TikTok အပါ တ႐ုတ္ဆိုရွယ္မီဒီယာ apps မ်ားကိုပိတ္ရန္ ေစာင့္ၾကည့္ေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာၾကား

TikTok အပါ တ႐ုတ္ဆိုရွယ္မီဒီယာ apps မ်ားကိုပိတ္ရန္ ေစာင့္ၾကည့္ေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာၾကား

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo မွ အေမရိကန္ႏိုင္ငံသည္ TikTok အပါအဝင္ တ႐ုတ္ဆိုရွယ္မီဒီယာ apps မ်ားကို ပိတ္ပင္ရန္ ေစာင့္ၾကည့္လ်က္ ရွိေၾကာင္း ဇူလိုင္လ ၆ ရက္ေန႔ ညပိုင္းက ေျပာၾကားခဲ့သည္။ Fox News သတင္းဌာန၏ အင္တာဗ်ဴးတစ္ခုတြင္ Mike Pompeo မွ “မိမိ အေနျဖင့္ သမၼတေဒၚနယ္ထရန႔္၏ ေရွ႕သို႔ မထြက္ခ်င္ေသာ္လည္း ၎သည္ မိမိတို႔ ေစာင့္ၾကည့္ေနသည့္ အေရးႀကီးသည့္အရာျဖစ္ေၾကာင္း” ေျပာၾကားခဲ့သည္။

အေမရိကန္ဥပေဒျပဳအမတ္မ်ားမွ TikTok ၏ အသုံးျပဳသူအခ်က္အလက္မ်ားကို ကိုင္တြယ္မႈႏွင့္ပတ္သက္၍ အမ်ိဳးသားလုံၿခဳံေရးအေပၚ စိုးရိမ္ပူပန္ေၾကာင္း၊ တ႐ုတ္ ကြန္ျမဴနစ္ပါတီမွ ထိန္းခ်ဳပ္ထားသည့္ ေထာက္လွမ္းေရးလုပ္ငန္းမ်ားႏွင့္ ပူးေပါင္း ေဆာင္႐ြက္ရန္ ျပည္တြင္းကုမၸဏီမ်ားလိုအပ္ေနသည့္ တ႐ုတ္ဥပေဒမ်ားႏွင့္ပတ္သက္၍ စိုးရိမ္ပူပန္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့ပါသည္။Coronavirus ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈအေပၚ ကိုင္တြယ္ေျဖရွင္းမႈ၊ ေဟာင္ေကာင္တြင္ တ႐ုတ္ႏိုင္ငံ၏ လုပ္ေဆာင္မႈမ်ား၊ ၂ ႏွစ္ၾကာ ကုန္သြယ္ေရးစစ္ပြဲမ်ားႏွင့္ပတ္သက္၍ အေမရိကန္-တ႐ုတ္ ႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ားျမင့္တက္ေနခ်ိန္တြင္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ၏ ေျပာၾကားခ်က္မ်ား ေပၚထြက္လာခဲ့သည္။

အိႏၵိယႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံၾကား နယ္စပ္ေရးရာ ပဋိပကၡျဖစ္ပြားခဲ့ၿပီးေနာက္ တ႐ုတ္အေျခစိုက္ ByteDance ကုမၸဏီပိုင္ ဗီဒီယို app တစ္ခုျဖစ္သည့္ TikTok ကို အျခားေသာ တ႐ုတ္ app ၅၈ ခုႏွင့္အတူ အိႏၵိယႏိုင္ငံမွ ပိတ္ပင္ခဲ့ပါသည္။တ႐ုတ္ႏိုင္ငံမွ ေဟာင္ေကာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြက္ အမ်ိဳးသား လုံၿခဳံေရးဥပေဒသစ္ ျပ႒ာန္းခဲ့ၿပီးေနာက္ TikTok သည္ ေဟာင္ေကာင္ေဈးကြက္မွ ရက္အနည္းငယ္အတြင္း ထြက္ခြာသြားမည္ျဖစ္ေၾကာင္း Reuters သတင္းဌာနမွ ဇူလိုင္လ ၆ ရက္ေန႔ ညပိုင္းက ထုတ္ျပန္ေၾကညာခဲ့သည္။

Unicode

TikTok အပါ တရုတ်ဆိုရှယ်မီဒီယာ apps များကိုပိတ်ရန် စောင့်ကြည့်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မှ အမေရိကန်နိုင်ငံသည် TikTok အပါအဝင် တရုတ်ဆိုရှယ်မီဒီယာ apps များကို ပိတ်ပင်ရန် စောင့်ကြည့်လျက် ရှိကြောင်း ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းက ပြောကြားခဲ့သည်။ Fox News သတင်းဌာန၏ အင်တာဗျူးတစ်ခုတွင် Mike Pompeo မှ “မိမိ အနေဖြင့် သမ္မတဒေါ်နယ်ထရန့်၏ ရှေ့သို့ မထွက်ချင်သော်လည်း ၎င်းသည် မိမိတို့ စောင့်ကြည့်နေသည့် အရေးကြီးသည့်အရာဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အမေရိကန်ဥပဒေပြုအမတ်များမှ TikTok ၏ အသုံးပြုသူအချက်အလက်များကို ကိုင်တွယ်မှုနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးအပေါ် စိုးရိမ်ပူပန်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီမှ ထိန်းချုပ်ထားသည့် ထောက်လှမ်းရေးလုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြည်တွင်းကုမ္ပဏီများလိုအပ်နေသည့် တရုတ်ဥပဒေများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုအပေါ် ကိုင်တွယ်ဖြေရှင်းမှု၊ ဟောင်ကောင်တွင် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများ၊ ၂ နှစ်ကြာ ကုန်သွယ်ရေးစစ်ပွဲများနှင့်ပတ်သက်၍ အမေရိကန်-တရုတ် နှစ်နိုင်ငံကြား တင်းမာမှုများမြင့်တက်နေချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ၏ ပြောကြားချက်များ ပေါ်ထွက်လာခဲ့သည်။

အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကြား နယ်စပ်ရေးရာ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် တရုတ်အခြေစိုက် ByteDance ကုမ္ပဏီပိုင် ဗီဒီယို app တစ်ခုဖြစ်သည့် TikTok ကို အခြားသော တရုတ် app ၅၈ ခုနှင့်အတူ အိန္ဒိယနိုင်ငံမှ ပိတ်ပင်ခဲ့ပါသည်။တရုတ်နိုင်ငံမှ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အမျိုးသား လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းခဲ့ပြီးနောက် TikTok သည် ဟောင်ကောင်ဈေးကွက်မှ ရက်အနည်းငယ်အတွင်း ထွက်ခွာသွားမည်ဖြစ်ကြောင်း Reuters သတင်းဌာနမှ ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *