Tuesday, 07 July, 2020

ကေမာၻဇလုပ္ငန္းစုက ဗိုင္းရပ္စ္အေရးတြင္ လိုအပ္သလိုသုံးရန္ MAI ႏွင့္ KBZ ေလယာဥ္မ်ား အခမဲ့အ သုံးျပဳခြင့္ ေပးလႉ


ကေမာၻဇလုပ္ငန္းစုက ဗိုင္းရပ္စ္အေရးတြင္ လိုအပ္သလိုသုံးရန္ MAI ႏွင့္ KBZ ေလယာဥ္မ်ား အခမဲ့အ သုံးျပဳခြင့္ ေပးလႉ

ဗိုင္း ရပ္စ္ေရာဂါပိုးကာကြယ္ေရးလုပ္ငန္းစဥ္မ်ားတြင္ သုံးစြဲရန္အတြက္ ေလယာဥ္မ်ားအေရးေပၚပ်ံသန္းေပးရန္လိုအပ္ပါက အသင့္အေနအထား ရွိေနမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနထံ ကေမာၻဇလုပ္ငန္းစုက ကတိေပးလႉဒါန္းထားသည္ဟု သတင္းရရွိသည္။

နိုင္ ငံတစ္ဝန္းတြင္ စိုးရိမ္ထိတ္လန႔္မႈမ်ား ရင္ဆိုင္ေနရသည့္ ဗိုင္းရပ္ကူးစက္ေရာဂါပိုးႏွင့္ပတ္သက္၍ မည္သည့္အေရးေပၚလိုအပ္ခ်က္မ်ားအတြက္ျဖစ္ေစ ေလယာဥ္မ်ားအခမဲ့ပ်ံသန္းေပးရန္

ကေမာၻဇလုပ္ငန္းစုက ဝန္ႀကီးဌာနႏွင့္ညွိႏွိုင္းစီစဥ္ထားျခင္းျဖစ္ေၾကာင္း လုပ္ငန္းစု၏သတင္းရင္းျမစ္တစ္ဦးက အတည္ျပဳေျပာၾကားသည္။ ” အေရးေပၚေဆးေတြ သယ္မလား။ အေရးႀကီးလူနာေတြပဲသယ္မလား။

ေဆးဘက္ဆိုင္ရာအေထာက္အကူျပဳပစၥည္းေတြကို ျပည္ပကေနပဲ သြားယူေပးရမလား။ ဒါေတြအားလုံးအတြက္ ေလယာဥ္ေတြအသင့္စီစဥ္ေပးမယ္လို႔လႉဒါန္းထားတာပါ ” ဟု ကေမာၻဇလုပ္ငန္းစုမွ သတင္းရင္းျမစ္တစ္ဦးက အကုန္သိသတင္းဌာနသို႔ေျပာသည္။

ကေမာၻဇလုပ္ငန္းစု၏ေအာက္တြင္ MAI ေလေၾကာင္းလိုင္း၊ Air KBZ ေလေၾကာင္းလိုင္းတို႔ရွိေနၿပီး အဆိုပါေလေၾကာင္းလိုင္းမ်ားထဲမွ အေရးေပၚသုံးအျဖစ္ ေလယာဥ္အခ်ိဳ႕ကို အသင့္ျပင္ဆင္ထားျခင္းမ်ိဳးျဖစ္ေၾကာင္းလည္း သိရသည္။

ယင္းကဲ့သို႔အခမဲ့ပ်ံသန္းေပးမည္ဟု လႉဒါန္းရျခင္းမွာလည္း ကေမာၻဇလုပ္ငန္းစုနာယက၏ ရည္မွန္းခ်က္၊ ၫႊန္ၾကားခ်က္ျဖစ္ေသာ ” ကေမာၻဇလုပ္ငန္းစုသည္ နိုင္ငံသူနိုင္ငံသားမ်ားႏွင့္တိုင္းျပည္က လိုအပ္လာခ်ိန္တိုင္း အသင့္ျဖစ္ေနရမည္ ” ဆိုသည့္လမ္းၫႊန္မွာၾကားခ်က္အရ ျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာၾကားသည္။

ဧၿပီလ(၂၂)ရက္က အိႏၵိယနိုင္ငံ ဂါယာေလဆိပ္မွတစ္ဆင့္ စာသင္သားသံဃာေတာ္အပါး(၂၀၀)ေက်ာ္ကို သြားေရာက္ပင့္ေဆာင္ေပးျခင္းမွာလည္း ေလယာဥ္မ်ားအခမဲ့ပ်ံသန္းကူညီေပးမည္ဆိုသည့္ လႉဒါန္းထားမႈထဲမွ လႉဒါန္းမႈတစ္ခုျဖစ္ေၾကာင္း သိရသည္။

ကေမာၻဇလုပ္ငန္းစုႏွင့္အေနျဖင့္ ျမန္မာနိုင္ငံသားမ်ား ရင္ဆိုင္ေနရသည့္ ဗိုင္းရပ္စ္ကပ္ဆိုးႀကီးအတြက္ ေငြေၾကးႏွင့္ပစၥည္းအမ်ိဳးအစားမ်ိဳးစုံအတြက္ က်ပ္သိန္းေပါင္း ၃၅၀၀၀ နီးပါးကို လႉဒါန္းထားၿပီးၿပီျဖစ္ေၾကာင္း ထုတ္ျပန္ထားခ်က္အရ သိရသည္။

Unicode

ကမ္ဘောဇလုပ်ငန်းစုက ဗိုင်းရပ်စ်အရေးတွင် လိုအပ်သလိုသုံးရန် MAI နှင့် KBZ လေယာဉ်များ အခမဲ့အ သုံးပြုခွင့် ပေးလှူ

ဗိုင်း ရပ်စ်ရောဂါပိုးကာကွယ်ရေးလုပ်ငန်းစဉ်များတွင် သုံးစွဲရန်အတွက် လေယာဉ်များအရေးပေါ်ပျံသန်းပေးရန်လိုအပ်ပါက အသင့်အနေအထား ရှိနေမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံ ကမ္ဘောဇလုပ်ငန်းစုက ကတိပေးလှူဒါန်းထားသည်ဟု သတင်းရရှိသည်။

နိုင် ငံတစ်ဝန်းတွင် စိုးရိမ်ထိတ်လန့်မှုများ ရင်ဆိုင်နေရသည့် ဗိုင်းရပ်ကူးစက်ရောဂါပိုးနှင့်ပတ်သက်၍ မည်သည့်အရေးပေါ်လိုအပ်ချက်များအတွက်ဖြစ်စေ လေယာဉ်များအခမဲ့ပျံသန်းပေးရန်

ကမ္ဘောဇလုပ်ငန်းစုက ဝန်ကြီးဌာနနှင့်ညှိနှိုင်းစီစဉ်ထားခြင်းဖြစ်ကြောင်း လုပ်ငန်းစု၏သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောကြားသည်။ ” အရေးပေါ်ဆေးတွေ သယ်မလား။ အရေးကြီးလူနာတွေပဲသယ်မလား။

ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းတွေကို ပြည်ပကနေပဲ သွားယူပေးရမလား။ ဒါတွေအားလုံးအတွက် လေယာဉ်တွေအသင့်စီစဉ်ပေးမယ်လို့လှူဒါန်းထားတာပါ ” ဟု ကမ္ဘောဇလုပ်ငန်းစုမှ သတင်းရင်းမြစ်တစ်ဦးက အကုန်သိသတင်းဌာနသို့ပြောသည်။

ကမ္ဘောဇလုပ်ငန်းစု၏အောက်တွင် MAI လေကြောင်းလိုင်း၊ Air KBZ လေကြောင်းလိုင်းတို့ရှိနေပြီး အဆိုပါလေကြောင်းလိုင်းများထဲမှ အရေးပေါ်သုံးအဖြစ် လေယာဉ်အချို့ကို အသင့်ပြင်ဆင်ထားခြင်းမျိုးဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့အခမဲ့ပျံသန်းပေးမည်ဟု လှူဒါန်းရခြင်းမှာလည်း ကမ္ဘောဇလုပ်ငန်းစုနာယက၏ ရည်မှန်းချက်၊ ညွှန်ကြားချက်ဖြစ်သော ” ကမ္ဘောဇလုပ်ငန်းစုသည် နိုင်ငံသူနိုင်ငံသားများနှင့်တိုင်းပြည်က လိုအပ်လာချိန်တိုင်း အသင့်ဖြစ်နေရမည် ” ဆိုသည့်လမ်းညွှန်မှာကြားချက်အရ ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဧပြီလ(၂၂)ရက်က အိန္ဒိယနိုင်ငံ ဂါယာလေဆိပ်မှတစ်ဆင့် စာသင်သားသံဃာတော်အပါး(၂၀၀)ကျော်ကို သွားရောက်ပင့်ဆောင်ပေးခြင်းမှာလည်း လေယာဉ်များအခမဲ့ပျံသန်းကူညီပေးမည်ဆိုသည့် လှူဒါန်းထားမှုထဲမှ လှူဒါန်းမှုတစ်ခုဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇလုပ်ငန်းစုနှင့်အနေဖြင့် မြန်မာနိုင်ငံသားများ ရင်ဆိုင်နေရသည့် ဗိုင်းရပ်စ်ကပ်ဆိုးကြီးအတွက် ငွေကြေးနှင့်ပစ္စည်းအမျိုးအစားမျိုးစုံအတွက် ကျပ်သိန်းပေါင်း ၃၅၀၀၀ နီးပါးကို လှူဒါန်းထားပြီးပြီဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

0 comments on “ကေမာၻဇလုပ္ငန္းစုက ဗိုင္းရပ္စ္အေရးတြင္ လိုအပ္သလိုသုံးရန္ MAI ႏွင့္ KBZ ေလယာဥ္မ်ား အခမဲ့အ သုံးျပဳခြင့္ ေပးလႉ

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments