ျဖဴျဖဴေက်ာ္သိန္းနဲ႔ ေက်ာ္ထက္ေအာင္တို႔ရဲ႕ ဆက္ဆံေရး ပရိသတ္ေတြၾကား စိတ္ဝင္စားစရာျဖစ္လာ

ျဖဴျဖဴေက်ာ္သိန္းနဲ႔ ေက်ာ္ထက္ေအာင္တို႔ရဲ႕ ဆက္ဆံေရး ပရိသတ္ေတြၾကား စိတ္ဝင္စားစရာျဖစ္လာ

အသံပါဝါ အားေကာင္းေကာင္းနဲ႔ အမိုက္စား သီခ်င္းေတြကိုပါေဖာမန႔္အျပည့္နဲ႔ ေဖ်ာ္ေျဖတင္ဆက္ေလ့ရွိတဲ့ အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္းကေတာ့ ပရိသတ္ေတြကို အၿမဲ အထူးအဆန္းေတြလုပ္ျပေလ့ရွိတဲ့ အႏုပညာရွင္တစ္ေယာက္ဆိုတာကိုေတာ့ အထူးတလည္ ေျပာစရာမလိုေတာ့ဘူး ထင္ပါတယ္ေနာ္ ။

သူမရဲ႕ အမိုက္စား ဖက္ရွင္ေတြကေတာ့ ပရိသတ္ေတြၾကားမွာ အၿမဲေရပန္းစား ေလ့ရွိၿပီး ပရိသတ္ေတြကို အံ့အားသင့္ေစတဲ့အႏုပညာရွင္တစ္ေယာက္ပါ ။

Myanmar Idol အစီအစဥ္ေတြမွာ အစီအစဥ္ တင္ဆက္သူ အျဖစ္ ပါဝင္ထားၿပီး ပရိသတ္ အခိုင္အမာ ရရွိလာတဲ့ ေက်ာ္ထက္ေအာင္ကလည္း လက္ရွိမွာေတာ့ ႐ုပ္ရွင္မင္းသား တစ္ေယာက္အေနနဲ႔ရပ္တည္ေနကာ ပရိသတ္ေတြရဲ႕ အားေပးမႈအခိုင္အမာရရွိထားပါတယ္။သူဟာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနၿပီး သ႐ုပ္ေဆာင္ပီျပင္လြန္းတာကေတာ့ အကယ္ဒမီ ဆန္ခါတင္ စာရင္းဝင္တဲ့အထိပါပဲ။

လြန္ခဲ့တဲ့ ရက္ကလည္း ေက်ာ္ထက္ေအာင္ဟာ လူႀကီးဆုံရာနဲ႔စကားေျပာျဖစ္ခဲ့တဲ့အေၾကာင္းကို “လူႀကီးဆုံရာနဲ႔စကားေျပာျဖစ္တယ္ သူလိုခ်င္ေနတာ အလိုလိုသိတာမ်ိဳး သဝန္တိုတာအရမ္းခ်စ္လို႔ သူလုပ္ထားတဲ့ Brownie သူေဖ်ာ္တိုက္တဲ့ cafe ေသာက္ရင္း” လို႔သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ႏိုင္ငံေက်ာ္အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္းနဲ႔တြဲဖက္႐ိုက္ထားတဲ့ ပုံရိပ္ေတြကို ေဖာ္ျပထားပါတယ္။

ဒီေန႔မွာေတာ့ “မရေတာ့ဘူး…အရမ္းေတြ သဝန္တိုေနပါၿပီ ဆိုလို႔ ဒီေန႔သူ႔ကိုသြားေတြ႕ရေသးတယ္” ဆိုတဲ့ စာသားေလးနဲ႔ စုံတြဲပုံေလးကို ျဖဴျဖဴက ေက်ာ္ထက္ေအာင္ ကို Tag တြဲၿပီး တင္ခဲ့ပါတယ္။

ေက်ာ္ထက္ေအာင္ကလည္း “မမျဖဴက ကိုယ္သဝန္တိုတတ္တာသိေတာ့ ခ်က္ခ်င္းေရာက္လာတယ္”လို႔ ဆိုလိုက္ျပန္ပါတယ္။

ပရိသတ္ေတြကေတာ့ အခုလို ဓာတ္ပုံတင္တာေတြကို ၾကည့္ၿပီး ျဖဴျဖဴနဲ႔ ေက်ာ္ထက္ေအာင္ၾကားက ဆက္ဆံေရးကို စိတ္ဝင္စား ေမးခြန္းထုတ္ေနၾကတာျဖစ္ပါတယ္။

ပရိသတ္ႀကီးေရာ ဘယ္လိုျမင္လဲဆိုတာ ေျပာျပေပးသြားပါဦးေနာ္ …

Unicode

ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်တို့ရဲ့ ဆက်ဆံရေး ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လာ

အသံပါဝါ အားကောင်းကောင်းနဲ့ အမိုက်စား သီချင်းတွေကိုပါဖောမန့်အပြည့်နဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေကို အမြဲ အထူးအဆန်းတွေလုပ်ပြလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာကိုတော့ အထူးတလည် ပြောစရာမလိုတော့ဘူး ထင်ပါတယ်နော် ။

သူမရဲ့ အမိုက်စား ဖက်ရှင်တွေကတော့ ပရိသတ်တွေကြားမှာ အမြဲရေပန်းစား လေ့ရှိပြီး ပရိသတ်တွေကို အံ့အားသင့်စေတဲ့အနုပညာရှင်တစ်ယောက်ပါ ။

Myanmar Idol အစီအစဉ်တွေမှာ အစီအစဉ် တင်ဆက်သူ အဖြစ် ပါဝင်ထားပြီး ပရိသတ် အခိုင်အမာ ရရှိလာတဲ့ ကျော်ထက်အောင်ကလည်း လက်ရှိမှာတော့ ရုပ်ရှင်မင်းသား တစ်ယောက်အနေနဲ့ရပ်တည်နေကာ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပါတယ်။သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး သရုပ်ဆောင်ပီပြင်လွန်းတာကတော့ အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်တဲ့အထိပါပဲ။

လွန်ခဲ့တဲ့ ရက်ကလည်း ကျော်ထက်အောင်ဟာ လူကြီးဆုံရာနဲ့စကားပြောဖြစ်ခဲ့တဲ့အကြောင်းကို “လူကြီးဆုံရာနဲ့စကားပြောဖြစ်တယ် သူလိုချင်နေတာ အလိုလိုသိတာမျိုး သဝန်တိုတာအရမ်းချစ်လို့ သူလုပ်ထားတဲ့ Brownie သူဖျော်တိုက်တဲ့ cafe သောက်ရင်း” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းနဲ့တွဲဖက်ရိုက်ထားတဲ့ ပုံရိပ်တွေကို ဖော်ပြထားပါတယ်။

ဒီနေ့မှာတော့ “မရတော့ဘူး…အရမ်းတွေ သဝန်တိုနေပါပြီ ဆိုလို့ ဒီနေ့သူ့ကိုသွားတွေ့ရသေးတယ်” ဆိုတဲ့ စာသားလေးနဲ့ စုံတွဲပုံလေးကို ဖြူဖြူက ကျော်ထက်အောင် ကို Tag တွဲပြီး တင်ခဲ့ပါတယ်။

ကျော်ထက်အောင်ကလည်း “မမဖြူက ကိုယ်သဝန်တိုတတ်တာသိတော့ ချက်ချင်းရောက်လာတယ်”လို့ ဆိုလိုက်ပြန်ပါတယ်။

ပရိသတ်တွေကတော့ အခုလို ဓာတ်ပုံတင်တာတွေကို ကြည့်ပြီး ဖြူဖြူနဲ့ ကျော်ထက်အောင်ကြားက ဆက်ဆံရေးကို စိတ်ဝင်စား မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။

ပရိသတ်ကြီးရော ဘယ်လိုမြင်လဲဆိုတာ ပြောပြပေးသွားပါဦးနော် …

Leave a Reply

Your email address will not be published. Required fields are marked *