲ့လိုက်ဝင်ရောက်ပို့ဆောင်ချိတ်ဆက်ရတဲ့အတွက် တစ်ချို့နေရာတွေမှာ ရေငုပ်ပြီးသွားရသလို….တစ်ချို့နေရာမှာလမ်းလျှောက်သွားရပါတယ် ၊ ခက်ခဲကျဉ်းမြောင်းတဲ့လမ်းတွေလည်းရှိတာမို့အပြန်လမ်းမှာပင်ပန်းနွယ်နယ်မှုကြောင့်နှင့်အောက်စီဂျင်မလုံလောက်မှုကြောင့်သေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ် ၊ သေဆုံးချိန်တွင်အသက် (၃၈) နှစ်သာရှိပါသေးသည် ။

၂၀၁၈ ဇူလိုင်လ ၂၃ ရက်နေ့ ၊ နေ့လည် ၁၄:၀၀ ချိန့်မှစတင်၍ ဂူထဲတွင်ပိတ်မိနေပြီး ဇူလိုင်လ ၂ ရက်နေ့ည ( ၉ ရက်နှင့် ၅ နာရီ ၄၁ မိနစ် အကြာ ) မှာ ကလေးများကိုရှာဖွေတွေ့ရှိခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့မှာစတင်ပြီး… ဂူပြင်ပသို့ကယ်ထုတ်မှုလုပ်ငန်းတွေစတင်လုပ်ဆောင်နိုင်ခဲ့ကြပါတယ် ၊ ဇူလိုင်လ ၁၀ ရက်နေ့ညမှာတော့ ကမ္ဘာကျော်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းကြီးအောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ခဲ့ကြပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *